မနေ့က မြန်မာနှင့် အိုမန်ဘောလုံးပွဲကို သွားကြည့်ဖို့ မတက်နိုင်ပေမယ့် TV ကနေပဲ အားပေးမယ်လို့ စိတ်ဆုံးဖြတ်ပြီး အားပေးဖြစ်ခဲ့ပါတယ် … မြန်မာအသင်းရဲ့ ပရိတ်သတ်တွေဟာ အဆမတန် များပြားလွန်းတာကိုလည်း ၀မ်းမြောက်ကြည်နူးဖွယ်လည်း တွေ့ ရှိခဲ့ရပါတယ် … ကိုယ်တိုင် မသွား ရောက်နိုင်တာကိုတောင် စိတ်ထဲမှာ အားမလို အားမရဖြစ်ပြီး ကိုယ့်ကိုယ်ပင် အပြစ်တင်မိနေပါတော့တယ် … ပွဲမစခင် ပရိတ်သတ်အားလုံးရဲ့   နိုင်ငံတော် သီချင်းဆိုသံဟာလည်း ကြက်သိန်း တဖြန်းဖြန်းထလောက်အောင်ကိုပင် ဇာတိသွေး ဇာတိမာန်များ နှိုးထလာပါတော့တယ် … ကွင်းထဲမှာ ရှိတဲ့ ပရိသတ်၊ ကစားသမားများဆိုရင် ဘယ်လောက်တောင် မျိုးချစ်စိတ်ဓာတ်များ ထက်သန် နေကြမလဲ ဆိုပြီး ရင်ခုန်သံတွေ မြန်ဆန်လာပါတော့တယ် (သမီးရည်းစား စထားခါစ ပထမဦးဆုံး ရုပ်ရှင်အတူတူကြည့် တာထက်တောင် ပိုတယ်ဗျ ) … ပွဲစတယ်ဆိုကတည်းက မြန်မာအသင်းဟာ ပရိသတ်တွေရဲ့ အားပေးမှုနဲ့အတူ ကြိုစား ကစားခဲ့ကြတာကိုလည်း တွေ့မြင်ခဲ့ရပါတယ် … မိုင်းအိုက်နိုင်၊ ရန်ပိုင်၊ ကျော်ကိုကို၊ ပိုင်စိုးတို့ရဲ့   တိုက်စစ်အတွဲဟာလည်း လက်ရှိ မြန်မာနေရှင်နယ်လိဂ်မှာ ကစားနေကြတဲ့ ခြေစွမ်းထက်မြက်တဲ့ ကစားသမားတွေဆိုတော့ ပိုပြီး အားတက်နေမိတာကတော့ ဘောလုံးပရိတ်သတ်နဲ့ အတူ ကျွန်တော်လည်း ပါဝင်ခဲ့ပါတယ် … ဂိုးသမားဆိုရင်လည်း လက်ရှိ မြန်မာပြည်မှာ အကောင်းဆုံးလို့ တင်စားကြတဲ့ ကျော်ဇင်ထက်နဲ့ သီဟစည်သူ တို့ကို ရွေးချယ်ထားတယ်ဆိုတော့ စိတ်တိုင်းလည်း ကျမိပါရဲ့   … ဒါပေမယ့် သီဟစည်သူ တစ်ယောက် လက်ချောင်း အသေးစား ဒဏ်ရာရရှိနေတယ်ဆိုတဲ့သတင်း … နည်းပြချုပ်ဖြစ်သူ ဦးဆန်းဝင်း ကျန်းမာရေး အခြေအနေကြောင့် ကွင်းဘေးမှာ ကြီးကြပ်ဖို့ မဖြစ်နိုင်ဘူးဆိုတော့ အားတော့ လျော့မိတာ အမှန်ပါပဲ ဒါပေမယ့်လည်း ဦးတင်မြင့်အောင်တို့လို ၀ါရင့် ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားပြီး