နေပြည်တော်၌ ဆိုင်ကယ်မဝင်ရကန့်သတ်နှစ်နေရာသတ်မှတ်

klnMay 7, 20101min622

မော်တော်ဆိုင်ကယ်ကြောင့် ဒဏ်ရာရထိခိုက်သေဆုံးမှုများအများဆုံးဖြစ်ပွားနေသော နေပြည်တော်တွင် ယခုလ ၁ရက်နေ့မှစ၍ မော်တော်ဆိုင်ကယ်ဝင်ရောက်ခြင်းကို ကန့်သတ်သည့်နေရာနှစ်ခုသတ်မှတ်လိုက်သည်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို စနစ်တကျ ကြပ်မတ်ထိန်းသိမ်းရန်နှင့် ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသေဆုံးမှုများ လျော့နည်းပပျောက်စေရန် ရည်ရွယ်လုပ်ဆောင်နေရာနေပြည်တော် ရာဇသင်္ဂဟ အဝိုင်းမှသည် နေပြည်တော် စည်ပင်သာယာဧည့်ရိပ်သာအထိနှင့် ဘောဂသီရိအဝေးပြေးကားဝင်းမှသည် ရန်ကုန်- မန္တလေးအဝေးပြေးကားလမ်းအထိ နေရာနှစ်နေရာကို မော်တော်ဆိုင်ကယ်မဝင်ရ ကန့်သတ်နေရာများအဖြစ်သတ်မှတ်လိုက်သည်။ နေပြည်တော် ယာဉ်ထိန်းရဲတပ်ဖွဲ့ပညာပေးရေးနှင့် စည်းကမ်းသတ်မှတ်ရေးဆပ်ကော်မတီက ယခုလ ၁ရက်မှစ၍ ပညာပေးကာလ နှစ်ပတ် သတ်မှတ် လုပ်ဆောင်သွားမည်ဖြစ်ပြီး ထိုကာလကျော်လွန်ပါက စည်းကမ်းဖောက်ဖျက်သူများအား စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်းနေပြည်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ၏ (၁၆/ ၂၀၁၀) အစည်းအဝေးတွင်နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ဝေလွင်ကပြောကြားကြောင်း ၂၀၁ဝခုနှစ် မေလ ရရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင်ဖော်ပြထားပါသည်။

2 comments

  • လင်းဝေကျော်

    June 14, 2010 at 5:54 am

    just prohibited, instead of implementing disciplines or enforcing regulations
    the best and simplest ways of managing, if there is some matter, okee dont use that
    guts……………

  • Khin Thida Soe

    August 21, 2010 at 8:54 am

    နေပြည်တော် စည်ပင် ရိပ်သာမှာနေတဲ့ သူတွေ ဘယ်လိုလုပ်မလည်း ဆိုင်ကယ် မစီး ရတော့ဘူးပေါ့ ကောင်းပါ့

Leave a Reply