အရမ်းရှက်တယ် ရွှေမြန်မာရယ်……….

Wai Yan LayJuly 29, 20111min18317

မနက်အင်တာနက်ဖွင့်ကြည့်တော့ စိတ်မကောင်းစရာ သတင်းတခုက ဆီးကြိုလို့ နေပါတယ်…. ဘောလုံးပွဲမှာ မြန်မာတွေ ရိုင်းလို့ ပွဲပျက်သွားတယ်တဲ့  တကယ်ကို ရင်ထဲမှာ တမျိုးကြီးဖြစ်သွားတယ်… မနက် ရုံးရောက်ကတည်းက ဘောလုံးပွဲရလဒ်ကိုသိချင်နေတာ မြန်မာ့ရုပ်မြင်သံကြားက လွင့်တာကို ကြည့်ဖို့ မအားတာနဲ့ ရုံးရောက်လို့ အင်တာနက်ဖွင့်ကြည့်မှပဲ စိတ်မကောင်းဖြစ်ရတော့တယ်… ရှုံးတယ်၊ နိုင်တယ် ဆိုတာ ပြိုင်ပွဲဝင်တွေတိုင်း ကြုံတွေ ရမှာပဲလေ ဒါကို လက်မခံနိုင်လို့ ဟိုဟာနဲ့ ပစ်ပေါက် ဒီဟာ နဲ့ ပစ်ပေါက် ဆဲဆိုုနေလု့ိ နိုင်မယ်လို့ များထင်နေကြလားမသိဘူး၊ ဘာပဲ ဖြစ်ဖြစ်ဒီလို လုပ်လိုက်တယ်ဆိုကတည်းက ထပ်ရှုံးသွားပြီး ကျွန်တော်တို့လူမျိုးတွေကို သူများနိုင်ငံတွေက အထင်သေးသွားပြီ၊ မလုပ်သင့်ဘူးဗျာ လုံးဝလုံးဝပဲ၊ ဘာဖြစ်လဲ ရှုံးတာ ၊နောက်တခါနိုင်အောင်ကြုးိစားမှာပေါ့ အခုတော့ ကျွန်တော်နိုင်ငံမှာ ဘယ်နိုင်ငံတကာပွဲတွေ ကျင်းပရဲတော့မှာလဲ ၊ မြန်မာတွေက ရှုံးလာရင် ဒီလို လုပ်တတ်ပါလားလို့ ဆိုတဲ့ အတွေးကြီးသူ့တို့ ခေါင်းထဲမှာ ဝင်သွားပြီလေဗျာ၊ အားလုံးရဲ့ ကိုယ်စား. အရမ်းကိုရှက်ရပါတယ် ကျွန်တော်လေဘယ်လိုကိုပြောပြရမလဲ မသိဘူးဗျာ……. နောက်ဒီလိုမျိူးတွေထပ်မဖြစ်ပါစေနဲ့လို ဆုတောင်းရပါတယ်၊…………နှစ်ခါမရှုံးစေဖို့ မြန်မာတွေသိစေချင်ပါတယ်……..

17 comments

  • chindwinsayargyi

    July 29, 2011 at 12:36 pm

    ဟုတ်တယ်ဗျာ.ရှက်စရာတော်တော်ကောင်းတယ်.MNLပွဲတွေမှာထဲကရိုင်းတာ.အဲဒီထဲကမထိန်းခဲ့တာ.
    သူများနိုင်ငံနဲ့ပွဲကျတော့ပြီးပြီပေါ့။ကစားသမားတွေကလည်းမကြိုးစားဘူး.ပရိတ်သတ်ကလည်းအောက်တန်းကျတယ်.တို့မြန်မာတွေပြင်ဘို့.အမြန်ပြင်ဘို့.လိုပြီ.ဒီလိုသာဆိုရင်….

    (၁၀)နှစ်..(၁၀)နှစ်………………

  • လင်းဝေကျော်

    July 29, 2011 at 12:42 pm

    မနေ့ကတည်းက ကြားတယ်။ စိတ်တော်တော်ပျက်သွားတယ်။
    ဒီမနက် သူတို့တည်းတဲ့နေရာကိုရောက်မိလို့ အဲဒီ ဝတ်ရုံဖြူ ဦးပေါင်းထုပ်နဲ့ လူတစ်ယောက်ရယ် အိုမန်အသင်းအကျီ င်္နဲ့လူတွေရယ်ကိုတွေ့တော့
    ကိုယ့်ဘာသာ ရှက်မိတယ်။

