ယနေ့ ညနေတွင်ဖြစ်ခဲ့သော ဘောပွဲနှင့် စပ်လျဉ်းပြီး

BurmaJuly 28, 20111min40822

ခုနက Post တင်နေရင်း ဆရာမရောက်လာလို့ ဆက်မရေးဖြစ်လိုက်ပါဘူး။ ခုဆက်ရေးမလို့ပါ 😀

 

အကျဉ်းချုပ်ကတော့ သိတဲ့အတိုင်း ပရိတ်သတ်တွေက ပစ္စည်း ပစ္စယတွေနဲ့ ပစ်ပေါက်ကြတာဖြစ်ပါတယ်။ ဒီနေ့ပွဲဟာ ကမ္ဘာဖလား ဒုတိယ အဆင့်ခြေစစ်ပွဲဖြစ်သလို ဒီပွဲပထမအကျောတုံးက မြန်မာက အိုမန် အသင်းကို 2-0 နဲ့ရှုံးထားလို့ 3-0 နဲ့နိုင်ရင် တစ်ဆင့်တက်မှာဖြစ်သောကြောင့် မြန်မာ ဘောလုံးချစ်ပရိတ်သတ်တွေက အဆင့် 50 လောက်ကွာနေပေမဲ့ မြန်မာဆိုတဲ့ တာဝန်က ရှိနေသေးလို့ လာရောက်အားပေးဖို့ ပြင်ဆင်ထားကြတာ လူတိုင်းသိမှာပါ။ ဘယ်လောက်လဲ ဆိုရင် လက်မှတ်အတုတွေတောင် ထွက်ခဲ့တဲ့ အထိရှိခဲ့တာဖြစ်ပါတယ်။ ယနေ့ 28.7.2011 မနက်အစောကတည်းကိုက အဖိုးကြီးတစ်ယောက် WE LOVE MYANMAR ဆိုပြီး အနီရောင်အကျီ်ကြီးနဲ့ လမ်းလျှောက်သွားတာကိုတွေ့လိုက်ရကတည်းက တက်ကြွနေပါတယ်။ ( ကျွန်တော်ကတော့ စာမေးပွဲရှိလို့ မသွားနိုင်ပါ L )

 

မနက်ဖြန် Physics ၊ Chemistry ၊ Bio ဖြေရမှာဆိုပေမဲ့ စာကို ကြိုတင်လုပ်ထားပြီး မြန်မာ အိုမန်ပွဲကို သွားမကြည့်ရတောင် TV ကကြည့်မယ်ဆိုပြီး TV ရှေ့ စားပွဲချပြီး စာလုပ်ဖို့လဲ စာအုပ်တွေ တင်ထားလိုက်ပါသေးတယ်။ မြန်မာ ပရိတ်သတ်တွေ လူပေါင်း နှစ်သောင်းငါးထောင် ဆန့်တဲ့ သုဝဏ ကွင်းကြီးမှာ လူပေါင်း သုံးသောင်းကျော်တောင် လာရောက်အားပေးတယ်ဆိုတာကို သိရတောင် ပိုလို့တောင် အံ့ဩ ပျော်ရွှင်မိပါသေးတယ်။ ပွဲမစခင်ကတည်းက ပရိတ်သတ်တွေက နိုင်ငံတော်သီချင်းတွေသီဆိုနေ ၊ လက်ခုပ်တွေ တီးလို့ ၊ ပွဲစတော့ နိုင်ငံတော်သီချင်းကို ကစားသမားတွေနဲ့ အတူ လိုက်ဆိုလိုက်သေးတယ်။ ဟိုဘက်က English Premier League က ဂိုးသမား ဆိုတာကပါတာတောင် မြန်မာတွေက ဂရုမစိုက်၊ သီဟစည်သူလောက်တောင် တော်ရဲ့လား ? တဲ့ ..

ပွဲစပါပြီ။ ဟိုဘက်ကလဲ ကမ္ဘာအဆင့် 105 ဆိုလား ရှိတဲ့အသင်းဆိုတော့ မြန်မာအသင်းကိုထိုးဖောက်တိုက်စစ်ဆင်ပါတယ်။ မြန်မာအသင်းကလဲ အရင်နည်းပြ ဇီဗာဒီနိုဗစ် မဟုတ်တော့ပဲ ဦးဆန်းဝင်းလက်ထက်မှာ တော်တော်ကြီးကို သိသိသာသာ တိုးတက်လာပါတယ်။ အိုမန် အသင်းဂိုးမသွင်းရအောင်တောင့်ခံထားနိုင်ပါတယ်။ ပိုင်စိုးတို့ ကျော်ကိုကိုတို့ရဲ့ အဝေးကစ်ကန်ချက်တွေက ဂိုးသမား ပုတ်ထုတ် ကာကွယ် ၊ ဘေးချော်သွားတာတို့ကြောင့် စောစောစီးစီး ဂိုးမရတာဖြစ်ပါတယ်။ မြန်မာအသင်းဟာ ပထမပိုင်းအတွင်း အပိုင်ကန်သွင်းခွင့် သုံးကြိမ်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး ၊ အိုမန်အသင်းကတော့ အပိုင်ကန်သွင်းခွင့် လေးကြိမ်ရခဲ့ပြီး ၊ တစ်ကြိမ်ကို အသုံးချကာ ၊ ဂိုးအဖြစ်ပြောင်းလဲနိုင်ပါတယ်။ မြန်မာအသင်းရဲ့ လူကပ်အားနည်းတာလဲပါပါတယ်။ ပရိတ်သတ်အားကတော့ တစ်ဂိုးအသွင်းခံရလဲ လျှော့မသွားပါဘူး ။ ဒါပေမဲ့ နောက်ပိုင်းမှာ အိုမန်ကစားသမားတွေ နည်းနည်းထိတာနဲ့ လဲလဲသွားလို့ ပထမပိုင်းတစ်လျှောက် ကိုးကြိမ်တောင် ပြစ်ဒဏ်ဘောပေးရသလို မြန်မာတို့ရဲ့အချစ်တော်ကြီး ရန်ပိုင် အဝါကဒ်ထိသွားသေးတယ်။ အဆိုးဆုံးကတော့ ပထမပိုင်းပြီးခါနီးမှာ ပင်နယ်တီပေးလိုက်ရပါတယ်။ ဒီ ပင်နယ်တီကို အပိုင်ပဲ မြေလိမ့်ဘောကနေ သွင်းယူသွားလိုက်ပါတယ်။

