နွေးထွေးသောအစိမ်းရောင်

manawphyulayMay 7, 20101min864

ဝန်းကျင်သစ်တစ်ခု
အစပြုခဲ့
ဟိုနေရာစိမ်းစိမ်း
ဒီနေရာစိမ်းစိမ်း
အားလုံးဟာစိမ်းစိမ်း
ရောက်နေတဲ့အခန်းနံရံကလည်း စိမ်းစိမ်း
ဝန်းကျင်ရဲ့နွေးထွေးပျူငှာတဲ့
လက်ကမ်းကြိုဆိုမှုတွေအကြား
ခုချိန်ထိ နေသားတကျ မရှိခဲ့
ကိုယ့်အတွက်တော့
အရာအားလုံးဟာ
ခပ်စိမ်းစိမ်း

4 comments

  • kopauk mandalay

    May 8, 2010 at 12:50 am

    သူငယ်ချင်းရောက်နေတဲ.စိမ်းစိမ်းလေးက
    နိုင်ငံခြားဆေးရုံထဲက အခန်လေးသာဖြစ်ခဲ.ရင်
    သူငယ်ချင်းအိတ်ထောင်ထဲက အစိမ်းတွေလဲ
    ခုန်ထွက်သွားမှာသေချာတယ်။

  • susunosuki

    May 12, 2010 at 9:13 am

    စိမ်းတယ်ဆိုတာ တောတွေအတွက်တော့ကောင်းတယ်
    ပေါင်းသင်းဆက်ဆံရေးအတွက်တော့ မကောင်းဘူး

  • manawphyulay

    May 12, 2010 at 9:32 am

    ဝန်းကျင်ရဲ့နွေးထွေးပျူငှာတဲ့
    လက်ကမ်းကြိုဆိုမှုတွေအကြား ဆိုတဲ့အပိုဒ်က
    ပေါင်းသင်းဆက်ဆံရေးကို ဆိုလိုထားခြင်းဖြစ်ပါတယ်ရှင်

Leave a Reply