နားထောင်ဖြစ်သော သီချင်းများ

manawphyulayJuly 29, 20111min741

ညီမလေး ပန်းရင့်ရောင် တဂ်တာကို ပြန်ဖြေခြင်းဖြစ်ပါတယ်။ ညီမလေး တဂ်တာကတော့ ညည်းဖြစ်မိသော သီချင်းများဆိုတဲ့ ခေါင်းစဉ်လေးပါ။ ဒါပေမယ့် ညီမလေးရေ မမက သီချင်းဆိုတာထက် နားထောင်တာပဲလုပ်လေ့ရှိတဲ့အတွက် ခေါင်းစဉ်လေးကို နည်းနည်းပြောင်းလိုက်ရတဲ့အတွက် တောင်းပန်ပါတယ်နော်။ လူဆိုတာ ပင်ပန်းတဲ့အခါ စိတ်ကို လန်းဆန်းစေမယ့်အရာတစ်ခုကို ပြုလုပ်တတ်ကြပါတယ်။ မမကတော့ အမြဲ စာဖတ်ဖို့ပဲ အားသန်ပါတယ်။ သီချင်းနားထောင်ပြီး ကော်ဖီသောက်ရင်း စာဖတ်ရတာကို အလွန်ပဲ ကြိုက်နှစ်သက်မိတယ်။ ဒါပေမဲ့ မျက်မှန်သမားဆိုတော့ အိမ်က သိပ်ပြီး စာဖတ်တာကို မကြိုက်တဲ့အတွက် ကွန်ပျူတာကိုင်တာပေါ့ ဟီး။ ပါဝါတွေလည်းတိုးလို့ တတ်နိုင်ဘူး။ ဝါသနာကို မတားနဲ့ရှင် ဆိုသလို ဖြစ်နေပြီ။ ကွန်ပျူတာကိုင်ရင်းလည်း သီချင်းနားထောင်တယ်။ သီချင်းနားထောင်လွန်းလို့ နားဒုက္ခရောက်တာတောင် ခံစားခဲ့ရဖူးတယ်။ တော်တော်ဆိုးတဲ့ ခံစားမှုတစ်ခုပေါ့ ညီမလေးရ။ ဒါနဲ့ ဆေးရုံကို သွားပြပြီးမှ သက်သာသွားတာ နောက်ပိုင်း နားကြပ်နဲ့ သိပ်ပြီး နားမထောင်ဖြစ်တော့ဘူး။ ဒါပေမယ့် အခု ပြန်နားထောင်နေပြန်ပြီ ဟိ။ တစ်ခါတလေတော့ သံစဉ်မမှန်တဲ့ အသံကြောင်နဲ့ ဆိုညည်းတတ်ပါတယ်။ အိမ်မှာ နားထောင်ရင်လည်း လူကြီးတွေ မကြိုက်တတ်တဲ့ အော်တယ်လို့ အမြဲပြောတဲ့ သီချင်းတွေ များတယ်လေ။ မမ အမြဲနားထောင်ဖြစ်တဲ့ သီချင်းတွေကတော့
ခုတစ်လော နားထောင်ဖြစ်တာတွေက
ဝိုင်းစုခိုင်းသိန်းရဲ့ အချစ်မမြင်ဆိုလား စာသားက (မချစ်ချင်ပါဘူး သတ်ချင်တာပဲ သိတယ်နော်….)
ညီမလေးလို တစ်စုံတစ်ယောက်ဆိုတာ မမရဲ့ဘဝထဲမှာ ခုထိမရှိသေးတဲ့အတွက် ဘယ်သူကို ဘယ်လိုလွမ်းရမှန်းကို မသိပဲ လွမ်းတိုင်း နားထောင်ဖြစ်တဲ့ သီချင်းကတော့
ဝိုင်ဝိုင်းရဲ့ လက်ခံမှာလား (မင်း စိတ်ဟာ ထိခိုက် မခံဘူးကွာxxx အားပေးသူ တစ်ယောက်လောက်တော့ ရှိနေမှာxxx သိမ်ငယ်စွာ တစ်ယောက်ထဲxxx သူစိမ်းသူများကြားမှာ စိတ်ညစ်နေမလား….)
နေနေရဲ့ ဖူးစာရှင် (ဘယ်လို ဝဋ်ကြွေးများကြောင့်လဲxxx အဖော်မဲ့ ငါ့တစ်ယောက်ထဲ တစ်ခါမှ အသည်းလည်း မခွဲခဲ့ဖူးပါကွယ် xxx အကြင်နာကင်းမဲ့ စိတ်အားလည်းငယ် မြှားနတ်ရှင်ရယ် ဘာများမှားနေလဲxx နာကျင်ကြေမွခဲ့ချိန်များ ငိုကြွေးဖို့နေရာ ရင်ခွင်လေးတစ်ခု တိုးဝှေ့ဖို့ လိုတယ်xx ပြန်လည် နှလုံးသားကြွေးဆပ် ပေးအပ်ပါ့မယ် လွဲလို့နေဆဲ ကိုယ့်ဖူးစာရယ်xxx အတိတ်ဖူးစာရှင်ရယ် အိပ်နေသလားကွယ်xx အကြင်နာမှန်ရင် ဆုံဆည်းပါရစေသားxxx)
နောက်တစ်ပုဒ်က ကြိုးကြာရဲ့ အိပ်မက်မက်ခွင့်ရရုံနဲ့ ကျေနပ်ရသူပါ (အိပ်မက်မက်ခွင့်ရရုံနဲ့ ကျေနပ်ရသူပါxxx ဘာကြောင့်လဲကွယ် အတိတ်ကံလွဲ ဘာမှန်းမသိပါ ငါ့စိတ်ထဲ ငါ့ရဲ့ဘေးမှာ မင်းရှိရင် ကျေနပ်တယ်xxx)

