ဒီဆိုင်တွေမှာစားပြီးရင်းကို စားချင်တယ် ။

ဒီဆိုင်တွေမှာ စားပြီးရင်းကို စားချင်တယ် ။

အရမ်းကောင်းတယ် ၊ အရမ်းကြိုက်တယ် ၊ စားပြီးရင်းကို စားချင်တယ် ။

1. Oriental House က ပုဇွန်နိုင်လွန် Dim Sum.

2. ငွေဆောင် Emerald Sea Hotel က အုန်းသီးကြာဇံ ။

3. ခခကြီး (ပုသိမ်)က ငါးပိထောင်းနဲ့ ပုဇွန်ဆီပြန် ။

4. ဇော် (ကမာရွတ် ဘူတာရုံလမ်း) ကကော်ရည်ခေါက်ဆွဲနဲ့ ငါးပိထောင်း။

5. မြတ်မန္တာထွန်း ကားဂိတ် (မန္တလေး) ရှေ့ က လှည်းနဲ့ရောင်းတဲ့ သဘောင်္သီးသုပ် ။

6. ချင်းလန် (လသာ) က မြေအိုးမြီးရှည်။

7. မြောက်ဥက္ကလာ ဆေးရုံလမ်းက မန္တလေး မြီးရှည်။

8. ရွှေတောင်တန်း Parisian ကကိုးရီးယား ပဲခေါက်ဆွဲ နဲ့ ချောကလက်။

9. ရွှေတောင်တန်းလမ်း QQ က ရှောက်ချိုသီး ပျားကြက်ဥ နဲ့ ဒူးရင်းသီး မစ်ရှိတ်။

10. Moon Bakery က ပြည်ကြီးငါးချဉ်စပ်ထမင်းနဲ့ မလေးရှားမြေအိုးထမင်း။

11. ရွှေဂုံတိုင် Excel က JUMBO က EFU ခေါက်ဆွဲ။

12. KLCC က စပျစ်သီးဖျော်ရည်။

13. JUNCTION ZAWANA က သီးစုံသနပ်။

14. Capital Mart က ကြက်ကြော်နဲ့ ဆော်ဒါ။

15. M-3 က သကြားကပ်တို ့ ဟူးနဲ့ ဝက်စတူး။

16. ရန်ကင်း သဘာဝ က တုံယမ်းဟင်းချို။

17. Cafe Utopia က ပြည်လုံးချမ်းသာဟင်း။

18. ၃၁ လမ်း Excellent က ဟမ်ဘာဂါ။

19. SS က အဏ္ဏဝါအသားစုံဟင်း။

20. ရွှေပန်ဆိုင်းက ဘဲခြေထောက်သုပ် နဲ့ ကြက်ပေါင်း။

21. Lucky Seven က နို့ စိမ်းခေါက်ဆွဲ။

22. ရွှေနယ်စပ်က လားရှိုး ခုနှစ်လွှာပေါက်စီ။

23. ရသာ (လှည်းတန်း) က ကြေးအိုး။

24. လှည်းတန်း ဦးထွန်းလင်း ခြံလမ်းက ယိုးဒယား သဘောင်္သီးထောင်း နဲ့ ကြာဇံချက်။

25. မေဟွားက ငါးခြင်္သေ့။

26. Happy Noddle က ပုန်းရည်ကြီး Spaghetti.နဲ့ ငါးပုပ်ခြောက် ထမင်းကြော်။

27. စမ်းချောင်း ပဒုမ္မာကွင်း La Belle ရှေ ့ က ဝက်သားတုတ်ထိုး။

28. မြေနီကုန်းက အညာသား ထမင်းပေါင်း။

29. Pucci Cake က ပူတင်း။

30. Season က American Cheese Cake.

31. မင်းလမ်း မုန့်တီဆိုင်က လှော်စာ နဲ့ ကင်းပုဇွန်မီးဖုတ်။

32. မင်းလမ်း က ဝက်ခေါင်းသုပ်။

33. တာမွေ ရွှေညောင်ပင် က ကြက်သားသုပ်။

