အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း (၃၉)

နောက် အမှတ်ရစရာတစ်ခုက ဒီလထဲမှာ စတားတီဗွီလိုင်းကနေ Spy catcher ဇာတ်လမ်းတွဲစပြတာပဲ။ဒီဇာတ်လမ်းတွဲ

ကတော့ ဩစတေးလျတစ်နိုင်ငံလုံးကို လှုပ်ခတ်သွားစေတာပဲတဲ့။ ၁၉၈ဝ ကျော်ဝန်းကျင်လောက်ကို နောက်ခံထားပြီး ဩစတေးလျ

ရဲအရာရှိ စတိဗ်နိုလန် က သူလျှိုတွေကို လိုက်ပြီး ဖော်ထုတ်ဖမ်းဆီးတဲ့ ဇာတ်လမ်းဗျ။ ကျွန်တော်တို ့ကာနယ်ကြီးကတော့ ဒီဇာတ်လမ်း

ကို လုံးဝစွဲသွားတော့တာပဲ။ညနေတိုင်းလိုလို သူ့ရဲ့ရုံးခန်း(ကျွန်တော်ကတော့ သားရဲတွင်းလို့ နာမည်ပေးထားတယ်။)လေးထဲမှာ

တစ်ချိန်လုံးနေ။ညစာစားချိန်လောက်ပဲ ပြန်ထွက်လာတတ်တာ။ဒါပေမဲ့ဗုဒ္ဓဟူးနေ ့ဆိုရင်တော့ တီဗွီကြည့်တဲ့အခန်းလေးထဲမှာ

ဖော်စတာ ဘီယာလေးသောက်လို့ စတိဗ်နိုလန် နဲ့ ငြိမ့်နေတာပေါ့။ရုရှား ကေဂျီဘီ အဖွဲ့ကိုလျှို ့ဝှက်ချက်တွေ ရောင်းစားနေ

တဲ့နိုင်ငံခြားကလာတဲ့ လူဆိုးတွေ (ကွန်မြူနစ်တွေတဲ့)ကို စတိဗ် နိုလန် ကလိုက်ဖမ်းတာမျိုး တွေလေ။ကျွန်တော်လည်း

အဲဒီ ဇာတ်လမ်းတွဲကို ကြိုက်တယ်။လူဆိုးနောက်ကို ဇာတ်လိုက်က ကားနဲ့ တရကြမ်းလိုက်တာတို့၊ အသေအကြေ စွန့်စား

တိုက်ခိုက်တာတို့၊ ရေလည်လန်းတဲ့ ကိရိယာဆန်းဆန်းတွေတို့ ..အဲဒါတွေ ကို ကြိုက်တာ။ပြီးတော့ စတိဗ် နိုလန် ရဲ့ကားကို

လည်းတအားသဘောကျတယ်ဗျာ။အနီရောင် ဖာရာရီဗျ။ဟာ..လမ်းတွေပေါ်မှာများ မောင်းနေလိုက်တာ ဒုံးပျံအတိုင်းပဲ။

 

*********************************

တေလာ မိသားစုရဲ ့ဥယျာဉ်ပါတီပွဲ ဆိုတာ နွေရောက်တိုင်း ကျင်းပနေကျပဲ။အဲ..ကနေ ့ပါတီပွဲကတော့ နည်းနည်း

ထူးခြားသဗျ။ဩစတေးလျကနေ ဒီကို အလည်ရောက်နေတဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက်ရယ် ၊နောက် သံအမတ်ကြီးကိုယ်တိုင်ပါ

ဒီပါတီပွဲကို လာရောက် ချီးမြှင့်မှာ ဖြစ်လို့တဲ့။ ဒီတစ်ခါတော့ ကျွန်တော်ရယ် ရာမူးရယ် နောက် ဘဂဝါတီကြီးရယ်ပါ အရင်လို

ကိုယ်ယောင်ဖျောက်ပြီး အခန်းအောင်းမနေရတော့ပဲ ကိုယ်နိုင်ရာ အခန်းမှာကြဲကြရမတဲ့ဗျ။ ယူနီဖောင်းက အဖြူရောင်..

