သင့်ရဲ့မေတ္တာ ..ဘယ်လိုဟာလဲ။။။

သင့်ရဲ့မေတ္တာ ..ဘယ်လိုဟာလဲ။။။

ရှင်တော်ဘုရားဟာ မိဘနှင့်ပါတ်သက်၍ သားသမီးများအပေါ် မေတ္တာတရားကြီးမားပုံ
မိဘကျေးဇူးမြင်မိုရ် ဦးသို့ ဆပ်၍မကုန်နိုင်အောင်ရှိပုံတို့ကိုဟောကြားထားသည့် တရားမျာအား
ကြားနာမှတ်သား မိကြမယ်လို့ထင်ပါတယ်….
ရဟန်းပညာရှိလူပညာရှိများကလည်း
ကျေးဇူးဂုဏ်ကြီးမြင့်လှမိနှင်ဖ ဗြဟ္မာ လူစင်စစ်က ဗြဟ္မာဘွဲ့ ခံထိုက်သူများဟုဆိုရလောက်အောင် ဂုဏ်ကျေးဇူးကြီးမားပုံ
မိဘ မေတ္တာသည် ယူဇနာရှစ်သောင်းလေးထောင်ရှိသော မြင်မိုရ်တောင်နှင့်နှိုင်းစာလျှင် မြင်မ်ုရ်တောင်သည် နွားဦးချိုခန့်သာရှိပုံ
မိဘမေတ္တာသည် ယူဇနာရှစ်သောင်းလေးထောင်နက်ဝှမ်းဆောင်သည့် သမုဒ္ဒရာနှင်နှိုင်းစာပါက သမုဒ္ဒရာသည် ရေပေါက်ပမာသာရှိပုံ
မိဘမေတ္တာသည် ယူဇနာနှစ်သိန်းလေးသောင်းအထုရှိသောကမ္ဘာမြေကြီးနှင့်နှိုင်းစာပါကကမ္ဘာမြေကြီးသည် ဝါးရွက်ငယ်မျှသာရှိပုံ
တိုကို ထင်းရှားသက်သေ  စာပန်းခွေတို့ဖြင့် ထင်ရှားအောင်တင်စားခဲ့ကြပါသည်။။
မိဘတို့၏မေတ္တာသည် တသွင်သွင်စီးဆင်းသော စိမ့်စမ်းရေကဲ့သို့ သားသမီးတိုအပေါ်၌ ထားရှိလေသည်ဟုသိမြင်ထားကြသည်။။။။
စာဖတ်သူများခင်ဗျားသင်တို့ရော  မိဘ နေရာမှာရယူထားကြတဲသူများအတွက် သတိထားသင့်တဲ့ မိဘမေတ္တာ တရားအကြောင်းလေး
ပြောချင်ပါတယ်….
ရှင်တော်ဘုရား အပါအဝင် ရဟန်းပညာရှိ လူပညာရှိများက အထက်ပါသာဓက များစွာနဲ့ မိဘမေတ္တာကိုဖော်ကြူးရေးသား
သင်ကြားပြသချက်အတိုင်း သင်တို့ ကျွန်နုပ်တို့ မိဘ နေရာကနေပြီးတော့….
မေတ္တာ တရားကို သားသမီးတို့အပေါ်မှာတစ်ကယ်  ထားရှိပါရဲလား
“““သင်တို့ရဲမေတ္တာတရားဟာ ယူဇနာရှစ်သောင်းလေးထောင်အမြင့်ဆောင်တဲ့ ”””
မြင်မိုရ်တောင်ကဲ့သို့…သားသမီးများအပေါ်မေတ္တာတရားတစ်ကယ်ထားရှိပါရဲလား။။။။။။
“““ယူဇနာ နှစ်သိန်းလေးသောင်း အထုရှိတဲ”””
ကမ္ဘာမြေကဲသို့….သားသမီးများအပေါ်မေတ္တာတရားတစ်ကယ်ထားရှိပါရဲ့လား။။။။။
“““ယူဇနာရှစ်သောင်းလေးထောင် နက်ဝှမ်းဆောင်တဲ့””””
သမုဒ္ဒရာကြီးလေးစင်းကဲသို့….သားသမီးများအပေါ်မေတ္တာတရားတစ်ကယ်ထားရှိပါရဲ့လား။။။။
ဗြဟ္မာကြီးလေးဦးကဲသို့…..သားသမီးများအပေါ် မေတ္တာတရားဖြင့်တစ်ကယ်စောက်ရှောက်ပါရဲ့လား။။။။
သင်တို့၏မေတ္တာများကရော..စိမ့်စမ်းရေကဲ့သို့ တသွင်သွင် စိးဆင်းကာ သားသမီးများအပေါ်မေတ္တာတရားဖြင့်အေးချမ်းမှုပေးပါရဲ့လား။။။။။
သင်တို့ရဲ့မေတ္တာတရားကိုရောလေ့လာဆန်းစစ်ဖူးကြပါသလား…
ငါတို့ သားသမီးများအပေါ်မှာ ဘယ်အတိုင်းတာထိ မေတ္တာထားရှိ ခဲ့ပါသလဲ
စာရှိအလာအတိုင်း သားသမီးများကလက်ခံထားကြပါတဲ့  မိဘ မေတ္တာဆိုတာကြီးကို ဘယ်လိုဖေါ်ထုတ်ပြသခဲ့ကြပါသလဲ
မြင်မိုရ်တောင်ကိုရော တစ်ကယ်မှီပါရဲလား…
ကမ္ဘာမြေထုကြီးလောက်ရော တစ်ကယ်ကြီးပါရဲ့လား…
သမုဒ္ဒရာလောက်ကော တစ်ကယ်နက်ဝှမ်းခဲ့ပါသလား…
လက်တွေ့ဆန်တဲ့လောကကြီး ….. ဒီဘက်ခေတ်မှာတော့ ……
ခင်ဗျားတို့ကျွန်တော်တို့ တွေက စာပေအရှိအတိုင်း ငါတို့မေတ္တာတရားက တော့အဲလောက်ကြီးရှိတယ်ကွလို့
ရွတ်ပြလိုမရနှိုင်တော့ဘူးထင်ပါတယ်….သင်တို့ရဲ့ မေတ္တာအတိုင်းအတာကို..သားသမီးတွေတစ်ကယ်နားလည်လက်ခံလာနိုင်အောင်
သက်သေသာဓကနဲ့ အသေအချာပြမှရတော့မယ်ထင်ပါတယ်……
ကျွန်တော် တို့တစ်တွေအနေနဲ့ …အရင်ထဲက စာထဲမှာအဲလောက်ကြီးရှိတယ်လို့ရေးထားတယ်ကွ  ဆိုပြီး
ကိုယ့်မေတ္တာတရားအပေါ်  ဆရာကြီးဂိုက်ဖမ်းပြီး ကျေနပ် ဒူးနှန့် မနေသင့်တော့ဘူးထင်ပါတယ်….

