နေပြည်တော်မြို့ရဲ့ အထင်ကရ နေရာတချို့

manawphyulayJuly 26, 20111min40524


နေပြည်တော်မြို့ရဲ့ 3 D ရုပ်ရုပ်ရုံပဲဖြစ်ပါတယ်။


နေပြည်တော်မြို့မှာရှိတဲ့ ရေပန်းဥယျာဉ် မုခ်အဝင်ဝပဲဖြစ်ပါတယ်။
လူဝင်ကြေးက ၂၀ဝ ၊ ကားဝင်ကြေးက ၅၀ဝ ဖြစ်ပြီး ကင်မရာခွန်ကတော့ တစ်ထောင် ပေးခဲ့ရပါတယ်။ ဥယျာဉ်ပိတ်ချိန်ကတော့ ည ၉ နာရီဖြစ်ပါတယ်။

နေပြည်တော်မြို့ရဲ့ မြို့တော်ခန်းမ အဝင်ဝရဲ့ မုခ်ဦးဖြစ်ပါတယ်။

သပြေကုန်းဈေးရှေ့က အိမ်ပုံစံတွေ ဖြစ်ပါတယ်။

24 comments

  • pan pan

    July 26, 2011 at 11:36 am

    ပြောင်ရှင်းနေတာပဲ (နှဖူးမဟုတ် 😛 )
    နေပူချိန်ဆိုရင်တော့ လည်မိရင် ငါးကျီးခြောက်ဖြစ်လောက်တယ်

  • ogre

    July 26, 2011 at 11:43 am

    ဟုတ်တယ် ပူရင်အသက်ထွက်အောင်ပူတယ်
    အေးရင်အသဲခိုက်အောင်အေးမယ်
    မိုးရွာရင်လည်းပြီးရောပဲ
    အရိပ်မရှိဘာမရှိ..
    ဟိုဟာလိုလဲနေပြည်တော်တက်လျှောက်လွာတင်
    ဒီဟာဆိုလည်း နေပြည်တော်ရုံးလာခဲ့
    လူတွေများလမ်းခရီးသွားတာနဲ့တင်အသက်ထွက်ချင်တယ်
    နေပြည်တော် စည်ပင်ရိပ်သာတဲ့ ဆောက်ထားလိုက်တဲ့ တည်းခိုဆောင်တွေမနည်းဘူး
    တစ်ခါမှရောက်တာနဲ့အခန်းရတယ်လို့ကိုမရှိဘူး..အမြဲလူပြည့်နေတာနဲ့
    ဧည့်ခန်းက ဆက်တီမှာအားယားမှောက်အိပ်ခဲ့ရပေါင်းများပြီ
    နေပြည်တော်ကိုတော်တော် ..စိတ်ကုန်တယ်
    နေပြည်တော်ဘေးမှ ..ကင်ဝေးရပါလို၏။။။

  • manawphyulay

    July 26, 2011 at 11:54 am

    စည်ပင်ဧည့်ရိပ်သာရဲ့ အခန်းခနှုန်းတွေကတော့ ရိုးရိုးအိမ်ခန်းဆောင် ၃ယောက်ခန်းက ၄၂၀ဝ တစ်ရက်တည်းခဖြစ်ပြီး အဲကွန်းပါတဲ့ အခန်းဆောင်ကတော့ တစ်ရက်ကို တစ်သောင်းကျပါတယ်ရှင်။

  • လင်းဝေကျော်

    July 26, 2011 at 12:09 pm

    မိုက်ချက်ကတော့ ကမ်းကုန်ဆိုတာပဲ။
    အလကားဖြုန်းတီးပစ်လိုက်တာတွေ။
    သစ်တော နေရာတွေလည်း ပျက်စီး
    ဆောက်လုပ်ရေးကုန်ကျစားရိတ်တွေလည်းကုန်နဲ့
    တကယ့် အရူးထ စီမံကိန်းကြီး
    စားရတဲ့သူတွေများ ဝန်ကြီးတောင် တက်ဖြစ်လိုက်သေး

