ရေတွင်းထဲ ပြုတ်ကျခြင်း

TRUTHJuly 27, 20111min2529
 ၂၆.၇.၂၀၁၁      ည( ၈း၃၀) ကျော် ခန် ့တွင် ပေါင်းတည်မြို ့ဘုရားကြီးဝင်းအတွင်းရှိ ဓမ္မာမာလာ ဘုန်းကြီးကျောင်းအနီးရှိ ရေတွင်းတွင် အလောင်းတစ်လောင်း ဆယ်ယူ ရရှိပါသည်။ ၎င်းလူသည် ပေါင်းတည်မြို ့ ၄ လမ်း၊မင်းကွက်( ၃ )ရပ်ကွက်တွင်နေထိုင်သောမွတ်ဆလင်လူမျိုးတစ်ဦး ဟုသိရှိရပါသည်။ ထိုအလောင်းအား ရဲတပ်ဖွဲ ့ ဝင်များ ၊မြို  ့နယ် အုပ်ချုပ်ရေး အဖွဲ  ့ဝင်များနှင့် အများပြည်သူတို  ့ ပူးပေါင်းကာ ခက်ခက်ခဲခဲ ဆယ်ယူခဲ့ရပြီး စစ်ဆေးမှုများပြုလုပ်ပြီး မြို  ့နယ်ပြည်သူ  ့ဆေးရုံ သို  ့ ပို  ့ဆောင်ခဲ့ပါသည်။ အထက်ပါ ပုဂ္ဂိုလ်သည် ညနေ လောက်ကစီးနင်းလာသောစက်ဘီးလွယ်အိတ် နှင့် ရေလဲရန်ယူလာသောပုဆိုးအား ရေတွင်းဘေးတွင်ထားကာတမင်တကာခုန်ချသွားသည်လား ၊ခြေချော်ပြီးပြုတ်ကျသည်လားကို   ကာယင်္ကရှင် ကိုယ်တိုင်ပဲ သိပါလိမ့်မည်။ထိုရေတွင်းသည် ဘုန်းကြီးကျောင်းရှိ ရဟန်း သံဃာတော်များ နှင့် အများပြည်သူတို ့ရာသီ(၃)ပါးသုံးစွဲနေသောကြောင့် နှမျောမိစွာဖြင့် ဒီသတင်းကို တင်ပြလိုက်ပါသည်။

9 comments

  • pan pan

    July 27, 2011 at 2:38 pm

    လောလောဆယ်တော့ လူသေမှုနဲ့ပဲ စုံစမ်းနေမှာပေ့ါနော်
    သတ်သေတယ်ဆိုရင်တော့ ခုလိုအများသူငါသုံးနေတဲ့ ရေတွင်းမှာလုပ်တာတော့ မကောင်းဘူး
    ကြည့်ရတာ ခြေချော်ကျတာနဲ့တူတယ်

  • manawphyulay

    July 27, 2011 at 2:47 pm

    ဘယ်ကလဲ ဘယ်သူလဲဆိုတာကော သိပြီလား…

  • နွယ်ပင်

    July 27, 2011 at 3:06 pm

    ခြေချော်ကျတာလဲ ဖြစ်နိုင်သလို သတ်ပြီး လာပစ်ထားတာလဲ ဖြစ်နိုင်တာပဲနော် …

  • Han Lin

    July 27, 2011 at 3:14 pm

    ခြေချော်ကြတယ်ဆိုတော့…ရေတွင်း ကဘောင်မပါဘူးလား…
    လူသေမှုလား..
    လူသတ်မှုလား..တွေးစရာပေ့ါ…

  • kai

    July 27, 2011 at 3:32 pm

    ဘာကိုနှမြောတာလဲ..။ မရှင်းမရှင်းနဲ့..။
    လူအသက်တချောင်းကိုနှမြောတာ ဖြစ်ပါစေနော…။

    • TRUTH

      July 27, 2011 at 3:59 pm

      လူ ကို ကော ၊ ရေတွင်းကိုကော ပြောတာပါ။ ဒါပေမယ့် ကိုယ်ဘာသာကိုယ် သတ်သေတယ် ဆိုရင်တော့ ဒီလို ဘုရားဝင်း ထဲ က ရဟန်း သံဃာတော်တွေ နဲ ့ အများပြည်သူတွေ နှစ်ပေါင်းများစွာကတည်းက သုံးစွဲနေကြတဲ့ ရေတွင်းကိုတော့ လုပ်ဖို ့မကောင်းပါဘူး။

  • mzm

    July 27, 2011 at 3:38 pm

    ကြည့်ရတာရေတွင်းထဲကဖားနဲ့ချိန်းထားတာထင်တယ်

  • windtalker

    July 27, 2011 at 7:52 pm

    အချစ်ရှိလား လို ့ရေတွင်းထဲ ဆင်းရှာတာ နေမှာ

  • ဆူး

    July 27, 2011 at 8:24 pm

    ရေအသက် တမနက်.. လူ အသက် ရေထဲ ရောက်ရင် ၁နာရီ မကြာဘူး။
    ဘာပဲ ပြောပြော.. မကောင်းပါဘူး။ ရေတွင်းထဲ ကျသွားတာ ဆိုရင် သနားဖို့ ကောင်းတယ်။ ရေတွင်းထဲက ဆယ်ဖို့ဆိုတာလည်း သိပ်တော့ မလွယ်လောက်ဘူး အညာတွေမှာ ရေတွင်းတွေ ကြည့်လိုက်ရင် ပေ ၂ဝ ၃ဝ အသာလေး ရှိတယ်။ အောက်က ရေတောင် မြိန်ပြပြ ပဲမြင်ရတယ်။ သုံးနေကျ မို့သာ မကြောက်မရွံ့ ခပ်နေကြတာ တခါတလေ သွားကြည့်တဲ့ လူက တမျိုးကြီးပဲ ရေတောင် မမြင်ရဘူး မှောင်နေသလိုပဲ။

Leave a Reply