ဘာသာစကား နားလည်နိုင်မှု၊ လိုချင်တဲ့ ပုံစံကို ကစားသမားတွေထံ တိုက်ရိုက်ချပြ ပေးနိုင်မယ့်  မြန်မာလူမျိုး နည်းပြတွေကြောင့် စိုးရိမ်မှုများလည်း အတော်အတန်သင့် လျော့နည်းခဲ့ပါတယ် … နောက်တန်းမှာလည်း ၀ါရင့် နောက်တန်းကစားသမားတွေဖြစ်တဲ့ (အသင်းခေါင်းဆောင်)ခင်မောင်လွင်၊ မိုးဝင်းတို့နှင့်အတူ ရန်အောင်ကျော် စတဲ့ နောက်တန်းကစားသမားတွေကိုလည်း အားတက်ဖွယ် ကြိုးစား ကစားနေကြတာကို တွေ့ခဲ့ရပါတယ် …. ကစားသမားအပိုင်းမှာတော့ အိုမန် ကစားသမားတွေရဲ့   Skill ဟာ မြန်မာတွေထက် သာလွန်တာကို တွေ့  ခဲ့ရပါတယ် (သြော် ငါတို့ ဘောလုံးအကယ်ဒမီတွေ ကနေ ပွင့်လန်းလာမယ့် နောင်အနာဂတ် မျိုးဆက်သစ် လူငယ်ဘောလုံးသမားတွေ အရွယ်ရောက် လာရင်တော့ကွာ မင်းတို့ကို သူတင်ကိုယ်တင် ယှဉ်နှိုင်မှာပါ အခုဟာက အကယ်ဒမီကနေ ဆင်းလာတဲ့ လူတွေ မပါသေးလို့ပေါ့ကွာလို့ စိတ်ထဲကနေပဲ ကြုံးဝါးနေမိလိုက်သေးတယ်… ဘာလို့လဲဆိုတော့ လောလောလတ်လတ် U-16 ကစားသမားလေးတွေရဲ့  အစွမ်းအစတွေကို မြင်ထားတော့ နည်းနည်းတော့ လူမသိအောင် စိတ်ထဲကနေ ကြုံးဝါးကြည့်လိုက်တာပေါ့) လူခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံကိုတော့ မပြောတော့ပါဘူး အားလုံး သိကြမယ့် အတိုင်းပါပဲ … ဒီလိုနဲ့ Counter ကနေ အိုမန် ဘောလုံးသမားတွေရရှိသွားပြီး ဂိုးရေ့  ကို ဖြတ်တင်ပေးလိုက်တာကို အိုမန် တိုက်စစ်မှူး အာမက် အလီကနေ လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက် ယူသွားပြီး အဖွင့်ဂိုး ရယူသွားခဲ့ပါတယ် … ဂိုးသမား ကျော်ဇင်ထက်လည်း ဘယ်လိုမှ မတတ်နိုင်ပဲ ခွင့်ပြုခဲ့ရပါတယ် …. ဒီဂိုးကို ကျွန်တော်ဟာ ကွင်းထဲ မှာ မဟုတ်တဲ့အတွက် TV ကနေလွှင့်တဲ့ ဟာ ကို ကြည့်ရတာ လူကျွံ့ အနေအထားဖြစ်ခဲ့တယ်လို့ မြင်မိတယ် … စည်းကြပ်ဒိုင် အလံထောင်မလား ဆိုပြီး မျှော်လင့်ခဲ့ပေမယ့် ဂိုးအဖြစ်ခွင့်ပြုခဲ့တာကို မချင့်မရဲနဲ့ လက်ခံခဲ့ရပါတယ် ….

