အချိန်ပိုင်းအလုပ် လုပ်ချင်သူများအတွက်(၂)

warmJuly 26, 20111min932

အိမ်ခြံမြေသတင်းအချက်အလက်များကို စုဆောင်းရှာဖွေပေးသော အချိန်ပိုင်း အလုပ်အတွက် လျှောက်လွာ ခေါ်ယူခြင်း။

၁) လုပ်ကိုင်ရမည့်အလုပ်

အိမ်များ၊ ကုမ္ပဏီများသို့ သွားရောက်ပြီးအိမ်ခြံမြေသတင်းအချက်အလက်များ (အငှား၊ အရောင်း)ကို မေးမြန်း ရှာဖွေ စုဆောင်းရန်ဖြစ်သည်။ ပိုင်ရှင်အတွက် ငွေကြေးမကုန်ကျပဲ အချိန်တိုအတွင်း ငှားနိုင်၊ ရောင်းနိုင်မည် ဖြစ်ရာ အခြားလုပ်ငန်းများနှင့်နှိုင်းယှဉ်ပါက လုပ်ရလွယ်ကူသောအလုပ်ဖြစ်ပါသည်။

၂) လစာ

အိမ်ခြံမြေသတင်းအချက်အလက်တစ်ခုအပေါ် လစာပေးသွားမည်ဖြစ်ရာ ဝင်ငွေအသေအချာရမည်။ မိမိ၏စွမ်းဆောင်ရည်ပေါ်တွင်မူတည်၍ လစာ ၂-၃သိန်း ရရှိနိုင်မည်။ အသေးစိတ်ကိုမူ ကုမ္ပဏီတွင်ရှင်းပြမည်။

၃) လျှောက်ထားသူများ၏ အရည်အချင်း

အိမ်များ၊ ကုမ္ပဏီများသို့ သွားရောက်ပြီးလူအများနှင့် ဆက်ဆံပြောဆိုရသော လုပ်ငန်းဖြစ်ရာ ဆက်ဆံရေး ပြေပြစ်ပြီး ယဉ်ကျေးပြူငှာရမည်။ မိတ်ဆွေအပေါင်းအသင်းနှင့် အတူတကွ လာရောက် လျှောက်ထား နိုင်ပါသည်။ တက္ကသိုလ်ကျောင်းသားများ၊ ဘွဲ့ရများ၊ လွတ်လပ်သူများ၊ ကုမ္ပဏီဝန်ထမ်းများ စသည့် အချိန်ပိုင်း ဝင်ငွေရရန် စိတ်ဝင်စားသူများ အားလုံးလျှောက်ထားနိုင်ပါသည်။

ဖုန်းဖြင့်ကြိုတင်ဆက်သွယ်ပြီးမှ CVနှင့် မှတ်ပုံတင်မိတ္တူများနှင့်တကွ ဤကုမ္ပဏီသို့ လူကိုယ်တိုင်လာရောက်ပါ ရန်။

ဖုန်း–၅၁၁၈၃၄

email: info@myanmarsb.com

URL: www.myanmarsb.com

ကုမ္ပဏီ: Sky Bridge Co.,Ltd.

2 comments

  • warm

    July 26, 2011 at 4:44 pm

    ကုမ္ပဏီ လိပ်စာမှာ
    Room A-407, High Way Complex, Simmalite, Karmaryut Township, Yangon ဖြစ်ပါသည်။

  • manawphyulay

    August 20, 2011 at 5:43 pm

    အချိန်ပိုင်းလုပ်တာနဲ့ ၂ – ၃ သိန်းရမယ်ဆိုတာ တကယ်လား… ဖြစ်နိုင်ပါ့မလား။
    အိမ်ခြံမြေ ရောင်းရမှရမှာလား။ အချက်အလက်ပဲရှာပေးရုံပဲလား… သိပ်မရှင်းဘူးနော်။

Leave a Reply