အစွန်းအကွက် တစ်စက်မှမရှိတဲ့အပြင် ရွှေရောင်ကြယ်သီးလေးတွေနဲ့။လက်အိတ် အဖြူ၊ ရှူးဖိနပ် အနက်။အမယ်..ခေါင်း

မှာတောင် ခေါင်းပေါင်း အဖြူနဲ့ အစသေးသေးတောင်ချလို့။ အဟား..ကျွန်တော်တို့ခေါင်းသေးသေးလေးတွေနဲ့တော့ ဟုတ်နေ

တာပဲ။ဒီခေါင်းပေါင်းမျိုးက မင်္ဂလာဆောင် သတို့သားတွေဆောင်းတာမျိုးဗျ။မြင်ဖူးရဲ ့မဟုတ်လား..သတို့သားက မြင်းကြီးစီးလို့၊

ခေါင်းမှာ အဲဒီလိုခေါင်းပေါင်းမျိုးနဲ့လေ။ကျွန်တော်တို့လား..မြင်းပေါ်က သတို့သားလောင်းနဲ့တော့ မတူပေါင်ဗျာ..။

ဖန်စီ ပါတီပွဲက ဖန်စီ စားပွဲထိုးတွေပေါ့..။

ဟော..ဧည့်သည်တွေ လာကြပြီ။ ကာနယ်ကြီးက သူတို့ကို ခရီးဦးကြိုပြုပြီး သေသေချာပြုပြင်ထားတဲ့ မြက်ခင်းပေါ်ခေါ်

သွားတယ်။ကာနယ်ကြီးက အပြာရောင်ဖျော့ဖျော့ ဝတ်စုံနဲ့ဗျ။ ရာမူးကတော့ သူ့ အသားကင်မီးဖိုမှာ အသားငါးတွေကင်နေတာ

လက်မလည်အောင်ပဲ။ဘဂဝါတီကတော့ငွေလင်ပန်းလေးပေါ်မှာ ကော့တေးလ် တွေတင်လို့ ဧည့်သည်တွေကို လိုက်ပြီး

တည်ခင်းပေးနေတာ။ကျွန်တော်လား..ကျွန်တော်ကတော့ အရက်ဘားမှာ အရက်စပ်ပေါ့ဗျာ။ဧည့်သည်တွေမှာတဲ့အထဲ

ကျွန်တော်သေချာသိတာကတော့ ကမ်ပရီ[1] နဲ့ဆိုဒါရယ်..၊နောက် ဘလက်ဒီး မာရီ[2] ရယ်ပဲ။ရှန်တီကတော့ မီးဖိုထဲမှာ

တော်တော်ကို အလုပ်များနေရှာလေရဲ့။အမယ်..သူလည်းဒီနေ့ ဘယ်ခေလိမ့်မလဲဗျ။အရင်လို ဝတ်နေကျ ဆာရီနဲ့မဟုတ်ဘူး..

စကတ်နဲ့ လန်းနေတာ။

ဧည့်သည်တော်တော်များများကတော့ တခြား သံရုံးတွေက လူဖြူတွေပဲ။အိန္ဒိယသားတွေလည်း ပျောက်တိပျောက်

ကြားတော့ တွေ့ရတယ်။ဂျာနယ်လစ် နှစ်ယောက်လောက်ရယ် ၊ကာကွယ်ရေးဝန်ကြီးဌာနက အရာရှိတစ်ချို့ရယ် လောက်ပဲ

ကျွန်တော်တွေ့မိတယ်။လူဖြူတွေကတော့ ကင်းဖစ်ရှာ ဘီယာသောက်ရင်သောက် ၊မသောက်ရင် ကော့တေးလ် သောက်တယ်။

အိန္ဒိယသားတွေကတော့ သိတဲ့အတိုင်း ဘလက်လေဘယ် ပဲ။

 

ပါတီပွဲမှာ စကားဝိုင်းက နှစ်မျိုးနှစ်စားကွဲတယ်ဗျ။ အိန္ဒိယသားတွေက နိုင်ငံရေး နဲ့ ခရစ်ကတ် အကြောင်းပြောကြတယ်။

သံတမန် တွေနဲ့နိုင်ငံခြားသားတွေကျတော့ သူတို့ အိမ်စေတွေအကြောင်း၊လုပ်ဖော်ကိုင်ဖက်တွေအကြောင်း၊ ရာသီဥတု

ပူတဲ့အကြောင်း၊အတင်းအဖျင်းလေးတွေပြောကြတယ်ဗျ။ ကျွန်တော် နားစွန်နားဖျား လေးကြားတာ ပြန်အတင်းတုတ်ရရင်