  • နွယ်ပင်

    July 26, 2011 at 12:24 pm

    နေပြည်တော် ကို တစ်ခါမှမရောက်ဖူးဘူး
    ပူတာကတော့ အတော်ပူမယ့်ပုံပဲ …

    • etone

      July 27, 2011 at 8:44 am

      အတူတူပဲ etone လည်း နေပြည်တော်ကို တခါမှ မရောက်ဖူးဘူး .. ဒီက အမျိုးတွေ ပြောင်းကုန်ပြီ … သူတို့ကတော့ ပျော်လိုက်ရွှင်လိုက်နဲ့ …တပတ်တခါ ပြန်လာတယ် … လာတိုင်း လိုက်လည်ဖို့ ခေါ်တာပဲ … ။ အဲ့ဒီမှာ နေအရမ်းပူတာရယ် ၊ လမ်းက ကွန်ကရစ်လမ်းတွေ များလို့ … ကားစလစ်ဖြစ်တာတွေ ခဏခဏ ကြားနေရတာနဲ့ ….. သွားရဲဘူး 🙄

  • windtalker

    July 26, 2011 at 12:40 pm

    မနွယ်ပင် နည်းတူ တစ်ခါ မှ မရောက်ဖူးကြောင်းပါ
    လောလောဆယ် သူငယ်ချင်း တစ်ကောင် က ကုတင်၁၀၀ဝ ဆေးရုံကြီး မှာ တာဝန်ကျ နေတော့ ၊ သူ က တော့ အခုချက်ချင်း ကို လာလည်ဖို ့ အသည်းအသန် ဖိတ်ခေါ ်နေတယ် ။ မသွားနိုင်သေးတဲ့အခါကြ ၊ အခုလို တင်ထားတဲ့ ပုံလေးတွေ ကို ပဲကြည့်ပြီး စိတ်ကူးနဲ ့ရောက်ရှိသွားမိကြောင်းပါ

  • intro

    July 26, 2011 at 1:54 pm

    ဒီလို အဆောက်အဦးတွေတောင် ဆောက်ပြီးမှပဲ၊ အရိပ်ရ ပင်တွေ၊ နှစ်ရှည်ခံပင်တွေ စီမံချက်နဲ့ စိုက်ဖို့တော့ လိုနေပြီ၊ နေရာတကာတိုင်း ပြောင်ရှင်းနေလို့ ကောင်းတာမှ မဟုတ်တာ…

  • teacher

    July 26, 2011 at 3:09 pm

    နေတောင် ပြည်ထွက်အောင် ပူတဲ့ နေရာတော်ကြီးပါခင်ဗျား…….။

  • winkyawaung

    July 26, 2011 at 5:37 pm

    ဟုတ်ပါ၏ နေပူတော်ဟု ခေါ်ဆိုကြပါမည်။

  • koyinmaung

    July 26, 2011 at 6:06 pm

    ကောင်းလိုက်တဲ့နံမည်လေးပါလား ကွယ်တို့…..(ယခုအချိန်မှစ၍နေပူတောြ်ဖစ်စေသတည်း)……

  • ET

    July 26, 2011 at 7:36 pm

    မနောဖြူလေးရေ
    ငါကတော့ နေပြည်တော်ရောက်နေပြီး
    ဘယ်ကိုမှသွားစရာမရှိဘူးဖြစ်နေတယ်
    လိုင်းကားစီးဖို့ကလည်းမလွယ်
    လိုင်စင်မရှိတော့လည်း မသွားရ
    တစ်နေရာနဲ့ တစ်နေရာ အရမ်းကို ဝေးကွာလွန်းလှပါကြောင်း

  • chindwinsayargyi

    July 26, 2011 at 7:58 pm

    မနောဖြူလေး
    တအားကောင်းတဲ့အဆောက်အဦး(လွှတ်တော်)နဲ့ဘုရားပုံလဲတင်ပါဦးလား.ဘုရားကညဆိုတော်တော်ကြည်ညိုစရာကောင်းတယ်

