ရင်တုန်စေသောအနမ်းတစ်ချက်

Lightning cristalJuly 26, 20111min37920

အိမ်တစ်အိမ်မှာသူငယ်ချင်းအပျိုကြီး(၃)ယောက်စုနေကြတယ်။တစ်ယောာက်ကfashion designer၊တစ်ယောက်ကmanager၊တစ်ယောက်ကauthoress(စာရေးဆရာမ)။

နံနက်စောစောလူသူူူရှင်းချိန်မှာကောာာာင်လေးတစ်ယောက်ကိုသူူတိို့ကားးနဲ့တိုက်မိတယ်။ကောင်လေးကမေ့သွားတယ်။သူတို့ကလည်းသူများတွေကိုမသိစေချင်တော့သူတို့အိမ်ကိုခေါ်သွားကာအနားယူခိုင်းလိုက်တယ်။

ကောင်လေးကနိုးလာတော့အတိတ်မေ့ချင်ယောင်ဆောင်ပြီးသူတို့အိမ်မှာတောက်တိုမယ်ရလုပ်ရင်းနေလိုက်တယ်။fashion designerကကတ်စေးနဲတယ်။ဒါကြောင့်ရည်းစားနဲ့ကွဲခဲ့ရတယ်။managerကမေ့တတ်တယ်။ဒါကြောင့်ရည်းစားမရှိအပျိုကြီးဖြစ်နေတယ်။authoressကတော့ရည်းစားမရှိယခုထိအပျိုကြီးပေါ့။

ကြာလာေတော့ အိုးချင်းထားအိုးချင်းထိ၊ကြိုးချင်းထားကြိုးချင်းငြိ  ဆိုသလိုအပျိုကြီး(၃)ယောက်ဟာကောင်လေးအပေါ်မှာစိတ်ယိုင်လာတယ်။တစ်ယောက်နဲ့တစ်ယောက်အကျင်္ီအပြိုင်ဝယ်၊မုန့်အပြိုင်ဝယ်ကျွေးရင်းပြိုင်လာကြတယ်။(ကောင်လေးနဲ့ပတ်သက်လို့ပေါ့)

တစ်နေ့ပိတ်ရက်ညမှာသုံးယောက်စုံကာစောင်းပြောရင်းစကားများကြကာဆူညံသွားတယ်။ထိုအချိန်မှာကောင်လေးနဲ့ဂျီးတော်တို့ဟာစကားများတဲ့နေရာကိုရောက်လာတယ်။အမှတ်မထင်တော့ မီးဖိုကိုရေနဲ့ငြိမ်းလိုက်သလို မီးကဖျက်ခနဲပျက်သွားတယ်။အားလုံးကလည်းငြိမ်သက်သွားတယ်။ဒီအချိန်မှာkissပေးသံလည်းပေါ်လာတယ်။kissသံနဲ့အတူပါးရိုက်သံလည်းထွက်ပေါ်လာတယ်။မီးပြန်လာတော့ကောင်လေးကရှက်ပြီးတော့သူ့အခန်းကိုပြန်သွားတယ်။

သူတို့အားလုံးကတော့ရင်တုန်ရင်းကျန်ခဲ့တယ်။ကောင်လေးကသုံးယောက်စလုံးကိုနမ်းလိုက်တာလား။သုံးယောက်စလုံးကကောင်လေးကိုပါးရိုက်လု်က်တာလား။ဘယ်သူ့ကိုနမ်းလိုက်သလဲ။ဘယ်သူကပါးရိုက်လိုက်သလဲ။

 