34. ရန်ကင်း ယွန်းက ဒိန်ချဉ်။

35. ရန်ကင်း ၁၂ လုံးတန်းက ထောပတ်သီး ဖျော်ရည်။

36. ပုသိမ် (ကွမ်းခြံဈေးထိပ်) က အသုပ်စုံ ။

37. ပုသိမ် ရွှေမြင်းပျံ ဟာလဝါခြောက်။

38. ပုဂံက ပုန်းရည်ကြီး အချဉ် (တောင်သူလယ်သမား ) နဲ့ ပဲနှပ်။

39. ရွှေမြို့တော် ချစ်တီးထမင်းဆိုင်က ဆိတ်သားပလာတာ။

40. လက်ရွေးစင် ကော်ဖီက တိုရှည်နဲ့ နို့လက်ဖက်ရည်။

41. ဒဂုံတက္ကသိုလ် ဖယ်ရီကန်တင်းက မြိတ်ကတ်ကြေးကိုက်။

42. သိမ်ကြီးဈေး အောက် ၂၄ လမ်းထိပ်က ကော်ပြန့်စိမ်း။

43. ရန်ကင်းပန်းခြံကြေးအိုးဆိုင် က ကြက်တောင်ပံကင်။

44. ၂ရ လမ်း ကြေးအိုးဘုရင်က ကြေးအိုးဆီချက်။

45. စံပြရုပ်ရှင်ရုံရှေ့ က မာလာဟင်း။

46. လှည်းတန်း နယူးဝင်းက ကန်စွန်းပလိန်း။

47. ၁ရ လမ်းထိပ်က ဆေးကုလားမ နဲ့ ဝက်သားကောက်ညှင်းထုပ်။

48. ၁၈ လမ်းက ဖက်ထုပ်ကြော်။

49. စဉ့်အိုးတန်းထိပ်က ပဲပြားအချို။

50. တောင်ဒဂုံ ၂ဝ ကုန်တိုက်ရှေ့ က ဘူးသီးကြော်။

51. အောင်နန်းတော် (ဖျာပုံ) က ပုဇွန်တန်ပူရာနဲ့ mayonnaise.

52. မြေနီကုန်း ရွှေဇုန်က ပြောင်ဖူးမီးဖုတ်သုပ်။

53. မြေနီကုန်း ရွှေရည်က မုန့်စိမ်းပေါင်း။

54. ယုဇန ပလာဇာရှေ့က ငါးဖယ်အစာသွပ်။

55. J’ Donuts က ချောကလက် ရေခဲမုန့်။

56. KYK က Fruit Cocktail.

57. Millions Coin က ချဉ်စပ်ကြေးအိုး။

58. Emerald Sea (ငွေဆောင်) က ဂဏာန်းကော်ရည်။

59. ၂ရ လမ်းထပ်က ပန်းသေးခေါက်ဆွဲ။

60. မော်လမြိုင် ဈေးချိုက ဘဲလျာသုပ်နဲ့ မျော့နံကပ်ကြော်။

ချစ်သောသူလေးနဲ ့သွားစားဘို ့ရည်ရွယ်တာဘဲလေ..နောက်ထပ်ဘာရှိသေးလည်း
သူငယ်ချင်းတို ့နဲ ့လည်းတူတူသွားစားမယ်ကွာ………ပိုက်ဆံတောစုထားနော်
ကိုထွေးကစားဖို ့ဆိုင်တွေ ရွေးပေးထားတာပါဘဲ..ဒါပေမယ့်…….ခုတော့လည်း

တစ်ယောက်ထဲ စားချင်ရာဆိုင်သွားစားတော့မယ်
ရွှေအိမ်စည်

39 comments

  • mzm

    July 28, 2011 at 3:22 pm

    ငရုတ်သီးသုပ်ကောမစားချင်ဘူးလား ဂဏန်းမျက်စိပေါင်း ဂဏန်းတင်ပါးဆုံဟင်းချို
    ဖားပြုပ်နားရွက်ကင် တွေကောစားချင်ဘူးလားလို့

  • shweaeimsi

    July 28, 2011 at 3:32 pm

    စားဘူးတယ်ဆိုရင်..ဆိုင်နံမည်..နေရပ်…

    မီးလိုတိတိကျကျစုပါ…..

