တစ်ပါတ်စာ…အမောပြေဟာသ။။

(၁) ဥပေက္ခာ
(၂) ဈေးကြီးလိုက်တဲ့ ကြက်တူရွေး
(၃) မတ်တပ်ပဲရပ်မယ်
(၄) မှတ်မိလိုက်ပုံက
(၅) ကားအနီကြီးသာမောင်းလာခဲ့ပါ
(၆) လူမှန်နေရာမှန်
(၇) ငှက်ကလေးရဲ့..အဖြစ်
(၈) မတူကြဘူး
(၉) မျက်စိဆရာဝန်
(၁၀) ဖုန်းခေါ်မိလို့

***************************************************************************************
(၁)ဥပေက္ခာ

ဘဲ ကိုနာမည်ပြောင်းလိုက်ပြီ..
ဒါဆိုဘယ်လိုခေါ်ရမလဲ…
“““ဥပစ်ခါ…လိုခေါ်ပါ”””
…….ဘာလို့…
ဟုတ်တယ် လေ…..
ဘဲက..ဥပြီးတာနဲ ပစ်ထားခဲ့ပြီး ဖင်လေးခါပြီး ထွက်သွားတာကိုး။။။။
ဒါကြောင့် ဥပစ်ခါလို့ပြောင်းလိုက်…………။။

******************************************************************************
(၂) ဈေးကြီးလိုက်တဲ့ ကြက်တူရွေး…………….

အိမ်မွေးတိရစာ္ဆန်များရောင်းသော ဆုင်တစ်ဆိုင်အတွင်း ဝယ်သူတစ်ဦး ရောက်ရှိလာလေသည်။
ဝယ်သူ။ ။ ကြက်တူရွေးတစ်ကောင်လောက် လိုချင်တယ်။
ဆိုင်ရှင်။ ။ ရပါတယ်။ ဒီကြက်တူရွေးက ဒေါ်လာ ၅၀၀၊ ကွန်ပျူတာ
ကောင်းကောင်းအသုံးပြုတတ်တယ်။
ဝယ်သူ။ ။ တယ်ဟုတ်ပါလား။
ဆိုင်ရှင်။ ။ ဒီကြက်တူရွေးက ရုပ်မြင်သံကြား ဖွင့်တတ်၊ ပိတ်တတ်ပြီး
သီချင်းလည်းဆိုနိုင်ပါတယ်။ ဒေါ်လာ ၁၀၀၀။
ဝယ်သူ။ ။ မဆိုးပါဘူး
ဆိုင်ရှင်။ ။ ဒီကြက်တူရွေးကတော့ ဒေါ်လာ ၃၀၀ဝ ပါ။
ဝယ်သူ။ ။ ဈေးကြီးလိုက်တာ …။ သူကကောဘာတတ်ပါသလဲ…..။
ဝယ်သူ။ ။ ဘာမှတော့မတတ်ပါဘူး။
ဆိုင်ရှင်။ ။ ဟင်ဒါဆိုဘာဖြစ်လို့ ဈေးကြီးတာလဲ။

ဆိုင်ရှင်။ ။ မနက်တိုင်း ဟိုကြက်တူရွေးနှစ်ကောင်က သူ့ကို ဆရာကြီးလို့ခေါ်နေလို့ပါ။
******************************************************************************
(၃) မတ်တပ်ပဲရပ်မယ်

ကျောင်းဆရာတစ်ဦးက သူကိုယ်တိုင် ထုလုပ်ခဲ့သော ရုပ်တုတစ်ခုကို စားပွဲပေါ်၌
တင်ထားကာ ကျောင်းသားများအား မေးမြန်းလေသည်။
ကျောင်းဆရာ ။ ။ ဒီရုပ်တုလက်ရာပေါ် မင်းတို့အမြင်တွေပြောရမယ်၊ ကဲ ဂျော်နီ
ထပြီးပြောပါဦး။
ဂျော်နီ ။ ။ ဘာရုပ်တုမှန်းကို မသိပါဘူးဆရာ။
ကျောင်းဆရာ ။ ။ မသိရင် အတန်းအပြင်ထွက်၊ မတ်တပ်ရပ်၊ ကဲ ဆန်နီ ထပြီးပြော။

ဆန်နီ ။ ။ ကျွန်တော် မတ်တပ်ပဲ ရပ်လိုက်ပါ့မယ် ဆရာ။
ကျောင်းဆရာ ။ ။ ဟေ…………….
***************************************************************************
(၄) မှတ်မိလိုက်ပုံက……..