ဒီလိုမျိုးတွေပေါ့ –

“သောက်ကျိုးနည်း ပူလိုက်တာကွာ..ပိတ်ရက်ကလေး ဘာလေး ကြေညာပါစေလို့ ဆုတောင်းနေရတာပဲ”

“တို့အိမ်က အိမ်ဖော်မလေ မာလီနဲ့လိုက်ပြေးတာအေ့..သူတို့ကို လခလေး တိုးပေးတာ ဘာကြာသေးလို့တုန်း”

“အမလေး..ပြောမနေနဲ့ ဒီနေ့ဒီအခါမျိုးမှာ အိမ်စေကောင်းကောင်းရဖို့ဆိုတာ အင်မတန်ခက်တာလား..ပြီးတော့

အိမ်မှာခိုင်းဖို့ခေါ်တာတဲ့ အဲဒီလိုအိမ်စေတော်တော်များများကလည်း လစ်ရင် ခိုးမယ် သုတ်မယ်ဆိုတဲ့ဟာမျိုး

ချည်းပဲ..”

ဟော သံအမတ်ကြီးနဲ့ စမတ်ကျကျဝတ်ထားတဲ့လူတစ်ယောက်(အဲဒီလူက ဗိုလ်ချုပ်ကြီးဆိုပဲ။) ကြွလာပါပြီ။ မစ္စစ်တေလာ

ဆိုသံအမတ်ကြီးတို့ကို နှုတ်ဆက်ဖို့ပြေးသွားတာ ချော်တောင်လဲတော့မလို့။လက်တွေဆွဲကြ ၊နမ်းကြပေါ့ဗျာ..။ကျွန်တော်တို့

ကာနယ်ကြီးကတော့ တော်တော်လေးကျေနပ် ပီတိဖြစ်နေပုံရတယ်။ဒီလိုနဲ့ ပါတီပွဲလေးကလည်း မြိုင်မြိုင်ဆိုင်ဆိုင်

ပျော်ပျော်ရွှင်ရွှင်လေး ဖြစ်သွားတော့တာပဲ။

၁၁နာရီထိုးတော့ ဧည့်သည်တွေလည်း ပြန်ကုန်ကြပြီပေါ့။အဲ.. မပြန်သေးတဲ့သူတွေ ရှိသေးတယ်ဗျ။ အိန္ဒိယသား

ဂျာနယ်လစ်နှစ်ယောက်ရယ် ကာကွယ်ရေးဝန်ကြီးဌာနက လူတစ်ယောက်ရယ် ကျန်သေးတာ။ ကာကွယ်ရေးဌာနက လူက

ဂျီဗန်ကူးမား တဲ့ဗျ။အေးအေးလူလူထိုင်သောက်နေတာ တစ်ယောက်ကို ဂျော်နီဝေါ့ကား ဆယ်ပက်လောက်စီတော့ ရှိနေပြီ။

မစ္စစ်တေလာက  အလိုမကျတဲ့ပုံစံနဲ့ သူတို့ကို တစ်ချက်ကြည့်ပြီး-

“အမယ်လေး ချားလ်စ် ရယ် ဒီလို ဂျာနယ်လစ်အကောင်တွေကို ဖိတ်သေးတယ်နော်..ဒင်းတို့က ပြန်ရင်နောက်ဆုံးမှ”

ကာနယ်ကြီးကတော့ လေအေးလေးနဲ့ ပြန်ချော့နေလားမသိပါဘူး။ကာကွယ်ရေး က အရာရှိတစ်ယောက် အိမ်ထဲကို ကယိမ်း

ကယိုင်နဲ့ ဝင်လာပြီး-

“မစ္စတာတေလာ ခင်ဗျာ..ကျွန်တော်နဲ့ စကားနည်းနည်းလောက်ပြောလို့ ရမလား..” ဆိုပြီးခေါ်တော့

ကာနယ်ကြီးလည်း သူ့နောက်က ခပ်သုတ်သုတ်လိုက်သွားတယ်။

 

*****************************

 

သန်းခေါင်ကျော်နေပြီ။ရာမူးတစ်ယောက် အိပ်နိုင်သေးဘူး။အောက်ဘက်က သူ့အိပ်ယာပေါ်မှာ ဟိုလှိမ့်သည်လှိမ့်နဲ့

