Maesai ကအလောင်းမင်းတရား ဦးအောင်ဇေယျ တည်ခဲ့တဲ့ ဘုရား

shwe niJuly 28, 20111min20011

 

 

ဒါကတော့အလောင်းမင်းတရား ဦးအောင်ဇေယျ တည်ခဲ့တဲ့ ဘုရား ( ထိုင်းတွေကအပေါ်ငုံ ပီးဖုံးထားလိုက်ပါပီ)
မန်မာဘက် ခြမ်းက လောင်းကစားရုံ
ဒါကတော့အလောင်းမင်းတရား ဦးအောင်ဇေယျ တို့ တိုက်ပွဲ ပန်းချီ

 

ရွှေတြိဂံ

Laos ဘက်မှာတော့ ဘရမ်း စီးကရက် အရက် ဝတ်အထည်အတုတွေရှိတယ်  ထိုင်းဘက် ခြမ်းက တော့ ဘုရားမျိုးစုံရှိတယ်

11 comments

  • manawphyulay

    July 28, 2011 at 1:29 pm

    ထိုင်းဘက်ကို တစ်ခါမှမရောက်ဖူးလို့… အဲဒီဘက်က ထူးခြားတာတို့ ထူးဆန်းတာတို့ နောက် နယ်မြေတွေကိုလည်း တင်ပေးစေလိုပါတယ်။

  • MOEPWINTPHYU

    July 28, 2011 at 2:00 pm

    တစ်ခါမှမကြားဖူးမမြင်ဘူးတာတွေအတွက်ကျေးဇူးပါ

  • kai

    July 28, 2011 at 3:47 pm

    မြေပုံလေးကြည့်ရတော့.. အဲဒီနယ်မှာ.. နိုင်ငံသုံးနိုင်ငံဆုံတဲ့.. ရွေတြိဂံက… ၂နေရာတောင်ရှိတာပဲ..။
    သိချင်တာလေးက.. ဦးအောင်ဇေယျကို.. ထိုင်းလူမျိုးတွေ ကိုးကွယ်တာမျိုးရှိတယ်ကြားဖူးတယ်..။
    အဲဒါ..တကယ်ဟုတ်မဟုတ်လေး…အားရင်ပြောပြပါဦး..။

    တချို့ထိုင်းမတွေ..ခါးမှချိပ်ထား..လယ်ပင်းမှာဆွဲထားတဲ့ အဆောင်လက်ဖွဲ ့လေးအကြောင်းလဲ..ဆက်စပ်နေရင် ပြောပြပါဥိး..။

  • windtalker

    July 28, 2011 at 7:04 pm

    အရပ်စကား အရ ယိုးဒယား နယ်စပ် မှာ ဦးအောင်ဇေယျ ရုပ်တု ရှိတဲ့ ရွာလေး တစ်ရွာ ရှိတယ် တဲ့..။ ရွာထဲက ရွာသူရွာသား များ အပြင်းအထန် ဖျားနာခဲ့ပြီ ဆိုရင် ဦးအောင်ဇေယျ ရုပ်တု က တစ်စုံတစ်ခု ကို သွားကိုင်မှ ပျောက်ကင်း ချမ်းသာရာ ရပါသတဲ့ ။ အရပ်စကား ကို ဝင်ပြောပြ ကြည့်တာပါနော် ။

  • ဆူး

    July 28, 2011 at 10:20 pm

    ထိုင်းမတွေ ခါးချိတ်တာတော့ သေချာ မသိဘူး.. ထိုင်းမှာ တက္ကစီ စီးရင် ကားတိုင်းရဲ့ ခေါင်မိုးမှာ ထုံးနဲ့ အင်းဆွဲထားတာ ရှိတယ်။ မကောင်းဆိုးဝါး မကပ်အောင်လား ဒါမှ မဟုတ် ဝင်ငွေ ကောင်းအောင်လား အစောင့်ချတဲ့ သဘောနဲ့ လုပ်ထားတာလားတော့ မသိဘူး။

  • ရွှေဘိုသား

    July 29, 2011 at 9:39 am

    ကျေးဇူးပါဗျာ ဒီလိုလေးတင်ပေးလို.
    ကျနော်ရွှေဘိုသား လည်းမသိဘူးဗျ အခုမှသိတယ်ကျေးဇူးပဲနော်

    မမ မိုးပွင်.ဖြူ လည်းရွှေဘိုသူဆို ပို.စ်လေးဘာလေး တင်အုံးလေဗျာ
    သူများကိုပဲ စွတ်မမန်းနဲ. ခဗျရေးတဲ.ပို.စ်ကိုလည်း မန်းချင်လို.ပါ

  • pan pan

    July 29, 2011 at 10:05 am

    ရွှေတြိဂံတော့ ရောက်ဖူးချင်လိုက်တာ……
    သုံးနိုင်ငံဆုံတဲ့နေရာမို့ ရွှေတြိဂံလို့ခေါ်တာ ခုမှသိတော့တယ်
    အစက နာမည်ဒီတိုင်းမှည့်တယ်ထင်တာ
    အလောင်းမင်းတရားကို ထိုင်းဘက်က ကိုးကွယ်တယ်ဆိုတော့ ကျေနပ်အားရစရာကြီးပဲ
    မြန်မာနိုင်ငံက ရှေးခေတ်သူရဲကောင်းကြီးဆိုတော့…
    ဒီမှာတော့ ခုများကျတော့လည်း သူများကိုးကွယ်နေရသလားလို့