  • ogre

    July 29, 2011 at 12:50 pm

    စိတ်ပျက်လို့ အရင်ကထဲက မကြည့် လိုက်တာ
    တော်တော်….အကုသိုလ်ကငိးသွားတယ်…။။။

  • manawphyulay

    July 29, 2011 at 1:08 pm

    မနေ့ကတည်းက ရှက်တာ။ တိုက်ရိုက်ပြတဲ့ပွဲလေး အေးဆေးကြည့်ရမလားမှတ်တယ် ကွန်နက်ရှင်က စုတ်၊ မြန်မာတွေ ဟိုပစ်ဒီပစ်နဲ့ ပွဲကိုရပ်လိုက်ရထဲက တော်တော်ကို အဆင့်မရှိသလိုခံစားမိသွားတယ်။

  • pan pan

    July 29, 2011 at 1:40 pm

    အရှုံးကို ရင်မဆို်င်ရဲလို့ ရမ်းကားတာ
    ရှက်ရမ်းရမ်းတာလားတော့ မသိဘူး
    အဲဒါပိုရှက်ဖို့ကောင်းတယ်
    ရှုံးလို့ဒီလောက်အရှက်မကွဲဘူး
    ခုတော့…ခုတော့

  • pisikway

    July 29, 2011 at 2:00 pm

    အိုမန်မှာ အလုပ်လုပ်နေတဲ့သူငယ်ချင်းတွေအတွက်စိတ်မကောင်းဘူး ၊ နဂိုကမှ တစ်ခုခုဆို “You guys Burmese” အစချီပြီး အထင်သေးသလိုဆက်ဆံခံနေရတဲ့ကြားထဲ။

    • nayminn

      July 29, 2011 at 5:32 pm

      မြန်မာ ပြည်မှာ လုပ်စရာနေရာအများကြီးပါ။

  • Big Defender

    July 29, 2011 at 2:29 pm

    ကျွန်တော်မြန်မာတွေမှာ စကားပုံတစ်ခုရှိတယ်လေ
    အနိုင်မခံအရုူံးမပေးတဲ့

  • koyinmaung

    July 29, 2011 at 2:30 pm

    ဒီလိုအကျင့်ဆိုးတွေကဒီမှာတင်မဟုတ်ဘူး စတိတ်ရှိးတွေမှာလဲတွေ့ဘူးတယ်…တော်ပါတော့ဗျို့ အောက်ဆင်းပါတော့ ဆဲတာတွေကပါသေး…ဆိုတဲ့သူကိုအားနာဘို့ကောင်းတယ် ကိုယ်မကြိုက်ပေမဲ့ ကြိုက်တဲ့သူတွေရှိမယ်ဆိုတာသိဘို့ကောင်းတယ်…….

  • နွယ်ပင်

    July 29, 2011 at 2:39 pm

    ကိုယ့်မြေမှာ လာကန်တာကိုတောင် ရှုံးအောင်ကန်တာကပဲ တော်တော်ရှက်စရာကောင်းနေတာ
    အခုတော့ ပြသာနာပါရှာတယ်ဆိုတော့ ပြောမနေပါနဲ့တော့

  • nayminn

    July 29, 2011 at 3:52 pm

    ဖတ်ချင်တော့ဘူး…..တော်ပါတော့…ပို့စ်တွေက ဒါကိုပဲဝိုင်းရေးနေကြတာ။ တောာ်ပြီပေါ့တစ်ယောက်ရေးရင်။

    • Grace

      July 29, 2011 at 4:38 pm

      ကိုယ့်ခံစားချက် ကိုယ့်အတွေး ကိုယ့်အရေးတွေမို့ လက်ခံရမှာပေ့ါ။

  • photwenty

    July 29, 2011 at 4:56 pm

    အားပါး တော်တော်ကိုရှုံ.ချထားတာပါပဲလား ထားပါတော.ဗျာ မြန်မာပိရိတ်သတ်တွေရိုင်းတယ်ဟုတ်တယ်ဗျာ ရိုင်းတယ် ဒါပေမယ်. ပရိတ်သတ်တွေ ဆိုးတယ်ဆိုတာ ၅၀% ပဲမှန်တယ်လို.ယူဆတယ်ဗျာ ကျနော်.ရဲ.ဒီရွာထဲက အစ်ကိုအစ်မတို.အဲ.ဒီပွဲသွားကြည်.ဖြစ်ကြလား မကြည်.ဖြစ်ရင် ပွဲထဲ မရောက်ခင် အပြင်မှာဖြစ်နေတာလေးတွေနည်းနည်းနားစွင်.လိုက်အုံးဗျာ ဒီမှာလင်.လေးတွေရှိတယ်
    အဲ.ဒီမှာနည်းနည်း ကြည်.ပြီးမှာဆက်ဝေဖန်ကြ
    http://www.facebook.com/media/set/?set=a.186744911377326.60019.100001254542429&type=1

    http://mutdfan.com/index.php/readmore/post/37732

  • moethidasoe

    July 29, 2011 at 9:13 pm

    ကျုပ်တို့ မြန်မာတွေ တလွဲ ဆံပင်ကောင်းတယ် ဆိုတဲ့ စကားက ဒီနေရာမှာ ပြောဖို့ ဖြစ်တယ် (အတိအကျတော့ မတူပါ ဗိုလ်ချုပ်လေသံ တုပြီး ရေးထားတာ)

