ကျေးရွာစာကြည့်တိုက်ဖောင်ဒေးရှင်း ဖွဲ့စည်းတည်ထောင်၍ ကျေးလက်စာကြည့်တိုက်များကို မြှင့်တင်ဆောင်ရွက်မည်

klnMay 7, 20101min600

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကျေးရွာပေါင်း ၆၄၉၈၉အနက် ကျေးရွာ ၅၅၇၅၅တွင် ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များကို ပြန်ကြားရေးဝန်ကြီးဌာနက တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ကျေးရွာစာကြည့်တိုက်များကို ကိုယ်ပိုင်မြေ၊ ကိုယ်ပိုင်အဆောက်အဦ ရရှိရေးအပါအဝင် စံ(၅)ရပ်နှင့်ညီသော စာကြည့်တိုက်များ ဖြစ်ပေါ်လာစေရေးအတွက် ကျေးရွာစာကြည့်တိုက်ဖောင်ဒေရှင်း (Rual Library Foundation)ကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဆိုပါ ကျေးရွာစာကြည့်တိုက်ဖောင်ဒေးရှင်း (Rual Library Foundation)ဖွဲ့စည်းတည်ထောင်ခြင်းနှင့် အလှူငွေပေးအပ်ခြင်းအခမ်းအနားကို ၂၀၁ဝပြည့်နှစ်၊ မေလ ၁၅ရက်နေ့တွင် ရန်ကုန်မြို့ International Business Center (IBC)တွင် ကျင်းပမည်ဖြစ်ပါသည်။ ကျေးရွာစာကြည့်တိုက်ဖောင်ဒေးရှင်း ဖွဲ့စည်းတည်ထောင်ခြင်း အခမ်းအနားတွင် မတည်အလှူငွေများပေးအပ်ခြင်းကိုပါ တစ်ပါတည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ စေတနာရှင် အလှူရှင်များအနေဖြင့် မတည်အလှူငွေများ ကြိုတင်လှူဒါန်းလိုပါက ဦးမောင်ဖေ၊ ညွန်ကြားရေးမှူး (စီမံခန့်ခွဲရေး)၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးအမှတ်(၇)၊ နေပြည်တော်၊ ဖုန်း-၀၆ရ ၄၁၂၀၂၃၊ ဝ၆ရ ၄၁၂၃၆၅၊ Fax-၀၆ရ ၄၁၂၃၇၂ နှင့် ဦးအေးကြွယ်၊ ညွှန်ကြားရေးမှူး(ထုတ်လုပ်ရေး)၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း – ဝ၁ ၃၇၁၃၄၂၊ ဝ၁ ၂၀၁၉၃၆၊ Fax – ဝ၁ ၃၇၁၃၄၂ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ၂၀၁ဝခုနှစ် မေလ ရရက်နေ့ထုတ် မြန်မာတိုင်း(မ်)ဂျာနယ်တွင် ဖော်ပြထားပါသည်။