  • Yin Nint

    July 26, 2011 at 9:15 pm

    နေပြည်တော်သည် ညမှလူထွက်သည့် ကျတ်ကုန်းသာဖြစ်ပါကြောင်း 😀 စကားမစပ် ပျဉ်းမနားမြို့မှကယ်ရီသမားများအလွန်ရိုင်းပါသည် ဟိုတစ်ခေါက်ကျွန်တော်တို့ရန်ကုန်ကနေ နေပြည်တော်ကိုပထမဆုံးသွားတဲ့အခေါက်တုန်းကပေါ့ဗျာ
    ရွှေညောင်ပင်ဆိုလား ညောင်လေးပင်ဆိုလား အဲ့ဒီနေရာမှာရပ်တာဗျာ ပျဉ်းမနားထဲမှာ
    အဲ့ဒါကားပေါ်ကဆင်းတော့ ဆိုင်ကယ်ကယ်ရီသမားတွေကအတင်းဆွဲတာဗျာ ကျွန်တော်တို့က
    လူသုံးယောက်လေ ခရီးဆောင်အိတ်ကြီး ၃လုံး နဲ့ အခြား အခြားသော အိတ်တွေကောဆိုရင်
    ၉အိတ်လောက်ရှိသဗျ အဲ့ဒါကိုဗျာ ဆိုင်ကယ်သမားတွေက ရပါတယ်အတင်းလုပ်နေတာ
    ကျွန်တော်တို့ခရီးဆောင်အိတ်ကြီးတစ်လုံးတင်ရင်ကို နောက်မှာလူကထိုင်လို့မရတော့ဘူးဗျာ
    အဲ့ဒါကိုရပါတယ်ဆိုပြီးတော့ အိတ်ကိုအတင်းလုတာ အဲ့အချိန်မှာ လူတစ်ယောက်ကကျွန်တော်တို့ကို
    လာမေးတာ အစ်ကိုကားငှားမလားတဲ့ ဒါနဲ့ဘာကားလဲဆိုတော့ လိုက်ထရပ်တဲ့ ဟိုနားမှာတဲ့ လမ်းရဲ့
    ဟိုဘက်မှာရပ်ထားတာ ဒါနဲ့ဈေးတွေဘာတွေပြောပြီးတော့ ငှားဖြစ်သွားတယ်ပေါ့ဗျာ(ဈေးတော့ကြီးတယ်)
    မတတ်နိုင်ဘူးလေ အဲ့ဒါဆိုင်ကယ်သမားတွေက ကားသမားကိုဆဲတာဗျာ မင်းစီးပွားရေးဒီလောက်ရှားသလားတို့ ငါတို့ကဒီမှာစီးပွားရေးလုပ်နေတာတို့ ငါ-မသားတို့စုံနေတာပဲ
    အဲ့ဒီအချိန်မှာကားသမားကကားသွားယူပြီ ကျွန်တော်တို့ရပ်စောင့်နေတဲ့နားလေးကို ဆိုင်ကယ်သမားတစ်ယောက်ရောက်လာပြီးတော့ ပတွတ်ပတွတ်နဲ့ဆိတ်ချီးပေါက်သလိုလာရွတ်နေတာ
    အစ်ကိုတို့ကဟိုတယ်ကိုသွားမှာဆိုတော့ ကားနဲ့မှကောင်းမှာပေါ့တို့ ဆိုင်ကယ်နဲ့ဆိုတော့မျက်နှာငယ်တာ
    ပေါ့တို့ဗျာ စုံနေတာပါပဲ ကားရောက်လာမှပဲရပ်တော့တယ် ဒေါသကအရမ်းထွက်တာ သူများမြို့မို့လို့
    သည်းခံနေရတာဗျာ