သင့်မေတ္တာတရား..မြင်မိုရ်တောင်ကြီးပေါ်ကို..သင့်ရဲ့ရင်သွေးရတနာတွေ တက်ရောက်ပျော်ပါး ..ပါစေ။။
သင့်တို့မေတ္တာ သမုဒ္ဒရာပြင်ကျယ် မှာ   သင့်ရဲ့ရင်သွေးရတနာတွေ လွတ်လွပ်ပျော်ရွင်စွာ ကူးခတ်ကျေနပ်….နိုင်ပါစေ။။
သင်တို့မေတ္တာ တစ်ကမ္ဘာ ကို သင့်ရဲရင်သွေးရတနာတွေ ကမ္ဘာတစ်ပတ် ခြေဆန့် ကြကာ ပျော်ရွင်ကျေနပ်…နိုင်ပါစေ။။။
သင်တို့ရဲ မေတ္တာစိမ့်စမ်းရေအလျှဉ်မှာ  သင့်ရဲရင်သွေးရတနာတွေ ခပ်ချိုး သောက်သုံးကျေနပ်ကြ…ပါစေ။။။
တို့ရဲ့မိဘမြင့်မိုရ်တောင်ကြီးကွဆိုပြီး မျက်စိတစ်ဆုံးမောကြည့် …..
တောင်ခြေအဆင့် ကနေ လှည်ပြန်သွားမိအောင်  မလှည်ဖျားမိပါစေနဲ့…..
တို့ရဲ့မိဘ သမုဒ္ဒရာကြီးကွဆိုပြီ ..သောက်မရတဲ့ရေငန်တွေနဲ့ ငါးလိပ် ငမန်း ဆိုးသွမ်းသတ္တဝါတွေ မရှိကြပါစေနဲ့…
တို့ရဲ့မိဘ ကမ္ဘာမြေကြီး ကြီးလှတယ် ဆိုပြီးစိတ်ဓါတ်ကျမသွားကြပါစေနဲ့….

