ပြောစရာစကားလုံးမရှိတော့လို့ပါ

ETJuly 27, 20111min19715

တစ်နေ့ ကျနေ်ာ ရုံးက ကိစ္စနဲ့ တာမွေအဝိုင်းဘက်ကို ရောက်ပါတယ်……….ရောက်တော့ ခံတွင်းက ချဉ်လာလို့
ဆေးလိပ်သောက်မယ်ဆိုပြီး ဈေးဆိုင်ကိုသွားဝယ်တယ်… ပြီးတော့ ဆေးလိပ်ကို ..မီးညှိ ရှုရှိုက်နေတုန်း…
မြင်ကွင်းတစ်ခု ကိုသွားတွေ့တယ်ဗျာ………

ဘေးနားမှာက စာအုပ်စာရွက်အဟောင်းဆိုင်လေးပေါ့…………အဲ့ဒီမှာ CV Formတွေအထပ်လိုက်ကြီးပါတကား။။။။။။။။။

ဘယ်အချိန်ကတည်းက လာရောင်းထားလည်းမသိဘူး………..ကျနော်ကလည်း ကျနော်ပဲလေ အငြိမ်မနေပဲ ပါးစပ်
တရမ်းတော့တာပဲ ……..(အဲ…သွားပြီးအင်တာဗျူးလိုက်တာပေါ့)

ဦးလေးရေ CV Form တွေကများလှချည်လားး …ဆိုပြီးတော့စကားစရှာလိုက်ရင်းနဲ့အကြောငိးစုံကိုသိလိုက်ရပါတယ်..

မြန်မာပြည်မှာ အလုပ်အကိုင် Agency တွေကတော်တော်များများရှိပါတယ်………. အောင်မြင်တဲ့ Agencyတွေလည်း ဒုနဲ့ဒေးပါပဲ…

အဲ့ဒီမှာ အလုပ်သွားလျောက်တဲ့သူတွေကလည်းတစ်နေ့ကို ဒုနဲ့ဒေးပါပဲ…

CV Form တစ်စုံဆိုရင် တော်တော်လေးကို ထူမယ်ထင်တယ်နော် ..စဉ်းစားကြည့်ကြပါဦး။။။ အပေါ်ဆုံးမှာ CV
က တစ်ရွက် ကျောင်းထောက်ခံချက်၊ ပညာရေးမိတ္တူ.အခြားပညာရေးထောက်ခံချက်တွေ…ရဲစခန်းထောက်ခံချက် အစရှိသဖြင့်ပေါ့လေ.

မရှိရင်တောင် အနည်းဆုံး(၄)ရွက်မကရှိမှ CV Form တစ်စုံကပြည့်စုံမှာကို။အလုပ်ရတာလည်းရှိမယ်
မရတာလည်းရှိမှာပေါ့။

မရတော့ အဲ့ဒီလူတွေရဲ့ CV Form တွေကို သူတို့က ဘာလုပ်မယ်ထင်လဲ………. ကျနေ်ာတော့မသိဘူး
အခုလောလောဆယ်တော့. လမ်းဘေးကုလားဆိုင်မှာ ဓါတ်ပုံတွေနဲ့ကိုးရို့ကားယားတွေဖြစ်နေတော့တာပဲ..

နောက်ပြီးရှိသေးတယ်…………တစ်ချို့ Agency ကို အလုပ်အကိုင်ရရင် ပထမတစ်လကို 50% နဲ့ဒုတိယ တစ်လကို 25%
ပေးရသေးတဲ့အပြင် အလုပ်ရပြီး တစ်လအတွင်း အလုပ်.လုပ်ရတာ အဆင်မပြေဘူးဆိုရင် သူတို့ထပ်ရှာပေးမယ်ဆိုပြီး
စကားကတိလေးတွေရှိကြတယ်.

အဆင်မပြေတဲ့သူကိုပြန်ရှာပေးတာထက်စာရင်.. Agency တွေက နောက်လူသစ်တွေကိုပဲဦးစားပေးရှာပေးပါတယ် …

ဒါမှလည်း သူတို့အတွက် 75% အပြည့်ရမှာလေ.

ထားပါတော့ဗျာ……………ပြောချင်တာက အလုပ်သွားလျောက်တဲ့သူတွေကိုပါ………….

သေချာစဉ်းစားကြပါလို့……..