အဲဒီဂိုးနဲ့ ပတ်သက်ပြီး ကွင်းထဲကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် ကြည့်ရှု့ အားပေးခဲ့တဲ့ ကာယ ဆရာတစ်ယောက်ကို အခုလို မေးမြန်းကြည့်တဲ့အခါ ….

” ဆရာ ကျွန်တော်တို့ပထမ ပေးလိုက်ရတဲ့ ဂိုးအပေါ်မှာ ကျွန်တော်က လူကျွံ့ တယ်လို့ ထင်မိပါတယ် … ဆရာရဲ့   အမြင်ကို ပြောပြပေးပါအုန်း … “

” ဟုတ်ပါတယ် ညီလေး ထင်မြင်သလို မှန်ခဲ့ပါတယ် … အိုမန်ဘောလုံးသမားတွေ ဘောလုံး ရရှိပြီးနောက် စည်းကြပ်ဒိုင်ဟာ ဘောလုံးနဲ့ အတူ မျောပါသွားသလိုပါပဲ … အိုမန်ဘောလုံးသမားဟာ မြန်မာထက် ခြေတစ်လှမ်း စောပြီး စည်းကြပ်ဒိုင်ဟာ မြန်မာဘောလုံးသမားထက် ခြေလှမ်း ၂ လှမ်းစာလောက် နောက်ကျနေခဲ့ပါတယ် ဘောလုံးကို ဂိုးရှေ့   ကန်တင်ပြီးမှသာ စည်းကြပ်ဒိုင်ဟာ တစ်တန်းတည်း ရောက်လာတဲ့အတွက် လူကျွံဘော ဟုတ်မဟုတ် မသိနိုင်တော့ပါဘူး ဒါ့ကြောင့် ဂိုးအဖြစ် ခွင့်ပြုပေးလိုက်တယ်လို့ ထင်မိပါတယ် … ဒါဟာလည်း လူသားတစ်ယောက်ဖြစ်တဲ့အတွက် အမှားမကင်းနိုင်ပါဘူးဆိုပေမယ့် ကိုယ်လုပ်ရမယ့် အလုပ်ကို အမှားအယွင်းကင်းစွာ လုပ်ဆောင်ဖို့ လိုအပ်လှပါတယ် “

ပထမဂိုးပေးလိုက်ရတော့ ပရိသတ်တွေဟာ နည်းနည်းတော့ မကျေမနပ် မချင့်မရဲ ဖြစ်သွားကြပြီး ကိုယ့်အသင်းကိုယ် ဆဲဆို ကျိန်းမောင်း ပြစ်တင် ဝေဖန် နေကြပါတယ် … ဒါပေမယ့်လည်း ခဏအကြာမှာ နိုင်ငံတော် သီချင်းကို ဆိုပြဲီး အားပေးနေလေတော့ စိတ်ထဲမှာ နည်းနည်းတော့ ကျေနပ်မိတာ အမှန်ပါပဲ …ဒါပေမယ့်လည်း မကြာပါဘူး စုန်းပြူးတစ်ချို့   ရဲ့    ကိုယ့်အသင်းပေါ် နိုင်ချင်စေတဲ့ စိတ်များအပေါ် လွဲမှားသော ဖိအားပေးမှုများနှင့်အတူ မြန်မာအသင်းဟာ ဒုတိယ ဂိုးဖြစ်စေမယ့် ပင်နယ်တီ ပေးလိုက်ရပါတော့တယ် …. ဒီပင်နယ်တီ ပြစ်ဒဏ်ဘောဟာ အိုမန်အသင်းဘက် အိုမန်နိုင်ငံမှာ ကန်ခဲ့တဲ့ပွဲဆိုရင် မြန်မာအသင်းအနေနဲ့ ရရှိနိုင်ဖို့ အခွင့်အရေးနည်းပါးလှပါတယ် (ဒါတွေဟာ မြန်မာ အသင်းဆိုရင် အပြည်ပြည်ဆိုင်ဒိုင်လူကြီးတွေရဲ့  မျက်မုန်းကျိုးခြင်းကို ခံရတာမို့ အထူးအနေနဲ့ ပြောလိုခြင်းပဲဖြစ်ပါတယ်)မန်မာဘောလုံးသမားအတွေနဲ့ မိမိ အမှားကို သိတဲ့အတွက် (အရင်တုန်းကပွဲတွေလို စောဒကာ မတက်ကြတော့ပါဘူး ၂ ယောက်လောက်ကပဲ အေးအေးဆေးဆေး ဖြေရှင်းသွားတာကို တွေ့ မိပါတယ် … ဒါဟာ မြန်မာဘောလုံးအသင်းအတွက် တိုးတက်လာသော အလေ့အကျင့်များလို့ ဆိုချင်ပါတော့တယ်)