လူတစ်ဦးအား တိုက်ပြီးမောင်းပြေးသွားသော ယာဉ်တိုက်မှုဖြစ်ပွားသည့်နေရာသို့
ယာဉ်ထိန်းရဲတစ်ဦး
ရောက်ရှိလာပြီး အနီးရှိကလေးငယ်များအား အောက်ပါအတိုင်း မေးလေသည်။
ယာဉ်ထိန်းရဲ ။ ။ ယာဉ်တိုက်မှုဖြစ်တော့ မင်းတို့ဒီနေရာမှာ ရှိနေလား။
ကလေးငယ် ။ ။ ဟုတ်ကဲ့။ ကျွန်တော်တို့ရှိနေပါတယ်။
ယာဉ်ထိန်းရဲ ။ ။ ယာဉ်တိုက်တာမင်းတို့ တွေ့မှာပေါ့။
ကလေးငယ် ။ ။ ကျွန်တော်တို့ မြင်လိုက်ပါတယ်။
ယာဉ်ထိန်းရဲ ။ ။ ဒါဆိုရင် မောင်းပြေးသွားတဲ့ ကားနံပါတ်ကို မှတ်မိလား။
ကလေးငယ် ။ ။ ဟုတ်ကဲ့ မှတ်မိပါတယ်။
ယာဉ်ထိန်းရဲ ။ ။ ဒါဆိုရင် အဲဒီကားနံပါတ်ကို ပြောပြပါဦး။

ကလေးငယ် ။ ။ ဂါလန် ၁၅၀၀။
ယာဉ်ထိန်းရဲ ။ ။ ဟေ………………။
*****************************************************************************
(၅) ကားအနီကြီးသာမောင်းလာခဲ့ပါ……………

မီးသတ်ဌာနသို့ အရေးပေါ်တယ်လီဖုန်းဝင်လာသဖြင့် တာဝန်ကျ အရာရှိတစ်ဦးက ဖုန်းနား
ထောင်လေသည်။
အရာရှိ ။ ။ အမိန့်ရှိပါခင်ဗျ။
ဖုန်းဆက်သူ ။ ။ ဆရာ မြန်မြန်လေးလာခဲ့ပါ။ ဒီမှာမီးလောင်နေလို့။
အရာရှိ ။ ။ ဟုတ်လား………… ဘယ်နေရာလဲ၊ နေရာ ပြောပါ။
ဖုန်းဆက်သူ ။ ။ စိတ်တွေလှုပ်ရှားလွန်းလို့ နေရာကိုတောင် ဘယ်လိုပြောရမလဲ မသိတော့ဘူး။
အရာရှိ ။ ။ ဒါဆိုကျွန်တော်ဘယ်လိုလာရမလဲ။

ဖုန်းဆက်သူ ။ ။ ကားအနီကြီးသာမောင်းလာခဲ့ပါဗျာ။
အရာရှိ ။ ။ ဗျာ………….
*******************************************************************************
(၆) လူမှန်နေရာမှန်

“မောင်ဘမောင်. မင်း ဘယ်လို ယောက်ျားလဲကွယ့်။ မင်းမိန်းမကတော့
ကိုယ်ဝန်ကြီးနဲ့ ထင်းခွဲနေတယ်။ မင်းကျတော့ ဒီခုံပေါ်မှာ အေးအေးဆေးဆေး
မယ်ဒလင် ထိုင်တီးနေတယ်”

“မတတ်နိုင်ဘူး ဒေါ်ဒေါ်. သူမှ မယ်ဒလင် မတီးတတ်တာ။”
********************************************************************************
(၇) ငှက်ကလေးရဲ့..အဖြစ်

ပင်လယ်ကမ်းခြေတွင် ယောကျင်္ား လေး တစ်ယောက် ကိုယ်တုံးလုံး ဖြင်. နေပူစာ လှုံ နေစဉ်
သူ.ဆီကောင်မလေး တစ်ယောက် ဦးတည်၍ လျှောက်လာပါတယ်။
ဒါနဲ. သူကလဲ ရှက်တာနဲ. သူ.ပစ္စည်း ကို သူဖတ်နေတဲ. သတင်းစာ နဲ.အုပ်ထားလိုက်ပါတယ်။
ကောင်မလေး – ရှင်.သတင်းစာ အောက်မှာ ဘာရှိလဲဟင်။
ကောင်လေး – ငှက်တကောင်ရှိတယ်။
အဲဒီနောက် ကောင်မလေး ကထွက်ပြေးသွားပြီး ကောင်လေး က အိပ်ပျော်သွားခဲ.တယ်။
ဒါနဲ. ကောင်လေး ကနိုးလာတော. နာကျင်စွာဖြင်. သူဆေးရုံရောက်နေမှန်းသိတော.တယ်။
ဒီတော. သူ.ကို ဆေးရုံခေါ်လာတဲ. ရဲက မေးပါတယ် ။
ရဲ – မင်းဘာဖြစ်လာတာလဲ။
ကောင်လေး – မသိဘူး၊ ကျွန်တော် ပင်လယ်ကမ်းခြေမှာ လဲလျှောင်းနေတုန်း ကောင်မလေး တယောက် က
ကျွန်တော. ပစ္စည်းအကြောင်းလာမေးတယ်။ အဲ.နောက်မမှတ်မိတော.ဘူး။
အဲဒီတော. ရဲ က ပင်လယ်ကမ်းခြေ ရှိ ထိုကောင်မလေး ကို သွားရောက်မေးမြန်းပါတော့တယ်။
ရဲ – နင် ဟို ကိုယ်တုံးလုံးနဲ.ကောင်လေး ကို ဘာလုပ်လိုက်တာလဲ။
ကောင်မလေး – အော်သူ့ကိုလား။ ဘာမလုပ်ပါဘူး။ ကျွန်မ က သူ့ရဲ့ ငှက်ကလေးနဲ.ဆော့နေတုန်း
သူ့ရဲ့ငှက်က ကျွန်မကို တံတွေးနဲ. ထွေးတယ်လေ။
ဒါနဲ.ကျွန်မလဲ စိတ်တိုပြီး ငှက်ရဲ.လည်ပင်းကို ချိုးပစ်လိုက်တယ်၊
ငှက်ဥ ကို ခွဲပစ်လိုက်ပြီး ………
အသိုက်ကိုပါ  မီးရှို့ပစ်လိုက်တယ်။
***********************************************************************************
(၈) မတူကြဘူး