  • hanhan

    July 26, 2011 at 9:58 pm

    နေပူတော်လို့ပြောရင် ပိုမှန်မယ်ထင်တယ်

  • ဆူး

    July 26, 2011 at 10:07 pm

    နေပူတော် အလွန်ပူတယ်။ တနေရာနဲ့ တနေရာ ဝေးလိုက်တာလည်း လွန်ရော.. ကိုယ်ပိုင် ကား မရှိရင် တော်တော် ဒုက္ခများတယ်။ သွားလိုတဲ့ နေရာ သွားဖို့ အငှားကားက သီးသန့် ဖုန်းဆက်ခေါ်ရတာ.. ကားခတွေကလည်း ဈေးတွေလန်ထွက်နေတာ.. ဒီမှာ ၂၀၀ဝ လောက်ရတဲ့ ခရီးကို ဟိုမှာ ၁၅၀၀ဝ လောက် တောင်းတာ..
    ဆိုင်ကယ် ကယ်ရီတွေက စည်းကမ်းမရှိ.. ဘယ်တော့ မှောက်မလဲ ရင်တထိတ်ထိတ်..

  • minthakhin

    July 28, 2011 at 1:06 am

    ဟုတ်ပါတယ် တကယ့်နေပူတော်ပါဘဲ။ သင်္ကြန်လေးတစ်ရက်သွားလည်ပါတယ် လူကိုသေချင်စော်နံသွားတာဘဲ။ National Landmark ကလည်း အရိပ်ကောင်းကောင်းတစ်ပင်မှမရှိ။
    ဒါပေမယ့်မိုက်တာက twin dragon စီးရတာရှယ်ပဲ။အသည်းကိုအေးသွားတာပဲ။ရောက်ဖြစ်ရင်တော့သွားစီးဖြစ်အောင်စီးကြပါ။
    ရေပန်းဥယျာဉ်ကတော့ညကျမှမိုက်တာဗျာ။နေ ့ခင်းတော့မသွားပါနဲ ့။ ဆိုင်ကယ် ကယ်ရီအကြောင်းကတော့မပြောချင်တော့ပါဘူး။ လူတွေ ့တာနဲ ့ရိုက်မယ်( ဈေး) ဆိုတာချည်းပဲ။

  • zawthulay

    July 28, 2011 at 11:17 am

    မှန်တာပေါ့…နေပူတော်ဆိုတာ… အဲဒီမှာသွားစရာဘာမှကိုမရှိတာ .. ရှိတဲ့နေရာတွေကလဲ ဝေးလံသီခေါင်တဲ့နေရာတွေမှာ…လည်စရာကိုမရှိတဲ့နေရာပါ..အရမ်းအရမ်းကိုကောင်းပါတယ်..(စိတ်ညစ်ဖို့လေ)

  • aungnng87

    July 28, 2011 at 2:54 pm

    နေပြည်တော်မှာလည်စရာတွေရှိပါတယ်.။ မလည်နိုင်တာပါ။တက္ကစီခတွေကမတရားဈေးကြီးတယ်.။နိုင်ငံခြား
    ရေးရုံးကနေဥပသန္တိဘုရားကိုသွားတာ ၁၅၀၀ဝတောင်းတယ်။ရောက်ဖို.ခက်တော့လည်းပေးရတာပေါ့.။ ဘတ်စ်ကားလည်းမစီးတတ်ဘူး.။ အဲဒီမှာနေရတဲ့သူတွေတော့မလွယ်ဘူး။လမ်းပန်းဆက်သွယ်ရေးစရိတ်တော်တော်
    ကြီးတယ်။

  • kai

    July 28, 2011 at 3:18 pm

    ဗိုလ်ချုပ်နေဝင်းတက်တော့… သာကေတ၊ မြောက်ဥက္ကလာ၊ စသဖြင့်လယ်ကွင်းတွေဖျက်.. မြို့သစ်တွေတည်တာပဲ..။
    အခုတော့.. စိမ်းလန်းပြီး.. လူတွေနဲ့ရှုပ်နေမှာပေါ့..။
    နဝတတက်တော့လည်း.. ဒဂုံမြို့သစ်ဆိုပြီး လယ်ကွင်းတွေထဲ… လုပ်တယ်မဟုတ်လား.. အခုတော့.. အခုလိုပေါ့..။