အဲဒိမှာ စတာပဲ..ပရိတ်သတ်တွေပေါက်ကွဲပြီး စတင်ဆဲဆိုပါတယ်။ အချို့တွေကလဲ ဖိနပ်တွေ ၊ ပစည်းတွေနဲ့ စတင်ပစ်ပေါက်ပါတော့တယ်။  နောက်ပိုင်းတစ်ဖြည်းဖြည်း ဆိုးရွားလာပါတယ်။ ရိုးရိုးတန်းက ပိုမိုပင်ဆိုးရွားပါတယ်။ ရိုးရိုးတန်းဘက်က ဒိုင်လူကြီးခင်ဗျာ ကွင်းလယ်ဒိုင်ဆီ အတင်းပြေးလာပြီး ပွဲကိုခဏရပ်လိုက်ပါတယ်။ လုံခြုံရေးတွေ ပိုပြီးချပေမဲ့ 3 သောင်းကျော်မျှသော ပရိတ်သတ်ကြီးက ဂရုမပြုပါဘူး ။ ဆဲဆိုနေ ၊ ပစ်ပေါက်နေဆဲပါ။ ခဏနေတော့ ပွဲပြန်စဖို့လုပ်လိုက်တိုင်း ထပ်ပြီး ပစ်ပေါက်နေလို့ လုံးဝကို ဆက်မကစားနိုင်တော့ပါဘူး။ ဒါနဲ့ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥကဌကြီး ဦးဇော်ဇော် က မိုက်နဲ့ ကွင်းကိုပတ်ပြီး လက်အုပ်တောင်ချီကာ တောင်းပန်ပေမဲ့ ဆိုးသွမ်းပရိတ်သတ်တွေကြောင့် မြန်မာအသင်းရဲ့ ကမ္ဘာဖလား ခြေစစ်ပွဲ ဒုတိယအဆင့် ဆိုတဲ့ အိပ်မက်ဟာ လေထဲမှာ ပျောက်သွားပြီဖြစ်ပါတယ်။ ဥကဌကြီးမှာ တကယ်ကို လိုက်တောင်းပန်နေပေမဲ့ ပွဲဟာ ဆက်ကစားဖို့ အခြေအနေမဖြစ်နိုင်တော့တာမို့ တာဝန်ရှိတဲ့သူတွေက အစည်းအဝေးထိုင်ပြီး ရပ်လိုက်ဖို့ စီစဉ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။ အဆိုးဆုံးက ဂျင်ကလိတောင် ပါလာတာဖြစ်ပြီး အိုမန်အသင်းတာဝန်ရှိသူ တစ်ယောက်ကို ထိခိုက်သွားတဲ့အထိအောင် 28 ရက်နေ့ဟာ မြန်မာ့ ဘောလုံး လောကအတွက် အရုပ်ဆိုးစေခဲ့ပါတယ်။ ပွဲဟာ ဖျက်လိုက်ပြီဖြစ်ကြောင်း ဥကဌကြီး ဦးဇော်ဇော်မှ ယနေ့ ကြေညာလိုက်ပြီဖြစ်ပါတယ်။

ရှုံးသွားပါပြီ ။ ရှုံးမှန်းသိမှန်းသွားကြည့်ကြတဲ့ မြန်မာတွေ အတွက် နှစ်ခါတောင်ရှုံးသွားပါပြီ။ သိကာအရပါ တစ်နိုင်ငံလုံးအတွက် မည်းညစ်စေတဲ့ ကိစဖြစ်ပါတယ်။ မြန်မာအသင်းပရိတ်သတ်တွေက နိုင်ချင်းလွန်းအားကြီးတယ်ဆိုတာ ဟုတ်ပေမဲ့ သုံးသောင်းလောက်မှာ တစ်သောင်းခွဲနီးပါးလောက်ကသောက်စားမူးယစ်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။

 

ကျွန်တော်တို့ ဘာမှမတတ်နိုင်တော့ပါ။ . .. . ပွဲက ပြီးသွားပါပြီ။ …. ရှုံးတယ်ဆိုတာ ကျွန်တော်တို့ အတွက် နားယဉ်နေပေမဲ့။ ဒါမျိုးရှုံးတာကိုတော့ ကျွန်တော်လက်မခံပါဘူး။ ပရိတ်သတ်တွေ စည်းကမ်းရှိသင့်ပါပြီ။ Myanmar National League ဆိုတာကြီး ကျင်းပနေတာ အဓိပါယ် လုံးဝမရှိသလို ဖြစ်သွားပါပြီ။

 

ကျေးဇူးတင်ပါတယ်။

နောက်မှပဲရေးတော့မယ်။ စာလုပ်ရဦးပါမယ်။

 

22 comments

  • moethidasoe

    July 28, 2011 at 9:02 pm

    ကြိုင်တင်ဂိုးက အရာမရောက်ခဲ့ပါလား

  • PaukPhaw

    July 28, 2011 at 9:08 pm

    အင်း..အင်း..
    ၃ ခါမရှုံး မဖြစ်အောင် စာလုပ်ဦး….ညီလေး
    ပြီးမှ ဆက်ဆွေးနွေးကြတာပေါ့…

    အိုပါးတော့ စိတ်မကောင်းတဲ့အထိမ်းအမှတ်နဲ ့ ၁ခွက် ၁ ဖလား..သွားချလိုက်ဦးမယ်..

  • တညင်သား

    July 28, 2011 at 10:51 pm

    နိင်ငံ တကာပွဲတွေ မကြည့်ရတော့မှာ ဆိုးတယ်…၂၀၁၃ ကို ဘယ်လိုထိန်းကြမလဲ အဲဒီအတွက် ဆိုရိမ်မကင်း ဖြစ်မိတယ်..ကိုဘာမားရယ်………….:P

  • Foreign Resident

    July 29, 2011 at 4:30 am

    Feel terribly sorry for Myanmar,
    not for loosing the single soccer game,
    but for character, behaviour & mindset of our beloved Myanmar.
    ( Never never accept incompetents & wrongdoings of ourselves )

    Upset !!!
    I feel I cannot get a chance to be proud for our beloved country, any more.
    Not in my remaining life time.

