ကျော်အောင်ညာတဲ့ ကြေငြာ

နွယ်ပင်July 27, 20111min21119

ကြော်ငြာဆိုတာ ကျော်အောင် ညာရတဲ့ သဘောမျိုးပေါ့ လူစိတ်ဝင်စားအောင် မိမိရဲ့ ကုန်ပစ္စည်းကို မော်ဒယ်လ်တွေ စိတ်ကူးအသစ်အဆန်းတွေနဲ့ ပရိသတ် စိတ်ဝင်စားအောင် ရိုက်ကူးတင်ဆက် ပြသခြင်းတစ်မျိုးပါပဲ ။ဒီအထဲကမှ ပရိသတ်စိတ်ဝင်စားအောင် ရိုက်ကူးတင်ပြရင်း ဒါရိုက်တွေ ကြော်ငြာရှင်တွေရဲ့ သတိမထားမိလိုက်တဲ့ အမှားလေးတွေကို တွေ့မိသလောက် လေးပြောပြချင်မိတာပါ ။
ပထမဦးဆုံး သတိထားမိတဲ့ ကြော်ငြာလေးက ရဲတိုက်နဲ့ ဖွေးဖွေးနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ Glanz ခေါင်းလျှော်ရည်ပါ ။ ဂေါ့စ်တစ်ဖက်ရှင် ဒီဇိုင်းလေးတွေဝတ်စားထားပြီး ပရိသတ်စိတ်ဝင်စားအောင် သီချင်းမြူးမြူးလးနဲ့ရော ရိုက်ကူးထားလို့ လူတော်တော်များသတိထားမိတဲ့ ကြေငြာလေးပေါ့ ။ ဒါပေမယ့်ပြောချင်တာက ခေါင်းလျှော်ရည် ကြော်ငြာပါဆိုမှ ကိုယ်စားပြုရိုက်ကူးပေးရတဲ့ မင်းသားရဲ့ ဆံပင်က ငှက်သိုက်ကြီးဖြုတ်စွပ်ထားသလို ရှုပ်ပွလို့ ဒီခေါင်းလျှော်ရည်နဲ့ လျှော်လို့ပဲဖြစ်နေသလိုလိုနဲ့ပေါ့ အမှန်က ဖြစ်သင့်တာက ဒီထက်အဆင်ပြေမယ့် ဆံပင်ပုံစံမျိုးကို လုပ်သင့်တယ်ထင်တာပဲလေ ။
နောက်တစ်ခုကတော့ မေဂရေစ့်နဲ့ ရိုက်ကူးတင်ပြထားတဲ့ KTM ရေသန် ကြော်ငြာလေးပါ အဆင့်မြင့်မြင့် ရိုက်ကူးတင်ပြထားပြီး ဟယ်ရီကော်ပတာတောင် ပါဝင်ထားလို့ ငွေကြေးအနေနဲ့ ကြည့်ရင် တော်တော်လေး အကုန်ကျခံပြီးရိုက်ကူးထားတဲ့ ကြော်ငြာလေးပေါ့ ။အဲမှာကလည်း မေဂရေစ့်ကသူအလုပ်ငန်းတွေပြီးပြတ်လို့ “Yes , I on my way .” လို့ပြောပြီး ပြေးတော့ သူကရေသန့်ဘူးကို ဖွင့်ပြီးသောက်တာ ကိုယ်ပါပျောက်သွားတယ် အဲဒီမှာ သူ့နောက်ကိုလိုက်လာပြီး ဖမ်းတဲ့ သူ(3) ယောက်လုံးက သူ့ကို မမြင်တော့ဘူး ဒါပေမယ့်ကိုယ်မမြင်ရဲ့တဲ့ လူကို ဖြတ်ပြေးတာက ဘာလို့ ခေါင်းကြီးတွေ စိုက်ပြီးပြေးရတာလဲ အစက ပုံမှန်ပြေးသလိုပဲ ပြေးရမှာပေါ့ ဒါက ဒါရိုက်တာ သတိမထားမိတဲ့ အမှားလေးဖြစ်မယ်နော် ။
နောက်ပြောချင်တာက Super ကော်ဖီမစ်ကြေငြာပါ ။ Super ကကြေငြာတွေတော်တော်များများက တစ်ခြား ကြေငြာတွေနဲ့ မတူပဲ ဆန်းပြားတဲ့ အတွေးတွေနဲ့ ခွဲထွက်ပြိးပရိသတ်ကို ဆွဲဆောင်ထားတာပေါ့ ။ ဒါပေမယ့် သဲကန္တာရထဲမှာ မောပန်းနေပြီးရေငတ်နေတဲ့ သူတစ်ယောက်က Super ကော်ဖီမစ်ထုတ်ကိုလဲတွေ့ရာ ရေတောင်မလိုပဲ အားပါးတရဖောက်ပြီး စားပြနေတာ တကယ်တမ်းတွေးရင် ရေငတ်နေတဲ့ သူတစ်ယောက်က အအေးသောက်ရင်တောင် ရေငတ်မပြေတာ အခုလို ရေတောင်မပါတဲ့ ကော်ဖိမစ်အမှုန့်ကြီးပဲကို စားပြနေတာ ဖြစ်နိုင်ပါ့မလား ။ သူများနဲ့ မတူ ထူးခြားအောင် ရိုက်ကူးပြ အတွေးဆန်းလေးတွေ ထုတ်ပြတာကတော့ ဟုတ်ပါတယ် ‘ဒီလိုမျိုးကျတော့ ယုတ္တိမရှိဘူးလို့ ခံစားရလို့ပါ ။
နောက်တစ်ခုကတော့ ခေါက်ဆွဲခြောက်ထုပ်ကြော်ငြာလေးတွေပါ ဒီမှာကျတော့ ပြည်တွင်းက ဒါရိုက်တာပဲဖြစ်ဖြစ် ပြည်ပက ဒါရိုက်တာပဲ ဖြစ်ဖြစ်အတွေးတူတာလေး ရှိတယ်ဆိုတာ သွားတွေ့ရတာပဲ ။ အမှန်က ခေါက်ဆွဲခြောက်တုပ်ကို စားသုံးသူတိုင်းက သိပါတယ် အထဲမှာ ခေါက်ဆွဲရယ် အမှု့န့်ရယ် အနှစ်ထုပ်ရယ် ကလွဲပြီး ဘာမှ မပါတာကိုပေါ့ ။ဒါပေမယ့် ဒါရိုက်တာတိုင်းကတော့ ခေါက်ဆွဲခြောက်ထုပ်ကြော်ငြာတိုင်းမှာ ပုစွန်ထုပ်ကြီးတွေ ကြက်ဥတွေနဲ့ ဟင်းသီး ဟင်းရွက်တွေကို ထည့်ပြီးရိုက်ပြကြတာ ပြည်တွင်း / ပြည်ပ ဒါရိုက်တာတွေရဲ့ တူသောအတွေးဖြစ်ပုံရတယ်နော် ။