Agency တွေကိုမပြောတော့ပါဘူးဗျာ

ပြောစရာစကားလုံးမရှိတော့လို့ပါ။

15 comments

  • MOEPWINTPHYU

    July 27, 2011 at 11:27 am

    စိတ်လေသွားပြီ ကိုယ်ရဲ cv လေးတွေများပါသွားမလား

  • စုံ စုံ

    July 27, 2011 at 11:54 am

    agency တွေမပြောနဲ့ ကုမ္ပဏီကြီးတွေမှာဆိုလဲဒီလိုဘဲလေ
    အလုပ်တနေရာခေါ်ပြီဆိုရင်လာလျှောက်တဲ့သူတွေအများကြီး
    ခေါ်မှာကအလွန်ဆုံးမှ၂နေရာလောက်
    လာလျှောက်တဲ့ဦးရေကအယောက်၂ဝအနဲဆုံးရှိတယ်
    အဲ့ဒိတော့ပိုနေတဲ့CV form တွေဆိုတာအထပ်လိုက်ဘဲ
    ဒါတခါထဲမဟုတ်သေးဘူး
    နောက်ထပ်လူလိုလို့ထပ်ခေါ်ရင်လဲဒီအတိုင်းဖြစ်လာတာဘဲလေ
    အဲ့ဒိတော့ရုံးမှာကပိုနေတဲ့CV form အထပ်လိုက်ကိုဘီဒိုအလွတ်ထဲမှာထည့်တာဘဲ
    နောက်ပိုင်းထည့်ရင်းနဲ့မဆံ့တော့လဲမလိုတာတွေကိုတမျိုးတဖုံနဲ့ရှင်းထုတ်ရတာဘဲလေ
    အခုလိုမျိုးပြန်ရောင်းတယ်ဆိုတာကလဲ ဝန်ထမ်း fund အနေနဲ့လုပ်တာနေမှာပါ
    အများအားဖြင့်တော့ဒီလိုfund ကပြန်ရငွေကို ရုံးအလှုထဲထည့်လိုက်တာများပါတယ်
    အလုပ်မရတဲ့အတူတူကိုယ့်CV form ကိုရောင်းလို့ရတဲ့ငွေနဲ့အလှုလုပ်လိုက်လို့
    ကုသိုလ်ရတယ်ဘဲသဘောထားလိုက်ပါ

    • ogre

      July 27, 2011 at 3:50 pm

      ဟုတ်တယ် ..
      ကျွန်တော်လဲရုံးမှာ အဲလိုပဲလုပ်ခိုင်းလိုက်တာ
      သွားရောင်းခိုင်း ..ရတဲ့ပိုက်ဆံနဲ
      ရုံးသုံးစာရေးကရိယာတွေဝယ်ခိုင်းလိုက်တယ်
      နောက်မို့ဆိုထွက်သွားတဲ့ဝန်ထမ်းတွေရဲ cv က ပုံးကြီးနဲ(၃)လုံလောက်ဖြစ်နေတာပဲ။။

  • pan pan

    July 27, 2011 at 11:56 am

    မသိရင် စာရွက်ဝယ်တဲ့ ကုလားဆီမှာ အလုပ်လျှောက်ထားတာကျနေတာပဲ
    🙁

  • နွယ်ပင်

    July 27, 2011 at 12:08 pm

    အဲလိုမျိုးကြားဖူးတယ် သူငယ်ချင်းတစ်ယောက် agency တစ်ခုမှာ အလုပ်သွားလျှောက်တာ
    လျှောက်လျှောက်ခြင်း CV Form ဖိုး (5000) ပေးရပြီး အင်တာဗျူးကို တစ်လ အတွင်းခေါ်ပေးမယ်
    ပြောပြီး အခုဆို တစ်လကျော် နှစ်လလောက်တောင် ရှိတော့မယ် ဘာအကြောင်းမှ မပြန်ဘူး
    သေချာတယ် သူ့ CV Form လဲ ကုလားဆီရောက်နေလောက်ပြီ ….

