ကျနော်ကြုံဖူးခဲ့တဲ့ ဂျော်တကီး များရဲ့ ကျနော့်ကို နှောင့်ယှက် ပုံအမျိုးမျိုးကို ပြန်လည်ဖောက်သည်ချလိုက်တာပါ။ဂျော်တကီးဆိုတာ ကျနော်တို့ အရပ်သုံး ဂျော်ကယ်(Gay) ကို ဆိုလိုခြင်းဖြစ်ပါတယ်။အခုခေတ်လူငယ်တွေ တော့ သူ့ အရပ်နဲ့ သူ (Gay) ကို အမည်အမျိုးမျိုး တပ်ခေါ်နေကြတာပဲ။ဂျီပုန်း၊ဂျယ်၊ဂျော်တကီး…ဂျော်ကယ်..စသဖြင့် များကြီး ခေါ်ကြပါတယ်။ကျနော်တို့ 
အရပ်က သူငယ်ချင်းတွေကတော့ အခြောက်ကို ဂျော်တကီးဟု ခေါ်ကြသည်ပေါ့ဗျာ။ထား..ပါလေ…ဒင်းတို့  စိတ်ဒုက္ခပေးတာကို ပြောပြပါဦးမယ်။

 

http://actnormal.files.wordpress.com/2010/03/wow.jpg

photo:wordpress

ဘဘဂျော်
ကျနော်(၈)တန်း (၉)တန်း ကျောင်းသား ဘ၀ ထင်ပါတယ်။ကျောင်းသွားခါနီး မနက်စာ စားစရာမရှိလို့  ပြည်လမ်းပေါ်တက်၊အနီးဆုံး လက်ဘက်ရည်ဆိုင် ပြေးပြီး မနက်စာ စားဖို့ ပါဆယ် သွားထုပ်ပြီး ပြန်လာတဲ့အချိန်။မျက်နှာချင်းဆိုင်က အသက် (၄၀ )ကျော် (၅၀) လောက်ရှိမယ့် ခပ်၀၀.သန့် သန့် သန့် ပြန့် ပြန့် ပဲ ၀တ်စားထားတဲ့ ဘိုးတော်နဲ့  တဲ့တဲ့ တိုးပါတယ်။ကျနော်လဲ ကျောင်းဝတ်စုံလေးနဲ့  ပါဆယ်ထုတ်လေးဆွဲလျက်ပေါ့..သူ့ ကြည့်ရတာ တစ်ခုခုအကူအညီလိုသလို အမူအရာမိုလို့  ကျနော်လဲ သတိထားပြီး လျှောက်လာလျက်ပေါ့။အနားရောက်တော့ လက်လှမ်းတားပြီး ကျနော့်ကို ခေါ်မေးပါတယ်။
“သားလေး..လပြည့် လက်ဘက်ရည်ဆိုင် ဘယ်နားမှာလဲ”
ကျနော်လဲ မုန့် ဝယ်လာတဲ့ ဆိုင်မိုလို့  နောက်ကြောင်းမှာရှိတဲ့ လပြည့် ဆိုင်ကို ညွှန်လိုက်ပါတယ်
“အော်..ဒီတည့်တည့်ပဲဆက်သွား..အဘ..ညာဘက်မှာရှိတယ်..မဝေးတော့ဘူး”
ဖြေပြီး ကူညီပြီးပြီမို့  ထွက်လာဖို့ ပြင်တုန်း
“သားက ဘယ်မှာနေတာလဲ..ဘယ်ကျေင်းမှာ တက်နေတာလဲ”
ဆိုလို့ ..ကျနော်လဲ….
“ဒီနားကပဲ..ကျောင်းလဲ အိမ်နဲ့ သိပ်မဝေးဘူးဂျ”လို့  ဖြေနေတုန်း ဘိုးတော် လက်က ကျနော့် ပေါင်ကြား ရောက်လာကော..
ကျနော်လဲ..“အောင်မငှီး.”..ပေါ့
“သြော်..ဘယ်နှစ်တန်းရှိပြီတုန်းကွ…ဘာတွေဝယ်လာတုန်း..”..ပေါက်ကရ လျှောက်မေးပြီး လက်က အငြိမ်မနေဘူး..ဖြစ်နေလို့ ..ကျနော်လဲ
“ကိုးတန်းတက်နေတာပါ..နောက်ကျနေလို့ ..သွားတော့မယ်..”ဟူ၍ နောက်ကြောလှည့်မကြည့်ပဲ အမြန်သုတ်ချေတင်ပါတော့တယ်။
စိတ်ထဲမတော့ .ဘယ့်နှယ် ဒီအဖိုးကြီး..
သူ့ ကြည့်တော့ အင်္ကျီအဖြူ..ပလေကပ်ပုဆိုးနဲ့  လူကြီးလူကောင်းလိုလို ဘာလိုလိုနဲ့ ..တောင်ဝှေးတစ်ချောင်းဆွဲ..
လမ်းလျှောက်ထွက်လာရာက..စောစောစီးစီး နှာ လာထ နေပါလားလို့  စဉ်းစားမိတယ်။
ကျနော်လဲစောစောစီးစီး စိတ်အနှောင့်အယှက်ဖြစ်ရတယ်။နောက်တာ့..