တောင်မြင့်ပြီး တက်မရ။။။။။။။။
သမုဒ္ဒရာသာပြောတယ်ဆင်းမကူးရဲ။။။။။။
ကမ္ဘာမြေသာပြောတယ်ဆူးတောအပြည့်နဲ့။။။။။။။
စမ်းရေသာပြောတယ် ဆင်းချိုးလို့မရခပ်သောက်လို့မဝ တဲ့ ။။။။။။။။။
မေတ္တာတရားအလှပြသက်သက် များမဖြစ်စကောင်းပါ…..
စာထဲမှာရေးပြထားတဲ့ မေတ္တာတရားခိုင်းနှိုင်းပုံများနဲ့  သားသမီးများအပေါ်မဝံ ကြွားကြစေချင်ငှာ တင်ပြအပ်ပါတယ်။။။။။
အဝေးကနေငေးကြည့် သွားရည်ကျမိစေတဲ့ မိဘမေတ္တာတရားအလှပြသက်သက်များမဖြစ်ကြပါစေကြောင်း….
ဆုတောင်းရမလား/တိုက်တွန်းရမလားတစ် ခုခုတော့ စဉ်းစားနေရပြီလေ……။။။။
သားသမီးကိုချစ်ကြရင် မေတ္တာအပြည့်အဝပေးနိုင်ကြပါစေ….၊။။။။။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

4 comments

  • ogre

    July 26, 2011 at 5:28 pm

    နည်းနည်းတော့လွဲသွားပြီ
    အိုင်ဒီယာအပေါ်မှာ edit မလုပ်မိခင်
    ပို့စ်တင်လိုက်မိတယ်…
    ကျွန်တော့ထက်အသိပညာများစွာကြွယ်ဝသူများ
    သီးခံဖတ်ကြပါလေ။။

  • xman

    July 26, 2011 at 7:02 pm

    လောကမှာ လူအမျိုးမျိုး ရှိတယ်။
    အဲသည်လူတွေက မိဘ ဖြစ်လာတဲ့အခါ မိဘ အမျိုးမျိုးပေါ့ ..။
    မိဘအမျိုးမျိုးဆိုတော့ စိတ်ထားအမျိုးမျိုး ဖြစ်မှာပေါ့။
    ကိုယ့်သားသမီးကို မိဘတိုင်းချစ်တယ် ဆိုတာကတော့ ယျေဘုယျ အမှန်တရားပါ။ အဲဒီ ယျေဘုယျ အမှန်တရား အကြမ်းစားမှာတောင် ချွင်းချက်တော့ရှိပါတယ်။ အနီးစပ်ဆုံးဥပမာပြရရင် ဟိုတနေ့က ဗဟန်းမှာလား တာမွေမှာလား …. ဖြစ်သလို ကိုယ့်သားသမီးကို ချက်ကြိုးမဖြတ်ခင် အမှိုက်တွေကြား ပစ်ခဲ့နိုင်တာ …. စသဖြင့်ပေါ့။ အဲဒီကလေးအကြောင်း ကြားရတုန်းက စိတ်ထဲမကောင်းဘူး။ ကိုယ်က သမီးလေးတစ်ယောက် ထပ်လိုချင်နေတော့ သွားတောင်းပြီးတောင် မွေးစားချင်စိတ် ဖြစ်လာတယ်။

    အဲဒီ အနန္တဂိုဏ်းဝင်(ဖြစ်ခါစ) ကလေးမိခင်ရင်းကလဲ ပုရွက်ဆိတ်တွေကိုက်မယ့်နေရာမှာ ထားခဲ့ရတယ်လို့ …။

  • MOEPWINTPHYU

    July 27, 2011 at 1:46 pm

    တိုင်တာလိုမရနိုင်တဲ မေတ္တာကို အဲလောက်ရှိလားမရှိဘူးလားဆိုတောမပြောတတ်ပါ
    အမျိုး2သောလူတွေဆိုတော စိတ်တွေလဲ အမျိုး2ရှိမှာပေါ့ ဒါပေမဲ ကိုယ်မပေါ်မှာ မိဘလောက်ကောင်းတဲသူမတွေဘူး
    သေးပါ( လက်တွေ့)

  • Han Lin

    July 27, 2011 at 4:08 pm

    ဒီစာဖတ်မှမေတ္တာတရားတွေများတာသိတော့မယ်…

Leave a Reply