ကလေး မော်တော်ပီကယ် ရှိတယ်လား

Hard StrikeJuly 29, 20111min18110

၂၈.၇.၂၀၁၁ ရက်နေ  ့  ပြည်မြို  ့သို  ့ အလုပ်ကိစ္စ ဖြင့် ခရီးသွားစဉ် ထူးထူးဆန်းဆန်း မြင်ကွင်းမြင်တွေ  ့ခဲ့ရသဖြင့်

စာဖတ်ပရိသတ်ကို တင်ပြလိုက်ပါသည်။ ပဲခူးတိုင်း ၊သဲကုန်း တာဆုံ မော်တော်ပီကယ် ရုံးအနီးတွင်  ကလေး တစ်ယောက်

သည် ဝီစီ တစ်လုံး ကို မှုတ်ပြီး လိုင်းကား အငယ်များ နှင့် ထော်လာဂျီ များကို ပိုက်ဆံလမ်းကြေးကောက်ခံနေသည်ကို

ထူးထူးဆန်းဆန်းတွေ  ့မြင်ခဲ့ရပါသည်။မော်တော်ပီကယ် ဘောက် အတွင်းတွင် မော်တော်ပီကယ် ဦးထုပ်အဖြူ တစ်လုံးသာ

မြင်တွေ  ့ခဲ့ရပြီး လူမရှိပါ။ထို ကြောင့် ကလေးမော်တော်ပီကယ်(ယာဉ်ထိန်း) ရှိပါလားဟု စဉ်းစားရင်းတင်ပြလိုက်ရပါသည်။

10 comments

  • koyinmaung

    July 29, 2011 at 9:31 am

    ပုံလဲမတွေ့ပါလား….

  • ကြောင်ကြီး

    July 29, 2011 at 9:42 am

    ဟိုးရှေးတုန်းက ဘုန်းတန်ခိုးကြီးတဲ့ ဘုရင်တွေ အလိုရှိရင် တမန်တော်နဲ့ အမှတ်အသားတခုခုကို သူ့ကိုယ်စားပြခိုင်းတာ အခုတော့ ယုံသွားပြီ….။

  • lusoegyikoko

    July 29, 2011 at 9:49 am

    ဟုတ်ပါတယ်။ကလေးတော့မတွေ့သေးဘူးပါ။နေရာတော်တော်များများမှာ က်ိုယ်စာလှယ် GP POWER အပြည့်ပေးပြီး ပိုက်ဆံလိုက်တောင်းခိုင်းပါတယ်။ရန်ကုန် မြို့ အဝင်အထွက်တွေမှာရှိပါတယ်။

  • pan pan

    July 29, 2011 at 9:54 am

    ပုံတွေပါတင်ပေးရင်ကောင်းမယ်
    အဲဒီကလေးက———-ကိုယ်စားလှယ်လား??? (မော်တော်ပီကယ်ကိုယ်စားလှယ်)
    လမ်းကြေးကောက်တယ်ဆိုတော့ မော်တော်ပီကယ်က လမ်းကြေးကောက်တဲ့ တာဝန်ကိုယူရလား??? (အခွန်ပေးရတာတော့ သိရသလောက် ဖြတ်သန်းခကို လေလံနဲ့ လုပ်ပိုင်ခွင့်ရတဲ့ လုပ်ငန်းရှင်က ကောက်ခံခွင့်ရှိတယ်ဆိုတာပဲ)
    ဒါဆို ဒီကလေးက————-လုပ်ငန်းရှင်လား၊ လုပ်ငန်းရှင်ခန့်ထားတဲ့ ဝန်ထမ်းလား???
    သိတော့ဝူး….သိတော့ဝူး……

  • zawthulay

    July 29, 2011 at 11:09 am

    ဟုတ်တယ်..နေရာတိုင်းမှာ မော်တော်ပီကယ် ကိုယ်စားလှယ်တော်တွေနဲ့ ပိုက်ဆံတွေကို လိုက်တောင်းခိုင်းနေတာ..သူတို့တွေရှက်လည်းမရှက်ဘူး..

  • နွယ်ပင်

    July 29, 2011 at 11:25 am

    ကလေး မော်တော်ပီကယ်တော့ မတွေ့ဖူးဘူး
    မော်တော်ပီကယ် ကိုယ်စားလှယ်လေးတွေကတော့ ကလေးရော
    ကလေးမကျလူကြီးမကျရော တွေ့ဘူးတယ် (မီးပွိုင့်တွေမှာ) 😀

  • ogre

    July 29, 2011 at 12:57 pm

    ခလေးမော်တော်ပီကယ်တွေ့ချင်ရင်
    ကျောက်တိုင်မှတ်တိုင် ယောက်လမ်းထောင့် က မီးပွိုင့်မှာညနေပိုင်းသွားကြည့်ပါ
    ယူနီဖေါင်းတော့ မပါဘူးနော်။။

  • manawphyulay

    July 29, 2011 at 2:00 pm

    လူကြီး ကိုယ်စားလှယ်နဲ့တူတယ်။ အချိန်ပိုင်း လုပ်တာလားမှမသိတာ။

  • ဆူး

    July 29, 2011 at 8:28 pm

    ကလေးတော့ မတွေ့ဘူးဘူး..
    ကလေးတွေ ပန်းရောင်းနေတာတော့ အမြဲ မြင်တယ်။

Leave a Reply