Lauchpad : A place to translate Ubuntu into Our Language officially.

VampiresJuly 27, 20112min790

Lauchpad 

A place to translate Ubuntu into Our Language officially. 

 

Ubuntu Operating System စထွက်လာကတည်းက Ubuntu Operating System ကို နိုင်ငံတကာ ဘာသာစကားနဲ့ သုံးနိုင်ရမည်ဆိုတဲ့ ရည်ရွယ်ချက်လေးပါခဲ့ပါတယ်။ Ubuntu ကို ဘာသာပြန်ရာမှာ offline အနေနဲ့ ဘာသာပြန်လို့မရပါဘူး။ Ubuntu မှာပါတဲ့ Source Code တွေအကုန်လုံးကို Canonical ရဲ့ launchpad.net မှာတင်ထားပါတယ်။ နိုင်ငံတော်တော်များများလည်း ubuntu ကို ကိုုယ့် ဘာသာစကားနဲ့ သုံးနေကြပါပြီ။ အဲဒီတော့ ဒီ Ubuntu ကို မြန်မာ လို ဘာသာပြန်ချင်ပါက ဘယ်လိုမျိုးဘာသာပြန်ရလဲ၊ ဘာတွေလိုအပ်သလဲ၊ စသည်ဖြင့် ဒီ ဆောင်းပါးထဲမှာတင်ပြပေးမှာပါ။ Ubuntu ကိုထုတ်တဲ့ Company (Canonical) မှ တရားဝင်ဘာသာပြန်နိုင်ကြောင်းကြေငြာထားပါတယ်။ ဒီထဲမှာ ဆိုရင် Operating System တစ်ခုလုံးကို အင်္ဂလိပ်လိုရေးထားပြီး မြန်မာဘာသာသို့ဘာသာပြန်ရာတွင်  တစ်ချို့ စကားလုံးတွေမှ အပ ကျန်သည့်စကားလုံးများသည် သိပ်အခက်အခဲမရှီပါ။

 

Website Address

 

Launchpad ရဲ့ Web Site Address ကတော့ http://launchpad.net ဖြစ်ပါတယ်။

 

What is in Launchpad?

 

Wikipedia မှာတော့ Launchpad အကြောင်းကို အသေးစိတ်ရေးထားပါတယ်။

Luachpad  ကိုတော့ Canonical က ဦးစီးပြီး မိမိဘာသာနဲ့ မိမိသုံးချင်ပါက lauchpad ထဲဝင်ပြီး ဘာသာပြန်ဆိုလို့ရပါတယ်။ Launchpad က ဘာသာပြန်ဆိုဖို့တစ်ခုတည်းမဟုတ်

ပါဘူး။ 2004, January ကစခဲ့တဲ့ Launchpad ထဲမှာ တခြားသော Components များလည်းပါပါတယ်။ အဲဒါတွေကတော့

Answers, Bugs, Blueprints,Code,Translation   စသည်ဖြင့်အများကြီးရှိပါသေးတယ်။

ကျွန်တော်ကတော့ ဒီထဲက Translations အကြောင်းကို အဓိက အားဖြင့်ပြောမှာပါ။

 

Who translates ubuntu?

 

Volunteers ပေါင်းမြောက်များစွာက သူတို့ဘာသာစကားမှာ သုံးလို့ရအောင်လို့ဘာသာပြန်နေကြပါတယ်။

ကိုယ့်ဘာသာစကားနဲ့ Ubuntu ကိုသုံးချင်ပါသလား??   သင်လည်း ဝင်ရောက်ကူညီလို့ရပါတယ်။

 

What do u need?

 

ဘာတွေလိုအပ်မလဲ။ Ubuntu ကို ဘာသာပြန်ဖို့က

၁။ အင်တာနက် –သူက Web ပေါ်မှာပဲပေးထားတာမို့လို့ အင်တာနက် ရှိမှ ဘာသာပြန်လို့ရမှာပါ။