  • Foreign Resident

    July 29, 2011 at 4:35 am

    Anyhow,

    After seeing this VDO
    http://www.youtube.com/watch?v=ACTFB_TMc_E
    အဲဒီမှာကြည့်ဗျာ ဦးဇော်ဇော် ဖိနပ်လေးတွေ ကောက်နေတာကို ”

    The best I idea is
    ” to open a slipper shop beside Thu Wunna Stadium ”
    🙂

  • kai

    July 29, 2011 at 5:45 am

    kai says:

    ပြောတော့.. ဘာတဲ့.. ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံတဲ့..။
    ဘုန်းကြီးနဲ့ လူအချိုးချကြည့်ရင်.. ကမ္ဘာမှာ..စံချိန်ချိုးလောက်အောင်များတယ်..။
    ဘုရားပုထိုး… ကမ္ဘာ့စံချိန်ချိုးလောက်အောင်ပေါတယ်..။

    ဆိုတော့…
    များပါလေလဲ တမွဲမွဲနှင့် ဆင်းရဲကာသာ ကာလကြာလျှင် ယာစကာမျိုး တညှိုးညှိုးနှင့် ..ယုတ်မာကမ်းကုန်ရှိနေသတည်း..။ 🙁

    ===
    http://myanmargazette.net/57691/creative-writing/my-dear-diary
    အဲဒီအပေါ်က လင့်ကပိုစ့်မှာတင်ထားတာကို ပြန်တင်တာပါ..။

    ဒီနေ့ပဲ… လစ်ဗျားသူပုန်ခေါင်းဆောင် လုပ်ကြံခံရတဲ့သတင်း စီအန်အန်မှာတက်လာတယ်..။
    အဲဒီမှာ အာဏာရမဲ့အရိပ်အယောင်လေးမြင်တာနဲ့.. ရှုပ်ရှက်ခတ်နေတော့တာပါပဲ..။
    http://edition.cnn.com/2011/WORLD/africa/07/28/libya.war/
    မြန်မာပြည်နဲ့ ချိန်ထိုးစဉ်းစားနေမိတယ်..။
    အင်း…။ ဒီမိုး..ဒီလေ… ဒီလူတွေနဲ့…