    သမီးကတော့..ဒီလို ..ဘဲ ကော်စားလိုက်မှာဘဲ

  • နိုင်ကြီး

    July 28, 2011 at 3:34 pm

    MRTV 4 က သွားမယ် စားမယ် မှာသွားလုပ်ပါလား အလကား အဝ အပြဲစားရမယ်လေ

  • lusoegyikoko

    July 28, 2011 at 3:43 pm

    အကုန်စားဖူးတယ် အမလေးလေး တော်တော်ဝနေမှာပဲနော်။

  • Shwe Tike Soe

    July 28, 2011 at 4:53 pm

    ပို.စ်တင်တဲ့သူ လိုက်ကျွေးရင် ပိုကောင်းမယ်.. ဟိဟိ
    တော်ကြာ ဆိုင်မှားမှာစိုးလို.ပါ………

    • shweaeimsi

      July 28, 2011 at 9:55 pm

      တိန်)))))))))))))))

      အဲ လေယာဉ်နဲ ့မှာလာမယ်..တူများကရန်ကုန်မှာနေတာ….
      ဝယ်ကြွေးမယ်နော်…

  • pan pan

    July 28, 2011 at 4:57 pm

    ရောက်တဲ့နေရာက တွေ့သမျှဆိုင်တွေမှာ လှည့်လည်စားသောက် စာရင်းပြုစုထားတာပါလား
    တော်လိုက်တာနော်

    • shweaeimsi

      July 28, 2011 at 9:48 pm

      အစားကောင်းစားရရင်မိတ်ဆွေကောင်းတွေ ကိုသတိယတတ်တယ်လေ….

      ဒါကြောင့်သေချာအောင်စာရင်းပြုစုတာ…တို ့သူငယ်ချင်းတွေ က…အတိအကျမှရတယ်…

  • thit min

    July 28, 2011 at 5:49 pm

    Thanks a lot SHWE SHWE. When I go back MM, I will go and eat as possible as I can.

  • windtalker

    July 28, 2011 at 7:52 pm

    မနက်ပိုင်း ဆို အရီးထော် ရဲ ့ငချိတ်ပေါင်း နဲ ့ပဲပြုတ်
    ဒါမှ မဟုတ် ခိုတောင်မုန် ့တီ တစ်ပွဲ ၂၀ဝကျပ် တန်စပ်စပ်ကလေး
    လဘက်ရည် က တော့ အစိုးရ ရုံးတွေနား မှာ ဖွင့်တဲ့ဆိုင် မှာ သောက်တယ် ( ၅ဝကျပ်သက်သာတယ် )
    နေ ့လည်စာ က တော့ ဟင်းထမင်း ပုံစား ၅၀ဝ ကျပ် ၊ အဝစား ၅၀ဝ ကျပ် ပဲ
    ကုလားကြီး မွတ်တား ရဲ ့ဗယာကြော်သုပ် ကောင်းတယ်
    ညစာ ကတော့ နေ ့လည် အတိုင်းပဲ

    • shweaeimsi

      July 28, 2011 at 9:52 pm

      အင်း…တိပါတယ်…
      အဲ ့ဒါတွေ ဘဲစားရတယ်ဟုတ်လား..တနားလိုက်တာ..

  • nature

    July 28, 2011 at 8:36 pm

    oriental house က ဝက်သားပေါင်း၊ ဝက်ကော်ပြန့်ကျော်၊ ရွေတိဂုံဘုရားလမ်း wounderful က ဝက်သားသံပူပြား၊ လမ်း ၂ဝ က ကိုကျစ်ကုတ် ဝက်ပေါင်ခြောက်နဲ့ ဝက်အူချောင်း(အစိမ်း) ၊ စဉ့်အိုးတန်းလမ်းက လွန်းစိန်ပေါက်စီ၊ ၁၈လမ်းထိပ်က ရွှေငါးဘဲကင်၊ လသာလမ်းက ချယ်ရီမန်း ကြက်ကင်။