  • shwe ni

    July 29, 2011 at 2:35 pm

    သဂျီးမေးထားတာ ကို ကျမသိတ်မသိပါဘူး History ထဲမှာ အယုဓယ က အလောင်းမင်းတရာ ခေါတ်မှာ ကျရှုံးတာ မဟုတ်ပေမဲ အလောင်းမင်းတရား ကတော့ အယုဓယ ကိုသိမ်း ထိုင်းကို ဖျက်စီး တဲ့ မြန်မာ ဘုရင်တပါး လို့သတ်မှတ်ကျတာ
    ပြောလို့တော့ မရဘူး သူတို့ ကိုးကွယ်တဲ့ အထဲမှာ Myanmar ဗေဒင် ဆရာမတ ယောက် လဲရှိတယ် အဲဆရာမ က အရမ်းချမ်းသာပီး မှာ အလှူကြီးပြန်ပေး လို့ Myanmar မှာတောင် ဘွဲ့ထူးတွေရပီးပါပြီ
    – အဆောင်တွေ က ဘုန်းကြီးတွေ ပရိတ်ကြိုးတွေ စီမံထားတဲ့ အင်းတွေ ရုတ်ထုလေးတွေ အစုံပါပဲ
    – ထိုင်းတွေက ဘုရား ကလွဲပီး တန်ခိုးထတ်တာမှန်သမျကိုးကွယ်ပါတယ် ဘုရားက သေပီးတာကြာပြီ လိုပြောကြတယ် .
    ဆွမ်းကပ် ပန်းရေ ချမ်း ကပ်တာ ကအစ ရှိလဲမရှိတောဘဲ အပိုအယ် လုပ်တွေလိုထင်ကျတာ ( ရုဝထ ု္ထ မကိုးကွယ်တိုင်း လဲ ဘုရား က ရင်ထဲမှာမရှိကျပါဘူး ) သာမှန် တန်ခိုးမထက်ဘူး လို့ ထင်တဲ ဘုရား ရုပ်ထုတွေက လူနေ ခန်းတွေမှာ အလှအပ တန်စာဆင် ထားတာများနေတယ်
    – နတ် တို့အောက်လန်း တို့ ကိုတော့ အရမ်း ယုံကြည် ပါတယ် ။ University တိုင်းမှာ နတ်ကွန်းလေး တွေနဲ့ exam နီးရင် အလှူတွေအပြည်
    – ထိုင်းကိုးကွယ်တဲ့အထဲမှာ ဘုရင့်နောင်မင်းတရားကြီး လဲပါတယ် သူတို့ကိုမေးကြည့်တော့ တိုက်ပွဲတိုင်းနိုင်ခဲ့လို ပြောပါတယ် ဒါအပြင် ထိုင်းဘုရင် နဒီဆူဝမ် ကိုသားအဖြစ် မွှေးစားခဲ့ တာလဲပါမယ်နဲ့တူပါတယ်
    – Myanmar ကိုတော့ ကြောက်တုန်းပဲနဲ့ တူတယ် Maesai မှာ ကင်းရုပ် ကြီးရှိပါတယ် Myanmar အလွယ်တကူဝင်မတိုက်နိုင်အောင်စီမံထားတာလို့ ပြောကျတယ်

    • ဆူး

      July 29, 2011 at 5:05 pm

      အယုဓယ သွားတုန်းက ထိုင်း ဂိုက်မ ကို တော်တော် အမြင်ကတ်တယ်။ မြန်မာ မကောင်းကြောင်းတွေကြီးပဲ.. အခုနေများ မြန်မာ မြင်ရင် ထ ပြီး ဂလဲ့စားချေ ချင်တဲ့ ပုံနဲ့ ပြောနေတာ.. 🙁 မုန်းစရာကြီး

  • researcher

    July 29, 2011 at 3:07 pm

    ကော့သောင်း ဂွတ်ဟုတ်အငူနားက ကုန်းပေါ်မှာ မှာ မြန်မာဘုရင်ရဲ့ ရုပ်တု အမှတ်တရတည်မယ်လုပ်တော့ ပထမ အလောင်းဘုရားရုပ်တုကို စဉ်းစားကြပါတယ်။ နောက်တော့ အလောင်းဘုရား ရုပ်တုတည်ရင် ထိုင်း-မြန်မာ ချစ်ကြည်ရေး ပြဿနာတက်နိုင်တယ် ဆိုပြီး ဘုရင့်နောင် ရုပ်တုကိုပဲ တည်လိုက်ပါတယ်။ ထိုင်းတွေက ဘုရင့်နောင်ကို သူတို့ ဘုရင်လို့အသိအမှတ်ပြု ချစ်ကြပါတယ်။

Leave a Reply