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 29, 2011 at 7:26 am

    ရှေ့မျက်နှာ နောက်ထားပြီးတော့ သတင်းလင့်လေး ထပ်ဖြည့်ပေးလိုက်ပါတယ်ဗျာ
    ဪ……………သာကီတွေ သာကီတွေ အောက်တန်းကျပုံများ
    လီးလိုဘဲ 🙁 🙁 🙁
    ……………
    ………….
    မြန်မာနဲ့ အိုမန် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပြဿနာတက် – ကြာသပတေး, 28 ဇူလိုင် 2011 – By ကိုရန်နိုင်
    ရန်ကုန်မြို့မှာ ဒီကနေ့ ကြာသပတေးနေ့မှာ ကစားခဲ့တဲ့ မြန်မာနဲ့ အိုမန်အသင်းတို့ရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲအကြို အာရှဇုန် ဒုတိယအဆင့် ခြေစစ်ပွဲမှာ ပရိသတ်တွေ ပြဿနာဖြစ်ခဲ့တာကြောင့် ပျက်သွားခဲ့ပါတယ်။ ပွဲကို ဆက်ကစားဖို့ ကြိုးစားခဲ့ပေမဲ့လည်း ဆက်မကစားနိုင်တော့တဲ့အတွက် မြန်မာအသင်းဟာ ဒီပွဲကို အရှုံးပေးလိုက်ရပြီး အိုမန်အသင်းက ကမ္ဘာ့ဖလား ခြေစစ်ပွဲ တတိယအဆင့်ကို တက်သွားပါတယ်။ ဒီအကြောင်း အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုရန်နိုင်က တင်ပြပေးထားပါတယ်။
    သုဝဏ္ဏကွင်းမှာ ဒီကနေ့ ကစားတဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲကတော့ ပရိသတ်တွေ ပြဿနာဖြစ်တာကြောင့် ပွဲကို ဆက်မကစားနိုင်ဘဲ ရပ်ပစ်လိုက်ရတာပါ။ ဘောလုံးပွဲကို လာကြည့်တဲ့ ပရိသတ်က သုဝဏ္ဏကွင်း ပွဲကြည့်စင်အားလုံး ပြည့်ရုံတင် မဟုတ်ဘဲ လျှံထွက်တဲ့ အထိပါ အားပေးကြပြီးတော့ အားပေးတဲ့ အထဲမှာ လူငယ်တွေ အတော်များများ ကြည့်ခဲ့ကြတယ်လို့ သိရပါတယ်။
    ဒါပေမဲ့ မြန်မာအသင်းဟာ ပထမပိုင်းမှာကတည်းက ၂ ဂိုး ပေးလိုက်ရပြီး အဲဒါကို ပရိသတ်တွေက မကျေမနပ် ဖြစ်ပြီးတော့ ပထမဂိုး ဝင်ပြီးတဲ့ အချိန်ကတည်းက ပြဿနာတွေ စဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် အိုမန်အသင်းက ပယ်နယ်တီကတဆင့် ဒုတိယဂိုး ရသွားတဲ့အချိန်မှာ အခြေအနေတွေက ပိုဆိုးလာခဲ့ပြီး ပရိသတ်တွေက ကွင်းထဲကို ရေဘူးတွေအပြင် ခဲတွေ၊ ပုလင်းတွေ၊ ထီးတွေ၊ ဖိနပ်တွေနဲ့ပါ ပစ်ပေါက်ခဲ့တဲ့အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
    အထူးသဖြင့် လုံခြုံရေးတွေကို ကွင်းအတွင်းမှာ ပိုပြီး တိုးချလိုက်တဲ့အချိန်မှာ ပရိသတ်တွေက ပိုပြီးတော့ အကြီးအကျယ် ဒေါသထွက်ခဲ့ပြီး ကွင်းထဲမှာ သတင်းယူနေကြတဲ့ သတင်းထောက်တွေကိုရော၊ ဆေးရုံကားတွေကိုပါ ပစ်ပေါက်ခဲ့တာ ရှိခဲ့တယ်လို့ သိရပါတယ်။ ကွင်း လေးဘက်လေးတန်မှာရှိတဲ့ ပရိသတ်တွေ အဲဒီလို ပစ်ခဲ့တဲ့အထဲမှာ အနောက်ဘက် အထူးတန်းက ပရိသတ်တွေ ပစ်လိုက်တဲ့ ခဲဟာ အိုမန်အသင်း နည်းပြနဲ့ ကစားသမားတွေ ထိုင်တဲ့နေရာကိုပါ ထိသွားတယ်လို့ မြန်မာလက်ရွေးစင် နည်းပြဟောင်း ဦးမျိုးဝင်းညွန့်က ပြောပါတယ်။
    “ဆိုးတာက အထူးတန်းဘက်ကနေပြီးတော့ ရေဘူးလား၊ ခဲလား မသိဘူး ပေါက်ထည့်လိုက်တာ အိုမန် အရန်နဲ့ Official တွေထိုင်တဲ့ Bench Cover ပေါက်ထွက်သွားပြီးတော့ အဲဒီက တယောက်ကို ထိသွားတယ်။ ကျနော်မြင်ရတာတော့ ထိသွားတဲ့ပုံစံ ဖြစ်သွားတော့၊ ဘယ်လောက်အထိ ဆိုးတယ်ဆိုတာကတော့ အဲဒီလို ပေါက်ထွက်သွားတယ် ဆိုတာက ပလတ်စတစ်ကာဗာ ပေါက်သွားပြီး လူကို သွားထိတာပေါ့။ အဲဒီပုံစံမျိုး ဖြစ်သွားတဲ့အတွက် သူတို့လည်း ကွင်းထဲကို ပြေးသွားပြီး Treatment ယူနေရတဲ့ပုံစံ ကျနော်တို့က မြင်နေရတာပေါ့။”
    နောက်ပိုင်း ကြားသိရသလောက် အိုမန်အသင်း နည်းပြတယောက်လည်း ဒီပစ်ခတ်မှုကြောင့် ထိခိုက်သွားတယ်လို့ သိရပါတယ်။ အဲဒီလို အခြေအနေတွေကြောင့် အိုမန်ကစားသမားတွေနဲ့ ဒီပွဲကို ကြီးကြပ်တဲ့ ဒိုင်တွေဟာ ကွင်းလယ်မှာ ရပ်နေခဲ့ပြီး မြန်မာ ဘောလုံးတာဝန်ရှိသူတွေနဲ့ အာဏာပိုင်တွေက ပရိသတ်တွေကို တောင်းပန်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ ဘောလုံးပွဲကြည့် ပရိသတ်တဦးက အခုလို ပြောပါတယ်။
    “ရန်ကုန်တိုင်း ရဲမှူးကြီး အောင်သန်းရယ်၊ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ရယ်က ကွင်းထဲကို လှည့်ပြီးတော့ ပရိသတ်ကို လိုက်တောင်းပန်တယ်။ သူတို့နောက်မှာ ရဲလုံခြုံရေးတချို့ ပါတာပေါ့ဗျာ။ သူတို့ကိုပါ ပရိသတ်က ပစ်တယ်။ တောင်းပန်လို့ မရတော့ဘူး။ နောက်တော့ ပရိသတ်က ဘယ်လိုဖြစ်လာလဲဆို ဖိနပ်တွေနဲ့ပစ်တယ်၊ နောက် ထီးတွေဘာတွေ ပါတယ်၊ ပစ်တာ။ ရှိတာနဲ့ အကုန်ပစ်သလို ဖြစ်တာပေါ့။ လေးဘက်လေးတန် ပရိသတ်ကြီးက ပစ်နေတော့ ပွဲက ၅ နာရီအတိမှာ ပွဲဖျက်လိုက်ရတယ်။”
    နောက်ပိုင်းမှာ မြန်မာ ဘောလုံးတာဝန်ရှိသူတွေက ပွဲကို ဆက်ကစားနိုင်ဖို့အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေ အပါအဝင် အိုမန်အသင်း တာဝန်ရှိသူတွေ ဆက်လက်ညှိနှိုင်းခဲ့ကြပြီး ပရိသတ်တွေ မရှိတော့တဲ့ အချိန်မှာ ဆက်ကစားဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ ဖီဖာက သတ်မှတ်ထားတဲ့ ကစားချိန်ထက် ၂ နာရီ ကျော်သွားခဲ့တာကြောင့် ဆက်မကစားလို့ မရဘဲ ပွဲကို ဖျက်ပြီးတော့ အရှုံးပေးလိုက်ရတာ ဖြစ်ပါတယ်။
    မြန်မာအသင်းဟာ ဒီပွဲမှာ ၂ ဂိုးနဲ့ ရှုံးနေပေမဲ့လည်း ပွဲကို ဆက်မကစားနိုင်ဘဲ ရပ်လိုက်ရတဲ့အတွက် ဖီဖာစည်းမျဉ်းအရ မြန်မာအသင်းဟာ ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးတယ်လို့ သတ်မှတ်ခဲ့ပြီး ၂ ပွဲပေါင်း ရလဒ် ၅ ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲကစားတဲ့ ခြေအရ အိုမန်အသင်းက သာတယ်လို့ မြန်မာ့လက်ရွေးစင် နည်းပြဟောင်း ဦးမျိုးဝင်းညွန့်က သုံးသပ်ပါတယ်။ ဒီပွဲမှာ အိုမန်ကစားသမားတွေဘက်က ကွင်းထဲကို ကျလာတဲ့ ခဲတွေကို ပြိုင်ပွဲ တာဝန်ရှိသူတွေကို ပြသပြီး တိုင်တန်းခဲ့တဲ့အတွက် မြန်မာအသင်းဟာ နောက်ပိုင်းမှာ အရေးယူခံရနိုင်ဖွယ် ရှိတယ်လို့လည်း သိရပါတယ်။
    http://www.voanews.com/burmese/news/myanmar-oman-world-cup-126331058.html

    • Foreign Resident

      July 29, 2011 at 2:21 pm

      I like your comment,
      ဪ……………သာကီတွေ သာကီတွေ အောက်တန်းကျပုံများ
      လီးလိုဘဲ