၂ ဂိုးပေးလိုက်ရတဲ့အချိန်မှာပဲ သွေးထိုးလှုံ့ဆော်ပေးမှုများနဲ့အတူ အရာဝတ္တုများကို ကွင်းအတွင်းသို့ ပစ်ပေါက်မှုများ ဆဲဆိုသံများနဲ့ အတူ စတင်လိုက်ပါတော့တယ် ………………. ကျန်တဲ့ အဖြစ်အပျက်တွေကလည်း အားလုံးသိရှိပြီး ဖြစ်မယ်ထင်လို့ ဆက်လက်မဖော်ပြတော့ပါဘူးဗျာ …

Burma ရေးထားတဲ့ http://myanmargazette.net/57821/uncategorized-other/copypaste ကို ဖတ်ပြီးပြီထင်လို့  ဆက်မရေးတော့တာပါ စာဖတ်သူရဲ့ အချိန်ကို လေးစားသောအားဖြင့် ….

ကျွန်တော်တို့အနေနဲ့ အာရှအလယ်အလတ်တန်းဖြစ်တဲ့ အိုမန်အသင်းကို မနိုင်လို့ဘာမှ မဖြစ်သွားပါဘူး …

နောက်တစ်ကြိမ် ကျွန်တော်တို့ ပြန်ကြိုးစားလို့ ရသေးတယ်လေ …

စိတ်ဓာတ်တွေ နိမ့်ကျသွားရင် ပြန်လည် မြင့်မားလာအောင် လုပ်ဖို့ဆိုတာ ……………………..

ဟိုတစ်လောက ရွာထဲမှာ ဖတ်ခဲ့ရတဲ့ ” လူတော်လူကောင်းလား၊ လူကောင်းလူတော်လား “ ဆိုတဲ့ ပို့စ်ထဲမှာ လူကောင်းလူတော်ဆိုတဲ့ ဟာကို ထောက်ခံခဲ့ပြီး လူကောင်းလေးတွေ ဖြစ်လာအောင် ဟိုးငယ်စဉ်ကလေးဘ၀ထဲက စလို့ မိဘ၊ဆရာ တင်မကဘဲ ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေကပါ လမ်းမှန်တွေကို ပြပေးခဲ့မယ်ဆိုရင် ….

အခုတော့ အခုတော့ ….. ဘောလုံးပွဲမှာ မြန်မာအသင်းဟာ ရှုံးနိမ့်ခဲ့ပါတယ် …

” အနိုင်အရှုံးသည် အဓိကမဟုတ် ယှဉ်ပြိုင်ခြင်းသည် အဓိက ” …. ” Fair Play “

ကျွန်တော်တို့ ပရိသတ်တွေက အရှုံးကိုလက်ခံပေးနိုင်ဖို့ မရင့်ကျက်သေးတာလား … ဒါမှမဟုတ် အရှုံးကို လက်ခံမပေးချင်တဲ့ အတ္တ စိတ်တွေ များလွန်းတာလား …. ဒါမှမဟုတ် ……………………….

ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်အသင်းကိုယ် နိုင်စေချင်တာပဲ … ကျွန်တော်လည်း နိုင်စေချင်ပါတယ် နိုင်ငံအသင်းတင်မဟုတ်ပါဘူး … ကိုယ့်လမ်းထဲက ကလေးနဲ့ ဟိုဘက်လမ်းထဲက ကလေး ပြိုင်ရင်လည်း ကိုယ့်ကလေးကို နိုင်စေချင်တဲ့ စိတ် ကျွန်တော့်မှာရှိပါတယ် … ရှုံးသွားရင်လည်း လက်ခံပေးနိုင်ဖို့ ဟိုတုန်းကတော့ အဲဒီစိတ်မရှိသေးဘူးပေါ့ဗျာ … ကိုယ်အားပေးတဲ့ အသင်းရှုံးနိမ့်ရင် မျက်ရည်ကျတဲ့အထိ ၀မ်းနည်းမိတယ်ပေါ့ဗျာ …

