ကမ္ဘာ့စီးပွားရေးအကျပ်အတည်းနောက်ပိုင်း ၂၀၀၉ခုနှစ်ထဲမှာ မြန်မာသင်္ဘောသားတချို့လစာမရတာ၊ ကုမ္ပဏီမှာလစာကျန်တာ စတဲ့ အဖြစ်မျိုးတွေနဲ့ အများဆုံး ကြုံတွေ့ခဲ့ရကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားများအသင်း (MOSA)ကသိရပါတယ်။ “သင်္ဘောသားတစ်ယောက်ကို ရှစ်လခန့်မယ်ဆိုပြီး ခေါ်တယ်၊ စီးပွားပျက်လို့ သင်္ဘောရောင်းတဲ့အချိန်မျိုးမှာ လေးလလောက်နဲ့ပြန်လွှတ်တယ်ဆိုတော့ လေးလစာ လစာမရဘဲ ဆုံးရှုံးရတာမျိုးတွေဖြစ်ခဲ့တယ်”လို့ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားများအသင်း အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဆန်းကပြောပါတယ်။ သင်္ဘောသားတချို့ သင်္ဘောပေါ်ကနေ ကန်ထရိုက်မပြည့်သေးဘဲ (လမစေ့သေးဘဲ) ပြန်လွှတ်ခံရတဲ့အခါမျိုးမှာ ကုမ္ပဏီပိုင်ရှင်က သင်္ဘောသားရဲ့ အသွားအပြန်လေယာဉ်စရိတ်ဆိုပြီး နှစ်လစာသုံးလစာ မပေးဘဲချန်ထားတယ်။ သင်္ဘောသားဘက်က သက်ဆိုင်ရာကို တိုင်မှ ကန်ထရိုက်စာချုပ်အရ ပေးသင့်၊ မပေးသင့် ကြည့်ပြီးထုတ်ပေးတယ်။ သည်လိုနဲ့ပဲ သင်္ဘောသားတချို့လစာကျန်ခဲ့ရတာဖြစ်ကြောင်း ၂၀၁၀ခုနှစ် မေလ ၇ရက်နေ့ထုတ် မော်ဒန်သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။

About kln

k ln has written 409 post in this Website..