  • forever

    July 29, 2011 at 8:20 am

    စွမ်းအားရှင်တွေ များသွားလို.ပါ
    နိင်ငံတိုင်းမှာဒါမျိုးစုန်းပြူးတွေ ရှိတာဘဲ
    အဲလိုလူမျိုးတွေ ကွင်းထဲမဝင်နိင်အောင် စီမံခန်.ခွဲမှုအားနဲသွားတာပါ
    အင်္ဂလန်ပွဲတွေ ကွင်းဝင်ကြေး ဘာလို.များလဲ
    ခုမှသဘောပေါက်သွားတယ်

  • ကြောင်ကြီး

    July 29, 2011 at 8:45 am

    ကြောင်အားထားတဲ့ မောင်ဘားမားရေ…မင်းက ကြောင်အော်တဲ့မောင်ဇော်ကို အုပ်ကထဂျီးဆိုတော့ သူ ရှာဖွေထားရတဲ့ စည်းစိမ်ဥစ္စာနဲ့ စမောလ်လေးတွေကို ခံစားဖို့ အရွယ်နှောင်းနေပြီလို ဆိုချင်သလား…။

  • Foreign Resident

    July 29, 2011 at 9:12 am

    Emotional comments !!!

    ပရိသတ်ကောင်း မရှိပဲ ဘောလုံးအသင်းကောင်းရှိဖို. မျှော်လင့်ချက်မရှိ။

    သတ္တိဆိုတာ ဒီလို သတ္တိကို ပြောတာမဟုတ်ဖူး ရွှေမြန်မာတို့ရေ…ဒီ စိတ်ဓာတ်တွေနဲ့ ၂၀၁၃ ဆီးဂိမ်း မှာ ဘယ်လို အိမ်ရှင် အဖြစ် ကန်ကြမလဲ…ပြောကြပါဦး..

    အားလုံး ကြားကြသမျှ အမျှ .. အမျှ … အမျှ ယူတော်မူကြပါ ကုန်လော့ ဤသို့ဂိုးလှူ ရသောအကျိုးအား ကြောင့် ရောက်လေရာဘဝ မှာကျွန်ုပ် မြန်မာ အသင်းသည် ဗွေဇော်ဦး ဂိုးသွင်းရသူ ဖြစ်လိုပါ၏ အရှင်ဘုရား

    အင်း… မြန်မာလူမျိုးဖြစ်ရတာ မလွယ်ပါလားကွယ်… မနိုင်မှန်းသိလျက်နဲ ့
    မကြာသေးခင်က journal ၁ခုမှာကာတွန်း၁ခုပါလာတယ် ကာတွန်းမှာရေးထားတာက
    “မိန်းမကိုမကျေနပ်တာ ဘောလ်လုံးကွင်းထဲမှာသွားပေါက်ကွဲမလို့” တဲ့အဲလိုဘဲဖြစ်နေပြီ

    ရှက်လိုက်တာ ပရိသတ်ကြီးရယ်……….
    ခုမှ မြန်မာ့ ဘောလုံးက တကယ် လမ်းဆုံးသွားတာပဲ……

    တကယ်ဆိုလက်မှတ်ခတွေကိမြှင့်သင့်တယ်ကျနော်အဆင့်အတန်းခွဲ ခြားတာမဟုတ်ပါဘူး
    တော်တော်များများကကွင်းထဲမှာမူးမယ်စောက်ကမြင်းကျောထမယ်အလကားရလို့လာကြည့်တဲ့ဟာတွေကပိုဆိုးတယ် ဗျာ
    ရိုးရိုးတန်းမှာ(အားလုံကိုမဆိုလိုပါ)တော်တော့်ကိုအဆ င့်အတန်းမရှိသေးသူတွေဖြစ်တယ်

    “မြန်မာကွ၊ မြန်မာလို့ အော်ပြီးတော့ ကျောက်ခဲတို့၊ ကွန်ကရစ်ခဲတို့နဲ့ပစ်နေကြတာ၊ ထီးလည်းပါတယ်၊ အရက်ပုလင်းခွံ၊ ရေသန့်ဘူး၊ ကွန်ပါချွန်၊ ဖိနပ်တွေနဲ့ ပစ်နေတာ၊ လက်ရှိကွင်းက ပြင်နေတာဆိုတော့ အဲဒီက ကွန်ကရစ်ခဲတွေနဲ့ ထုနေကြတာ” ဟု အဆိုပါပွဲစဉ်သို့ သွားရောက်သတင်းရယူနေသူ The Voice Weekly သတင်းထောက်က တယ်လီဖုန်းဖြင့် ဆက်သွယ်သတင်းပေးပို့သည်။

    မြန်မာအသင်းဘက်သို့ ပင်နယ်တီပြစ်ဒဏ်ဘော ပေးလိုက်ရချိန် နောက်ပိုင်းတွင်
    ပရိသတ်မှာ ပိုမိုကြမ်းတမ်းစွာ ဆူပူညံပေါက်ကွဲ လာခဲ့ပြီး ယင်းသို့ ကွင်းအတွင်းသို့ ရရာပစ္စည်းများဖြင့် ပစ်ပေါက်ခဲ့ရာ
    အိုမန်ဘောလုံးအသင်း၏ နည်းပြဖြစ်သူမှာ ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊
    ဒိုင်လူကြီးနှင့် နှစ်ဘက်အသင်း အားကစားသမားများအပါအဝင် လူနှစ်ဆယ်ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း
    ၎င်းက ဆက်လက်သတင်းပေးပို့သည်။

    စိတ်ညစ်ဖို့ကောင်းလိုက်တာဗျာ တော်တော်အဆင့်မရှိတဲ့လူတွေပဲ အခမဲ့ဝင်ခွင့်ပေးလိုက်တာ မှားသွားပြီထင်တယ်
    ဦးဇော်ဇော်ကိုလည်း အားနာဖို့ကောင်းတယ်
    ဟိုဖက်ကအဖွဲ့ကလည်းပိုလွန်းတယ် ဘာမှမလုပ်ရသေးဘူး ကွင်းထဲဝင်ဝင်ပြေးနေတယ်