မကြာမီလာမည်မျှော်

အဖြေမှန်ကု်ဒီခေါင်းစဉ်နဲ့ပဲပို့လိုက်ပါမယ်။

20 comments

  • MOEPWINTPHYU

    July 26, 2011 at 5:29 pm

    ဆန့်တငင်ငင်နဲ သိချင်ပါတယ်ဆိုမှ

  • forever

    July 26, 2011 at 6:23 pm

    ကို.ဟာကို.ရိုက်လိုက်မိတာပါ

  • mzm

    July 26, 2011 at 6:52 pm

    ခင်များကြီးဝင်နမ်းသွားတာမလား

  • KoNyeinChan

    July 26, 2011 at 7:14 pm

    နမ်းတာရော ပါးရိုက်တဲ့ ပုံစံရောကို ကောင်လေး ကိုယ်တိုင် လုပ်လိုက်တာပါ

  • zawinaing

    July 26, 2011 at 7:45 pm

    သေချာတယ် ဂျီးတော် လက်ချက်နေမှာ ………

  • nature

    July 26, 2011 at 10:43 pm

    ဂျီးတော် တယောက်ကကောင်လေးကို kiss ပေးတယ်။ ကျန်တဲ့ဂျီးတော် ၂ယောက်က kiss ပေးတဲ့ဂျီးတော်ကို ရိုက်လိုက်တာဖြစ်မယ်။

  • ဆူး

    July 26, 2011 at 11:04 pm

    အဲဒီ အိမ်ထဲမှာ ဂျီးတော်တွေ နဲ့ ကောင်လေး တယောက်ပဲလား တခြားလူကော မရှိဘူးလား။
    ဥပမာ သူခိုးကပ်လို့ ရုတ်တရက် ပြေးပေါက်ရအောင် မီးပိတ်လိုက်တာ.. စသဖြင့် ဆက်တွေးမယ်ဆိုရင်ပေါ့..

  • ကြောင်ကြီး

    July 27, 2011 at 6:35 am

    ကောင်လေး (ဂျော်လကီအုပေါင်) အမှတ်နဲ့ အပျိုဂျီးက (ဆူး) အပျိုဂျီး(ဝေ)ကို အမှောင်ထဲမှာ လူလစ်တုန်း နမ်းတယ်။ ကျန်တဲ့အပျိုဂျီး (တုံး)က သူ့ကိုမနမ်းရကောင်းလားဆိုပြီး ကောင်လေးကို စိတ်နာနာနနဲ့ ပါးရိုက်လိုက်တယ်..။
    ဂျာ်လကီအုပေါင်ပြန်ပြောပြလို့ သိရတာပါ…. 🙄

  • min min myint

    July 27, 2011 at 10:13 am

    ကောင်လေးနဲ့ပါလာတဲ့ဂျီးတော်ကဘယ်သူလဲ?

  • myat no

    July 27, 2011 at 10:17 am

    အပျိုကြီး (၃ ) ယောက်နှင်.ကောင်လေး ( ၁ )ယောက် ဆိုတော့တော်တော်စီတ်ဝင်စားစရာကောင်းပါတယ်
    ကောင်လေး (၁)ယောက်ထဲရဲ့အပြုအမူလို့ထင်တယ်

  • pan pan

    July 27, 2011 at 11:30 am

    ကောင်လေးတစ်ယောက်တည်းက လုပ်ကြံလိုက်တာထင်တယ်
    ပြီးမှ သူ့ဘာသာသူ မာယာလေးနဲ့ အခန်းထဲပြန်ဝင်ရော..
    အပျိုကြီး၃ယောက်ကတော့ သို့လော..သို့လောနဲ့ တစ်ယောက်ကိုတစ်ယောက် သံသယတွေနဲ့ ဘာမှန်းမသိ ကျန်နေခဲ့ရော..
    အဲဒါကောင်လေးလူလည်ကျတာ၊ သူ့လှည့်ကွက်

  • နွယ်ပင်

    July 27, 2011 at 11:55 am

    အင်း ကောင်လေးက သူ့လက်ဝါးကို သူနမ်း သူ့ပါးကို သူရိုက်လိုက်တာ နေမှာပေါ့ …
    ပြီးမှ ရှက်ချင်ယောင်ဆောင်ပြီး အခန်းထဲပြန်ဝင်တာ ………

