၆ ကျပ်တန် နိုင်ငံသား စီစစ်ရေးကတ်

gigihanJuly 25, 20111min16119

ဂျာနယ်တွေ မှာ ပလူပျံနေအောင်ပါတဲ့ နိုင်ငံသားစီစစ်ရေးကတ်လုပ်ရင် ၆ ကျပ်ဘဲ ကုန်မယ်။ အချက်အလက်တွေပြည့်စုံရင်ဆိုပြီး ဖတ်လိုက်ရပါတယ်။ အဲ့တော့ လူဝင်မှူ ့ကြီးကြပ်ရေးမှာ သားက ၁ဝ နှစ်ပြည့်သွားလုပ်ပါတယ်။ ပထမတစ်ခါ ရပ်ကွက်ရုံးမှာ စီမံချက်ဆိုပြီး လာလုပ်ပေးသေးတယ်။ သွားတော့ ဖောင်စာရွက် ၅ဝ ဘဲ ပါတယ်တဲ့။ နောက်နေ့ မှာ ရုံးကိုလာလုပ်လဲ ၆ ကျပ်ပါဘဲတဲ့။ အဲံဒါနဲ့ ကလေး ကျောင်းသာ တစ်ရက်ပျက်သွားတယ်။ ဘာမှ မလုပ်ရဘဲ တပ်ဆုတ်ပြန်ခဲ့ရတယ်။ နောက်၁ လလောက် လူဝင်မှူ ့ကြီးကြပ်ရေးရုံးမှာ သွားလုပ်တော့ ဒီနေ့လုပ် မနက်ဖြန်ရမယ်တဲ့။ ငွေ ၅၀၀၀ဝ ကျပ်ပါတဲ့ရှင်။ အဟက် ဟက် ဟက်။ ၆ ကျပ်ဆို။။။။ ရေးကြပါအုံး ။ ဂျာနယ်များရယ်။ သေချာမသိဘဲ ရမ်းတုတ်ရေးသော ဂျာနယ်များ နောက်ဆို ကိုယ့်ဘာသာ အရင်သွားလုပ်ပြီးမှ ရေးကြပါလို့ အကြံပြုလိုက်ပါတယ်။

19 comments

  • maungmoenyo

    July 26, 2011 at 7:18 am

    မြန်မာနိုင်ငံမှာ ဥပဒေအသစ် (သို့) လုပ်ငန်စဉ် တခုသတ်မှတ်အကောင်အထည်ဖေါ်တိုင်း၊ ဒီလိုလုပ်စား/ရိုက်စားကိစ္စတွေ ပေါ်တာ နှစ်ပရိစ္ဆေဒကြာပါပေါ့လေ…။

  • ogre

    July 26, 2011 at 7:50 am

    ခြောက်ကျပ်လားဘာလဲတော့မသိဘူး..
    နေပြည်တော်သွားရင်းမှတ်ပုံတင်ပျောက်သွားလို့
    ဒီနေ့လုပ်မနက်ဖန်ကတဲငါးသောင်းပေးပြီးပြန်လုပ်မှနဲ့တူတယ်
    စားကြပါစေ ..ဝအောင်မှမကြွေးတာကိုး

  • pan pan

    July 26, 2011 at 9:15 am

    တို့အဒေါ်များ မပုတင်လေးပျောက်သွားတာ ခေါင်းကိုက်လို့ ဆေးခန်းတောင်သွားရတယ်
    တချို့များကျတော့လည်း ၃၊ ၄ခုလောက် ရှိသတဲ့

  • နွယ်ပင်

    July 26, 2011 at 9:25 am

    နိုင်ငံသားစီစစ်ရေးကတ်လုပ်ရင် ၆ ကျပ်ပဲကျမယ်ဆိုတာ ယုံတမ်းစကားလားဟင် ..
    တစ်ခါက မပုတင်လေးကို ခါးပိုက်နှိုက်တာ ပါသွားလို့ ပြန်လုပ်လိုက်ရတာ (35000) လောက်ကုန်သွားတယ်
    ဒါတောင် လွန်ခဲ့တဲ့ (1) နှစ်လောက်က ဈေးနှုန်းနော် လက်ရှိပေါက်ဈေးမဟုတ်ဘူး ….

