စုန်း ပြုစားခံထားရတဲ ့ သစ်သီးတစ်လုံး

alinsettJuly 26, 20111min653

အာဒံက ဧဝ ကို ချစ်တဲ့အချစ် ထက် ငါနင် ့ကို ချစ်တဲ ့အချစ်က ပိုပါတယ် ချစ်သူ။ ကံ ့ကော်တွေ ပွင့်ချိန် ရောက်ပြီဆို……ငါ နင့်ကို ရူးမတတ်လွမ်းနေမိပြီ။
ချစ်သူ ဆို တာ ငါ့ သမိုင်းမှာ အရေးအပါဆုံးသော…
စာမျက်နှာပါပဲ။ မင်နီ အတားခံထားရတဲ့ ငါ့ချစ်ခြင်းတွေ အပေါ်မှာ ဘယ်သူက
လာပြီး ကြက်ခြေခတ် သွားသလဲ…။
ငါ မသိလိုက်တဲ ့ ငါ့အမှား ဆိုတာတွေ အတွက်…
ငါရ လိုက်တာက နင့်ရဲ ့ စိမ်းကားရက်စက်မှုတွေ….။
ငါ မသိလိုက်တာတွေ အတွက်…. အဲဒီရက်စက် တဲ ့ စိမ်းကားမှုတွေ ကို ခံယူရမှာလား…..။ အဲဒီလိုလား..။
မတရားဘူးကွာ…….. လို ့ အော်ဟစ် ပစ်လိုက်ချင်ပေမယ် ့…… ငါ့ ပါးစပ်ထဲ ကနေ အဲဒီ စကားလုံးတွေက ထွက်မလာဘူး။ ငါဟာ…………………
နင် ့ကို ချစ်တယ်….ဆိုတာ က လွဲ ပြီး… တခြား ဘာမှ မပြောတတ်တော့တဲ ့…ကောင်လေးပါဟာ.။
” နင် နေကောင်းတယ် နော် “..တဲ ့။
ပြန်ဆုံတွေ ့ချိန်မှာ အဲဒီစကားပဲ နင်ပြောခဲ ့တယ် ။
တကယ်ဆို…. ” နင် ငါ့ကိုလွမ်းနေလား….”.လို ့
မေးသင့်တာ။ ငါ့ရဲ ့ အထူးစပါယ်ရှယ် လွမ်းဆွတ်မှုတွေ အကြောင်း နင် ့ကို သိစေချင်လို်ိုက်တာဟာ…။
ငါ လမ်းလျှောက်နေတယ် ။ ငါ ပြုံးပြနေတယ် ။
ငါ ကဗျာတွေ စာတွေ…. အချစ်အကြောင်း ဝတ္ထုတွေ….ရေးနေတယ် ။ ပြီးတော့ စာပေအနုပညာတော မှာ မျောချင်တိုင် မျောနေတယ် …။ ဒါနဲ ့ပဲ
ငါ နေကောင်းနေတယ် လို ့ နင် က သတ်မှတ်လိုက်တယ် ပေါ့။
ထားပါတော့လေ….။ ငါနေကောင်းနေတယ် လို့ပဲ။
ငါ့ရင်ထဲ မျာ နက်ရှိုင်းစွာ….ရ ထားတဲ ့ ဒဏ်ရာ တစ်ခု က ဘယ်သူ လာ ကုသ လို ့မှ မရတော့တာ…နင်မသိဘူးနော်။
ဒါတွေ နင်မသိဘူး။
ငါ့မှာ ဒဏ်ရာ တစ်ခုရ ထားမှန်း…၊ အဲဒီ ဒဏ်ရာ ကလည်း ဘယ်တော့မှ
ကျက်မသွားတော့မှန်း….. နင် မသိချင်ယောင်ဆောင်နေတာလည်း ဖြစ်နိုင်တာပဲ။
ပြန်ဆုံချိန်မှာ လောက ဝတ် စကားတွေ ကလွဲပြီး…..တခြား
စကား တစ်ခုခု နင်မပြောဘူး။
“”ငါနဲ ့လွဲ ခဲ ့ရတော့ နင် ဘယ်လို ကျန်ခဲ ့သလဲ…… “‘ဆိုတာမျိုး..။
“”နင်ရေးတဲ ့ ဝတ္ထုတွေက လူငယ်တွေကို အချစ် မကိုးကွယ် ဖို ့အကြောင်း..
ပြောတာချည်းပဲနော်…….”‘ဆိုတာမျိုး…..၊ နင် မပြောဘူး။
နင် ငါ့ ကို လမ်းခွဲ လိုက်ချိန်က စပြီး…. ငါဟာ….
အလွမ်းနဲ ့တည်ဆောက်ထားတဲ ့ စက်ရုပ်တစ်ရုပ်… ဖြစ်သွားတာပါ။
အနုပညာနဲ ့သာ အသက် ဆက်မထားရင်…..
ခုချိန်ဆို အလင်းဆက် ဆိုတဲ ့ကောင် ဟာ…ဒီ ကမ္ဘာလောက မှာ ပျေက်ကွယ်နေလောက်ပြီ။
ငါက နင် ထင်ထားတာထက် ပိုပြီး….. အနုပညာကို ချစ်နေခဲ့ တာပါ။ အေးလေ….နင်ကတော့ ငါ့ကို နားလည်ရခက်တဲ ့ ကောင်လေး
တစ်ယောက်လို ့ပဲ မြင်မှာပေါ့။
တကယ်တော့ ….. ငါဟာ……….. …..
…. ….. . . . . . . . . . . . . . . . . . .. …. . .

အားလူံးကို ခင်မင်လေးစားလျက်…

အလင်းဆက်

26.7.2011 .am

3 comments

  • forever

    July 26, 2011 at 6:56 pm

    အလင်းဆက် ကို ကဗျာဆရာထင်ထားတာ
    လက်စသတ်တော. အနုပညာတွေ စားနေတဲ. စက်ရုပ် ဘဲ

  • z-Z

    July 26, 2011 at 7:52 pm

    @_@ …. မူးတွားတာဘဲ…….

  • etone

    July 27, 2011 at 8:31 am

    တညိုးကြီးပဲ ခံစားလို့ အရဝူးးးးးးးးး ဆော်တီး 😀

Leave a Reply