လုပ်တဲ့အသံတွေကြားနေရတော့ ကျွန်တော်လည်း အိပ်မရနိုင်ဘူး။

“ရာမူး ဘာဖြစ်လို့လဲ..ဒီနေ့ အိပ်ဦးမှာလား”

“ဘယ်လို အိပ်လို့ရမှာလဲ သောမတ်စ် ရာ…ငါ့အသဲလေးက ငါ့ကို နှိပ်စက်နေတာကလားကွ”

“ခင်ဗျားက ဂေါက်သီးပဲ..ခင်ဗျား ကျွန်တော်ပြောတာ ဘယ်နှစ်ခါရှိပြီလဲ..ဒီလို မဖြစ်နိုင်တဲ့ အကြောင်းတွေကို စိတ်ကူးယဉ်

မနေပါနဲ့ ဆိုတာ..အေး ကာနယ်ကြီး သိလို့ကတော့ ခင်ဗျားတော့ နာပြီနော်..”

“တကယ်ချစ်တဲ့သူတွေဆိုတာ အချစ်အတွက် အနစ်နာခံဖို့ အသင့်ပဲကွ..အဲ..ခု ငါ့ဆီမှာ ငါ့အချစ်လေးနဲ့ ပတ်သက်တာတစ်ခု

တော့ ရှိနေပြီ..ဟီဟိ”

“ဘာတုန်းဗျ..ခင်ဗျား ဘာ ရ ထားလို့လဲ..”

သိတယ်မို့လား..အဲဒါမျိုးဆို ကျွန်တော်ကလည်း သိပ်စိတ်ဝင်စားတာ။အပေါ်မှာတောင်မနေနိုင်တော့ပဲ အိပ်ယာပေါ်က ဆင်းချလာတော့တာ။

“ရှူး….တိုးတိုးကွ…ဘယ်သူ့မှ လျှောက်မပြောဘူးလို့ ကျိန်ရင် ပြမယ်…”

“အင်း..အင်း..ကျိန်တယ်ဗျာ..ပြလေ ဘာလဲ..”

ရာမူးက ခေါင်းအုံးအောက်ကနေ အဝတ်စတစ်ခု ထုတ်ယူလိုက်တယ်။နှာခေါင်းနားကပ်ပြီးတော့တောင် အသားကုန်းနမ်း

လိုက်သေးတယ်။ဟုတ်တယ်။ကျွန်တော်တောင် ရေမွှေးနံ့ သင်းသင်းလေး မသိမသာ ရနေသေးတယ်။

“ဘာလဲ..ပြလေဗျာ..”

အဲဒီတော့မှ ငနဲက ကျွန်တော့်ရှေ့မှာ အလံယမ်းသလို ယမ်း ပြပါရော..။ဟာ..ဒါ ဘရာစီယာ အနီရောင်လေးပဲ။ကျွန်တော်လည်း

လန့်ပြီး ထခုန်မိတာအပေါ်က သစ်သားတန်းနဲ့တောင် ခေါင်းနဲ့ဆောင့်မိသွားတယ်။

“အိုး..ဘုရားရေ..ခင်ဗျား..ဒါ..ဒါကို ဘယ်ကရလာတာတုန်း…သူ့ဟာလို့တော့ မပြောနဲ့နော်”

“ကဲပါ..ကြည့်ပါဦး..”

သူ ကျွန်တော့်ကို လှမ်းပေးတာနဲ့ ကျွန်တော်လည်း သေသေချာချာကိုင်ကြည့်မိတယ်။ဈေးတော့ တော်တော်ကြီးမှာပဲ။

ဇာ တွေဘာတွေနဲ့ လှလှပပလုပ်ထားတာဗျ။ချိတ် ကလေးတွေနားမှာ အဖြူရောင် တံဆိပ်လေးတစ်ခု..။ဖတ်ကြည့်တော့

ဗစ်တိုးရီးယားရဲ့လျှို့ဝှက်ချက် ဆိုပါလား။

“ဗစ်တိုးရီးယား ဆိုတာ ဘယ်သူလဲဗျ”

“ဟေ..ဗစ်တိုးရီးယား ..ဘယ်ကလဲ..ဘယ်ဗစ်တိုးရီးယားမှ ငါမသိပါလား”

အမယ်သူကတောင် အူလည်လည်နဲ့။(အမှန်က နှစ်ယောက်စလုံး အူကြောင်ကြောင်လေ)

“ဒါ ဗစ်တိုးရီးယား ရဲ ့ဟာဗျ။ဒီမှာ သူ့နာမည်တောင် ရေးထားသေးတယ်..ခင်ဗျား ဘယ်ကရလာတာလဲ..”