  • နိုင်ကြီး

    July 27, 2011 at 12:03 pm

    တကယ်တော့ အပျိုကြီးက လေးယောက်ပါ
    မြင့်မြတ် က အပျိုကြီး တွေကို စချင်လို့ မီးပျက်တုန်း ကိုယ့်ပါးကို ရိုက်ပြီး ရှက်ချင်ယောင်ဆောင်သွားတာပါ

    အဖြေမှန်လည်း ဘာမှပေးမယ့်ပုံ မပေါ်ပါဘူး

  • meelay

    July 27, 2011 at 12:42 pm

    အဲဒါ အာတာပူစီ ဇာတ်လမ်းထဲက…….. ကိုနိုင်ကြီး ပြောသလိုပဲ ……

  • intro

    July 27, 2011 at 7:45 pm

    စာတွေက ဘောင်ကျော်နေတယ်ဗျ… နောက်တစ်ခါ ဆိုရင် Space လေးတွေ ခံပြီး တင်ပေးစေလိုပါတယ်… ဖတ်ရတဲ့သူတွေ ပိုပြီး အဆင်ပြေတာပေါ့ဗျာ… အပန်းလဲ မကြီးလောက်ပါဘူး…

  • Snowy

    July 28, 2011 at 2:44 pm

    အဲဒါ ကို မြင့်မြတ် စိုးမြတ်သူဇာ စိုးမြတ်နန္ဒာ လှအဉ္ဖာလီတင့် တို့နဲ့ ရိုက်ထားတဲ့ အာတာပူစီ ဆိုတဲ့ဗီဒီယို မဟုတ်လား … တော်တော်ရီရတဲ့ ဇာတ်လမ်းလေးပါ … 😀

    • hmee

      August 3, 2011 at 4:21 pm

      စိုးမြတ်သူဇာ မဟုတ်ပါ။ ခိုင်သင်းကြည်၊ စိုးမြတ်နန္ဒာ၊ လှအဉ္ဇလီတင့်ပါ။ အင်္ကျီ ဒီဇိုင်နာသာပြောတာ ပိတ်စနဲ့ ပေကြိုးကိုင်တာပဲတွေ့တယ်။ င်္အကျီချုပ်တတ်သူတွေတော့ သိမယ် ဟန်လုပ်တာ မပီပြင်တာကို။ နောက်ဆုံးမှာ ဖြေရှင်းချက်ထုတ်ပါတယ်။ သူ့လက်သူနမ်းပြီး သူ့ဘာသာ ပြန်ရိုက်တာကိုပါ။ မြင့်မြတ် ရည်းစားက ပွင့် ဖြစ်နေတယ်လေ အဲ့ဒီကားမှာ။

  • manawphyulay

    July 28, 2011 at 3:05 pm

    ဗီဒီယိုဇာတ်လမ်းထဲက အတိုင်းပဲနေမှာပေါ့နော်…

  • waihnin

    August 3, 2011 at 2:29 pm

    ကောင်လေးက သူကိုယ်သူပါးရိုက်ပြီး သူပါသာkiss အသံပြုလိုက်တာပါ ။ အာတာပူစီ ဇာတ်ကားအတိုင်းပဲတော်……………

  • zawthulay

    August 3, 2011 at 3:14 pm

    ဟုတ်တယ်… အဲဒါကောင်လေးက သူ့ဘာသာသူလုပ်ကြံပြီး အပျိုကြီးတွေကို သို့လော်သို့လော် ဖြစ်အောင်လုပ်လိုက်တာ .. ဒါပေမယ့် အပြင်မှာ ကားတိုက်ရင်တော့ ထွက်ပြေးကြမယ်လို့ထင်တာပဲ.. ရုပ်ရှင်ထဲမှာမို့လို့ဒီလိုဖြစ်မှာပါ

Leave a Reply