  • mnoe

    July 30, 2011 at 6:04 pm

    ဒါဘာလဲဆိုလို့ရှိယင် ဗမာတွေ စိတ်ထဲမှာ ဗမာတွေဟာ စိတ်ဓာတ် ထက်တယ် ဘာညာနဲ့ တလွဲဆံပင်ကောင်းနေတယ်ဆိုတာနဲ့ အတူတူဘဲ။ ဒီစကားဟာ ဒီနေရာမှာ သုံးဖို့ဟာတွေဘဲ။ ဗမာတွေစိတ်ဓာတ်က မဟုတ်တဲ့နေရာမှာ သွားပြီးကောင်းနေတယ်။ တကယ့်နေရာတွေကျတော့ အသုံးမကျဘူး။ ဗမာပြည် လွတ်လပ်ရေးရအောင်ဆိုတာမျိူးမှာ အသုံးမချတတ်ဘူး။ ဗမာပြည် ပြန်လည်ထူထောင်ရေး လုပ်တဲ့နေရာမျူးိမှာ အသုံးမချတတ်ဘူး။ ဗမာ ဗမာချင်းချဖို့မှာ လုပ်ချင်တယ်၊ အဲဒါမျူးိတွေ လုပ်ချင်တယ်။ ဒါမျိူးတွေလုပ်ချင်လို့ ဘယ်တော့မှ အကျူးိမရှိဘူး။ ဒီတိုင်းပြည် ဘယ်တော့မှ ပြန်လည်မထူထောင်နိုင်ဘူး။ ဒီတိုင်းပြည် ဘယ်တော့မှ မလွတ်လပ်နိုင်ဘူး။ လွတ်လပ်ယင်လဲ ဘယ်တော့မှ ကျကျနန လွတ်လပ်ရေး မဖြစ်နို်င်ဘူး။
    (ဗိုလ်ချူပ်အောင်ဆန်း၊ ၁၉၄ရ ဇူလိုင် ၁၃၊ မြို့တော်ခန်းမ)

    • kai

      July 31, 2011 at 4:46 am

      “ကျနော်တို့ ဗမာတွေမှာ အကျင့်တခုရှိတယ်။ ဘာလည်းဆိုရင် . . . . . ဒါကလည်းဘဲ ကျနော်တို့ ကျွန်ဖြစ်ခဲ့ကြရတဲ့အတွက် ဖြစ်ချင်ဖြစ်မယ်။ ကျနော် ဂျပန်ခေတ်တုန်းက ပုသိမ်ဖက်ကို သွားတဲ့အခါ လှေပြိုင်ပွဲတခုရှိတယ်။ လှေပြိုင်ပွဲလုပ်ခဲ့တယ်။ လှေပြိုင်ပွဲလုပ်တဲ့အခါမှာ ဘာဖြစ်သလည်းဆိုတော့ လှေတွေ ပြိုင်လိုက်တာ နှစ်စင်းပြိုင်တဲ့အခါမှာ နိုင်တဲ့အစင်းက ပန်းတိုင်မရောက်သေးဘူး။ ရှေ့ကို နဲနဲရောက်တယ်ဆိုရင်ဘဲ တက်ထောင်တယ်။ ကြွားတာ ကြွားတာ။ တခါ ရှုံးတဲ့အနောက်က နေတဲ့လှေကလည်းဘဲ ပန်းတိုင်မရောက်သေးဘူး။ ကြိုးစားချင် ကြိုးစားနိုင်သေးတယ်။ မကြိုးစားတော့ဘူး။ ရှုံးတော့မှာပါပဲကွာဆိုပြီး ခြေပစ်လက်ပစ်နဲ့ တယ်မခတ်ချင်တော့ဘူး။”

      ဗိုလ်ချူပ်အောင်ဆန်း၊

  • ရွှေအိမ်စည်

    July 30, 2011 at 9:56 pm

    လောင်းတာနိုင်တယ်..အဖေနဲ ့လေ..အေးဆေးဘဲ

    အဖေကိုပြောလိုက်တယ်…..
    အဖေ..သူတို ့နာကျည်းချက်တွေအဲ ့ဒိမှာပြလိုက်မယ်လို ့..
    တကယ်ဆို..ဒီစကားပါလောင်းရမှာ..နိုင်မှာဘဲ..င့ါတော့

Leave a Reply