(၁) လက်ထပ်မှာလား
(၂) သတိပေးထားတာ
(၃) မောင့်လက်မှတ်လို့
(၄) မေ့သွားလို့
(၅) ငါအသိဆုံးပါ
(၆) နတ်မိမယ်
(၇) အရေးပေါ်
(၈) ဒီနေ့ပို့မယ့်နေရာ…
(၉) ကြိုက်တာဝယ်စားး..
(၁၀) ပလုံ

***********************************************************************
(၁) လက်ထပ်မှာလား

“မေမေ၊ သားတို့ဦးလေးကြီးကလေ ဟိုဘက်အိမ်က အန်တီလေကို
ဖက်နမ်းနေတာဗျ သိလား”
“ နေပါစေသားရယ် ၊ သူတို့က လက်ထပ်တော့မှာပဲ”
“ဒါဆို သားတို့ဖေဖေလဲ အိမ်ဖေါ်ကောင်မလေးကိုလက်ထပ်တော့မှာပေါ့နော်”

**********************************************************************
(၂) သတိပေးထားတာ

““ဟဲလို မီးသတ်ဌာနကလား ခင်ဗျာ””
“ ဟုတ်ပါတယ်ခင်ဗျာ ဘယ်မှာမီးလောင်လို့ပါလဲ”
““ဒီလိုပါခင်ဗျာ ကျွန်တော့်အိမ်ရှေ့ကခြံထဲမှာ ငရုပ်နဲ့ ခရမ်းချဉ်ပင် စိုက်ထားတာ
တော်တော်လေး အောင်မြင်နေပါတယ်၊ တစ်နေ့ရောင်းကြေးဟာ  နှစ်ရာ့ငါးဆယ်
သုံးရာ လောက်ရပါတယ်””
“ မိတ်ဆွေ ခင်ဗျားမှားနေပြီ၊ဒါက မီးသတ်ရုံဗျ ၊ စိုက်ပျိုးရေးဌာနမဟုတ်ဘူး”
““ဟုတ်ကဲ့သိပါတယ်ခင်ဗျာ ၊ အခု ကျွန်တော့်ဘေးအိမ်မှာ မီးလောင်နေပါတယ်
ခင်ဗျားတို့လာပြီးမီးသတ်ရင် ကျွန်တော့်စိုက်ခင်းက အပင်လေးတွေ နင်းမိမှာစိုးလို့ပါ။။။။။။။

***************************************************************************
(၃) မောင့်လက်မှတ်လို့

“““မောင်ရေ ကျွန်မရင်ဘတ်က ရင်ထိုးလေး ။ခါးပိုက်နှိုက်သွားပြီ ဒုက္ခပါပဲ”””
။။မင်းနှယ့်ကွာ လက်ကြီးတစ်ခုလုံးနဲ့ မင်းရင်ဘတ်လာနှိုက်တာတောင် မင်းမသိဘူးလား။။

““““ကျွန်မက မောင့်လက်  ထင်လို့ ကြည့်နေလိုက်တာ”””

***************************************************************************
(၄) မေ့သွားလို့

စိတ်လှုပ်ရှားနေသော လူငယ်စုံတွဲတစ်တွဲ စိန်ရွှေရတနာဆိုင်ထဲသို့ဝင်လာပြီး
တန်ဖိုးကြီး နားကပ်များ၊ လက်ကောက်များကို အငမ်းမရကြည့်သည်။  ပြီးနောက်…
လူငယ်သည် မိမိ အိတ်ထောင်ကို အလောတကြီးနှိုက်သည်။ ရှိသမျှအိတ်များကို
လိုက် နှိုက်သော်လည်းရှာသည့် ပစ္စည်းကိုမတွေချေ။
ထိုအခါ အမျိုးသမီးက ဆိုင်ရှင်ဘက်သို့လှည့်၍ ပြောလိုက်သည်။
““ကိစ္စမရှိပါဘူး ၊ ကျွန်မတို့နောက်တစ်ခေါက် လာခဲ့မယ် ၊ ကျွန်မအမျိုးသားက
ခြောက်လုံးပြူး ထည့်ယူလာဖို့ မေ့သွားတယ်””။။။။။။။