  • etone

    July 26, 2011 at 9:27 am

    အလကားပါ … မဟုတ်မဟတ်တွေ .. ခြောက်ကျပ်နဲ့ ရမယ် … အားကြီးကြီး … ။
    ကျွန်မကိုလည်း ပညာပြထားလို့ … အာရုံနောက်လွန်းလို့ … ကဒ်သွား မထုတ်ဘူး … တနှစ်ကျော် ဒီတိုင်းနေနေတာ … အလုပ်မှ မပျက်နိုင်တာ … ဟိုချိန်း ဒီချိန်း … တောင်းလျှင် ပေါ်တင်တောင်းလေ… ။ အဲ့လိုမဟုတ်ပဲ … ရက်တွေ ချိန်းနေတယ် .. ဒီတော့ကျွန်မလည်း ကဒ်သွားမလုပ်ဘူး … ။ ခရီးလည်း မသွားဘူး … ။

    အကျင့်ပျက်ဝန်ထမ်းတွေ ရှိနေသေးသရွှေ့တော့ … ဒီလိုချည်းပဲ ဖြစ်နေဦးမှာပဲ ။ ဟားဟား ဟားဟား ..ခြောက်ကျပ်တဲ့လား ။

  • MOEPWINTPHYU

    July 26, 2011 at 10:23 am

    ခြောက်ကျပ်တန်က ရုံတမ်းစကား ပေါ တကယ်မှတ်နေတာ အစိုးရသစ်တက်လာလို များအမှန်အကန်လေးတွေတွေ့ရမလား
    မှတ်ပါတယ် သိပ်မထူးခြားပါလား

  • ရွှေဘိုသား

    July 26, 2011 at 10:52 am

    ဂျာနယ်သမားတွေ သေချာမသိတာဖြစ်မယ် အနှေးနဲ.လုပ်ပေးမယ်
    $6 ကျပ်ဖြစ်မှာပါနော.

  • moethidasoe

    July 26, 2011 at 11:11 am

    ခြောက်ကျပ်လို့ ပြောတာ အစိုးရက ပုံနှိပ်ထားပြီးကပ်ပြားကို ပြောတာ .. ကပ်ပြားတန်ဖိုး ၆ ကျပ်၊ (တဒေါ်လာ) လို့ ဆိုတာ .. နောင် ပြောင်းလဲမယ့် ငွေလဲလှယ်နှုန်းဆိုရင်တော့ နည်းနည်း ပြောင်းသွားလိမ့်မယ်

  • gigihan

    July 26, 2011 at 11:27 am

    ဘာဘဲဖြစ်ဖြစ် မှတ်ပုံတင်လုပ်ဘို့ လာတဲ့သူတိုင်းကို ဘယ်လောက်တတ်နိုင်လဲ က စမေးတာပါနော်။ မယုံရင် ကိုယ်တိုင်သွားလုပ်ကြည့်။ ပြောတော့ဖြင့် မိုးလား ကဲလား။ လာတ်ပေး လာတ်ယူ တို့ရန်သူလေး ဘာလေးနဲ့။ အရှက်ကို မရှိဘူး။

  • moethidasoe

    July 26, 2011 at 12:10 pm

    ဂီဂီ .. သူ ရေးထားတာ အမှန် အပြည့်အစုံ က “လာဘ်ပေး ရန်မလို” လို့ ဖတ်မှ အမှန်

  • gigihan

    July 26, 2011 at 12:52 pm

    ဟဟ.. မှတ်သားလောက်ပါတယ်။

  • windtalker

    July 26, 2011 at 1:11 pm

    ပျောက်လို ့မိတ္ထု ထုတ်မယ် ဆိုမှ
    တစ်ဆယ်ကျပ် ပဲ ပေးရမယ်တဲ့
    ဟုတ်မှလဲ လုပ်ကြပါ လို ့ဒီကနေ အော်လိုက်ပြီနော်

