ကလေးတွေ စာမေးပွဲကို ၂၇ ရက်လို့ သတ်မှတ်တယ်ဆိုပြီး သောကြာနေ့မှာ မြန်မာစာကို ၂၂ ပုဒ်ပေးတယ်။ တနလ်ာနေ့မှာ ထပ်ပေးသေးတယ်။ ပြီးတော့ စာတွေကို လုံးဝ ပြန်ပြီးစစ်ဆေးပြီး အမှတ်မခြစ်ပေးဘူး။ ကလေးတွေကို ၀ါကျ ကိုယ့်ဘာသာဖွဲ့ဆိုပြီး အိမ်စာပေးတယ်။ ပြန်စစ်မပေးလို့ အမှားတွေ သာ ကလေးတွေက ကျက်ဖြစ်ရင် စာမေးပွဲမှာ မှားတယ်ဆိုပြီး အမှတ်လျော့အုံးမယ်။ အခု ဆရာဗဟိုပြု သင်ကြားရေးလား၊ ကျောင်းသား ဗဟိုပြု သင်ကြားရေးလား မသိပါဘူး။ စာမေးပွဲမှာ ၏ ၊ သည် က အစ ၏ ရေးရမယ့်နေရာ သည် မရေးရင် အမှတ်လျော့တယ်။ ပါ မပါရင်လည်း အမှတ်လျော့တယ်။ မြန်မာစာ တွေက အဲ့လောက် လိုလားဟင်။ မသိလို့မေးပါရစေ။ ၏ နဲ့ သည် နဲ့ မှားရေးမိရင် တော်တော့်ကို စာလုံး အဓိပါယ်များပြောင်းသွားပါသလား။ သိသူများရှိရင်ဖြေပေးပါ။ တကယ်မသိလို့ မေးတာပါ။ ပြီးတော့လည်း တစ်ဘာသာကို စာအုပ်က ၃၊ ၄ အုပ်ထုတ်ရတယ်။ ၆ ဘာသာရှိရင် ကလေးတွေ လွယ်အိတ်ကို သွားလွယ်ကြည့်လိုက်။ ဖတ်စာအုပ်တွေကလဲ လေးသေး။ ဒီကလေးလေး တွေ အရွယ်နဲ့ လွယ်ရတာ ရှေ့ကို တစ်လံလောက် ငိုက်စိုက်နေကြပြီ။ ကလေးတွေ ကို သနားဘို့ကောင်းတယ်။ လွယ်အိတ်နဲ့လူနဲ့ မမျှ။ မလိုအပ်ရင် အဲ့လောက်စာအုပ်ထုတ်စရာမှ မလိုတာ။ ပြီးတော့ အိမ်စာပေးလိုက်တာတွေလည်းများတော့ စာကျက်ချိန်တောင်မရှိဘူး။ ကူးလိုက်ရတဲ့စာ။ ဆရာမတွေက စာတွေကိုလဲ သေချာမခြစ်ဘူး။ ဘာရေးထားရေးထား အားလုံးအမှန်ဘဲ။ အဲ့ဒီအတိုင်းဖြေလိုက်လို့ကတော့ စာမေးပွဲမှာ အမှတ်ရမှာမဟုတ်ဘူး။ တော်တော် ကွာသွားပြီ။ အရင်ခေတ်က ဆရာမတွေနဲ့။ အခုခေတ်ဆရာမတွေ။ စိတ်ပျက်ပါ့။

About gigihan

has written 5 post in this Website..