ပဲပြုတ်ဂျော်ဂျော်
အရပ်ကအရှည်ကြီး..ထန်းပန်ကြီးကြနေတာပဲ..ပဲပြုတ်တောင်းခါးကြားညှပ်ပြီး ပဲပြုတ်-ပဲကတ္တီပါပြုတ် တကြော်ကြော်ရောင်းနေတဲ့ အခြောက်..ပုံက ကြောက်စရာကြီး..
ညနေကနေ ညဘက်ထိ မကုန်မချင်းလိုက်ရောင်းတာလား မသိပါဘူး..ကျနော်လဲ ကျူရှင်ပြန်ရင် နဲနဲ မိုးချုပ်တယ်…ပြန်ရတဲ့လမ်းက လူရှင်းတဲ့လမ်း..မောင်မဲတိတ်ဆိတ်နေတာကြီးကို။
ကျူရှင်ပြီးလို့ ပြန်ရင် ဘုရားစာ ရွတ်ပြီးပြန်ပြန်နေရတယ်.သရဲကြောက်လို့ .ခုထိလဲ သရဲကြောက်တုန်းပဲ။ နောက်မှ သရဲထက်ကြောက်ဖို့ ကောင်းခဲ့တာ ပဲပြုတ်ဂျော်ဂျော် မှန်း သိတော့တယ်။ကိုယ်ပြန်တဲ့အချိန်နဲ့ ပဲပြုတ်သည်အခြောက် ပဲပြုတ်ရောင်းကုန်လို့  အိမ်ပြန်တဲ့အချိန်က ကိုက်နေသလား မသိပါဘူး။ပြန်ပြီဆို
အနောက်က လိုက်လာပြီ..ခြေလှမ်းကြဲကြီးနဲ့ ..ဘာသံမှလဲ မပေး..ခြေသံလဲ မကြားရ..ပဲပြုတ်ပါဆိုပြီးလဲ မအော်ပဲ.အနောက်ကနေ ခြေလှမ်းကြဲကြီးနဲ့  လိုက်လာတာ..။အောင်မငှီးပဲ..ကျနော်လဲ လှည့်ကြည့်လှည့်ကြည့်နဲ့  သုတ်ရတယ်..ကိုယ့်ကိုယ် မီကာနီးပြီဆို ပြေးသည်ပဲ။ခြေလှမ်းကြဲကြီးက မီသွားနိုင်တယ်..မဖြစ်ဘူး..လေးငါး ခါ ကြုံတယ်..လေးငါးခါ ပြေးရတာပဲ…အမီမခံနိုင်ဘူး။သြော်..
ပဲပြုတ်ဂျော်ဂျော် ရန်ကလဲ မသေးပါကလား..။သူ့ လမ်းနဲ့  ငါ့လမ်း တခြားဆီကို နောက်က ဘာလိုက်လုပ်မှန်းမသိ..စိတ်လေတယ်။
နောက်ခါ

Top Center က ဂျော်ဂျော်..
လူစည်ကားရာ (၈)မိုင်လမ်းဆုံ၊စတိုးဆိုင်တွေအရှေ့ 
လူရှေ့ သူရှေ့  ဂျောက်ဂျက်ခွဲတဲ့ အခြောက်…ဒီကောင်လဲမလွယ်ဘူး..ဘယ့်နှယ်ဗျာ..
လူရှုပ်တဲ့နေရာမှာ ဘာမပြောညာမပြောနဲ့  ပေါ်တင်ကြီး အ၀ှာကို လာပုတ်သွားတယ်..
ဟိတ်အသဲလေး.” ဘုတ်..” ဆိုပုတ်သွားပြီး ခပ်တည်တည်လစ်သွားကော
ကျနော်လဲ ဘတ်ခနဲဆို အောင်မငှီးပေါ့..နာလိုက်တာ..ပေါ့..
ဘေးကလူတွေကလဲ ကြည့်ပြီးရီပါလေရော..ရှက်၏တာ ပြောပါနဲ့ တော့..
သောက်ဂျော်တကီးတွေ..မဲတူးပြီးရေမချိုးတဲ့ရုပ်တွေနဲ့ အခြောက်လုပ်နေသေးတယ်..
ငါ -ိုးမသားလေးတွေ ကျနော်လဲ မြည်တွန်တောက်တီးပြီး ပြန်လာရတယ်ဗျာ။
နောက်တော့..

