တောင်ကြားမှာအိုင် အိုင်ပါတ်ပါတ်လယ်မှာအိမ် အိမ်ပေါ်မှာတောင် တောင်ပေါ်မှာစေတီ

မိုးကုတ်မြို့ကိုမရောက်ခင် ဒယ်အိုးလိုပုံစံနဲ့ မြို့တည်ထားတယ်လို့သိရပါတယ်။
တည်းတဲ့မိုတည်မှာလဲ ချိတ်ထားတဲ့ဓါတ်ပုံထဲက ဒယ်အိုးပုံမြို့လေးပေါ့။
အဲဒါနဲ့ မြို့ကိုအပေါ်စီးကကြည့်ချင်တော့ မြို့အနောက်ဘက်မှာရှိတဲ့ ချမ်းသာကြီးဘုရားရှိတဲ့တောင်ပေါ်ကိုတက်ခဲ့ပါတယ်။.
အဲဒီအပေါ်လဲရောက်ရော………………
ဘုရားပေါ်ကမြင်ရတဲ့မိုးကုတ်မြို့မြောက်ဘက်ခြမ်း
ဒီပုံလေးကလဲမြို့မြောက်ဘက်ခြမ်း အဝေးကတောင်ပေါ်မှစေတီလေးတွေတန်စီလို့ပေါ့။
တဖြည်းဖြည်းတောင်ဘက်ကို တိုးပြီးရိုက်ထားတဲ့ပုံပါ။
အဝေးမှာတော့ တောင် တောင်ပေါ်မှာတော့ စေတီလေးတွေ

မြို့တောင်ဘက်ခြမ်းကတော့ ရေအိုင်ပါတ်ပါတ်လည်မှာအိမ်တွေရှိနေပါတယ်။
ဒါပေမယ့်ကန်ထဲမှာရေနည်းနေပါတယ်။
ဘုရားဒုတိယအဆင့်ကမြင်ရတဲ့ပုံ ရေကန်လေးတောင်တွေ့နေရတယ်
မြို့မြင်ကွင်းကတော့ကြည့်လေလှလေရှူ့မငြီးစရာပါ
မြို့တောင်ဘက်ခြမ်းမှာရေကန်လေးရှိပါတယ်။
ရေကန်ပါတ်ပါတ်လည်မှာအိမ်တွေပေါ့
အိမ်တွေရဲ့အထက်မှာတော့ တောင်။
တောင်မှန်သမျှမှာစေတီလေးတွေတည်ထားပါတယ်။
အဲဒါလှပသော ရတနာမြေ မိုးကုတ်ပါဘဲ။

10 comments

  • ရွှေဘိုသား

    July 29, 2011 at 9:47 am

    တစ်ခါမှ မရောက်ဖူးဘူးဗျာ
    မြို.လေးက တော်တော်လှတာပဲနော် မြင်ကွင်းလေးတွေက
    မြို.ကလှပါတယ်ဆို ရိုက်ယူလာတာကလည်း လေးပေါက်ဆိုတော.
    ဘာပြောကောင်းမလဲ အတိုင်းထက်အလွန်ပေါ.

  • weiwei

    July 29, 2011 at 9:50 am

    မိုးကုတ်ကို ကိုယ်တိုင်ရောက်သွားသလိုပါပဲ … ဓါတ်ပုံတွေအတွက် ကျေးဇူးပါ …

  • pan pan

    July 29, 2011 at 10:13 am

    တစ်မြို့လုံးကို အပေါ်ဆီးကနေရိုက်ထားတာပဲနော်
    မရောက်ဖူးသေး၊ မမြင်ဖူးသေးလို့ ခုလိုဓါတ်ပုံတွေကြည့်လိုက်ရတာ လေးပေါက်ကိုကျေးဇူးတင်ပါတယ်
    ဒယ်အိုးလိုမြို့ဆိုတာ ဘေးမှာတောင်တွေဝိုင်းနေပြီး မြို့ကအလယ်က အနိမ့်(ချိုင့်ဝှမ်း)မှာ ရှိလို့နဲ့တူတယ်

  • usnczn

    July 29, 2011 at 2:26 pm

    ဒီလိုကောင်းတဲ့ပုံေတွေကို ပင်ပန်းခံ ရိုက်ပေးတဲ့အတွက်
    ကျေးဇူးတင်ပါတယ်…ဤကဲ့သို့ မျှဝေပေးတဲ့ကျေးဇူးကြောင့်
    မိုးကုတ်မှာ ခလုပ်တိုက်တဲ့ ကျောက်ခဲ က ပတ္တမြားခဲ အဖြစ်ကောက်ရပါစေသတည်း…..

  • char too lan

    July 29, 2011 at 2:59 pm

    ကျေးဇူးတင်တယ်လေးလေးရေ……… ကိုယ်တိုင်ရောက်သွားသလိုပါပဲ
    လမ်းသလားနေတဲ့လေးလေး ပတ်ဝန်းကျင် ဘေးဘီဝဲယာလဲ သတိထားအုံးနော်
    ပီးတော့မှ သားသား သတိမပေးဘူးမလုပ်နဲ့ 😉

  • နွယ်ပင်

    July 29, 2011 at 3:32 pm

    လောက်လောက်ပေး ဓာတ်ပုံလေးတွေအတွက် ကျေးဇူးပါ
    အရမ်းကို သာယာပြီး လှတဲ့ မြို့လေးပါပဲနော်…
    တစ်ခါမှမရောက်ဖူးပင်မဲ့ အခုတော့ လောက်လောက်ပေးကျေးဇူးကြောင့်
    ဓာတ်ပုံ နှင့်အတူလည်ပတ်ခွင့်ရသွားပါပြီ ….

  • ဆူး

    July 29, 2011 at 4:51 pm

    ဆူး ရောက်ခဲ့တာ ၃နှစ်ကျော်ပြီ… အရင်လိုပဲ ပုံစံတွေက သိပ်မပြောင်းလဲသေးဘူး။
    မိုးကုတ် ဆရာတော်ကြီး တရားအားထုတ်တဲ့ လှိုင်ဂူလေး နားမှာ ကျောက်တွေ တူးထားတာ.. နေရောင်နဲ့ လက်လက် ကို ထ နေတာပဲ.. တဝင်း ဝင်း တပြောင်ပြောင်..

  • naywoonni

    July 29, 2011 at 7:28 pm

    ကျေးဇူးပဲ ကိုပေါက်ရေ…။ ကျွန်တော် တက္ကသိုလ်တက်တုန်းက သူငယ်ချင်းမလေးက မိုးကုတ်ကတဲ့ဗျ…။ ကျပ်ပြင်ကတစ်ယောက် .. အောင်နန်း က တစ်ယောက် …။ သူတို့ဆီ အလည်လာဖို့ခေါ်တာ လိုက်မသွားဖြစ်ဘူးဗျ… ။ ခုမှ သူတို့မြို့ အလှကို မြင်တွေ့ ဖူးသွားပြီ..။ ကျေးကျေး ပဲ ဗျို့………..

  • moethidasoe

    July 29, 2011 at 9:15 pm

    ဪ တကယ်မဟုတ်ပဲ ဓါတ်ပုံကို သရုပ်ဖော်စာ ရေးတာလေးကလဲ စိတ်ဝင်စားစရာ

  • (ဪ တကယ်မဟုတ်ပဲ ဓါတ်ပုံကို သရုပ်ဖော်စာ ရေးတာလေးကလဲ စိတ်ဝင်စားစရာ)
    တကယ်ပါ မမမိုးသီတာစိုးရဲ့

Leave a Reply