ရာမူးလည်း ခေါင်းစားသွားတယ်။

“အဲ..အင်း..ဟို..ငါလေ..မက်ဂီ အခန်းထဲက ခိုးလာတာပဲ..”

“ဪ..မက်ဂီဟာပေါ့.. ဟာ…ဘုရားသခင်..ရာမူး.. ခင်ဗျား..သူတို့အခန်းတွေထဲ ဝင်ခွင့်မရှိဘူးလေ..ရာဇဝတ်အိုးကို

တုတ်နဲ့ထိုးမိပြီဗျို့…”

“သောမတ်စ် နော် မင်း ကျိန်ပြီးပြီ..ဘယ်သူ့မှ လျှောက်မပြောရဘူးနော်..နော်..ငါတောင်းပန်ပါတယ်ကွာ..”

“ဟုတ်တယ် ထပ်ကျိန်တယ်ဗျာ..ဘုရားစူး.. မိုးကြိုးပစ်..”

ကျွန်တော့်အိပ်ယာပေါ်ပြန်တက်ပြီး သိပ်မကြာဘူး။ရာမူးဆီက ဟောက်သံကြားရတော့တာပဲ။သူကတော့ မျက်လုံးပြာပြာ

ရွှေရောင်ဆံပင်နဲ့ မိန်းမချောလေးကို အိပ်မက်မက်နေမှာပေါ့။ ကျွန်တော်ကတော့ မီးနီလေး တဖျတ်ဖျတ်နဲ့ ဂျစ်ကားပဲ

မြင်နေမိတော့တယ်။ရာမူးတစ်ယောက် ရာဇဝတ်အိုး တုတ်နဲ့ထိုးမိပြီဆိုတာ သေချာတယ်။ သူကတော့ ဘယ်သိမှာလဲ..

ကျွန်တော်တို့ ကာနယ်ကြီးက ဦးဖိုးသိကြီး ဆိုတာလေ။

သေချာသလားမမေးနဲ့။နှစ်ရက်ပဲကြာတယ်။ မီးနီလေးတဖျတ်ဖျတ်နဲ့ ဂျစ်ကားက အိမ်ရှေ့မှာ ကျွီခနဲ ထိုးဆိုက်

လာပါပကော။အင်စပတ်တော်မင်း က အလုပ်ရုံ စက်ရုံတွေမှာ ဝတ်ရတဲ့ မျက်မှန်လိုဟာကြီးတပ်လို့ ဆောင့်ကြွားကြွားနဲ့

အိမ်ထဲဝင်လာတယ်လေ။အရင်တစ်ခါက အဂျေး ကို ဖမ်းခေါ်သွားတာလဲသူပဲဗျ။ ထျာဂျီ တဲ့ နာမည်က။သူက ရာမူး

ဘယ်မလဲဟေ့ ဆိုပြီး သူနဲ့ ပါလာတဲ့ ရဲသားတွေကို ရှာခိုင်းတယ်။သူ့လူတွေက ရာမူးကို မီးဖိုခန်းထဲက ဆွဲခေါ်ပြီး ကျွန်တော်

နဲ့ရာမူး အိပ်ခန်းထဲသွားခိုင်းတာ။ကျွန်တော်လည်း နောက်ကနေ အပြေးလိုက်ရတာပေါ့။သူတို့က ရာမူးအိပ်ယာကို ပွစာကြဲ

အောင် မွှေနှောက်ရှာတော့တာပဲ။ရာမူးစုထားတဲ့ ပိုက်ဆံတွေတွေ့တယ်။အဲ..သူ့ခေါင်းအုံးအောက်ကနေပြီးတော့ စိန်လည်ဆွဲ

တစ်ကုံးထွက်လာတာရော..။

အဲဒါ ဘယ်လိုရောက်လာတာပါလိမ့်။ကျွန်တော်လည်း မတွေးတတ်အောင်ဖြစ်နေတာ။ ရာမူးက သူခိုးမဟုတ်ဘူးဗျ။

ခြေဆော့လက်ဆော့လည်း မရှိပါဘူး။(မက်ဂီ ရဲ ့ဘရာ လေးတော့ ခိုးဖူးတာ)နောက်တော့ ရဲသားတွေက ကျွန်တော့်ပစ္စည်းတွေ