  • nature

    July 28, 2011 at 8:37 pm

    oriental house က ဝက်သားပေါင်း၊ ဝက်ကော်ပြန့်ကျော်၊ ရွေတိဂုံဘုရားလမ်း wounderful က ဝက်သားသံပူပြား၊ လမ်း ၂ဝ က ကိုကျစ်ကုတ် ဝက်ပေါင်ခြောက်နဲ့ ဝက်အူချောင်း(အစိမ်း) ၊ စဉ့်အိုးတန်းလမ်းက လွန်းစိန်ပေါက်စီ၊ ၁၈လမ်းထိပ်က ရွှေငါးဘဲကင်၊ လသာလမ်းက ချယ်ရီမန်း ကြက်ကင်။ မောင်ခိုင်လမ်းက ရွှေဗလီဒိန်ချဉ်၊

  • nature

    July 28, 2011 at 8:40 pm

    မောင်ထော်လေးလမ်းက ရွှေဗလီဒိန်ချဉ်

  • ဆူး

    July 28, 2011 at 8:43 pm

    စိတ်မကောင်းစရာ ဆူး ဆိုင် နာမည် ပါမလာဘူး။
    ဆူး ဆိုင်မှာ ပဒိုင်းသီး ဖျော်ရည် နာမည်ကြီးတယ်လေ။ ရွာထဲမှာ ကြေညာပေးရင် ပထဆုံး အကြိမ် တခွက်တော့ ဖရီးပါဆယ် ပေးမယ်။ အိမ်ရောက်မှ အေးဆေး သောက်ပေါ့။ take away ဆိုင် ဖြစ်နေလို့နော်..
    ဆိုင်မှာ လာအားပေးပြီးတော့ နောက်တခါ ဆူး ဆိုင်နာမည်လေး ရွာထဲမှာ ကြေညာပေးနော်.. ကပ်စတန်မာ များများ ရအောင်.. ဟဲဟဲ..

    • shweaeimsi

      July 28, 2011 at 9:54 pm

      အဲ..မကြေငြာပေးဘူး….

      ကြည့်ဒါဆို..ဆူးကအပျိုကြီးမမဘဲဖြစ်ရမယ်….
      မကြင်နာတတ်ဘူး..ဟိဟိ

  • kai

    July 29, 2011 at 12:40 am

    @shweaeimsi
    အခုစာရင်းမှာ… ဈေးနှုန်းလေးတွေပါ(မှတ်မိသလောက်အကြမ်း).. သေချာမမှတ်မိလည်း.. ဥပမာ.. ဂဏန်း၂လုံးစာ ကျပ်ငွေကုန်မယ်ဆိုရင်..KK ၃လုံးစာဆို.. KKK ဆိုပြီးရေးပေးပါလား…။
    စားစရာတွေကိုလည်း.. မနက်စာ၊ ညစာ၊ အစာပြေ၊ စနက်ပ် စသဖြင့် အုပ်စုလေးတွေလုပ်ပေးပါခင်ဗျား..

    ပြီးရင်.. editor@myanmargazette.net ကိုပို့ပေးပါနော..။
    သတင်းစာထဲ.. “ရန်ကုန်ရောက်ရင်..” ဆိုပြီးထည့်ချင်မလို့..။
    ပြည်ပရောက်မြန်မာတွေ.. ရန်ကုန်ပြန်ရင် အသုံးတည့်ဖို့အတွက်ပေါ့…။

    ပွိုင့် ၅၀၀ဝ နဲ့ဝယ်ပါမယ်နော…။
    တခြားရွာသားတွေလည်း.. သိတာလေးတွေဖြည့်ကြပါဦး..။

    • ရွှေအိမ်စည်

      July 29, 2011 at 3:56 pm

      ပို ့လိုက်ပါပြီသူကြီး..
      မော်လမြိုင်ကဈေးကတော့ဖုံးဆက်ပြီးမေးလိုက်တာလေ….သူငယ်ချင်းတွေ ကသိတယ်(ငတ်တတ်တယ်ဆိုတာ………..ကျနော်ပါ)

