loneAugust 4, 20111min47

အစွဲ လို့ပဲပြောရမှာ ပေါ့နော် ။

အောက်မျက်ခမ်းလေး နဲနဲလှုပ်ပြီဆိုရင် နမိတ်မကောင်းတတ်ဖူးလို့ကြားဖူးထားတော့

ဘာများဖြစ်တော့မလဲဆိုပြီး ရင်တထိတ်ထိတ် ဖြစ်ရတယ် ။ အထက်မျက်ခမ်း လှုပ်ရင်တော့နမိတ်ကောင်းတယ် ဆိုပြီး ဘာများ ဖြစ်တော့မလဲပေါ့နော် ။ အဲလိုပဲ

သူများတွေကို မေးကြည့်တော့ လည်း မဆိုင်ပါဘူး အကြောလှုပ်တာပါလို့ဆိုကြပေ မယ့် မသိစိတ်က အစွဲလေးတစ်ခုလို စိုးရိမ်စိတ်လေး တစ်ခုတော့ ရှိမြဲဖြစ်နေခဲ့တယ်။

အဓိက ကတော့ ဘုရားဖူးဖို့ကြောက်နေတာပဲဖြစ်ပါတယ် ။” ကျောက်တော်ကြီးဘုရား

ကို ချစ်သူနဲ့ အတူ မဖူးနဲ့ ကွဲတတ်တယ်” တဲ့ မယ်လမုဘုရား၊ကျိုက်ဝိုင်းစေတီ ၊ ရေလည်ကျောက်တန်း၊ ကျိုက်ခေါက်၊ ဗိုလ်တစ်ထောင် …. စသည့် ရန်ကုန်က ဘုရားများကို တူတူသွားမဖူးရဲသည့် အစွဲကတော့ အဆိုးဆုံးပါပဲ ။ တော်သေးတာက

ရွှေတိဂုံမပါဘူးတဲ့ ။ရွှေတိဂုံတော့ သွားခွင့်ရှိသေးသည်။ အမလေး ဆိုးလိုက်တာ၊

အဲ့ဒီ့ အစွဲ တွေက အမှန်တကယ်ကော ဟုတ်ပါရဲ့လား။ ဘုရားတူတူဖူးလိုက်တာနဲ့

ကွဲရောလား ။ မယ်လမုဘုရား ရှေ့ဖြတ်သွားလို့ သူကလက်အုပ်ချီရင် ကိုယ်က မချီ

ရဲ တူတူဖူးသလိုဖြစ်မှာစိုးလို့လေ ။ etone မမကတော့ အဲဒီ့အစွဲတွေနဲ့ ပတ်သက်လို့

နဲနဲခပ်ဆင်ဆင် ရှင်းပြထားတာတော့ တွေ့ဖူးထားတယ် ။ အခုလည်း mandalay gazette အဖွဲ့သားအားလုံးရဲ့ အစွဲနဲ့ပတ်သက်တဲ့ အကြောင်းလေး တွေသိများသိရင်

ရှင်းပြစေချင်ပါတယ် ။

လေးစားစွာဖြင့်

mr.lone