ခရီးသွားရင်းလည်း လူကုန်ကူးမှုသတင်းပေးနိုင်

klnMay 7, 20101min641

ထိုင်းနဲ့တရုတ်နယ်စပ်တွေဘက်ကိုလူကုန်ကူးခံရတဲ့ ဖြစ်စဉ်တွေမှာ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းတွေက အဓိကပါဝင်ပတ်သက်နေတယ်လို့ ဖြစ်စဉ်တွေကို ကိုးကားပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ ဒုတိယဌာနမှူး၊ ဒုတိယရဲမှူးကြီးရာလျန်မုန်းကပြောပါတယ်။ သူက ‘လူကုန်ကူးမှုဖြစ်စဉ်တွေကို လေ့လာလိုက်တဲ့အခါအဓိကအားဖြင့်မော်တော်ယာဉ်လိုင်းပေါင်းစုံနဲ့ ထိုင်းနယ်စပ်ကို သယ်ဆောင်ခံရတဲ့လူမှောင်ခိုမှုကနေလူကုန်ကူးခံရတာတွေဖြစ်နေတာတွေ့ရတယ်’လို့ပြောပါတယ်။ လက်ရှိမှာ ကြုံတွေ့ရတဲ့ဖြစ်စဉ်တွေကို ကြည့်ရင်လင်းမယားသမီးရည်းစားပုံစံဟန်ဆောင်ပြီး တရုတ်နိုင်ငံကိုပို့ဆောင်ရောင်းစားတာ၊ မိန်းကလေးငယ် သုံးလေးယောက်ကို အဝေးကနေထိန်းချုပ်ပြီးနယ်စပ်အထိ ပို့ဆောင်တာ၊ ဆွေမျိုးတွေစုပေါင်းပြီးလူရောင်းဝယ်လုပ်တာတွေဖြစ်ပါတယ်။ ဖြစ်စဉ်အများစုက ကားနဲ့ သယ်ဆောင်ပြီး နယ်စပ်ကို ရောက်သွားတာတွေဖြစ်လို့ ယာဉ်မောင်းနဲ့မော်တော်ယာဉ်ခရီးသွားလုပ်ငန်းမှာ လုပ်ကိုင်နေသူတွေအနေနဲ့ သံသယဖြစ်စရာတွေ့ရင် လူကုန်ကူးမှု ကာကွယ်ရေးအထူးအဖွဲ့ဖုန်းနံပါတ်တွေကို ဆက်သွယ်တိုင်ကြားနိုင်ပါတယ်။ ခရီးသွားပို့ဆောင်ရေးလုပ်ငန်းတွေမှာ သွားရင်းလာရင်း ဆက်သွယ်သတင်းပေးနိုင်အောင်လက်ကမ်းစာစောင်တွေလည်း ဖြန့်ဝေပေးထားပါတယ်။ သည်စာစောင်ထဲမှာနယ်စပ်ဒေသတွေ အပါအဝင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအထူးအဖွဲ့ ရဲ့ဖုန်းနံပါတ်တွေထည့်သွင်းထားတာတွေ့ရကြောင်း ၂၀၁ဝခုနှစ် မေလ ရရက်နေ့ထုတ် မော်ဒန်ဂျာနယ်တွင်ဖော်ပြထားပါသည်။

One comment

  • kopauk mandalay

    May 8, 2010 at 1:19 am

    ဒါလေးကိုဖတ်ရတော. အရင်တုံးကရေပန်းစားတဲ.သီချင်းလေးကို သတိရမိပါတယ်။
    ” တွေ.ရင်ပြောကြပါလေ ကျေးဇူးဆပ်ပါမည် ”
    သည်ကိစ္စလေးကို တော. တစ်နိုင်တစ်ပိုင်ကူညီကြမယ်ဆိုရင် ကောင်းမှကောင်းလို.ထင်ပါတယ်ဗျာ။

Leave a Reply