      • kai

        July 30, 2011 at 6:01 am

        စာအတွက်ကျေးဇူးနော..။
        ပွိုင့်လည်း ၅၀၀ဝ တိုးပေးထားလိုက်တယ်…
        “ရွေအိမ်စည်” ကို ကလောင်အမည်အဖြစ်နဲ့ ယူသုံးလိုက်ပါမယ်..။

  • ကြောင်ကြီး

    July 29, 2011 at 8:27 am

    လမ်းထိပ်က ပဲပလာတာ၊ ကျောင်းရှေ့က အသုပ်စုံ၊ ဈေးထဲက မုန့်ဟင်းခါး၊ ကုက္ကိုပင်ကြီးအောက်က မုန့်လက်ဆောင်းသည်၊ အိမ်နားက ရှမ်းထမင်းချဉ် တို့လည်းကောင်းပါ၏…။

  • နွယ်ပင်

    July 29, 2011 at 9:20 am

    ရန်ကင်း ချမ်းမြေ့အောင်ဆိုင်က အဏဝါအနှစ်ဟင်းရယ် ဝက်ဂုတ်သားသုပ်ရယ် တုံယမ်းဟင်းရယ်
    အဲတာလဲကောင်းတယ် …

  • PMP

    July 29, 2011 at 10:01 am

    ခရစ်လမ်း..(ရေကျော်လမ်း) ဆူရှီဆိုင်က ပုဇွန်ကျော်၊ ဦးရေခဲလမ်း(အင်းစိန်) က ညဘက်မှရောင်းသောမုန့်ဟင်းခါး၊ မင်းလမ်းရခိုင်မုန့်တီဆိုင်မှ ဂုံးယောင်မကင်…အမလေး…ကိုယ်ဘာသာရေးရင်း သရေကျချင်လာပြီ…shaloop..

  • manawphyulay

    July 29, 2011 at 10:29 am

    အကုန် စားတယ်ဆိုရင်တော့ ဘောစိပဲဖြစ်မယ်။ မကျွေးပဲနဲ့ အဲလိုမပြောပါနဲ့ရှင်။ မစားနိုင်တဲ့သူတွေအတွက် မကောင်းဘူး အဟိ။ အရင်ကလည်း တင်ပေးဖူးသလိုပဲနော်။

    • ရွှေအိမ်စည်

      July 29, 2011 at 2:58 pm

      မနှစ်ကတော့
      http://forverfriends.ning.com/profiles/blogs/2863689:BlogPost:1311670`
      ဩဂုတ်လ19.2010 ကိုထွေးကလောင်အမည်နဲ ့တင်ဘူးတယ်လေ..။
      ဧဒင်မှာတင်မတင်မမှတ်မိတော့ဘူးး…..နာကလည်းဧဒင်ဥယျာဉ်ကကလေးအဖွဲ ့မှာတင်တယ်ကလေးတွေ နဲ ့ပေါင်းပြီ..ပျက်ဆီးစပြုနေတာပေါ့..အရင်ကပါ

  • weiwei

    July 29, 2011 at 11:51 am

    ဖတ်ရင်းနဲ့စားချင်လာပြီ … ကူးထားလိုက်တယ်နော် … ကျေးဇူးပဲ …
    မနောရေ … အရင်တစ်ခါတုန်းက မမလေး တင်ပေးတာလေ ….
    မမလေးနဲ့ ရွှေအိမ်စည်နဲ့တင်တာချင်း မတူပါဘူး … တမျိုးစီပေါ့ …

    • Foreign Resident

      July 29, 2011 at 12:58 pm

      Ma Wei Wei,
      အရင်တစ်ခါတုန်းက မမလေး တင်ပေးတာလေ
      Can you show/guide me which post ?

        • Foreign Resident

          July 30, 2011 at 5:47 am

          Thanks Ma Wei Wei,
          ကိုဖောရိန်းက ထိပ်ဆုံးကမန်းထားပြီး မေ့နေတာလား …
          Everybody will realize I love food 😛

          Now, I start collecting the list of foods.
          I plan to eat them during my return to Myanmar. 🙂

  • weiwei

    July 29, 2011 at 11:54 am

    77Cakes ဆိုင်က cheesecake ကောင်းတယ် ..
    အဝိုင်းကြီးတစ်ဝိုင်းကို ၅၀၀ဝ ကျပ် …
    ၁ဝ ယောက်လောက် စားလို့ရတယ် ….

