ယင်ကောင် Creation Art

panpanJuly 26, 20111min54518

ပေါက်တတ်ကရနော်

ယင်ကောင်တွေနဲ့ ဖန်တီးထားတာ

ရောဂါရတော့မှာပဲ

ယင်ကောင်ဘယ်လိုဖမ်းလဲမသိဘူး

ယင်ကောင်တွေကို လူတွေရဲ့ အပြုအမူလိုမျိုး ဖန်တီးထားတာ

ဘာပဲပြောပြော လုပ်လည်းလုပ်တတ်ကြလွန်းပါတယ်

အတွေးအခေါ်လေးတွေလည်း ကောင်းလို့ ရွာသူရွာသားများ ကြည့်ရအောင် ပုံတွေတင်ပေးလိုက်ပါတယ်။

ကြည့်ကြပါကုန်………………..။

 

မြင်းစီးနေတဲ့ ယင်ကောင်၊ အဝေးကကြည့်ရင် စစ်တိုက်ထွက်မယ့် စစ်သားကျနေတာပဲ၊ ရှေးတုန်းက ရောမခေတ်စစ်သားလိုပေ့ါ၊ ဝတ်ရုံကြီးနဲ့

အိမ်သာပေါက်ဝမှာ စောင့်နေတဲ့ ယင်ကောင်တွေပေ့ါ

ခြေတံရှည်ကောင်ကို အောက်ကကောင်က မကျေနပ်တဲ့ဒီဇိုင်းနဲ့ ခါးထောက်နေတာ

ရေးကူးမယ်၊ ဒိုင်ဗင်ထိုးမယ်၊ တန်းစီ

ခုမှပဲ အညောင်းပြေသွားတော့တယ်၊ ခြေဆန့်လက်ဆန့်

မမှီသေးဘူး၊ ထပ်မြှင့်ဦးကွ

ပြေးထားကွ၊ ပြေးထား

ယင်ထီးနှစ်ကောင်ပါလား

တော်တော်ဆော့တဲ့ကောင်တွေ၊ ဆပ်ကပ်ပြစားရမယ်

————————————————————————————————

ဝါသနာပါတဲ့လူတွေ အိမ်မှာယင်ကောင်ဖမ်းပြီး လုပ်ကြည့်ကြပေ့ါ

ယင်နိုင်နင်းရေးလည်းဖြစ်သွားရော၊ တစ်ချက်ခုတ်နှစ်ချက်ပြတ်ပဲ  😛  😀  😛

18 comments

  • PaukPhaw

    July 26, 2011 at 2:23 pm

    ယင်ကောင်ကို လူနဲ ့ဆင်အောင် ခြေထောက်ဆွဲပေးထားပါလား..

    ပန်ပန်တို ့က ကြံကြံဖန်ဖန်တွေ ဘယ်ကရှာသလဲ မသိပါဘူး
    ဂယ်ပဲ.
    ပြောင်စပ်စပ်နဲ ့

    • pan pan

      July 26, 2011 at 4:26 pm

      ဟုတ်တယ်….ပြောင်စပ်စပ်နဲ့
      ကြည့်ရတာ တော်တော်ရယ်ရတယ်
      လုပ်တဲ့လူ တော်တော်ဗရုတ်ကျတယ်

  • kai

    July 26, 2011 at 2:26 pm

    ကလေးတွေကြွက်ဆို.. ရွံကြောက်ဖြစ်တော့… မစ်ကီမောက်ကို ဒစ်စနေက ဖန်တီးလိုက်တယ်..။
    ဆိုတော့… ချစ်လိုက်ကြတာ… တုံလို့ပေါ့…

    အခုလည်း.. ဒီ အချိုုးချိုးကြည့်တာထင်တယ်…။
    ကောင်းလေစွ…။

  • manawphyulay

    July 26, 2011 at 2:40 pm

    အင်းနော်.. အကြံရပြီး ယင်ကောင်တွေ လိုက်ဖမ်းတဲ့အဖွဲ့တောင် တည်ထောင်လာတော့ရင် ဘယ်လိုလုပ်မလဲ…. ပုံစံတွေက မိုက်တယ်…