    သောက်ရေးမပါတာကွာ.. မိုက်ရိုင်းလွန်းတယ်.. ဒီအဆင် ့အတန်းနဲ ့ ယူ ၁၉ အိမ်ရှင်တော ့ ပြုတ်ပါပြီ..
    ဦးဇော်ဇော်က လက်အုပ်ချီပြီးတောင်းပန်တာေ တာင် ဖိနပ်နဲ ့ပေါက်သေးတယ်ဆိုတော ့..
    မိုက်ရိုင်းလွန်းသွားပြီ… နိုင်ငံ ့မျက်နှာလည်း ကြည့်ကြပါဦးကွာ.. ဟိုကောင်တွေပြန်သွားရင်
    သူ ့နိုင်ငံမှာ ဘယ်လို ပြန်ပြောကြမယ်ဆိုတာ တွေးကြပါရဲ ့လား.. နောက်အပိတ်ခံရတော ့မှ
    ပွဲငတ်တယ်.. ကြားကွင်းပဲကန်ရတယ် ဆိုတဲ ့သောက်သံတွေ ထွက်လာဦးမယ်…

    ကိုယ့်မြေကိုယ် ့ဒေသ ကိုယ် ့လူတွေရှေ ့မှာ ကစားခွင် ့ကို ကိုယ်ကိုယ်တိုင်ဖျက်ဆီးနေကြတာ..
    တစ်ခါလာ မလေးရှားကွင်း နောက်တစ်ခါလာလည်း မလေးရှားကွင်း..
    အိမ်ကွင်းမကောင်းလို ့အဆင် ့အတန်းမမီလို ့ တစ်ကြောင်း..
    ကွင်းကောင်းလာပြန်တော ့ သောက်ကျင် ့မကောင်းတာကတစ်ကြောင်း.. ရှက်လည်း မရှက်ကြဘူး…..

    လက်ရှိအဖြစ်အပျက်ကတော့ မိအေးနှစ်ခါ နာဖြစ်သွားတာပဲ …
    ကျွန်တော်တို့ မြန်မာတွေ ဟာ ဘယ်လိုလူစားတွေလဲဆိုတာပြလိုက်သလိုဖြစ်သွားတယ် …
    ယခုအဖြစ်က ရလဒ်တင် ရှုံး တာ မဟုတ် ဘဲ ဂုဏ်သိက္ခာ ပါ ကျရှုံး သွားတာပဲ ဗျာ .

    http://youtu.be/ACTFB_TMc_E
    အဲဒီမှာကြည့်ဗျာ ဦးဇော်ဇော် ဖိနပ်လေးတွေ ကောက်နေတာကို 😛
    ပရိသတ် ဘယ်လောက်တောင် ကဲလဲဆို ဒီမှာသာကြည့်ကြပါ
    ကျနော့်ပါသွားတဲ့ ကင်မရာလေးနဲ.ပဲ ရိုက်ခဲ့ရတော့ နည်းနည်းလေး သည်းခံပေးပါ အသံကို လျော့ပြီးမှကြည့်နော်
    http://youtu.be/A18igFD7MUo

    ရှက်ပါတယ် .. ရူံးလို့မဟုတ်ပါ .. အိမ်ခေါ်ပြီး ထမီလှန်ပြမိလို့ …

    ဒါမြန်မာတဲ့လား…ရှက်လိုက်တာ။ မွေးကတည်းက မြန်မာဖြစ်ရတာ ဒီတစ်ခါ အရှက်ဆုံးပဲ။

    ဪ…. ဂျလုံးဂျလုံးတွေကိုကွင်းထဲ FOC ပေးဝင်တော့လဲ ဒီလိုဖြစ်ရတာပေါ့… စည်းကမ်းမှမရှိကြတာ…

    ဦးဇော်ဇော် လည်းသနားပါတယ် ငိုသံပါကြီးနဲ့ ကျနော်ဘယ်လိုမှ ညှိနှိုင်းလို့မရတော့ဘူးတဲ့ ဖီဖာရဲ့အရေးယူမူခံရတော့ မယ် ။

    ဒီတစ်ခါတော့ အဖေ့မျက်နှာကို အိုးမည်းသုပ်တဲ့ငါ့သားတွေ…ကောင်းကောင်းကြီးပွားအုန်းမယ်…

    အဆိုးဆုံး က ရိုးရိုးတန်းကို အလကား ဝင့်ခွင့်ပြုလိုက်တာပဲ။ ဘယ်က အခြေအနေမဲ့ တွေမှန်းမသိ ဝင်လာကြတာ။ စရိုက်တွေကိုက ကွာတာ။

    မင်းတို့ရန်ကုန်ကကောင်တွေကတော်တော်ရိုင်းစိုင်းတယ်နော်..
    မြန်မာတွေအရာရာမှာနာမည်ကျဆင်းရတာမင်းတို့ကြောင့်လည်းပါတယ်…
    ကိုယ့်အသင်းမနိုင်ရင်ဆဲဆိုဖို့လောက်ပဲသိတဲ့မင်းတို့အသိဉာဏ်ကိုဘယ်လိုနိုင်ငံသားပုံစံနဲ့အသက်ဆတ်ရှင်မှာလည်း…
    မင်းတို့ကိုယ်စားရှက်မိတယ်..ရုပ်မြင်သံကြားမှာမင်းတို့ဆဲဆိုနေတဲ့အသံပဲကြားနေရတယ်..မင်းတို့ကမြန်မာတွေကောဟုတ်ရဲ့လား..

    မြန်မာပြည်မှာ လူတိုင်းကို တန်းတူ ဆက်ဆံလို့မရဘူးဆိုတာ သက်သေပြနေပြီ..
    အဆင့်တန်းမရှိတဲ့သူတွေကို ကွင်းထဲကို အခမဲ့ပေးဝင်လိုက်တော့ ထိန်မနိုင် သိမ်းမရ ဖြစ်ချင်သလို ဖြစ်ကုန်ရောပေါ့..
    ပရိတ်သတ်အားကောင်းအောင် စေတနာနဲ့ အခမဲ့သတ်မှတ်လိုက်တာကို ပေါက်လွှတ်ပဲစား ဂလေဂချေ တွေကစေတနာစော်ကား လုပ်ချင်သလိုလုပ်သွားကျတယ်.. မြန်မာပြည်မှာ အရှုံးကို လက်မခံနိုင်တာနဲ့ မိုက်ရိုင်းတဲ့အလုပ် လုပ်ရမယ်ဆိုတဲ့စိတ်ဓာတ် (အောက်တန်းကျတဲ့စိတ်ဓာတ်)က မွေးကတည်းက ပါလာကျတယ်ထင်ပါ့.