****************************************************************************
(၅) ငါအသိဆုံးပါ

“““ခင်ဗျားမိန်းမကို လူတစ်ယောက်နမ်းဖို့ ကြိုးစားနေတာကို
ခုနကပဲ ကျွန်တော်တွေ့လိုက်တယ်””””
။။..ဟုတ်လား ၊ သူကြိုးစားတာအောင်မြင်သွားလား။။။။
“““ဟင့် အင်း””

။။…အဲဒါဆို ကျွန်တော့်မိန်းမ မဖြစ်နိုင်ဘူး”””။။။။

******************************************************************************
(၆) နတ်မိမယ်

““မေမေ ၊ နတ်မိမယ်ဆိုတာ ဘာလဲဟင်””
“အော် နတ်မိမယ်ဆိုတာ လူနဲ့တူတဲ့ အမျိုးပေါ့ ။
ဒါပေမယ့်သူက ကောင်းကင်ထဲ ပျံတတ်တယ်ကွဲ့””။။။
““မမှန်ဘူး””
“ ဘာဖြစ်လို့လဲ”။။။

““  မနေ့က ဘေးအိမ်ခန်းက အန်တီကို ဖေဖေက တင်ပါးဆုံကိုလက်နဲ့ပုတ်ပြီး
မင်းဟာ နတ်မိမယ်ပဲလို့ ပြောတယ်၊ ဒါပေမယ်သူက မပျံတတ်ဘူးလေ””။။။။။။။။။။။။။။။။။

**************************************************************************

(၇) အရေးပေါ်

အမည်မသိသူတစ်ဦး ဆရာဝန်ထံဖုန်းဆက်သည်။
““ဒေါက်တာလုပ်ပါအုံး ၊ ကျွန်တော့် သားငယ်လေးဖောင်တိန်ကိုမြိုချလိုက်တယ်ဗျ””

““အမြန်ဆုံးလာခဲ့မယ် ။ ဒါနဲ့ အခုခင်ဗျားဘာလုပ်နေလဲ””

“““ ခဲတံနဲ့ ရေးနေတယ်လေ ””

****************************************************************************
(၈) ဒီနေ့ပို့မယ့်နေရာ…

လူတစ်ယောက်ကခြင်္သေ့တစ်ကောင်နဲ့အတူမြို့ထဲမှာလမ်းလျှောက်လာကိုရဲသားကမြင်တော့
”’ဟေးး..ခင်ဗျားအဲ့ဒီခြင်္သေ့ကိုတိရစ္ဆာန်ရုံသွားပို့သင့်တယ်…”’
”ဟုတ်ကဲ့”
နောက်ရက်မှာလည်းအဲ့လူကိုမြို့လယ်ခေါင်မှာခြင်္သေ့နဲ့အတူတွေ့ပြန်ရော…
ဒီတော့ရဲသားက
”’ဟေးလူ ခင်ဗျားကိုကျုပ်မနေ့က
ပြောတယ်လေ..အဲ့ဒီခြင်္သေ့ကိုတိရစ္ဆာန်ရုံသွားပို့ဖို့”’

”ဟုတ်ကဲ့ ပို့ခဲ့ပါတယ်.. ဒီနေ့တော့ရုပ်ရှင်ရုံလိုက်ပို့မယ်စိတ်ကူးမိလို့…”