Passenger ဂျော်ဂျော်..
လိုင်းကားပေါ်မှာ ထောက်လှမ်းရေးပဲ ရှိတယ်မထင်နဲ့ ..ထောက်ခံရေးတွေလဲ ရှိတယ်ဆိုတာ ဒီပို့ စ်နဲ့  သတ်သေပြပါဦးမယ်။မနေ့ က ဆူးလေသွားတဲ့ လိုင်းကားပေါ်မှာပေါ့။အလုပ်သမားတွေလား မသိပါဘူး.အဖွဲ့ တစ်ဖွဲ့ က တက်လာကော။ကျုပ်ထိုင်ခုံရှေ့ မှာ လာရပ်ပြီးဘာတွေပြောနေကြမှန်းမသိဘူး။နားငြီးတယ်။မှတ်တိုင်တစ်ခုရောက်တော့ နောက်ဆုံးထိုင်ခုံက လူတွေထသွားလို့ ..နင်ထိုင်ငါထိုင်နဲ့ ..စေတနာပိုနေကြပြီး.ပေရပ်ပြီး ကျန်ခဲ့တာ အခြောက်တစ်ကာင်ပါကော။အရှေ့ က ထိုင်ခုံလွတ်တော့လဲ အခြောက်ကလေးက သွားမထိုင်..ပေရပ်နေပြီး ကျုပ်ဘေးက လူ လွတ်တော့မှ ဘေးမှာလာထိုင်ကော..။ထိုင်တာအေးဆေး မထိုင်ပဲ သူ့ ဘေးက ဘော်ဒါနဲ့ သောက်တင်းတုပ်နေလေရဲ့..
“မွှေးကြိုင်နေတာပဲ.. ဟီး..ဟီး..ဟား..ဟား..
အဲတာကြောင့် နင်ဒီမှာပဲ ကပ်ထိုင်နေတာမလား..နင့်အကြောင့်းငါသိတယ်… ဟီး..ဟီး..ဟား..ဟား..
ကြည့်လဲလုပ်ဦး..ဟိုတစ်ခါလိုဖြစ်နေဦးမယ်.ဟီး..ဟီး..ဟား..ဟား..
အေးလေး..ကိုယ့်လိုပဲ ခြောက်နေတာချည်းဖြစ်နေဦးမယ်…ဟီး..ဟီး.ဟီး.”

စိတ်ထဲကတော့ ..သောက်ကျိုးနဲ ငါ့ကိုပါ အခြောက်စာရင်းထဲ ဆွဲထည့်နေပြန်ဘိ..ဘေးမှာခရီးသည်တွေလဲရှိသေး..ဒီသောက်အခြောက်တော့ င့ါကိုအာရုံနောက်ဘီ

ကားနဲနဲ ယိမ်းရင်လဲ ဒီသောက်ခြောက် က ပိုယိမ်းပြီးကပ်ကပ်နေလိုက်.သူ့ အဖွဲ့ က .ကြည့်ပြီးရီနေကြလိုက်နဲ့ 

ကျုပ်လဲ အနေကြပ်ပြီး ကြာရင် သောက်ခွက်ထထိုး မိပေတော့မည်မို့  နီးစပ်ရာ မှတ်တိုင် အမြန်ဆင်းဖို့ သာ ပြင်ရတော့တာပေါ့။မှတ်တိုင်မရောက်ခင်ကတဲက ကြိုထပြီး အပေါက်ဝသို ပြေးရတော့တယ်.
.ဒါတောင်

သောက်တင်းတုပ်ပြီး ကျန်နေခဲ့ကြတုန်း

ဟယ်..တတ်တူးတွေနဲ့ ..ဟီး..ဟီး..ဟီး
လာတယ်ဟ..
ပေါ့သေးသေးမဟုတ်ဘူး..ဟဟဟ.ဟီး.ဟီး..
ဟုတ်လောက်ပါဘူးလို့ ပြောသားပဲ..ဟီး.ဟီ..ဟဟ

သြော်..သူတို့ အနွယ်ဝင်တွေလိုထင်နေတာလား မသိပါဘူး ..ဒုက္ခ..ဒီသောက်အခြောက်လုပ်တာနဲ့ ..ငါစုတ်တီးစုတ်ပြတ် ပုံကို ကျန်ခရီးသည်တွေပါ ရိပ်မိကုန်ပြီ။ဘောင်းဘီအစုတ်တို၊တီရှပ်တိုနဲ့ ..ဟိုထွက်ဒီပေါ်တတ်တူးတွေနဲ့ ..အောက်တန်းစားရုပ်..၀ိုင်းကြည့်နေကြလို့  ရှက်၏တာ…ပြောပါနဲ့ တော့။