  • windtalker

    July 26, 2011 at 2:45 pm

    ရွံစရာ ကောင်းတဲ့ ယင်ကောင်တွေ ကို
    ဒီပုံလေးတွေ နဲ ့ကြည့်ရတော့
    ထူးဆန်းလိုက်တာဗျာ
    ထွင်လဲ ထွင်တတ်တယ်နော်
    အနုပညာ စိတ်ကူး ကောင်းပါ၏
    တော်ကြာ ကျုပ်တို ့နေစဉ်
    တရားအားထုတ်နေတဲ့ နိုင်ငံ ဆီ က
    ဒီလိုမျိုးတွေ ကွန်တိန်နာ အလုံး ၁၀၀ဝ ပို ့ပေးပါလို ့
    ဆိုလာရင်တော့
    မပန်ပန် ဆီ လမ်းညွှန် ရမှာပဲဗျို ့

    • pan pan

      July 26, 2011 at 3:59 pm

      အဲဒါကျွန်မဆီလမ်းညွှန်တာထက် ဟိုမှာဆေးလိပ်နဲ့ သွားလဲဖို့ကောင်းတယ်
      ဆေးလိပ်ပေးရင် ဖမ်းပေးတယ်ဆိုလားပဲ…. 😛 😀

  • နွယ်ပင်

    July 26, 2011 at 2:49 pm

    ပုံလေးတွေ ယင်ကောင်ကို ရွံ့စရာကောင်းတယ်လို့တောင်မထင်ရတော့ဘူး
    လုပ်လဲ လုပ်တက်ပ စဉ်းလဲ စဉ်းစားတက်တယ် ……

  • စုံ စုံ

    July 26, 2011 at 2:59 pm

    အိုင်ဒီယာကတော့ဘဲထီးဂွတ်ဘဲ

  • AKKO

    July 26, 2011 at 3:11 pm

    ဒီပုံတွေ အရင်ကမေးလ်ကနေရဖူးတယ် ။ အဲ့ဒီအချိန်ကတည်းကတွေးနေတာ … ဘယ်လိုပုံမပျက်ဖမ်းလိုက်သလဲပေါ့ ။
    ခြင်ရိုက်ဘတ်တံနဲ့များ ရိုက်ဖမ်းတာလားလို့တောင် တွေးမိတယ် ။

  • ogre

    July 26, 2011 at 3:43 pm

    ယင်ကောင်ကိုမရွံတဲ့ အချိန် တစ်ချိန်ပဲရှိတယ်..
    ဘီယာသောက်လို့များ
    ဖန်ခွက်ထဲယင်ကောင်ဝင်လို့များကတော့
    အသာလေးလက်ညိုးနဲဖယ်ပြီး
    ခပ်သွက်သွက် မော့သောက်လိုက်တာပဲလေ…:P

  • yaungchikha

    July 26, 2011 at 4:18 pm

    တစ်ခါမှ မမြင်ဘူးဘူး၊ ပုံလေးတွေက တင်ပေးလို့ ကျေးဇူးပါ………..

  • MOEPWINTPHYU

    July 26, 2011 at 4:22 pm

    ယင်ကောင်းကို စိတ်မပျက်ပဲမြင်မိတာ ဒီတစ်ခါ ပထမဆုံးပဲ
    ချစ်ခြင်စရာတောင်ကောင်းနေသလိုပဲ