၂။Email—Launchpad က ဆက်သွယ်ဖို့အတွက် Email အကောင့်တစ်ခုလိုအပ်ပါတယ်။

၃။ Language Knowledge– ကတော့ ဒီစကားစုလေးကို ဘယ်လိုလေးရေးလိုက်ရင်လှမလဲ။ဖတ်

လို့ ကောင်းအောင် ဘယ်လိုရေးမလဲ။ စသည်ဖြင့်လိုအပ်ပါတယ်။

၄။ Spare Time– ကတော့ ကိုယ့်အတွက်အချိန်ပိုလေးတစ်ခုပါ။ ပထမတစ်ရက်မှာ ၁ မိနစ်ပေးမယ်။ ၁ မိနစ်ထဲမှာ စာကြောင်းလေးတစ်ကြောင်း ဘာသာပြန်လိုက်မယ်။ နောက်တစ်နေ့မှာ ၂ မိနစ်ပေးမယ်။ အဲဒီ ၂ မိနစ်ထဲမှာ နှစ်ကြောင်းပြီးအောင် ပြန်မယ်။ အဲဒီလိုမျိုလေးအချိန်ပေးလိုက်

ရင် Ubuntu MY ဆိုတာ သိပ်မကြာပါဘူး ပြီးသွားပါလိမ့်မယ်။

၅။ Be Collaboratives—ဒါကတော့ launchpad ထဲက Member အချင်းချင်းစည်းလုံးညီညွှတ်မူပါ

ပဲ။

ဒါတွေနဲ့ပြည့်စုံပြီဆိုရင် သင် Ubuntu ကို သင့်ဘာသာစကားနဲ့ ပြန်လို့ရပါပြီ။

 

How can you help?

 

ပထမအဆင့်အနေနဲ့ Launchpad.net မှာ ဝင်ရောက်ပြီး register လုပ်ရပါမည်။ Launchpad Registration သည် Open ID ကိုသုံးထားသောကြောင့် တခြား Canonical လက်အောက်မှာရှိသည့် ဆိုဒ်များထဲသို့ ဝင်ရောက်ပါကလည်း ဒီဆိုဒ်မှာသုံးခဲ့သည့် Email ၊ Password များအတိုင်း သုံးနိုင်ပါတယ်။

Registration ပြီးပါက Launchpad ထဲမှာ မိမိ ပြန်ချင်သော ဘာသာစကားအကြောင်းကိုပြောပေးရပါ

မယ်။

ကျွန်တော်တို့ ပြန်ရမှာကတော့ Burmese Language ဖြစ်ပါတယ်။

 

Translations Launchpad

 

ဒါဆို ကျွန်တော်တို့ဘာသာပြန်ဖို့ အောက်ပါ လင့်(Links ) လေးကိုဝင်လိုက်ရအောင်

https://translations.launchpad.net/  ဖြစ်ပါတယ်။ အဲဒီထဲမှာ မိမိ ပြန်မယ့် ဘာသာစကားရွေးပြိးပါက Ubuntu Version ကိုရွေးပေးရပါမယ်။

ဗားရှင်း တစ်ခုနဲ့ တစ်ခု ဘာကွာလဲ ဆိုတဲ့မေးခွန်းရှီပါတယ်။ ဘာမှသိပ်မကွာပါဘူး။ အသစ်ထွက်လာမယ့် Version ထဲမှာ စကားလုံးအသစ်ပါပါက အဲဒီစကားလုံးအသစ်တွေကို ထပ် ဘာသာပြန်ပေးလိုက်ရင်ရပါတယ်။

ကျွန်တော်တို့ အခုပြန်မှာကတော့ Stable ဖြစ်တဲ့ Ubuntu Natty(11.04) ဖြစ်ပါတယ်။

 

 

What fonts we will use?

 

ဘာ ဖွန့် (Fonts) သုံးမလဲ။ အဲဒါကတော့ မြန်မာမှာ အဓိက ဆုံးဖြတ်ရမယ့် ကိစ္စကြီးတစ်ခုပါပဲ။

ကျွန်တော် သုံးဖို့အကြံပေးချင်တာကတော့ Keymagic ဖြစ်ပါတယ်။ သူ့ကို သွင်းရင် တခြား Install သွင်းထားပြီးသား ဖွန့်တွေကို ဖြုတ်စရာမလိုပါဘူး။ ပြီးတော့ ဇော်ဂျီနဲ့ရိုက်မလား၊ ဇော်ဂျီ-ယူနီ နဲ့ရိုက်မလားစသည်ဖြင့်ရှိပါတယ်။ ဇော်ဂျီ-ယူနီ နဲ့ရိုက်သင့်ပါတယ်လို့ အကြံပေးလိုပါတယ်။

