ဗုဒ္ဓဘာသာဝင်တို့၏ အခါတော်နေ့ကြီးများ

manawphyulayMay 7, 20101min1161

၁။မြန်မာနှစ်ဆန်း ၁ ရက် = မင်္ဂလာအခါတော်နေ့

၂။ကဆုန်လပြည့် = ဗုဒ္ဓအခါတော်နေ့

၃။နယုန်လပြည့် = မဟာသမယ အခါတော်နေ့

၄။ဝါဆိုလပြည့် = ဓမ္မစကြာ အခါတော်နေ့

၅။ဝါဆိုလပြည့်ကျော် ၅ ရက် = အနတ္တလက္ခဏ အခါတော်နေ့

၆။ဝါခေါင်လပြည့် = မေတ္တာ အခါတော်နေ့

၇။တော်သလင်းလပြည့် = ဂရုဓမ္မ အခါတော်နေ့

၈။သီတင်းကျွတ်လပြည့် = အဘိဓမ္မာ အခါတော်နေ့

၉။တန်ဆောင်မုန်းလပြည့် = သာမညဖလ အခါတော်နေ့

၁၀။နတ်တော်လပြည့် = ဓမ္မစာဆိုတော်များနေ့

၁၁။ပြာသိုလပြည့် = ရှင်တစ်ထောင် အခါတော်နေ့

၁၂။တပို့တွဲလပြည့် = ဩဝါဒပါတိမောက် အခါတော်နေ့

၁၃။တပေါင်းလပြည့် = မြတ်ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့

မှတ်ချက် ။ ။ အခါတော်နေ့ကြီးများကို ဆရာတော် ဦးပညာသာမိ(မာဂဓီ သာစည်)၏ အခါတော်နေ့များကျမ်းမှ ထုတ်နှုတ်တင်ပြထားပါသည်။

ဗုဒ္ဓဝင်

၁။သန္ဓေယူသောနေ့ = ဝါဆိုလပြည့် ကြာသပတေးနေ့
၂။ဖွားမြင်တော်မူသောနေ့=ကဆုန်လပြည့် သောကြာနေ့
၃။တောထွက်သောနေ့=ဝါဆိုလပြည့် တနင်္လာနေ့
၄။ဘုရားဖြစ်တော်မူသောနေ့=ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့

၅။တရားဦး ဓမ္မစက်ဟောတော်မူသောနေ့=ဝါဆိုလပြည့် စနေနေ့
၆။ပရိနိဗ္ဗာန်စံတော်မူသောနေ့=ကဆုန်လပြည့် အင်္ဂါနေ့

၇။တေဇောဓါတ်လောင်သောနေ့=ကဆုန်လဆုတ် တနင်္ဂနွေနေ့

မြတ်စွာဘုရား၏ ဖွားဖက်တော် (၇) ဦး

၁ . ဗောဓိပင်
၂ . ယသော်ဓရာ
၃ . ကဏ္ဍကမြင်း
၄ . ညီတော် အာနန္ဒာ
၅ . ဆန္ဒအမတ်
၆ . ကာဠုဒါယီ
ရ . ရွှေအိုကြီး လေးလုံး

အရောင်းအရင်း ၊ ငယ်ချင်းကြီးဖက် ၊ တစ်နေ့ရက်ဖြင့် ၊ ဖွားရက်မခြား ၊
ခုနစ်ပါးတွင် ၊ ဗောဓိပင် နှင့် ၊ အရှင်ဘုရား ၊ မြောက်သားယသော် ၊
မြင်းတော်ကားကဏ် ၊ ညီတော် ၊ ဆန်နှင် ့ ၊ အကျွန်ကာဠု ၊
ကြီးထုရွှေ့အိုး ဖြစ်လေတည်း ။

ပစ္စေကဗုဒ္ဓ

ပစ္စေက – အသီးအခြား
ဗုဒ္ဓ – သစ္စာလေးပါးကို သိသော ဘုရား

သာဝကများကဲ့သို့ သဗ္ဗညုဘုရားရှင်ထံမှ တဆင့် သစ္စာလေးပါးကို သိသော ရဟန္တာမျိုးမဟုတ်ပေ ။
သီးခြား မိမိကိုယ်တိုင် ကျင့်ကြံအားထုတ်၍ သစ္စာလေးပါးကိုသိသော ဘုရားမျိုးဖြစ်သည်။
ထိုပစ္စေကဗုဒ္ဓါ ဘုရားရှင်တို့သည် သဗ္ဗညုဘုရားရှင်များ မပွင့်သည့် သာသနာပ အခါတို့၌သာ
ပွင့်တော်မူကြသည်။ ဘုရားငယ်များဟုလည်း ခေါ်ကြသည် ။
သဗ္ဗညုတ ဘုရားအလောင်းတော်များ လူ့ပြည်၌ ဖြစ်လာသောအခါ ပစ္စေကဗုဒ္ဓါ ဘုရားရှင်တို့သည်
ပရိနိဗ္ဗာန် စံဝင်၍ ကွယ်ပျောက်သွားကြလေတော့သည်။
ထိုပစ္စေကဗုဒ္ဓါ ဘုရားရှင်တို့သည် သစ္စာလေးပါးတရားတော်ကို ကိုယ်တိုင်သာ သိမြင်၍
သူတပါးတို့သိအောင် မဟောကြားနိုင်ပေ ။ ဆွံအနေသူ၏ မြင်မက်သော အိမ်မက်နှင့် တူပေသည် ။
ထိုပစ္စေကဗုဒ္ဓ ဘုရားရှင်တို့သည် ဂုဏ်တော်အားဖြင့် သဗ္ဗညုဘုရားရှင်တို့အောက် နိမ့်ကျ၍
ရဟန္တာတို့ထက် မြင့်မြတ်ကျပေသည်။

ပဉ္စဝဂ္ဂီ ၅ ဦး သောတာပန် အဆင့်ဆင့် ဖြစ်ပုံ

၁ . လပြည့်ပုဏ္ဏ ၊ ကောဏ္ဍည ၊ ဦးစွ သောတာပန်

၂ . ကျော်ရက်ဧက ၊ ရှင်ဝပ္ပ ၊ ဖြစ်ရ သောတာပန်

၃ . ကျော် နှစ်ရက်မှာ ၊ ဘဒ္ဒိယာ ၊ ဖြစ်ကာ သောတာပန်

၄ . ကျော် သုံးရက်ပြန် ၊ မဟာနမ် ၊ ဖြစ်ပြန် သောတာပန်

၅ . ကျော် လေးရက်ရှိ ၊ အဿဇိ ၊ ဖြစ်ဘိ သောတာပန်

One comment

  • susunosuki

    May 12, 2010 at 9:16 am

    မေ့နေတာတွေ ပြန်ပြီးသတိရစေတယ်
    ကျွန်တော်တို့တွေ မြန်မာဆိုပေမယ့် လပြည့်လကွယ်ဆိုတာတောင်မေ့နေပြီ

Leave a Reply