ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ကြိုတင်သတိရှိဖို့နဲ့ လိုက်နာသင့်တာတွေကို လိုက်နာဆောင်ရွက်မယ်ဆိုရင် အသက်ဆုံးရှုံးမှုအပြင် နေအိမ်အဆောက်အအုံနဲ့ လမ်းတံတားပျက်စီးဆုံးရှုံးတာတွေကို ကာကွယ်နိုင်တယ်လို့ သိရတယ်။ ဗုံးပေါက်ကွဲမှုဆိုတာ ရုတ်တရက်ထပေါက်တာဆိုတော့ ကြိုတင်ပြင်ဆင်ဖို့ မလွယ်ကူဘူး၊ မပေါက်ကွဲသေးတဲ့ ဗုံးကိုတွေ့ရင် အန္တရာယ်ကင်းအောင် ရှောင်ရှားဖို့နည်းလမ်းတွေကို မြန်မာနိုင်ငံကြက်ခြေနီအသင်းထံက သိရပါတယ်။ မပေါက်ကွဲသေးတဲ့ဗုံးကိုတွေ့ရင် အနီးနားမှာရှိတဲ့ တခြားသူတွေကို သတိပေးသင့်တယ်လို့ သိရပါတယ်။ ဗုံးလို့သံသသယဖြစ်တဲ့ပစ္စည်းကိုမထိရဘူး၊ သက်ဆိုင်ရာရဲစခန်းကို အကြောင်းကြားရမယ်၊ ဗုံးတွေ့တဲ့အဆောက်အအုံရှိတဲ့နေရာကနေ ထွက်ခွာတဲ့အခါ ဓာတ်လှေကားမသုံးသင့်ဘူးလို့ ဆိုပါတယ်။ အဆောက်အအုံကထွက်ခွာတဲ့အခါ လူအစုလိုက်အပြုံလိုက် ပြေးထွက်တာမျိုးမလုပ်ဘဲ ညွှန်ကြားချက်အတိုင်း ထွက်ခွာသင့်တယ်လို့ သိရတယ်။ ဗုံးပေါက်ကွဲမှုဖြစ်ပွားပါက အနီးရှိလူတွေအကုန်လုံးတညီတညွတ်တည်း ၀ပ်နေပါ၊ ပါးစပ်နဲ့နှာခေါင်းတွေကို ဖုန်၊ သဲမ၀င်အောင် ပိတ်စ၊ အ၀တ်စနဲ့အုပ်ထားပါ၊ ဒဏ်ရာရရှိထားရင် မလိုအပ်ဘဲ မလှုပ်ရှားပါနဲ့၊ ဒုတိယပေါက်ကွဲနိုင်မယ့်ဗုံးကို သတိထားရန်နှင့် ဗုံးပေါက်ကွဲချိန်နဲ့ ပေါက်ကွဲပြီးချိန်တွေမှာ ဖုန်း၊ လျှပ်စစ်ပစ္စည်းတွေ လုံးဝမသုံးသင့်ကြောင်း ၂၀၁၀ခုနှစ် မေလ ၇ရက်နေ့ထုတ် မော်ဒန်သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။

About kln

k ln has written 409 post in this Website..