    လာအို ကတရုတ်ကို ၆ ဂိုးရှုံးတာဘာသံမှမကြားဘူး…
    ကျနော်တို ့က လာအိုလောက်တောင်နိုင်ငံကြီးသားမပိသဘူးလား…….ပြုပြင်ကြပါဗျာ….

    ဗီယက်နမ် ကတောင် ကာတာ ကို အနိုင်ကန်သွားတာဗျာ။ ကာတာ က အိုမန်ထက် ကမာ္ဘ့အဆင့် မြင့်တဲ့ အသင်းပါ။

    မြန်မာ အသင်းကတော့ ဘယ်အသင်းနဲ့ ကန်ကန် ရှုံးနေတော့တာပဲ။
    အရင်ပွဲတွေ ရှုံးတုန်း ကနည်းပြ အမှားဆိုပြီး နည်းပြကိုထုတ်လိုက်တယ်၊
    ဒီတစ်ခါရှုံးတာကျတော့ ပရိတ်သတ် အမှားဆိုပြီး ပရိတ်သတ်တွေကို.
    အပြစ်ပုံချလို့ရသွားပြီပေါ့။

    ဒီလိုလူတွေ ဦးနေဝင်းက အတည့်ပြစ်တာတောင် နဲသေးတယ် ပြောလို့ရတယ်။

    အိမ်ရှင်လုုပ်ခွင့် ပိတ်ခံရမယ် AFC Cup လဲမဝင်ရတော့ဘူး.. ကျေနပ်ပြီလား ပေါက်ခဲ့ကြတဲ့ ပရိသတ်တွေ..
    မင်းတိုု့ကျေနပ်ရင် ပြီးတာပဲ ငါတိုု့က မင်းတိုု့နဲ့ တနိုုင်ငံတည်းသားချင်းတွေဆိုုတော့ ခံပေဦးပေါ့ကွာ..

    ဘင်္ဂလားဒေ.ရှ်နဲ.ပါလက်စတိုင်းကိုရှူံးတုန်းကတောင်ဘာမှမဖြစ်ဘဲအိုမန်ကျမှဘဲထပေါက်ကွဲတယ်ဆိုတာဟုတ်ကိုမဟုတ်တာပါဗျာ။
    အဓိကကကွင်းထဲအလကားပေးဝင်လိုက်လို.ပါဘဲ။ဘာမှနားမလည်ဘဲမူးရူးနေတဲ.ကောင်တွေကြောင်.ဒီလိုဖြစ်ရတာ။
    ရှက်ဖို.ထက်ဝမ်းနည်းဖို.ကပိုကောင်းပါတယ်ဗျာ။

    အကုန်လုံး စောက်ရူးတွေ.. မြန်မာမှာ မွေးပြီး မြန်မာကို အားပေးနေရတဲ့ ငါလည်း စောက်ရူးပဲ..
    ရွှေတိဂုံ ဘုရားကို အံဩခဲ့တဲ့အိုမန်ကစားသမားတွေ မြန်မာတွေကိုဖော်ရွှေတယ်လို့ ခံစားခဲ့တဲ့အိုမန်ကစားသမားတွေ
    မြန်မာပြည်မှာနောက်တစ်ကြိမ်ာကစားခြင်တယ်ဆို့ အိုမန်ကစားသမားတွေ ဒီအချိန်မှာဘာတွေတွေးနေမလည်းသိခြင်လိုက်တာ မျိုးချစ်တဲ့စိတ်လို့ပဲနားလည်ခံစားပေးမလား လူလူညစ်ပတ်တွေလူရမ်းကားတွေလို့ထင်သွားမလားပဲ သူတို့နောက်တစ်ကြိမ်ပြန်လာနိင်ပါစေ

    နိုင်ငံခြားမှာ မြန်မာတွေ ဘာလိုု့ ကိုုယ့်ကိုုယ်ကိုု မြန်မာလိုု့ ဝန်မခံရဲကြတာလဲဆိုုရင် ဒီနေ့လိုု ကမာ္ဘသိ အရှက်ခွဲပြတဲ့ လူတွေရှိလိုု့ပါဗျာ ..

    ဒါမြန်မာတွေမယဉ်ကျေးသေးဘူးစိတ်ဓါတ် တွေကခွန်အားမရှိသေးဘူး
    အမှန်တရားကိုရဲရဲမရင်ဆိုင်ဝံ့ဘူးဆိုတာကိုပြလိုက်တာပဲ။
    သူတို့ခုလိုလုပ် တာမြန်မာတွေမှာရှိတဲ့လူအုပ်နဲ့ဆိုဆွမ်းကြီးဝိုင်းလောင်းချင်တဲ့အောက်တန်းစားအချောင်သမားစိတ်ဓါတ်ကနေအခြေခံတာ။
    ဥပမာရပ်ကွက် တစ်ခုထဲကားမတော်တဆဖြစ်တယ်ထား ဘာကြောင့်လဲကိုအရင်မမေး ပဲကားသမားကိုဝိုင်းထိုးတာမျိုး

    တော်တော်လေးသွေးကောင်းနေတယ်ပေါ.ချီးတောထဲလသာနေကြတယ်ဟုတ်လား။
    ဒီလိုတွေဖြစ်နေတာစစ်ခွေး တွေအုပ်ချူပ်နေလို.ကွ စစ်ခွေးတွေကိုတော.သတ်တော.ရိုက်တော.မင်းတို.ဘာမှမလုပ်ရဲဘူးမို.လား။

    အဲ့ဒါလား မြန်မာ… ထွီး… နဂိုကတည်းက စာအုပ်အနီနဲ့မြန်မာဆိုရင် နှိမ်ချင်ကြပါတယ်ဆိုမှ

    နောက် ဆက် တွဲ သီ တင်း များ အ ရ အိုမန် နှင့် ဝီဂန် ဂိုး သ မား က
    ကြီး မား ခန်း နား လှ သော ရွှေတိဂုံ ဘုရား ကြီး မှာ အရိုင်းအစိုင်း များ လက်ထဲသို့ ရောက် ရှိ နေခြင်း မှာ
    အံ့မခန်း ဖြစ် ပြီး ယုံ ကြည်ဖွယ် မ ရှိ နိုင် ကြောင်း ဝမ်း နည်း စွာ ငို ကြွေး သွား ပါ တယ်