ဇော်ပိုင်ရဲ့ ပြန်လာခဲ့ပါ (အချစ်အကြောင်း ငါတော့ နားမလည်xxx ကြုံလာတိုင်းလည်း အသိခက်ဆဲxx ရင်ထဲက ခံစားချက်ပါ )
နားထောင်တာတွေကတော့ များကြီးပဲညီမလေးရ။
ဆောင်းဦးလှိုင်ရဲ့အပိုဆု (ဘယ်တော့ ငါ့ကို ပစ်သွားမယ် ငါ မသိxxx ဘယ်တော့ ငါ့ကို ချစ်မိမလဲ ငါမသိxxx ဘယ်တော့ ငါ့ကို ပစ်သွားမယ် ငါမသိxx ပိုအော ချစ်မိတယ် လိုချင်ဆုံး မင်းဆီက မေတ္တာတရားပါxx)
နောက် နားထောင်ဖြစ်တာတွေက Lဆိုင်းဇီ သီချင်းတွေများတယ်။ မှတ်မိသလောက် ခေါင်းစဉ်တွေက
မကြာခင်မှာ ကြင်နာမယ်၊ မလွမ်းရဲသေးဘူးမောင်ရဲ့ ပြောရရင် အများကြီးပဲ။
များသောအားဖြင့် နားထောင်တာတွေက လေးဖြူ၊ အငဲ သီချင်းတွေများတယ်။ ဘလက်ဝိုး သီချင်းတွေလည်း နားထောင်ဖြစ်တယ်။
အကြိုက်ဆုံးနဲ့ ဆိုညည်းတာကတော့ လေးဖြူရဲ့ အိပ်မက်ကဗျာထဲက မမေ့နိုင်သီချင်းပဲ ညီမလေးရဲ့။
(ညလေး…. မှောင်မဲ တိမ်ညိုတွေကြား အလင်းပျောက်ကွယ်xxx ဒီလိုညမျိုး အိပ်လို့ပျော်အောင် လာပြီး ဘယ်သူကများ နှစ်သိမ့်မလဲxxx )
နောက် အိမ်မှာကော ရုံးမှာကော နာဖြစ်တဲ့တရားတော်က U Nyanissara ရဲ့ တရားတော်တွေပဲဖြစ်ပါတယ်။
ကဲ ဒီလောက်နဲ့ ကျေနပ်လောက်မယ်လို့ ထင်ပါတယ် တဂ်တဲ့ညီမလေး ပန်းရင့်ရောင်ရေ… နေ့အိပ်မက် တဂ်တာလည်း ရေးရဦးမယ် ဟင့်ဟင့် ဆိုးတဲ့ကလေးမတွေ ကိုယ့်အမ အေးဆေးနေတာကို မကြည့်ရက်ကြဘူးထင်တယ်။ ကဲ တော်ပြီနော်

One comment

  • naywoonni

    July 29, 2011 at 9:33 pm

    အဲဒိ သီချင်းတွေ နားမထောင်ဘူးတာရယ် မကြိုက်တာရယ်က ဘာမှပြောစရာမရှိပါဘူး……..

Leave a Reply