*****************************************************************************
(၉) ကြိုက်တာဝယ်စားး..

အမေရိကန်နိုင်ငံ၌၀က်မွေးမြူသူထံသို့ တစ်နေ့သောအခါလူကြီးလူကောင်းတစ်ဦး
ရောက်ရှိလာပြီးစုံစမ်းလေသည်။
ခင်ဗျားရဲ့ဝက်တွေကိုဘယ်လိုအစာကျွေးသလဲဗျ
“ကျွန်တော့်ဝက်တွေကိုထမင်းကျန်ဟင်းကျန်တွေနဲ့ဟင်းသီးဟင်းရွက်
အပုပ်တွေရောစပ်ပြီးကျွေးပါတယ်..
ကြားရတာစိတ်မကောင်းစရာပဲ ကျွန်တော်ကကမ္ဘာ့တိရစ္ဆာန်များထိန်းသိမ်း
စောင့်ရှောက်ရေးအဖွဲ့ကအရာရှိပါ..အခုလိုကျန်းမာရေးနဲ့မညီညွှတ်တဲ့အစားအစာ
တွေကျွေးမှုအတွက်ဒဏ်ငွေရိုက်ရပါလိမ့်မယ်..”
ဒဏ်ငွေဆောင်ပြီး၃လခန့်ကြာပြန်သော်နောက်ထပ်လူကြီးလူကောင်းတစ်ယောက်
လာပြီးစုံစမ်းပြန်သည်။
ခင်ဗျားဝက်တွေကိုဘယ်လိုအစာကျွေးသလဲဗျ
ဟုတ်ကဲ့..ပေါင်မုန့်ပူတင်း..ဒိန်ခဲ..အာလူး..ကြက်ပေါင်းနဲ့ဗိုက်တာမင်အားဆေးတွေ
ရောစပ်ပြီးကျွေးပါတယ်…
အားပါး..အံ့သြစရာပဲ..ကျွန်တော်ကကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကအရာရှိပါ..ကမ္ဘာကြီးရဲ့
လူဦးရေလေးပုံတစ်ပုံလောက်နှစ်စဉ်အငတ်ဘေးကြုံနေတာတောင်ကိုမှခင်ဗျားကခြိုးခြံမှု
မရှိဘဲဖြုန်းတီးပစ်နေတာ အဲ့ဒီအတွက်ခင်ဗျားကိုဒေါ်လာတစ်ထောင်ဒဏ်ငွေရိုက်ပါတယ်..
ဒဏ်ငွေဆောင်ပြီးများမကြာမီ နောက်တစ်ဦးလာပြန်လေသည်။
ခင်ဗျားဝက်တွေကိုဘယ်လိုအစာတွေကျွေးပါသလဲခင်ဗျာ

တစ်ကောင်ကိုတစ်ဒေါ်လာစီပေးပြီး ကြိုက်တာဝယ်စားလို့ပြောလိုက်တယ်..

***************************************************************************
(၁၀) ပလုံ

ဒေါ်ထိပ်ထားခင်က စည်းကမ်းသိပ်ကြီးတယ်..
ညစာစားဖို့စားပွဲထိုင်ပြီးကြပြီဆိုတာနဲ့ဘာစကားမှမပြောရဘူး..
တစ်ရက်မှာညစာစားဖို့စားပွဲထိုင်နေကြတုန်း
ရေးကြီးသုတ်ပြာနဲ့သားကြီးရောက်လာတယ်..ပြီးတော့…..
”’အမေ”’
”စကားမပြောရဘူးဆိုတာမသိဘူးလား.. ဟိုဘက်မှာထိုင်ပါ..”
”’ဟို..ကျွန်တော်..”’
”ပြောစရာရှိရင်စားပြီးမှပြောလို့ပြောထားတယ်လေ..”
ဒီလိုနဲ့ထမင်းစားပြီးကြတော့
”ကဲပြောဘာလဲ”
”’ညီမလေးရေတွင်းထဲကျသွားလို့…”’

****************************************************************************

About “ဘီလူးကြီး”ogre

has written 202 post in this Website..

စားချင်တာစား..ဦးနှောက်တော့လာမစားနဲ့ www.ogre08.blogspot.com