ဇော်ဂျီနဲ့ ရိုက်ရင်ရောမရဘူးလား လို့မေးကောင်းမေးနိုင်ပါတယ်။ ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တစ်တွေ လိုက်ပြောင်းပေးရပါလိမ့်မယ်။ ကူညီချင်လို့ ဇော်ဂျီနဲ့ပဲရိုက်ပေးပါ့မယ်ဆို

ရင်တော့ ရိုက်ပေးပါ လို့မေတာ္တရပ်ခံပါ့ရစေ။

To Download Keymagic

http://ttkz.me/blog/2011/02/10/keymagic-1-3-3-installer-with-myanmar3-layout/

 

Our Status?

 

•    Untraslated=353695

•    Translated=15800

•    Total=369495

 

How many day if one internet user translates one sentence?

 

 

မြန်မာတစ်နိုင်ငံလုံးမှာ Public Access Centre ပေါင်း 802 ခုရှိတယ်လို့ Eleven News ထဲမှာတွေ့ပါတယ်။ အဲဒီတော့ PAC တစ်ခုမှာ အင်တာနက် User  တစ်ရက် အနည်းဆုံး ၆ဝ ရှိပါတယ်။ အဲဒီတော့ မြန်မာတစ်နိုင်ငံလုံးမှာ တစ်ရက် အနည်းဆုံးအင်တာနက် သုံးဆွဲသူ  ၄၈၁၂ဝ ယောက် ရှိပါတယ်။

ကဲဒါဆို အဲဒီလူ လေးသောင်း ရှစ်ထောင် ကျော်က တစ်ကြောင်းဆီ တစ်ရက်ကို ဘာသာပြန်ပေးပါက Ubuntu Myanmar ပြီးဖို့ဆိုတာ……………………………

 

(၈) ရက်ပဲကြာပါလိမ့်မယ်။

 

What means 70%

 

အဲဒါတောင် အကုန်ဘာသာပြန်ရင် ၁၀၀% ဖြစ်မှာနော်။ Canonical က ၇၀% ဘာသာပြန်လို့ပြီးရင် နောက်ထွက်လာမယ့် ဗားရှင်းတွေမှာ ထည့်ပေးပါလိမ့်မယ်။ အဲဒီတော့ ကျွန်တော်တို့က ၁၀၀% အပြည့် ပြန်စရာမလိုပါဘူး။ ၇၀% ကျော်လောက်တဲ့ထိရိုက်ပေးလိုက်ရင် နောက်ထွက်လာမယ့် ဗားရှင်းမှာ Automatic ပါလာပါလိမ့်မယ်။

 

Difficulties

 

ဘာသာပြန်ရာမှာတွေ့ကြုံရမည့် အခက်အခဲများ ၊၊၊  ဒီဟာက Dictionary ကိုဘာသာပြန်သလိုမျိုးတော့မဟုတ်

ဘူး။ တစ်ခါတစ်လေ Sentence ဖြစ်ချင်ဖြစ်မယ်။ တစ်ခါတစ်လေ Words လေးတွေဖြစ်ရင်ဖြစ်မယ်။ အဓိက ကြုံရမယ့်အခက်အခဲတွေကတော့ Computer Words လေးတွေပဲဖြစ်ပါတယ်။

ဥပမာ     Motherboard ကဲ  ဘယ်လိုဘာသာပြန်မလဲ။ ကျွန်တော်တို့ကတော့ အင်္ဂလိပ်လိုတွေ့လိုက်တာနဲ့ မျက်စိထဲမှာ တန်းမြင်ပါတယ်။ ဒါပေမယ့် သူတို့တွေ ဒီစကာလုံးသိဖို့ ဘယ်လိုပြောပြရင်အဆင်ပြေမလဲ။

Boot Options ဒါတွေကိုရော ဘယ်လိုဘာသာပြန်မလဲ။

အဲဒီအတွက် စဉ်စားထားတာတစ်ခုရှိပါတယ်။

 

U4MM Groups

 