ကိုယ်မြင်တာလေး တွေ့တာလေးနဲ့ တွေးကြည့်မိတာလေးတွေကို ရွာထဲ ရွာသူ/ ရွာသားတွေအတွက်ရေးပြတာပါ ။ ဘယ်ကြော်ငြာရှင် နဲ့ ဘယ်ဒါရိုက်တာကို မှ ထိခိုက်စေလိုသော အတွေးမျိုး ဆန္ဒမျိုး မရှိပါ ။

19 comments

  • moethidasoe

    July 27, 2011 at 10:56 am

    ညာတာလေးပဲ ယုံချင်တယ် ဆိုတဲ့ သီချင်းလေးကို နွယ်ပင် မှတ်မိမှာပါ ..
    မြန်မာစာပေအရ ပြောရရင် အတိဿယဝတ္တိ ဖြစ်အောင် ပြတာ ..
    ရဲတိုက်ရဲ့ ဆံပင်ကတော့ တကဏ္ဍပေါ့
    ရေသန့်ကြော်ငြာကလဲ ဒီလိုပါပဲ .. ရေသောက်ရုံနဲ့ အားအင်တွေ ပြည့်ဝ သူများထက် အရင်ရောက် .. ကိုယ်ဖျောက်တယ်ဆိုတာကတော့ စိတ်ဝင်စားအောင် လုပ်တာဖြစ်မယ် .. ဒါပေမယ့်လဲ ဖျော်ဖြေမှု တခုအနေနဲ့ပဲ ကြည့်ကြတာပါ .. အဲဒီရေသန့် အနည်းဆုံး တပုလင်းတော့ သောက်ဖြစ်မှာပေါ့ .. သန်း ၆ဝ ဆိုရင် အရင်တော့ ပြန်ရပြီလို့ စီးပွားတွက် တွက်တာဖြစ်နိုင်တယ် ..
    ခေါက်ဆွဲထုတ်တွေကိစ္စက တကယ်ဆို သူ့အတွေးထဲမှာ ဒီလို အရသာရှိတယ် ဆိုတဲ့ ပုံရိပ်နဲ့ ပြရင် ကောင်းမယ် .. ဒါပေမယ့်လဲ အဲဒီလိုပဲ အတုံးလိုက် အတစ်လိုက် ပြကြတာ များတယ် ..
    ဒါတောင် ကိုရီးယားကို သနားတယ် ဆိုတဲ့ လူတွေချည်း ရိုက်ပြကြတာနော်

    • နွယ်ပင်

      July 27, 2011 at 11:13 am

      ဟုတ်ပါတယ် ဒေါက်တာရယ် ကြော်ငြာတွေအများစုက အတိဿယဝတ္တိ ဖြစ်အောင်ပြကြတာများပါတယ် ။
      ရေသန့်ကြော်ငြာကတော့ ဒါရိုက်တာသတိမထားလိုက်မိတဲ့ အမှားလေးကိုပြောချင်တာပါ ရိုက်တဲ့ ဒါရိုက်တာကလည်း နာမယ်ကြီးဒါရိုက်တာဆိုတော့လေ … ကိုယ်ပျောက်သွားတဲ့ လူကို ဖြတ်ရင် မမြင်ရတဲ့အတွက် ပုံမှန်အတိုင်းပဲဖြတ်သွားရမှာကို သူတို့က ကိုယ်ပျောက်သွားတဲ့ လူနားရောက်မှ
      ခေါင်းကြီးတွေကို အရှေ့ကိုတိုးပြီး ဖြတ်ကြတာကို ဒါရိုက်တာက သတိမထားမိတာလေးကို ပြောချင်တာပါ …..

    • pan pan

      July 27, 2011 at 1:24 pm

      အဲဒါကြောင့် Nipponဘူးခေါက်ဆွဲကြော်ငြာမှာ “တကယ့်ပုစွန်နဲ့ပဲ” ဆိုတာထည့်ပြောတာနေမှာ။
      ကျန်တဲ့ဟာတွေက တကယ့်ပုစွန်မပါဘူးပေ့ါ
      ကြော်ငြာတာလည်း ကြော်ငြာတာပေ့ါ
      တချို့ဟာတွေဆိုရင် ဘာအဓိပ္ပါယ်မှန်းကိုမသိဘူး
      ကိုယ်ပဲဉာဏ်မမှီလို့လားမသိပါဘူး

  • စုံ စုံ

    July 27, 2011 at 11:32 am

    အင်းးးးးးးးး
    မြန်မာနိုင်ငံကကြော်ငြာတွေကော
    ရုပ်ရှင်၊ဗီဒီယိုအားလုံးပါတကယ်စစ်စစ်ပေါက်ပေါက်ကြည့်ရင်
    ပြောစရာတွေဝေဖန်စရာတွေက ပြောမဆုံးပေါင်တောသုံးတောင်လိုဘဲ
    သူတို့လိုအပ်တာတွေကိုဖြည့်တွေးပေးလိုက်ပါ
    ကုသိုလ်ရပါတယ် 🙂 🙂 🙂