နောက်ခါ လှိုင်သာယာ ဂျော်ဂျော်
ဒါလဲ ကားပေါ်မှာပဲဗျာ..လှိုင်သာယာသွားတဲ့ ဒိုင်နာကားပေါ်မှာပါ
မိုးလဲချုပ်.ကားကလဲ ကြပ်နဲ့ ရယ်..အလုပ်သမားတွေအပြုံလိုက် အိမ်ပြန်ကြချိန်ပေါ့။ကြပ်ပိတ်နေတာပဲ ကားပေါ်မှာ။စီး.ရင်း…စီးရင်း…နဲနဲကြာလာတော့ ဘေးက တစ်ယောက်က လက်ကစားလာရော။သူ့ လက်တစ်ဘက်က ကားတန်းကိုကိုင်.ကျန်တစ်ဘက်က ထမင်းချိုင့်လဲကိုင်ထားလျက်တန်းလန်းနဲ့ ..ပေါင်ကြားရောက်လာပြန်ကော။

အောင်မငှီး..လာကလိနေပါလား..ကျနော်လဲ သူ့ လက်ကိုတစ်လှည့်ကြည့် သူ့ မျက်နှာကို တစ်လှည့်ကြည့်ပြီး ကြပ်ရတဲ့အထဲ ဖင်ကို အနောက်ကို ရသလောက် ရှုံ့ လိုက်ရတယ်။
မောင်ဂျော်ဂျော်လဲ မသိမသာ လက်ပြန်ယုတ်သွားပါတယ်။ဒါပေမဲ့ ခဏကြာတော့ လက်က ပြန်ရောက်လာပြန်ကော ထမင်းချိုင့်တန်းလန်းနဲ့ ..လာကိုင်ပြန်ကောဗျာ။ကားကြပ်လို့  ဖီးကွေးနေရတဲ့အထဲ ဒင်းကတစ်မှောင့်ဆိုပြီး တောက်တစ်ချက် ခေါက်ပြီး မျက်ခွက်ကို ဘုရှိုးရှိုး လိုက်တယ်။
အောင်မာ..
ပုံစံက နှာခေါင်းကနီပြီး ဇောချွေးတွေတောင် ပြန်နေသေး..လွယ်အိတ်တစ်လုံး၊ထမင်းချိုင့်တစ်ချိုင့်၊ထီးတစ်ချောင်းနဲ့  အလုပ်က ပြန်လာတာနေမှာ။ကျုပ်ပေါက်ကွဲနေတာကို မြင်ပြီး မျက်နှာငယ်နဲ တစ်ချက်ကြည့်ပြီး မျက်နှာလွှဲသွားလေရဲ့။
သြော် ကောင်းကောင်း မပြန်၊လုံးရာကပြား..၊ပြန်ခါနီးရိကာ လာယူချင်နေသေး.ဒင်းဒုက္ခလဲ မသေးလှပါလားလို့ စဉ်းစားမိတယ်။ဘာပဲဖြစ်ဖြစ် ကျက်သရေတုံး ထပ်လာကလိရင်တော့ သောက်ခွက်ရိုက်ပစ်ဖို့ ဆုံးဖြတ်ပြီး ကျနော်လဲ မှုံကုပ်ကုပ်လုပ်၍ ဆက်စီးသွားတာ..
တော်သေး…လက်ငြိမ်ငြိမ်နဲ့ ..ပြန်သွားလို့ ..ပြဿနာ မတက်ခဲ့တာ။

တစ်ကယ်မလွယ်တဲ့ဂျော်တွေပါပဲလားလို့ .
ထောက်လှမ်းရေးဘ၀ ရောက်တာတောင် ထောက်ခံရေးဘ၀ ကူးပြောင်းချင်နေကြတယ်..စဉ်းစားလို့ ကိုမရပါဘူးလို့ ။ရွာသားအချို့ လဲ ကျနော့်လိုပဲ ကြုံဖူးကြမယ်လို့ ထင်ပါတယ်။ဒင်းတို့ ကြောင့် များစွာ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတာ..စဉ်းစားမိတိုင်း ပေါက်ကွဲမိပါကြောင်း..။

ဂျစ်စူ

About ဂျစ်စူ

has written 258 post in this Website..

စိတ်ဆတ်တယ် အကြွေးမဆပ်ဘူး