ယိုးဒယား သာကူလုံးလုပ်နည်း…… (ရှမ်းရိုးရား အစားအစာ)

Yin Nyine NwayJuly 26, 20111min16212

လိုအပ်သောပစ္စည်း…

သာကူစေ့ ……. 1ထုပ်

ကြက်သား ……. 1ပိုင်း

ဆား ………….အနည်းငယ်

ဟင်းခတ်မှုန့် …….အနည်းငယ်

ဆလပ်ရွက် …….. 1စီး

ကြက်သွန်စီသတ် ….. အနည်းငယ်

ကုလားအော်………အနည်းငယ်

အရင်ဆုံး ကြက်သားကိုတောက်တောက်စင်း ပြီးတော့ ဆားရယ်၊ ဟင်းခတ်မှုန့်ရယ်နဲ့ ရောနယ်ပြီး ဆီအနည်းငယ်နဲ့ ရောပြီးကြော်ထား အကြွတ်မဟုတ်ပဲ စားလို့ရတဲ့ အတော် အချိန်ရရင်ချထား

သာကူစေ့ကို ရေအေးနဲ့ ရေစိမ်ထားမယ် …5မိနစ်လောက်ကြာရင် သာကူစေ့ကိုလက်ထဲ အနည်းငယ်ဆယ်ယူ ပြီးတော့ ခဏနေက ချက်ထားတဲ့ ကြက်သားကို ထာပနာပြီး အလုံးသေးသေးတွေလုံးပါ….

ပြီးရင် ပေါင်းအိုးပေါ်မှာ သာကူလုံးလေးတွေကို ထည့်ပြီးပေါင်းပါ…

20 မိနစ်လောက်ကြာတဲ့ အချိန်ကျရင်တော့ စားလို့ရတဲ့ ဆင့်ရပါပြီ

ပြီးရင် … ပန်းကန်ပြားထဲမှာ ဆလပ်ရွက်ကိုခင်း..အပေါ်မှာ သာကူလုံးလေးတွေကို တင် … ကြက်သွန်ဆီသတ်ကို အပေါ်ကဆမ်းပေး

နဘေးမှာ ကုလားအော် 1လုံ၊ 2လုံးနဲ့ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ

12 comments

  • weiwei

    July 26, 2011 at 10:44 am

    အဆန်းပဲနော် … လုပ်ကြည့်အုန်းမှပဲ …

  • Yin Nyine Nway

    July 26, 2011 at 10:46 am

    စားလို့အရမ်းကောင်းပါတယ်… ရန်ကုန်မှာ တပွဲ 1500 က 10လုံးလောက်ပဲ ပါတယ်လေ…တောင်ကြီးမှာတော့ တပွဲမှ 300ထဲ…

  • နွယ်ပင်

    July 26, 2011 at 10:57 am

    တစ်ခါမှမစားဖူးဘူး ….
    စားကောင်းမယ့်ပုံပဲနော် …..လုပ်စားကြည့်ဦးမယ် …

  • windtalker

    July 26, 2011 at 11:12 am

    ကျေးဇူးပါပဲဗျာ ။ ရင်ငြိမ်းနွေ ရေးတဲ့ ဟင်းချက်နည်း တွေ အားလုံး ကို ကူးပြီး မိန်းမ ကို ဖတ်ခိုင်း ချက်ခိုင်း ရမယ်

  • pan pan

    July 26, 2011 at 11:20 am

    ရှလွတ်…
    စားချင်စရာကြီး
    အဲလိုလေး လုပ်စားကြည့်လိုက်ဦးမယ်
    ဆော့စ်လေးနဲ့ တို့စားရင်ရော အဆင်ပြေမလားမသိဘူး

  • gigihan

    July 26, 2011 at 1:14 pm

    စမ်းလုပ်ကြည့်မယ်။ အဲ့ဒါလေး ကြိုက်တယ်။

  • manawphyulay

    July 26, 2011 at 2:02 pm

    ဒါဆိုရင် ကြက်သားလုံး သာကူကို ခေါ်တာလား။ ရှမ်းလို ဘယ်လိုခေါ်သေးလဲဟင်… စားလို့တော့ တော်တော်ကောင်းမယ်ပုံပဲ။ ရွာထဲကလူတွေ လုပ်စားရင်ခေါ်နော်…

  • MOEPWINTPHYU

    July 26, 2011 at 3:57 pm

    လုပ်စားကြည်အုံးမယ် ဒီတပတ်ပိတ်ရက်မှာဘာစားရရင်ကောင်းမလဲစဉ်စားနေတာ

  • ဆူး

    July 27, 2011 at 12:10 am

    စားကောင်းမဲ့ ပုံပဲ.. ဒါမျိုး တခါမှ မလုပ်စားဖူးသေးဘူး။
    လုပ်စားကြည့်မယ်။ အဆင်မပြေရင် ပြန်လာပြောမယ်နော်။

  • etone

    July 27, 2011 at 10:09 am

    သာကူစေ့ကို ရေစိမ်ယုံနဲ့ …. ပွလာပြီး … အလုံးတွေ အချင်းချင်း ကပ်ပြီး … ဂျုံနယ်သလို အလုံးကြီး လုပ်လို့ရလို့လားဟင် … အဲဒါလေး သိပ်နားမလည်ဘူး … ။ သာကူကျိုလျှင်တောင် …အပူပေးပြီး မွှေတော့မှ သာကူစေ့တွေ ပွပြီး …ရေခမ်းခါနီးမှ အချင်းချင်း ကပ်ကုန်တာလေ … မဟုတ်လျှင် အထဲမှာ မျက်စိတွေ ကျန်သေးတယ် …အ ဲ့ဒါလေး ပြောပါဦး ။

    • Yin Nyine Nway

      July 27, 2011 at 1:06 pm

      ဟုတ်ဘူး..အိတုန်..
      ပွရုံလောက်လေး စိမ်မှာပါ မနယ်လိုက်ဘူးလေ
      လက်ထဲကို သာကူစေ့ရေစိမ်ကို ဖြန့်ခင်းပြီး အပေါ်ကနေ အသားကိုထာပနာ
      ပြီးတော့ အသာလေး ပြန်လုံးလိုက်ရင်ရပါတယ်

  • စုံ စုံ

    July 27, 2011 at 11:40 am

    စားတော့စားဖူးတယ်
    ကြိုက်တဲ့သူတွေကတော့အရမ်းကြိုက်ကြတယ်နော်

Leave a Reply