မှာ မွှေပါလေရောဗျို့။ခေါင်းရင်းထောင့်ကလေးမှာ သေသေသပ်သပ်လေးစီထားတဲ့ ဩစတျေးလျ ပထဝီဝင် မဂ္ဂဇင်းတွေ

တွေ့တာပေါ့။ပြီးတော့ သော့ချိတ်လေးတွေ၊တီရှပ်လေးတွေ။နောက်ဆုံးတစ်ခုက..ကြေမွနေတဲ့ အနီရောင် ဘရာစီယာလေး

တစ်ထည် ကျွန်တော့်ဖျာအောက်က ထွက်လာတာပဲ။ကျွန်တော်လည်း ပြူးပျာသွားတယ်။ဟာ..ဒါကဘယ်လိုဖြစ်လို့..။အဲဒါ

မက်ဂီအခန်းထဲက ရာမူးခိုးလာတာပဲ။သေပြီ ဆရာ..။

ဪ..ဘာဖြစ်ရမလဲဗျ..။ရဲသားတွေက ကျွန်တော့်ကိုလည်း ဆိုးသွမ်းပက်စက်တဲ့ ရာဇဝတ်သားတစ်ယောက်လို

တေလာမိသားစုရှေ့ဆွဲခေါ်လာတာပေါ့။

“တေလာ ဆပ်.. ဆပ် ပြောတာ ဒီအိမ်က လူညစ်တစ်ယောက်ကို ရှာဖို့နော်.. ဒီမှာ စိန်လည်ဆွဲတစ်ကုံးရယ်..ခိုးထား

တဲ့ ပိုက်ဆံတွေရယ် သူ့ဆီက တွေ့တယ်။ဒါပေမဲ့ ဒီသောက်ကလေးရဲ ့အိပ်ယာက ဘာတွေတွေ့လဲ ဆိုတာကြည့်ဦး။

ဆပ် ကလေးတွေဆီက ခိုးထားတဲ့ မဂ္ဂဇင်းတွေတွေ့တယ်။(ထျာဂျီ က စာအုပ်တွေကို ကြမ်းပြင်ပေါ်ပစ်ချပြီး ပြတာ)

အဲ…ဟောဒီမှာ ကျွန်တော်တို့ထပ်ပြီး ဒီငနာလေးဆီက တွေ့တာက..”(မောင်မင်းကြီးသားက ဘရာစီယာလေးကို အလံ

ယမ်း သလို တေလာမိသားစုရှေ့မှာ ယမ်း ပြနေတော့တာ)

မက်ဂီ က ငိုတယ်။ရာမူး က တုန်လှုပ်နေတယ်။ကာနယ်ကြီး မျက်လုံးတွေက လူသတ်ချင်စိတ်တွေ နဲ့ မီးထွက်မတတ်ပဲ။

“ထွီ..သောက်ကျိုးနည်း သောမတ်စ်ရယ်..နင်လည်း အတူတူပါပဲလား”

မစ္စစ်တေလာ အံ့ဩ ပြီး ဒေါသလည်းထွက်လာတယ်။နောက် ဒေါသမထိန်းနိုင်တော့ပဲ ကျွန်တော့်ပါးကို ဘယ်ပြန်ညာပြန်

လှိမ့်တီးပါလေရော။ကျွန်တော့် စိတ်ထဲ ထူပူနေတာပဲ။နာတာမဟုတ်ဘူး။ ရှက်တာ။

“နင်တို့ သောက်ကုလားတွေ အကုန်အတူတူပဲ..ကျေးဇူးကန်းတဲ့ဟာတွေ..သားရေပေါ်အိပ် သားရေနားစားတဲ့ သောက်သုံးမကျတဲ့

ဟာတွေ..XXX…XXXXXXX….XXXXXX…”

ကာနယ်ကြီး ကျွန်တော့်ဘက်က ဝင်ကာတယ်။

“မဟုတ်ဘူး…ရီဘက်ကာ..မဟုတ်ဘူး မလုပ်ပါနဲ့ သောမတ်စ်က လူကောင်းလေးပါကွာ..ဟို သောက်ကောင် ရာမူးက သူ့အိပ်

ယာအောက်ကနေ သောမတ်စ်အိပ်ယာအောက်သွားဖွက်ထားလို့ပါကွ..ဟုတ်လား ..ငါ့ကိုယုံစမ်းပါ..ငါသိတယ်..”