  • 007James

    July 27, 2011 at 11:55 am

    မမနွယ်ပင်ကလဲ ကြော်ငြာ ပါဆို။ဒါတွေကတော်သေးတယ်။ရေသန့်ဆိုသောက်ပြ။ခေါင်းလျှော်ရည်ဆို ခေါင်းလျှော်ပြ။ခေါက်ဆွဲခြောက်ဆို စားပြတယ်။တချို့ ကြော်ငြာတွေဆို ဘာမှန်းမသိပဲ ငုတ်တုတ် ထိုင်ကြည့်နေရတာ။

  • windtalker

    July 27, 2011 at 1:33 pm

    ပြောမပြ လဲ ပဲ သိနေသိနေတယ်
    ထာဝစဉ်ဆောင် ထား မြင်္ဟသာ
    ဆာဒူးကြီး ဆာဒူးကြီး
    နဲနဲလေး မှ မပူနဲ ့မပူနဲ ့လာ

  • ဆူး

    July 27, 2011 at 1:48 pm

    ကြေညာတွေထဲမှာ စူပါ ကော်ဖီ ကို အမြင်ကတ်ဆုံးပဲ..

    • z-Z

      July 27, 2011 at 1:54 pm

      ဟုတ်တယ် မမဆူးရေ …… ပြီးတော့ လေဆာ , ပြီးတော့ ဆပ်ပြာကို သွားတိုက်ဆေးဗူး နဲ့ထည့် ထားတဲ့ ဟာ တွေ ….. အဆန်း ထွင်တဲ့နေရာမှာတော့ ထိပ်ဆုံးကဘဲ ….. ရွာသာကြီးက လူတွေကိုများ အကြံပေးခန့်ထားလား မသိ …..

      • နည်ရဲဇော်

        July 28, 2011 at 3:11 pm

        ဟုတ်တယ်ဗျို့။ အထူးအဆန်းထွင်လွန်းတော့ တစ်ခါတစ်ခါကြောက်တောင်လာမိတယ်။ နို့ဆပ်ပြာတဲ့။ ရေချိုးကန်ထဲ နို့ရေထဲ ချိုးသလိုမျိုးရိုက်ပြတယ်။ မသိနားမလည်တဲ့ ကလေးတွေ ဆပ်ပြာကိုအရည်ဖျော်သောက်ရင် ဘယ်နှယ့်လုပ်မလဲ။ စာပေစိစစ်ရေးဆိုတာကျတော့ လုပ်ချင်တိုင်းလုပ်နေကြတယ်။ ဒီလိုအန္တရာယ် ရှိတဲ့ကြေငြာတွေကျတော့ မစစ်ကျတော့ဘူးလားမသိဘူး။

  • manawphyulay

    July 27, 2011 at 1:53 pm

    ရှိသေးတယ်လေ နွယ်လေးရဲ့… ပလီမီယာကော်ဖီက ကံစမ်းမဲအစုံလည်းမထည့်ပဲနဲ့ ဘာနဲ့ ဘာနဲ့တွဲရင် ဘယ်လောက်ဆိုတာလေ ၅၀ဝ တောင် စားသုံးသူကို မသထာဘူးနဲ့တူတယ်။ ဘာလို့ ကြော်ပြီး ညာနေလဲဆိုတာ မစဉ်းစားတတ်တော့ဘူး။

    • နွယ်ပင်

      July 27, 2011 at 3:41 pm

      အော်အစ်မရယ် အဲတာမျိုးတွေက အမြဲတမ်း တစ်လုံးဖျောက်ထားတပ်ကြတာမျိုး
      အရသာကြိုက်ရင်တာ ဝယ်သောက် ကံစမ်းမဲကိုတော့ အားမကိုးလေနဲ့ ……