    • pan pan

      July 26, 2011 at 4:39 pm

      ယင်ကောင်တွေကို ချစ်သွားပြီဆိုရင် အိမ်မှာ ယင်ကောင်မွေးမြူရေး စတင်ပါ
      အညှီတွေ အပုပ်တွေ ဆောင်ထားပါ
      လာသမျှယင်ကောင်တွေဖမ်းထားပြီး မိမိအကြံဉာဏ်ရှိသလို ဒီဇိုင်းထွင်ဖန်တီးပါ
      အဲ….များများလည်းလုပ်နိုင်မယ်၊ လက်ရာတို့ အိုင်ဒီယာတို့လည်းကောင်းမယ်ဆိုရင် ကမ္ဘာကျော်တောင်ဖြစ်သွားဦးမယ်
      ကံကောင်းရင် ဂင်းနစ်စံချိန်တင်ဖြစ်မယ်
      ပြီးတော့ အဲဒီအချိန်ကျရင် လူတွေကစိတ်ဝင်စားလာပြီး သူ့ထက်ငါ အလုအယက် လေလံဆွဲပြီး အဲဒီယင်ကောင်ဒီဇိုင်းတွေကို ဝယ်တော့မယ်
      ပန်းခြောက်ကို ဘောင်လေးနဲ့ အမှတ်တရလုပ်သလို ယင်ကောင်အနုပညာပန်းချီကားဆိုပြီး ကြာရှည်လည်းခံအောင် စိတ်ကူးလေးကို နည်းပညာပေါင်းလိုက်ရင် ပိုအဆင်ပြေမယ်
      နောက်ဆုံး တစ်ကမာ္ဘလုံးက ဝယ်ယူအားပေးကြပြီး ဘီလျံနာ၊ ထရီလျံနာတောင်ဖြစ်သွားနိုင်တယ်
      အဲဒီအတွက် ရင်းနှီးမြှုပ်နှံဖို့က အရမ်းမများဘူး (ငွေမကုန်ဘူး)
      အမှိုက်ပုံက အမှိုက်အနည်းငယ် ကောက်လာဖို့ပါပဲ
      ဒါမှမဟုတ် မိမိအိမ်မှ အမှိုက်များကို မစွန့်ပစ်ဘဲ သိမ်းဆည်းထားလျှင်လည်း ဖြစ်နိုင်ပါကြောင်း….

  • MOEPWINTPHYU

    July 26, 2011 at 5:00 pm

    အဲလိုလုပ်ရင် ဘီလျံနာဖြစ်တာတောကြိုက်ပါတယ် နောက်ဘဝခံရရင် ဘယ်သူကခံပေးမှာလဲဟင်

  • zawaung79

    July 26, 2011 at 6:34 pm

    စိတ်ကူးသိပ်ကောင်းပါတယ်ဗျာ။

  • ဆူး

    July 26, 2011 at 11:31 pm

    သချင်္ာဆရာ တယောက် ပြောဖူးတာ သတိရမိတယ်။ သူငယ်ငယ်က ကြံဆိုင်တွေက ပြစ်တဲ့ ကြံဖတ်တွေမှာ နားနေတဲ့ ယင်ကောင် အကြီးကြီးတွေကို ဖမ်းပြီးတော့ အပ်ချည်ကြိုးနဲ့ ယင်ကောင်ကို ချည်ပြီး လွတ်လိုက်ရင် တဝီဝီနဲ့ ပျံရှာတယ် အဲလိုနည်းနဲ့ ဆော့ဖူးတာ အခုတော့ ဒါတွေ တွေးမိရင် စိတ်မကောင်းဘူး အဲလို ပြောတယ်။

  • pan pan

    July 27, 2011 at 8:50 am

    အားရိုးရိုး………
    ရဲရဲနီနေပါလားဟရို့!!!
    🙁
    🙁

  • alinsett

    July 27, 2011 at 8:20 pm

    ဘာပဲပြောပြော… ပြုံးလို ့မရတာ ကြာပြီ ဖြစ်တဲ ့ကျွန်တော် ့မျက်နှာက ဒီပုံလေးတွေ တွေ ့မှ ပြန်ပြုံး လို ့ရသွားတယ် ။
    ကျေးဇူးးပါ ပန်ပန်ရေ..။
    နောက် ထပ် ဘာ ကောင်လေးတွေရဲ ့ပုံတွေ ရှိသေးလဲ…။
    တင်ပေးပါဦး..။
    ထပ်ပြုံး ချင်လို့ပါ။

Leave a Reply