  • windtalker

    July 27, 2011 at 1:25 pm

    “ နင့် စာ အဟောင်းတွေ စွတ်ပရား ရောင်းလိုက်ပြီ…..
    ကောင်မလေး မင်း သိလား……. ” ( ဒါမျိုးတွေ ကို ဘိုဘိုဟန်ကြီး က ကြိုမြင်လို ့သီချင်း လုပ်ဆိုခဲ့တာနေမှာ )

  • manawphyulay

    July 27, 2011 at 1:29 pm

    သယ်ရင်း နေပူတော်မှာဆို။ ခုပြန်ရောက်နေပြီလား… မတွေ့တာကြာလို့…

  • ဆူး

    July 27, 2011 at 1:40 pm

    ဓါတ်ပုံတွေနဲ့တော့ တွဲပြီး မလုပ်သင့်ဘူး ထင်တာပဲ.. ဓါတ်ပုံကို သီးသန့် ဖြဲတာမျိုး လုပ်သင့်တယ်။

    • moethidasoe

      July 27, 2011 at 4:36 pm

      သူတို့ ဓါတ်ပုံ သိမ်းထားဖြစ်ရင် .. အင်တာပေါ်နက်မိမှာ ကြောက်လို့ အားလုံး ထည့်လိုက်တာ ဖြစ်မှာပေါ့ ..
      နောက်ဆိုရင် စက္ကူကုလားကိုပဲ လိုက်တင်ခိုင်းလိုက်မှ

  • xman

    July 27, 2011 at 2:36 pm

    ကျွန်တော့်အလုပ်မှာတော့ အလုပ်လျှောက်ရင် form ဘိုး ငါးဆယ်ကျပ်ယူပါတယ်။ မခန့်ရင် form တော့ ပြန်မပေးပါဘူး။
    မခန့်ဖြစ်တဲ့ လျှောက်လွှာတွေကို တနှစ်ကျော်အောင် သိမ်းထားပါတယ်။ မသိမ်းနိုင်တောတဲ့လျှောက်လွှာတွေကို ဓါတ်ပုံသပ်သပ်ခွာပြီး ဖြဲပစ်ပြီး အမှိုက်ထဲ ရောပစ်လိုက်ပါတယ်။ လျှောက်လွှာနဲ့ ပူးတွဲပါ မှတ်ပုံတင်မိတ္တူကို (သူများကိုယ်ရေးအချက် အလက်တွေပါလို့ အကောင်းအတိုင်းမထားပဲ) လေးပိုင်းဆုတ်ဖြဲပြီးမှ အခြားစက္ကူဟောင်း ဘောက်ချာဟောင်းများနဲ့ ရောရောင်းပြီး ဝန်ထမ်းတွေမုန့်ဘိုးဖြစ်သွားပါတယ်။

    လူတွေက အမျိုးမျိုးဆိုတော့ စည်းကမ်းရှိတဲ့လူတွေလဲရှိပါတယ်။ စည်းကမ်းမဲ့တဲ့လူတွေလဲရှိပါတယ်။

  • mzm

    July 27, 2011 at 2:51 pm

    ပြောမနေပါနဲ့ဗျာ ပြောလဲပါးစပ်အမြုပ်ထွက်ရုံပဲရှိမှာ

  • aungnng87

    July 27, 2011 at 4:01 pm

    အင်း။…. ကြားရတာအဆန်းပါလားကွယ်။

  • ET

    July 27, 2011 at 8:27 pm

    မိတ်ဆွေသူငယ်ချင်းတို့ရေ
    ကုမ္ပဏီမှာလာတင်တဲ့ CV တွေကိုတော့ လတ်တလော ဘာမှမလုပ်ပါဘူး
    နည်းနည်းအချိန်ကြာလာတာနဲ့အမျှ Print ထုတ်တဲ့အခါဖြစ်ဖြစ်
    Draft ရေးတဲ့အခါဖြစ်ဖြစ် Recycle အဖြစ် ပြန်အသုံးပြုနေကြကြောင်း
    မျက်မြင်လက်တွေ့ ပါဗျာ

  • ရွှေဘိုသား

    July 27, 2011 at 10:06 pm

    အင်း သူတို.ကလည်း စလျှောက်လွှာခေါ်ကတည်းက ပြန်မပေးပါဆိုတော.လည်း
    ပြန်တောင်းလို.မရ သိသိကြီးနဲ. အလုပ်လေးရဖို. သွားတင်ရတာပေါ.
    မရတော.လည်း ကံပေါ.ဗျာ
    ဓာတ်ပုံတွေကိုတော. ဖျက်ဆီးသင်.ပါတယ်
    စာရွက်တွေတော. လိုသလိုသုံးလိုက်ပေါ.

  • ကြောင်ကြီး

    July 28, 2011 at 10:25 am

    အလုပ်အကိုင် အေဂျင်စီရယ်လို့ဖွင့်ပြီး လုပ်ကိုင်စားသောက်နေကြရင် စီးပွားရေးသုံး စက္ကူဖြတ်စက်ကောင်းကောင်း တလုံးတော့ ရှိသင့်တာပေါ့နော်…။

Leave a Reply