    ဆိုတော့…
    အခုနေပူတော်ကို ဓါတ်ပုံထဲကြည့်ရတာ… အစိုးရရုံးစိုက်တဲ့မြီု ့လက္ခဏာပုံပါပဲ..။
    နောက်.. အနှစ်၂ဝဆို.. တော်တော်ပြောင်းလဲတိုးတက်သွားနိုင်ပါတယ.်.။
    ရန်ကုန် မန္တလေးနဲ့တော့ ဘယ်တူပါ့မလဲ..။
    ယူအက်စ်မှာဆို.. ကယ်လီဖိုးနီးယားပြည်နယ်မြို ့တော်က.. စခရန်းမန်းတိုး ဆိုတာ.. အင်မီးဂရန့်တွေထဲ.. သိတဲ့သူတောင်တော်တော်နည်းတယ်..။
    လော့စ်အိန်ဂျလိစ်၊ ဆန်ဖရန်စစ်စကို၊ ဆန်ဟိုဆေးမြီု ့တွေပဲ နာမယ်ထွက်တာလေ..။

    ကြုံတုံးလေသံပစ်ထားရရင်.. ရန်ကုန်မြီု ့ကို.. အမေရိကားရဲ့ မောင်နှမမြီု ့(Sister City ) လုပ်ချင်နေတယ်..။
    အယ်လ်အေကို လုပ်ရင်ကောင်းမလားလို့..။
    တနေ့နေ့တော့..လုပ်ဦးမယ်..။
    http://sistercities.lacity.org/

    • ကြောင်ကြီး

      July 29, 2011 at 8:00 am

      ဒါဆိုရင် နယူးယောက်စီးတီးက ယောက်ဖမြို့ လုပ်ချင်တယ်ဗျို့..။
      မှတ်ချက်။ နယူးယောက်က မြို့ထီးနော်.. 😳

  • asarpokelay

    July 28, 2011 at 3:41 pm

    အဲဒီ့သွားပြီး ရေအေးစက်တို့ ရေခဲသေတ္တာတို့သွားရောင်းရင် ကောင်းမယ်နော် မေမေလေးက ဈေးကွက်သွားလေ့လာတာမှတ်လား အထင်ကရဆိုပြီး သူနေရာတွေလေ့လာနေတာနေမှာ

  • manawphyulay

    July 28, 2011 at 3:54 pm

    ဈေးကွက်စီးပွားရေးဆိုတာ မြင်တတ်ရမယ်လေ… အဲမှာ အိမ် ခြံဈေးလေးတွေလည်း မေးလာခဲ့တယ်။ ခုတောင် နည်းနည်းတက်နေပြီလို့ပြောတယ်။ ပွဲစားလုပ်ရင် အဆင်ပြေမလားပေါ့။ ဘာလုပ်ရင် ကြီးပွားနိုင်လဲ။ ဆိုင်ကယ်ကယ်ရီတွေလည်း ကိုယ်တိုင်ဆို ဘယ်လောက်ရလဲ။ ငှားတာဆို အုံနာကို ဘယ်လောက်ပြန်ပေးရလဲပေါ့ ဒါတွေလည်း မေးမြန်းခဲ့တယ်။

  • researcher

    July 29, 2011 at 2:38 pm

    မနောက နေပြည်တော် ကို သိပ်မနှံ့ခဲ့ဘူးထင်တယ်။ ဇေယျာသိရိဗိမ္မာန်တို့၊ Junction Shopping Center နဲ့ Junction Mini Theater တို့၊ Hotel Zone တို့၊ တိရစ ္ဆာန်ဥယျဉ်တို့၊ National Land Mark တို့၊ ဓာတ်ပေါင်းစုစေတီတို့၊ ဥပ္ပါသ (စာလုံးပေါင်းမှန်ရဲ့လားမသိဘူး၊) စေတီတော်တို့၊ Shopping Complex တို့၊ မြို့မဈေးတို့ ……

Leave a Reply