ကျွန်တော် နဲ့ကဗျာ၊ ကဗျာ နဲ့ ကျွန်တော်

Khon YenaungJuly 27, 20111min780

ဆရာ သစ္စာနီ

အားနာလိုက်တာဆရာရယ်။ကျွန်တော် ငယ်ငယ်   သုံးတန်း လေးတန်း လောက်ကတည်းက အရုပ်ပုံလေးတွေနဲ့ ပုံဖော်ထားတဲ့  ရုပ်ပြပုံပြင်စာအုပ်လေးတွေ ဖတ်လာ လိုက်တာ (၇)တန်း (၈)တန်း ရောက်တော့ကဗျာကို တော်တော်စိတ်ဝင်စား လာခဲ့တယ်။         (၉)တန်း (၁၀)တန်းမှာ မြန်မာစာ စကားပြေရယ်ကဗျာရယ် သဒ္ဒါရယ် ဆိုပြီး ခွဲခြား သင်တော့  ကဗျာကိုစိတ်အဝင်စားဆုံး။

ဒါပေမဲ့ ဆရာနဲ့ ဦးမျိုး တို့ ၂၄-၇-၂၀၁၁ ရက်နေ့က  MRTV 4  မှာဆွေးနွေး ကြတာ  ကြားလိုက်တော့လည်းအသည်းယားလိုက်တာဗျာ။  ဘာတဲ့ ကဗျာမဟုတ်တာကဗျာ တဲ့။ သစ်သားတုံးလေးတွေဖြတ် ဆေးနဲ့ရေး အဲဒါ ကဗျာဖန်တီးခြင်းတဲ့။

လာသေးတယ်- စာအုပ်ထဲက စာရွက်တစ်ပိုင်းကိုဆုတ် အဲဒါ ကဗျာ။ ပေါက်ကရရေး ပြန်ခြစ်ကြောင်ကြောင်ကြားကြား ဖတ်လို မရဘူးလား။ အဲဒါ ကဗျာ ဆိုဘဲ။မှားပါတယ်ဗျာ။ မော်ဒန် ကဗျာကတည်းက ဘာတွေရေးလို့ရေးမှန်း မသိတော့တာ။ ကဗျာ နဲ့ ငါ လမ်းခွဲ ခဲ့တာ။ ပို့စ် ပေါ်ထရီ တွေနဲ့ တွေ့တော့ပိုဆိုး။ ဝေးကြပြီကော ကဗျာရယ်။  ဒါကြောင့်လဲ ကျွန်တော်တို့ နားမစွဲ တော့တာကိုး။
အကြောင်းအရာပိုင်းတွေ သစ်ဆန်းအောင် ကိုယ့်စိတ်ထဲ ဖြစ်တည်သမျှ ကိုယ်လုပ်သမျှဝိုင်းကြည့်ကြတာကိုဘဲ  ဆရာတို့က ကြေနပ်ကြတာကိုး ။ပန်းချီအောင်စိုး ရဲ့ မော်ဒန်အတ်တွေမော်ဒန်ကဗျာတွေကို တောင် မျက်စိထဲ ပြန်မြင်ယောင် သေးရဲ့။

ကင်းဘတ်ပေါ်မှာ စာလုံးလေးတွေစီရေးတာဆရာအသစ်ထွင်ရေးတာတဲ့လား။ ရှင်ဥပဂုတ္တတို့၊ ရှင်သီဝလိ တို့ ပုံပေါ်မှာ ဆရာမင်းသိင်္ခကအဆောင်အဖြစ် ရေးပြခဲ့ပြီးပြီလေ။ ဒါ ရှေးကတည်းက ရှိပြီးသားပါ။ သစ်သားတုံးလေးတွေဖြတ်
ဆေးတို့ပြီး ဟိုရွှေ့ ဒီရွှေ့ ရွှေ့တာ ငယ်ငယ်တုန်းကတော့ ဆော့နေကျ ။ ရသေ့စိတ်ဖြေကစားနည်းဆိုလား။ ကျွန်တော်တို့ ကစားဖူးခဲ့ပြီးသားတွေပါ။