ကိုယ့်အသင်းရှုံးနေတဲ့အချိန်မှာ အသင်းသားတွေ စိတ်ဓာတ်မကျဖို့ အပြစ်တင် ဆဲဆိုမယ့် အစား စိတ်ဓာတ်ခွန်အားတွေ တိုးပွားလာပြီး အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့ အားပေးသင့်တယ်ဗျာ …. အခုတော့ ကိုယ့်အသင်းရဲ့    စိတ်ဓာတ်တွေကို ရိုက်ချိုးပစ်သလို ဖြစ်ခဲ့ရတော့ … ကစားသမားတွေအနေနဲ့ မ၀ံ့မရဲ ဖြစ်ကုန်ကာ တည်ငြိမ်ကောင်းမွန်စွာ မကစားနိုင်ကြတော့  … ဒုတိယအကြိမ် ရှုံးခဲ့ရပါပြီ ………..

ဒိုင်လူကြီးများ၊ တစ်ဖက်အသင်းသားများကို အရာဝတ္တုတွေနဲ့ပစ်ပေါက်တဲ့အခါမှာတော့ ကျွန်တော်တို့ဟာ တတိယအကြိမ်နဲ့ အကြီးမားဆုံး အရှုံးကြီးကို ဆက်လက် ပိုင်ဆိုင်ခဲ့ရပါတော့တယ် ……….. ဒါဟာ နိုင်ငံခြားသားများအနေနဲ့ မြန်မာပြည်မှာမှီတင်းနေထိုင်ကြတဲ့ လူမျိုးများကို ခြုံငုံပြီး အထင်သေး အမြင်သေး သွားမှာ သေချာပါတယ် … မြန်မာဆိုတာ စည်းကမ်းမရှိသောသူ၊ မယဉ်ကျေးတဲ့သူ၊ အရှုံးကိုလက်မခံတတ်တဲ့လူ၊ ကိုယ်ထိလက်ရောက် ရန်စ စော်ကားချင်သူ … စတဲ့ … စတဲ့ ………….

တစ်ဖန် … ဘောလုံးအဖွဲ့ချုပ်ရဲ့   ဥက္ကဋ္ဌ တစ်ယောက်ကို နိုင်ငံခြားသားတွေရဲ့  ရှေ့  မှာတင် အရုပ်ဆိုးဖွယ် ဖိနပ် စသော အရာဝတ္တုများနဲ့ ပစ်ပေါက်တဲ့ အတွက် တိုင်းတပါးသားတွေအနေနဲ့ မြန်မာနိုင်ငံသားတွေအပေါ် ဘယ်လို ထင်မြင်ကုန်မလဲဆိုတာ ………………….

ဘောလုံးပွဲဟာ ဆက်မကစားတော့ပဲ ပွဲကို ဖျက်သိမ်းလိုက်တယ်ဆိုတာ အကြောင်းအမျိုးမျိုးရှိပါတယ် … ရာသီဥတု ကြောင့်လား ၊ ဘာကြောင့်လား အစရှိသဖြင့်ပေါ့ အခုလိုမျိုး ဖြစ်ရပ်တွေကြောင့် ဆက်မကစားပဲ ပွဲကို ဖျက်သိမ်းလိုက်တာကြောင့် ….  နောင် နိုင်ငံတကာပွဲတွေအပေါ်မှာရော ကမ္ဘာ့ ဘောလုံးအဖွဲ့အချုပ်ရဲ့  အရေးယူမှုတွေရှိလာခဲ့မယ်ဆိုရင် … ကျွန်တော်တို့ဟာ အရှုံးပေါင်းမြောက်များစွာကို ရင်ဆိုင်ရတော့မှာပဲ ဖြစ်ပါတော့တယ် ………………………………………………..

 

 

 

About King

has written 59 post in this Website..

ရှူးးးးးးးးးးးးးးးးးးး ...................