ကျွန်တော်တို့ U4MM Groups ကိုသုံးရပါမယ်။ အဲဒီလို ဘာသာပြန်ဖို့ခက်ခဲရင် U4mm မှာ excel ဖိုင်လေးလုပ်ထားပေးပါ့မယ်။ အဲဒီထဲမှာ ထည့်ခဲ့လိုက်။ အဲဒါဆို တခြား Member များကလည်း ဒီစကားလုံးကတော့ ဘယ်လိုဖြစ်သင့်တယ်။ ဘယ်လိုလေး ဆိုရင်တော့ စကားလုံးလေးလှသွားမယ်။ စသည်ဖြင့် Idea ပေါင်းမြောက်များစွာရသွားပါလိမ့်မယ်။

ကျွန်တော်တို့က စာလုံးအားလုံး မြန်မာလိုဖြစ်ရမယ်လို့တော့ မဆိုလိုပါဘူး။ ခဏကပြန်ခဲ့တဲ့ Motherboard ဆိုရင် သူ့အတိုင်းပဲထည့်လိုက်ပါ။ အဲဒါဆို ပိုသင့်တော်မယ်လို့ ထင်ပါတယ်။

 

U4MM’s Group Address

http://groups.google.com/group/u4mm 

 

Words need Translation

www.goo.gl/Uwsn9

 

ဒီ Presentation မှာ မပြောခဲ့ရတာလေးတစ်ခုရှိပါတယ်။

 

ဒီ Ubuntu My ဖြစ်ခဲ့ရင် ဘယ်သူတွေအတွက်လဲ?

 

ကျွန်တော်တို့ တစ်တွေကတော့ ဒီစကားလုံးတွေနဲ့ ရင်းနှီးပြီးသားပါ။ နယ်ဖက်ကလူတွေ ကွန်ပြူတာကို အခုမှ စသုံးမယ့်လူတွေအတွက်ဆိုရင် ဒီ Ubuntu Myanmar က အများကြီး အကြုံးဝင်ပါလိမ့်မယ်။ ကျွန်တော်တွေ့ရပါတယ်။ တစ်ချို့ အဒေါ်ကြီးတွေဆိုရင် နိုင်ငံခြားသွားတဲ့ သား၊သမီး၊ ခင်ပွန်းစသည်တို့နဲ့ ဖုန်းအကြာကြီးပြောချင်တဲ့အတွက် ဂျီတော့ လေးဖွင့်ပေးပါ လုပ်ပေးပါလို့ အင်တာနက် ဆိုင် ဝန်ထမ်းတွေကို အကူအညီတောင်းနေကြတာပါ။ တကယ်လို့ သူတို့သာ မြန်မာလိုရေးထားတာကို ဖတ်ပြီး ကိုယ့်ဟာကိုယ် ပြောနိုင်မယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ။  မြန်မာလိုလေး ဖတ်တက်ရုံနဲ့ ကွန်ပြူတာသုံးတက်သွားရင် ကျွန်တော်တို့ ဘာသာပြန်ပေးတဲ့လူတွေ ဝမ်းသာမဆုံးဖြစ်ကြမှာပါ။ ကျွန်တော်လည်း အခုလေ့ကျင့်နေပါတယ်။ ပထမတစ်ရက်ကို 5 ကြောင်းလောက် ဘာသာပြန်ပါတယ်။ နောက်နေ့ကျတော့ ၁ဝ ကြောင်းလောက် ကြိုးစားပြီး ပြန်ပါတယ်။ အဲဒီလိုမျိုး အားလုံးစုပြီး ဘာသာပြန်ရင်  Ubuntu Myanmar က မကြာမီတွေ့ရပါလိမ့်မယ်။

 

Translating Ubuntu Offline 

 

Template တွေထဲဝင်ကြည်ပါ သူ့မှာ Download Translation ဆိုတာပါပါတယ်။ .po format နဲ့ပါ။ .po format ကို po edit software နဲ့ ပြင်မှရပါမယ်။ ဒါပေမယ့် စက်ထဲမှာတော့ ယူနီကုတ် ဖွန့် တစ်ခုခုထည့်မှရပါလိမ့်မယ်။ po edit  software ကို http://www.poedit.net/download.php နေရာကနေ ဒေါင်းလုတ်ဆွဲလို့ရပါလိမ့်မယ်။ ပြီးတော့ စက်ထဲသွင်း ပြီးရင် open လုပ်ပြိး  ubuntu ကို offline  ဘာသာပြန်လို့ရပါပြီ။