လိုအပ်သောပစ္စည်း…

သာကူစေ့ ……. 1ထုပ်

ကြက်သား ……. 1ပိုင်း

ဆား ………….အနည်းငယ်

ဟင်းခတ်မှုန့် …….အနည်းငယ်

ဆလပ်ရွက် …….. 1စီး

ကြက်သွန်စီသတ် ….. အနည်းငယ်

ကုလားအော်………အနည်းငယ်

အရင်ဆုံး ကြက်သားကိုတောက်တောက်စင်း ပြီးတော့ ဆားရယ်၊ ဟင်းခတ်မှုန့်ရယ်နဲ့ ရောနယ်ပြီး ဆီအနည်းငယ်နဲ့ ရောပြီးကြော်ထား အကြွတ်မဟုတ်ပဲ စားလို့ရတဲ့ အတော် အချိန်ရရင်ချထား

သာကူစေ့ကို ရေအေးနဲ့ ရေစိမ်ထားမယ် …5မိနစ်လောက်ကြာရင် သာကူစေ့ကိုလက်ထဲ အနည်းငယ်ဆယ်ယူ ပြီးတော့ ခဏနေက ချက်ထားတဲ့ ကြက်သားကို ထာပနာပြီး အလုံးသေးသေးတွေလုံးပါ….

ပြီးရင် ပေါင်းအိုးပေါ်မှာ သာကူလုံးလေးတွေကို ထည့်ပြီးပေါင်းပါ…

20 မိနစ်လောက်ကြာတဲ့ အချိန်ကျရင်တော့ စားလို့ရတဲ့ ဆင့်ရပါပြီ

ပြီးရင် … ပန်းကန်ပြားထဲမှာ ဆလပ်ရွက်ကိုခင်း..အပေါ်မှာ သာကူလုံးလေးတွေကို တင် … ကြက်သွန်ဆီသတ်ကို အပေါ်ကဆမ်းပေး

နဘေးမှာ ကုလားအော် 1လုံ၊ 2လုံးနဲ့ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ

About Yin Nyine Nway

Yin Nyine Nway has written 358 post in this Website..

I m web developer