“ခင်ဗျား ခွက်ထဲ ဝီစကီ ထပ်ထည့် ပေးရမလား.”

“ဟင့်အင်း မထည့်နဲ့! ကျွန်တော် ဝီစကီ သောက်ပြီးရင် ညအိပ်လို့မရဘူး”

“ကျွန်တော်ကတော့ ခင်ဗျာနဲ့ ဆန့်ကျင်ဘက်ပဲ။ အိပ်နေတုန်း ကျွန်တော် ဝီစကီ
သောက်လို့ မရဘူး”

********************************************************************************
(၉) မျက်စိဆရာဝန်

အခန်းထဲဝင်လာသော အမျိုးသမီးကို ဆရာဝန်က ပြောသည်။

“အဝတ်အစား ချွတ်လိုက်ပါ”

“ဒေါက်တာ ကျွန်မ နားကိုက်တာ လာပြတာပါ”

“အဲဒါဆို နား၊ နှားခေါင်းနဲ့ လည်းချောင်း ဆရာဝန်ဆီ သွားပါ”

“ရှင်က ဘယ်သူလဲ”

“မျက်စိ ဆရာဝန်”

*********************************************************************************
(၁၀) ဖုန်းခေါ်မိလို့

ဝန်ထမ်း တစ်ဦးဟာ အလုပ်လာရာမှာ နားနှစ်ဖက်စလုံး ပတ်တီး စည်းထားတာကို အလုပ်ရှင်က တွေ့တော့..
“မင်း ဘာဖြစ်လာတာလဲ.. နားနှစ်ဖက်စလုံး ပတ်တီး စည်းထားတာ ပါလား…”
“ကျွန်တော် မနေ့ညက မီးပူတိုက် နေတုန်း ဖုန်းဝင်လာလို့ မီးပူကို နားမှာကပ်ပြီး ဖြေမိပါတယ်..”
“ဟုတ်ပြီ ဒါဆို နောက်တစ်ဖက် ကကော ဘာဖြစ်တာလဲ..”

“နောက်တစ်ဖက်က ဆရာဝန်ဆီ ဖုန်းဆက် ခေါ်မိလို့ပါ..”

**********************************************************************************

7 comments

  • etone

    July 26, 2011 at 9:50 am

    ဟားဟား ဟားဟား … အရမ်းရယ်ရတယ် … ။ 🙄
    ရွာထဲက ဂျော်နီ(အောင်ပု)လည်း … မက်တပ်ရပ်လိုက်ရတယ်နော် အဟီး 😛

  • moethidasoe

    July 26, 2011 at 11:05 am

    etone ကိုလဲ ဆရာကြီးလို့ ခေါ်တာ ဘယ်နှယောက် ရှိသလဲ .. (နောက်တာ)
    လာ ဖတ်သွားတယ် ..
    post ကို တင်ပေးထားတဲ့ ဥပေက္ခာ ကြီးကိုလဲ ကျေးဇူးတင်ပါတယ်

  • နွယ်ပင်

    July 26, 2011 at 11:23 am

    တစ်ပတ်စာ အမောပြေမပြေတော့ မသိပါပါ ဖတ်တုန်းခဏတော့ အမောပြေသွားတာသချာပါတယ်…

    • pan pan

      July 26, 2011 at 11:30 am

      တပတ်စာပင်ပန်းသမျှ ခဏတာ အမောပြေလေးပေ့ါ….မနွယ်ပင်ရေ..

  • windtalker

    July 26, 2011 at 1:15 pm

    အိုဗျာ
    ကမ်းခြေ သွားရင် တော့ ဆင်ခြင်မှ ပဲ
    ဟီဟိ
    ငှက်နဲ ့ဆော့တဲ့ ကလေးမ လေး တွေ ကို
    အပြတ်ရှောင်မယ် နော်

  • MOEPWINTPHYU

    July 26, 2011 at 3:34 pm

    ဟိဟိ အလွန်ရယ်လိုက်ရပါတယ် လူမှန်နေရာမှန် ကိုကြိုက်တယ်
    ခဏတာ အပန်ဖြေလိုက်နိုင်ပါပြီ

  • yaungchikha

    July 26, 2011 at 4:44 pm

    ရီရတယ်၊ တကယ်အမောပြေသွားပြီ………….

Leave a Reply