    • ရွှေအိမ်စည်

      July 29, 2011 at 3:05 pm

      အွန်..တိုတော့ဝမှာကြောက်လို ့တစ်တုံးဘဲဝယ်စားဘူးတယ်….ဟိဟိ(ဈေး……………)

  • moonpoem

    July 29, 2011 at 1:27 pm

    77 ကိတ်ရယ် J Donut ရယ်စားချင်တယ် ။ ဥပုသ်နေ့မှာ ဒီပို့စ်ဖတ်မိတာ မဟုတ်လို ့တော်သေးတယ်ရှလွတ်ရှလွတ်

  • လင်းဝေကျော်

    July 29, 2011 at 2:05 pm

    လှည်းတန်း နယူဝင်း ဘီယာဆိုင်မှာ ကန်ဇွန်းပလိန်း သွားမြည်းလာတာကိုး
    နေရာတွေတော်တော်စုံသားပဲ။
    ဒဂုံတက္ကသိုလ်လည်းပါတယ်။ ၂၄လမ်းလည်းပါတယ်။ ရန်ကင်းလည်းပါတယ်။
    ပုသိမ်နဲ့ မော်လမြိုင်အပြင် မန္တလေးပါ ပါလိုက်သေးရဲ့။

  • ရွှေအိမ်စည်

    July 29, 2011 at 3:54 pm

    လှည်းတန်းက…အဲ..နင်ကလည်းဟာ…
    ဒဂုံတက္ကသိုလ်က..အဲ ့ဒိလှည်းတန်းဆိုင်ကနည်းတော့…..ဒဂုံတက္ကသိုလ်ဘေးမှာ..ကန်စွန်းခင်းတွေ
    အများကြီးဘဲပြောလို ့မယုံလို ့..သွားကြည့်ရင်…
    ရန်ကင်းတို ့24လမ်းလောက်ကတော့….ရန်ကုန်သားပါကွ..

    ပုသိမ်ကတော့..နင်သိပါတယ်…ချောင်းသာ၊ငွေဆောင်..ဖဲရိုက်ချင်တိုင်း..သွားနေကြလေ
    မော်လမြိုင်ကတော့..ငါကလောင်အမည်တခုက..မွန်ပျိုချောဖြစ်နေတာကို…
    ဒါကြောင့်မွန်ပြည်နယ်ကသွားကိုသွားရမှာ….ဒါလည်းကြံတုံးဘဲဟ….
    မန္တလေးကတော့..ငါကအညာဒေသကိုချစ်တယ်လေ…ဟီးတေချာအောင်ပါ
    အညာချစ်သူများအဖွဲ ့တောင်ဧဒင်ဥယျာဉ်မှာလုပ်ထားသေးတယ်…..
    ငါအညာနဲ ့ပါတ်သတ်တဲ ့စာတွေ ဖတ်ချင်ရင်တင်ပေးအုံးမှာ……….

  • windtalker

    July 29, 2011 at 7:17 pm

    မွတ်တားရွှေဆိုင် က ရွှေ ၅ ကျပ်သားဟန်းချိန်း သွားဝယ်မလို ့
    ခရက်ဒစ်ကတ်ဒ် ထုတ်ပေးလိုက်တာ
    လက်မခံ လို ့ပြန်လာခဲ့ရတာ
    ဒါနဲ ့စိတ်ပေါက်ပေါက် နဲ ့သူ ့ဆိုင် ရှေ ့က
    မူစကီ ကို အာမွှေးများများ နဲ ့ဝါးလာခဲ့တယ်

    • ရွှေအိမ်စည်

      July 29, 2011 at 10:13 pm

      ဟယ်ခုမှဖတ်မိတယ်ကြည့်စမ်း…..