  • mzm

    July 27, 2011 at 3:32 pm

    ရောယောင်ပြီး ဝိုင်းညာကြပေါ့ဗျာဘာများခက်လို့လဲ

  • ogre

    July 27, 2011 at 4:13 pm

    စားခြင်စားမစားခြင်နေ……………..
    ခေါက်ဆွဲအခွေလေးတစ်ခွေနဲ့
    လက်နှစ်ဆစ်လောက်အထုပ်လေးနှစ်ထုပ်ပဲ
    အထဲထဲမှာပါတယ် ……
    .ကြော်ငြာထဲကအတိုင်းစားခြင်ရင်
    ကျန်တာကိုဘာသာထည့်စား….:P

  • alinsett

    July 27, 2011 at 5:25 pm

    မြန်မာ နိုင်ငံ မှာက ဘာပဲ ရိုက်ရိုက် မြန်အောင်လုပ်တာလေ။ ဇာတ်ကားတစ်ကားတောင် တစ်ပါတ်လောက်နဲ ့အပြီးရိုက်တာ …ဆိုတော့……… အဓိပာယ် ရှိတာတွေ မရှိတာတွေ စဉ်းစားချိန်မရဘူး ထင်ပါရဲ ့။ ဘယ်ကြော်ငြာ ကို ကြည့်ကြည့် ဘယ် ဇာတ်ကားကို ကြည့်ကြည့် လိုအပ်ချက်တွေ အများကြီး
    ကို ထိုင်ကြည့်နေရတာ။ ကြည့်သူတွေကို တန်ဖိုး ထားဖို ့တော့ကောင်းနေပါပြီ။
    တိုက်တန်းနစ် နဲ ့ အဗတ်တာ.. ကို ရိုက်တဲ ့ဒါရိုက်တာ ဂျိမ်းကင်မရွှန်… နဲ ့စကားပြောဖြစ်ရင်.. မြန်မာ ပြည်က ရုပ်ရှင် နဲ ့ပက်သက်တာတွေ မပြောမိအောင် နေမှ ဖြစ်မယ် ။ တော် ကြာ ဂျိမ်း..တစ်ယောက် လန် ့ပြီးရှော သွားနိုင်တယ် ။
    အခု လို ကြော်ငြာတွေကို သတိပေးတာ ကျေးဇူးပါ။
    နွယ်ပင် ရဲ ့…စာကို……ရိုက်တဲ ့သူတွေ ဖတ်မိရင် ကောင်းမယ် ။

  • unclegyi1974

    July 27, 2011 at 10:39 pm

    ရှိသေးတယ်လေနွယ်ပင်ရဲ့
    တို်င်ရင်းဆေးကြော်ငြာတွေ
    ဆေးတမျိုးတည်းနဲ့ရောဂါ၁ဝမျိုးလောက်ပျောက်တာ
    ဆရာဝန်တွေတောင်မလိုတော့ဖူး
    ဘယ်လောက်ကောင်းသလဲ

  • မျိုးသိန်း

    July 27, 2011 at 10:51 pm

    ဟုတ်ပါသည်~ နောက်ကြော်ငြာတခုရှိပါသေးတယ်~ သွားတိုက်ဆေးလေ ~ မြန်မာလူမျိုးတွေနဲကိုရီယားတွေ
    ကြိုးစားမှု ့ကတူညီတာပြောတဲ ဝတ်မှုန်ရွှေရည်ရဲကြော်ငြာလာရင်လက်ကအလိုလိုပိတ်လိုက်မိတယ် TV ကိုနော်~ ဟား