ကာနယ်ကြီးက သူ ဦးဖိုးသိကြီး ဆိုတာ ထပ်ပြီး သက်သေပြနေပြန်ပြီကော။သူ့ရဲ့ သိမြင်စွမ်းအားက ကျွန်တော့်ကို ကယ်တင်လိုက်

တာပဲ..။နောက်မို့ဆိုအဲဒီနေ့က ဘယ်လွယ်လိမ့်မတုန်းဗျ။သူရှင်းပြလို့ သက်သာရာရသွားတာ။အဲဒါနဲ့ ကျွန်တော်လည်း မဂ္ဂဇင်း

စာအုပ်လေးတွေပြန်ကောက်ယူလိုက်တယ်။မဂ္ဂဇင်းပေါ်က ပုံတွေကြည့်ရင်း ဒီနေရာတွေကို သွားချင်တဲ့စိတ်က ရုတ်ချည်း ကုန်ခန်း

သွားတာ ကိုယ့်ကိုယ်ကို သတိပြုမိလိုက်တယ်ဗျ။ရာမူးကတော့ငိုနေပြီ။သူ ဘရာစီယာကို ခိုးမိပေမဲ့ လည်ဆွဲကိုတော့ မယူမိကြောင်း

ရှင်းပြနေတယ်။နောက် ရှန်တီကိုလည်း လက်ညိုးထိုးပြီး စွပ်စွဲသေးတယ်။သူဘာပြောပြော အရာမထင်တော့ဘူးလေ။

အင်စပက်တော်မင်း ကသူ့ကို ဂျစ်ကားပေါ်တင်ပြီး ခေါ်သွားတော့တာပေါ့။အဲ..ကာနယ်ကြီးဆီက ဘလက်လေဘယ်တစ်လုံးလဲ

ပါသေးသပေါ့ဗျာ..။ထျာဂျီ..ထျာဂျီ..။ ကာနယ်ကြီး ကို သွား သုံးဆယ့်နှစ်ချောင်းပေါ်အောင် ဖြီးပြပြီး –

“ကျေးဇူးတင်ပါတယ် ဆပ်..အလိုရှိရင်လေ.. ကြိုက်တဲ့အချိန် ခေါင်းလောင်းထိုးလိုက်..ကျွန်တော် ပျော်ပျော်ကြီး

  ပြေးလာပြီးဆပ် ကိုကူညီပါ့မယ်…အဲ..ဒီမှာ ကျွန်တော့် လိပ်စာကဒ်..”

ကာနယ်ကြီးလည်း သူပေးတဲ့ကဒ်ကို စိတ်မပါပဲ ဆွဲယူလိုက်ပြီး စားပွဲပေါ်ပစ်တင်ထားလိုက်တော့တယ်။

 

******************************


[1] Campari က အီတလီ အရက်။သစ်မြစ်သစ်ဥတွေ နဲ့ထုတ်လုပ်ထားတာတဲ့။အရသာကတော့ ခါး၊ ချို ၊ စပ်။

[2] Bloody mary က ကော့တေး။တော်တော်ရှုပ်တဲ့ ကော့တေးမျိုး။ဖန်ခွက်ကြီးထဲမှာခရမ်းချဉ်သီး ဖျော်ရည်ရယ် ရှောက်သီးဖျော်ရည်ရယ် ဗော့ဒ်ကာ အရက်ရယ် ကို ရေခဲတုံးပေါ်လောင်းထည့်။

ပြီးတော့ ဝေါ်ဆက်စတာရှိုင်းယားကလာတဲ့ အချဉ်တစ်မျိုးရယ်၊ ငရုတ်ဆီရယ်၊ဆားရယ်၊ငရုတ်ကောင်းရယ် ကို ထပ်ပြီးလောင်းထည့်။ပြီးရင် တရုတ်နံနံကြီးတစ်မျိုး အုပ်။ရှောက်သီးကွင်းလေးကို

ဖန်ခွက်မှာ ညှပ်။အဲ..သာသာလေးတော့ မွှေပေးရမယ်။တစ်ချို ့ဆို သခွားသီး အချောင်းလိုက်စိပ်ထားတာရောမုန်လာဥနီ အချောင်းလိုက်ရော သံလွင်သီးတောင်ပါသေးတယ်။