  • teacher

    July 26, 2011 at 3:18 pm

    ရွှေ ၆ ကျပ်သားမဖြစ်တာကျေးဇူးတင်ဦး။

  • mzm

    July 26, 2011 at 6:33 pm

    ကျုပ်တို့ရပ်ကွက်မှာတော့(၆)ကျပ်မဟုတ်ပေမဲ့ ၁၀၀/၂၀ဝနဲ့လုပ်ပေးတာပဲပိုက်ဆံမပေးလဲ
    သူတို့ဘက်ကဘာမှမတောင်းကြပါဘူး…….လူတော်တော်များများစိတ်ချမ်းသာကြတယ်လို့ကြာမိတာပဲ

  • king

    July 26, 2011 at 6:41 pm

    ကျွန်တော် ၁ဝ နှစ်ပြည့်တုန်းက နယ်မှာ ကျောင်းက လုပ်ပေးတာ
    ဓါတ်ပုံဖိုးပဲ ကုန်ခဲ့တယ် ..
    ၁၈ နှစ် ရန်ကုန်မှာ လဲတော့လည်း
    တစ်လ လောက်တော့ ကြာတယ် တစ်ပြားမှ မပေးလိုက်ရဘူး …
    ကံကောင်းတာလား ဒါမှမဟုတ် ……….. 😛

  • naywoonni

    July 26, 2011 at 8:04 pm

    အသစ်လုပ်မှ ခြောက်ကျပ်ပါ…။ အဟောင်းအသစ်လဲရင် သုံးကျပ်ပါ…။ ဒါပေမဲ့ ထောက်ခံစာတွေနဲ့ ဓါတ်ပုံဖိုးတွေက အဆ တစ်ရာ နှစ်ရာ ကွာနေတော့….။ ပေးကားပေး၏ … မရ ဆိုသလိုဖြစ်နေပါတယ်…။ သွေးအမျိုးအစား စစ်ဆေးချက်က တစ်ထောင်…။ အသက်အတွက် ကျောင်းထောက်ခံချက်ချက်က ငါးရာ… ။ ဓါတ်ပုံဖိုးကငါးရာ… ခြောက်ရာ…… ဆိုတော့

  • ဆူး

    July 26, 2011 at 11:08 pm

    ပန်းရောင် ကဒ် တန်ဖိုး ၆ကျပ်များ ပြောချင်တာလား မသိဘူး။
    ဘာညာကွိကွတော့ စာရင်းထဲ မပါလို့ ဖြစ်မယ်။

  • researcher

    July 27, 2011 at 1:09 pm

    မှတ်ပုံတင်ပျောက်လို့ ပြန်လုပ်ရတဲ့ကိစ္စမှာတော့ လုပ်နည်းလုပ်ဟန်သိလို့လားမသိဘူး၊
    တော်တော်လေးအဆင်ပြေတယ်။ ပိုက်ဆံ နှစ်ထောင်၊ သုံးထောင်တက် ပိုမကုန်ဘူး။ တလထက်ပို မစောင့်ရဘူး၊ မှတ်ပုံတင်ရုံးကို ၂ ခေါက် ၊ ၃ ခေါက် ထက် ပိုမသွားရဘူး။ ဝိတ်တွေ၊ ပါဝါတွေ မသုံးပဲ အဆင်ပြေတာနော်။ ယုံလားတော့ မသိဘူး၊ မှတ်ပုံတင် (၃) ကြိမ်ပျောက်ဖူးတယ်။ သုံးကြိမ်လုံး အဆင်ပြေတယ်။ ဒါတောင် မှတ်ပုံတင်လုပ်တဲ့ မြို့နယ်နဲ့ နေတဲ့မြို့နယ် မတူဘူးနော်။ ရန်ကုန်တမြို့တည်းမှာ တော့ရှိတယ်။

  • gigihan

    July 27, 2011 at 1:19 pm

    အင်း..သေချာသိချင်ရင် နာမည်ပါ ပြောပြမယ်။ မြို့နယ်မှုးနာမည်ကော၊ သူ့ဝန်ထမ်းနာမည်ပါ ပြောပြမယ်။ တကယ် အရေးယူမယ်ဆိုရင်ပေါ့။

Leave a Reply