  • minthakhin

    July 27, 2011 at 11:14 pm

    အော် နွယ်ပင်ရယ်။ဖြည့်တွေးလိုက်ပါ။ နို ့မို ့ဆိုမြန်မာအသင်းဘောလုံးပွဲကြည့်ရသလိုဖြစ်နေတော့မပေါ့။
    ကြည့်ကလည်းကြည့်ချင်သေးတယ် ကြည့်ပြီးရင်ဒေါသကထွက်ရသေးတယ်ဆိုတာမျိုးလေ (ကြည့်ဖူးသူတိုင်းသိကြမှာပါ)
    မြန်မာဇာတ်ကားတွေကြည့်ရင်ပိုတောင်မှဆိုးသေးတယ်၊အဲ့ထဲမှာ ပြီးခဲ့တဲ့လပိုင်းတွေကအဟော့ဆုံးဖြစ်တဲ့
    76 မိုင်ကားလေ၊ ဖြူးနားမှာဖြစ်တာတဲ့ဇာတ်လမ်းထဲမှာ၊ အဲဒီဖြူးနားမှာဘယ်နားက76မိုင်ရှိလို ့လဲ၊
    အမြန်လမ်းမကြီးဆို 115မိုင်ဝန်းကျင်၊ လမ်းဟောင်းကဆို 140 မိုင်ဝန်းကျင်လေ။ ဟုတ်တယ်မလား၊
    ဦးမျိုးမင်း (မောင်မျိုးမင်း ရင်တွင်းညှစ်) ရဲ ့အကြီးမားဆုံးမဟာအမှားကြီးလေ။

  • researcher

    July 28, 2011 at 1:52 pm

    ဒါရိုက်တာက သူ့စိတ်ကူးနဲ့သူ ကြည့်ကောင်းအောင်၊ ကျော်ကြားအောင် တမင်ဖန်တီးတယ်ဆိုတာကို လူတိုင်းက နားလည်တဲ့အတွက် သိပ်တော့ပြဿနာ မရှိပါဘူး။ ဒါပေမယ့် အဝေရာဆေးကြော်ငြာ တာကတော့ လွန်လွန်းသွားလို့လား မသိဘူး နောက်ပိုင်းမှာ တာဝန်ရှိသူတွေက ဖြုတ်ခိုုင်းလိုက်ပုံရတယ်။ သီချင်းထဲမှာ အသက်ကယ် အမောလုံဆေးလို့ သုံးထားလို့။

    နောက်တခု နာမည်ကြီး အချိုရည် ထုတ်လုပ်ဖြန့်ချိတဲ့ ကုမ္ပဏီတခုက သူတို့ရဲ့ စတော်ဘယ်ရီ ဖျော်ရည်ဗူးတွေကို ဘယ်လို လတ်ဆတ်တဲ့ စတော်ဘယ်ရီသီးတွေကို ဘယ်လိုရွေးချယ်၊ သန့်စင် ဆေးကြောပြီး ဘယ်လို အသုံးပြုထားကြောင်း ရေးသားဖေါ်ပြဘူးပါတယ်။ တကယ်တမ်း အဲဒီစက်ရုံမှာ လုပ်တဲ့သူကို မေးကြည့်တော့ ဘာ စတော်ဘယ်ရီသီးမှ မသုံးဘူးဆိုတာရယ်၊ တရုတ်ပြည်က သွင်းလာတဲ့ အမှုန့်တွေနဲ့ ဖျော်တာဖြစ်ကြောင်းသိရပါတယ်။ ဒါရိုက်တာက စိတ်ကူး စိတ်သန်း ကောင်းကောင်းနဲ့ ကြည့်ကောင်းအောင်ရိုက်ပြတာကို နားလည်ခွင့်လွှတ်ပေမယ့် အခုလို ထုတ်လုပ်ဖြန့်ချိတဲ့ ကုမ္ပဏီက မဟုတ်ပဲ အဟုတ်ထင်အောင် ရေးသားဖေါ်ပြတာကတော့ စားသုံးသူကို လိမ်ညာတာပါပဲ။

  • hmee

    July 28, 2011 at 2:41 pm

    ဘာတွေ ပြောနေတာလဲဟင်….။ ကိုယ်က မကြည့်ဘူးတော့ မျက်လုံးထဲမှာ မပေါ်လာပဲ “နွားနို့ဆိုတာ ကွေးကွေးလေး ” ဖြစ်နေတယ်။ 🙂 😀

Leave a Reply