    အိုမန်ပရိသတ်တွေကိုကွင်းထဲကိုမရောက်ရောက်အောင်ဖိတ်သင့်ပါတယ်
    လူသတ်ပွဲလေးပါတခါတည်းကြည့်သွားလို့ရတာပေါ့

    washington post အထိပါလာပြီ 😀
    http://www.washingtonpost.com/sports/dcunited/fans-pelt-field-with-bottles-stones-halting-world-cup-qualifier-in-myanmar/2011/07/28/gIQAeZSzeI_story.html

    • Thanlwinoo

      July 29, 2011 at 11:59 am

      စိတ်မရှိပါနဲ့ခင်ဗျား…။
      ကျွန်တော်တို့ မြန်မာပြည်သူတွေ သန့်သန့်ရှင်းရှင်း၊ မျှမျှတတ ပြိုင်ပွဲတွေ မပြိုင်ဘူးသေးလို့ပါ….။
      ကျောင်းတွေမှာ၊ ရပ်ကွက်တွေမှာ၊ မြို့နယ်တွေမှာ၊ ပြည်နယ်နှင့်တိုင်းတွေမှာ၊ နိုင်ငံအဆင့်မှာ သန့်ရှင်းမျှတတဲ့ ပြိုင်ပွဲတွေလုပ်ပြီး အားကစားစိတ်ဓါတ်တွေ၊ စည်းကမ်းတွေ မွေးမြူကြပါစို့…..။

  • pisikway

    July 29, 2011 at 9:29 am

    2013 Sea Game ကိုဘယ်လိုများ လုပ်ကြမှာပါလိမ့်။

  • nayminn

    July 29, 2011 at 9:38 am

    တစ်ခါ တစ်ခါ ဒိုင်တွေကြောင့်လည်းပွဲဆူတက်ပါတယ်….အိုမန်သွင်းသွားတဲ. ပထမဂိုးက လူကျွန် အနေအထားမှာရှိတယ်….ပယ်နယ်တီ ထပ်ပေးလိုက်တော့ပြီးရောပေါ့။

    • king

      July 29, 2011 at 1:32 pm

      ဟုတ်တယ်ဗျ
      အဲဒါနဲ့ ပတ်သက်ပြီး ကျွန်တော်လည်း ရေးတင်ထားသေးတယ်ဗျ ..
      မြန်မာနှင့် အိုမန် ဘောလုံးပွဲမှသည် …… ထပ်ဆင့် ထပ်ဆင့် အရှုံးများ (ရေးမပြဘဲ မနေနိုင်လွန်းလို့ဗျာ) ဆိုပြီတော့ ..

      http://myanmargazette.net/57874/creative-writing

  • ရွှေဘိုသား

    July 29, 2011 at 9:42 am

    ဗိုလ်ချုပ်ပြောတာကို သတိရမိတယ်
    ခဗျတို.ဗမာလူမျိုးတွေ အားကစားစိတ်ဓာတ်မရှိဘူး မနိုင်ရင် လူချဖို.ပဲသိတယ်
    အဲဒီလို အောက်တန်းကျတဲ. စိတ်ဓာတ်တွေ မပြင်သ၍ ဘယ်တော.မှ မတိုးတက်ဘူး တဲ.

  • zawthulay

    July 29, 2011 at 11:26 am

    ဒီပွဲသေးလေးတောင်ဒီလိုဖြစ်နေရင်..ဟိုပွဲတွေဆိုဝေလာဝေးပဲ.. ဒါနဲ့များမြန်မာအားကစားကမ္ဘာကိုလွှမ်းဦးမယ်တဲ့လား…မြန်မာကိုတော့အားပေးချင်ပါတယ်. .ဒါပေမယ်တကယ်တမ်းကစားနိုင်တဲ့သူတွေမှမရှိတာ.

  • manawphyulay

    July 29, 2011 at 12:08 pm

    လူတွေရဲ့စိတ်ဓာတ်ကိုက အဲလိုဖြစ်နေတော့ အိမ်ရှင်အနေနဲ့ ဘယ်လောက်မျက်နှာပျက်စရာကောင်းလိုက်သလဲ။ နောင်ကို မြန်မာဆိုရင် လာဖို့နေနေသာသာ ပွဲတောင် တွဲလုပ်ချင်ကြမှာမဟုတ်လောက်တော့ဘူး။ လူတွေကလည်း လူတွေပဲ ကိုယ့်ဘက်မနိုင်တာနဲ့ မဲကြတော့တာပဲ။

    • pan pan

      July 29, 2011 at 2:08 pm

      ဂျင်ကလိတောင်ပါတယ်ဆို??
      အဲဒါဆိုရင် တမင်ရည်ရွယ်ပြီးသယ်လာတာပေ့ါ
      ခုတော့လည်း ဒီကိစ္စကမာ္ဘကျော်သွားပြီပေ့ါနော်
      နိုင်လို့ကျော်တာမဟုတ်ဘဲနဲ့
      မကောင်းသတင်းကျ ကမာ္ဘကျော်အောင် တတ်လည်းတတ်နိုင်ပ

  • usnczn

    July 29, 2011 at 1:10 pm

    ေxာက်ကျင့် မကောင်းတာတွေ..
    မဟုတ်တဲ့နေရာမှာ စည်းရုံးပြီး သွေးဆူတဲ့ဟာတွေ…
    ဘောလုံးပွဲ ကို ခဲနဲ့ထု မယ်ဆိုတဲ့ဟာတွေ…
    ပါးစပ်ထဲ ထည့်ပြောဘို့တောင် မကောင်းတော့ဘူး။
    လက်သံက ပြောင်ပါ့…. တပွဲထက်တပွဲ ပစ်အားတက်လာလိုက်ကြတာ…
    ကွင်းလယ်တောင်ရောက်ရောဘဲ….
    သောက်သုံးမကြတဲ့နေရာမှာတော့တော်ကြတယ်….x=-+-+-xxxxxxတွေ…

Leave a Reply