သိုးကလေ ဆိုတဲ့ ကဗျာ၊

အိုဘယ့်ဘယ် အိုဘယ့် သမီးတော် ရွှေလှော်နတ်ပုံဆင်း  ဆိုတာမျိုးကတော့ အခုထိ နားထဲစွဲတယ် ဆရာရေ။ ပုဂံခေတ်က ကဗျာ   မြကန်သာတောင်ကျချောင်းတေးရေဝင်ပြေးလျက် ရေအေးကြည်စွာ ကန်ပိုင်မာသည် ဘုံဝတိ ံ က နန္ဒာလော တူစွဟုတ္ထာ။   ဆိုတဲ့ ဆယ်တန်းသင်ရိုးက ကဗျာ ၊ အခုစာရိုက်နေယင်း ကပြန်စဉ်းစားလိုက်တာနဲ့ ချက်ခြင်းပြန်ပေါ်လာတယ်။

သူ့ခေါင်းမှာတဲ့ သပြေညို ကိုယ့်ခေါင်းမှာတဲ့သပြေညို သပြေညို ရွှေဘိုပန်းဟာမို့ လန်းလျက်ပါကို
ဆိုတာမျိုးတွေ၊ သူ့မြေမှာ ဖြူပြာ ပွင့်ရင်ဖြင့် ဒို့မြေမှာ နီဝါတင့်ရမပေါ့ ဆိုတာတွေ။ နောက်ဆုံးဗျာ မောင်ငယ်ရင်သွေး နာဘိသေးလော့ ရှေးသရောအခါ ပြည်ဗာရာဝယ်  ကုဋေကြွယ်သား သူဌေးသားလျင် သိုထားမတတ်နှံအပ်ဥစ္စာရှိသည်ငှာကို တို့၊

ကိုခွေးနဲ့ မခွေး ရေခပ်ဘို့တောင်ပေါ်ပြေးတို့   သူတည်းတစ်ယောက် ကောင်းဘို့ရောက်မူ တစ်ယောက်သူမှာ
ပျက်လျှင်ကာသာ ဓမ္မတာတည်း  တို့   စစ်ကိုလည်းကြုံ၊ခြအုံလည်းဖြစ် ၊  ဓါးထစ်လည်းခံ ၊ နေလျှံလည်းတိုက်၊
လေပြင်းခိုက်လျက် မငိုက်ဦးဆောင်း နွေသစ်လောင်းသော်  ရွက်ဟောင်းညှာကြွေ ရွက်သစ်ဝေသည် အသင်ယောကျာင်္းကောင်းတကား
ဆိုတဲ့ ပျဉ်းမငုတ်တိုကဗျာတို့  ပြန်ရွတ်ကြည့်လိုက်တာနဲ့ တသီတတန်းကြီး ကဗျာတွေပေါ်လာတယ်။

ဗေဒါလမ်းတို့၊ မဲခေါင်မြစ်မှ အိုရွက်ဝါတို့ ၊
သံပေါက်ဒွေးချိုးလေးချိုးတွေ၊ ပျို့တွေ၊ တြာချင်းတွေ၊ ခေါင်းထဲမှာ
အများကြီး နဲနဲ အစလေးပြန်ရွတ်လိုက်မိယင် ပြန်ပြန် သတိရရ လာတယ်။

ဒီတော့မှ ပြန်စဉ်းစားမိတယ် ဆရာရေ။ အော် ဒါကြောင့် မော်ဒန်တို့ ကာရန်မဲ့တို့ ပို့စ်မော်ဒန် တို့ ဆိုတာ နေလာနှင်းလို
ပျောက်ပျက် ကုန်တာကိုး လို့။ စိတ်ထဲမှာ စွဲမှ မစွဲတာ။ခေါင်းထဲမှာ နေရာမှ မယူတာ။
ပေါ်တုန်းတွေ့ ၊ မြင်တုန်းကြည့်၊ ပြီးတာနဲ့ ပျောက်၊ နောက်တစ်ခု ထပ်ရောက်။
ဆရာပြောတဲ့ စကားလိုပါဘဲ။ ဆရာကိုယ်တိုင်တောင် နှစ်ခါပြန် မလုပ်နိုင်တာ။ မနေ့ ကဖန်တီးထားတာ ဒီကနေ့ ထိ သယ်မလာနိုင်တာ။ ဒီကနေ့ အတွေး ကို မနက်ဖြန်ထိ မဆောင်ကြဉ်း နိုင်တာ။ရေရှည်တည်မြဲဘို့ဆိုတာ အဝေးကြီး။

အားနာလိုက်တာ ဆရာရယ်။ ဆရာတို့က  ကဗျာ မဟုတ်တာ ကဗျာ ဆိုမှတော့ –

(  ၂၆ – ရ -၂၀၁၁ )