      အင်းဟုတ်တယ်ဟုတ်တယ်..
      …အဲ ့ဒါဝတ်ထားရင်နွေရာသီအတွက်ကောင်းတယ်ဆိုဘဲ…….
      တော်ပြီလား၅ကျပ်သား….
      ဘုရားဈေးကြဝယ်ပေးမယ်…

  • ဆူး

    July 29, 2011 at 8:49 pm

    ရွှေဂုံတိုင်က တော်ဝင်နှင်းဆီက ရွှေတောင်ခေါက်ဆွဲ ကောင်းမှကောင်း.. တပွဲ ၁၀၀ဝ စားတဲ့ အခွန်ပါ ပေးရတော့ ၁၁၀ဝကျပ်… အပို ဟို ဟို ဒီဒီ စားရင် ပိုကျတယ်။

    ဆိပ်ကမ်းသာလမ်း ထိပ်က သစ်ပင်အောက်မှာ ရောင်းတဲ့ ဝက်သား ကြာဇံ/ ခေါက်ဆွဲ ကောင်းမှကောင်း ဝက်သားပါရင် ၈၀ဝ ခေါက်ဆွဲ ချည်းပဲ ၃၀၀/၂၀ဝ

    ကားပွဲစားတန်းက ရွှေပလ္လင် က နံရိုးခေါက်ဆွဲ ၁၀၀ဝကျပ်

    ဓနုဖြူ ဒေါ်စောရီ ဆိုင်က ဘဲပေါင်း ၂၇၀ဝ ထမင်း လိုက်ပွဲ ၃၀၀

    တရုတ်တန်းက မာလာဟင်း.. ၁ပွဲ ၁၅၀၀
    လှည်းတန်းက မာလာဟင်း.. ၁ပွဲ ၁၀၀၀/၁၅၀၀

    suki Express set menu ၁ယောက်စာ ၂ယောက်စာ ၃ယောက်စာ မဆိုးဘူး ကြိုက်တယ်။

    အင်းယား ကန်ဘောင်မှာ လမ်းလျှောက်ရင်း မျက်စိနောက်တဲ့ အတွဲတွေကို ကြည့်.. အပြန် မောနေတဲ့ အချိန်မှာ ဝင်ချင်တဲ့ ဆိုင် ဝင်စား.. ဆင် ၂ကောင် ပါရင် လောက်တယ်။ ပိုတောင် ပိုအုန်းမယ်။

  • ရွှေအိမ်စည်

    July 29, 2011 at 10:02 pm

    ကားပွဲစားတန်းက ရွှေပလ္လင် …ရောက်ရင်..မီးနာမည်ပြောစား…
    တလကို၆၅%မြတ်တယ်သိလား….

    လိုက်မစားနြ ့တော့….အခုဆို…ဆိုင်ဖွင့်ဖို ့ဘဲစဉ်းစားတော့မယ်…

    သူကြိးကိုဈေးနှူးံရေးပေးရင်းနဲ ့…..ကိုယ်သုံးဖြုန်းလာတဲ ့ငွေပါတွက်မိနေတယ်..
    နှမြောလိုက်တာမပြောပါနြ ့တော့…
    အားလုံးက..ဟိုဟာ(ကန်တော့နော်)ဘဲဖြစ်သွားတာဘဲလေ…

    အခုဆိုင်ဖွင့်ဖို ့တွေးနေပြီကွ…..ဟင်းဟင်း….ရွှေအိမ်စည်ကွ…..
    မတတ်နိုင်တဲ ့အဆုံး..ကိုယ်အကြိုက်ဆုံး..တုတ်ထိုးဆိုင်တော့ဖွင့်နိုင်မှာပါ…

    ဟီး..အခုဆို..တိုင်းပြည်မှာ…..ဆင်းရဲသားပပျောက်ရေးတဲ ့တော်……………

    • Foreign Resident

      July 30, 2011 at 5:55 am

      အခုဆိုင်ဖွင့်ဖို ့တွေးနေပြီကွ…..ဟင်းဟင်း….ရွှေအိမ်စည်ကွ…..
      If you open a shop, don’t forget to let us know.

Leave a Reply