စားကြဦးမလား…. (စားဆဲ၊ စားပြီး၊ စားလတ္တံ လူများမကြည့်ရ)
ကြည့်ပြီး စားချင်လွန်းလို့ သွားရည်ကျသွားရင် တာဝန်မယူဘူးနော်…
ဒီလူရဲ့ ခြေထောက်နားကိုကြည့်လိုက်ပါ
အပြေးသန်တယ်၊ နှစ်ခုလုံး….
အလို…..ဖိနပ်ထဲဝင်နေပါလား
ဪ…သူတို့က တွင်းအောင်းတွေကိုး
ပုတ်သင်ညိုလိုလို…ဘာလိုလို
ဒီကောင်က အခန်းထောင့်မှာ..ကြည့်ရတာ ချောင်ကြိုက်တဲ့ကောင်တွေပဲ၊ အောင်းမယ် ခိုမယ်
အမလေးလေး…..ဆာလာအိတ်ထဲမှာ အများကြီးပဲ၊ ဖမ်းထားတာ
ဖြတ်ကုန်ပြီ၊ ခုတ်ကုန်ပြီ
အတက်အလက်မှန်သမျှ အကုန်ဖြတ်
အမြီးပါဖြတ်တယ်
ဟောသလို…ဟောသလို…အရေစုတ်တယ်
အမြီးတွေချည်း ပန်ကန်ပြားထဲမှာ၊ ဘာလုပ်မလို့ပါလိမ့်
အလိုလေး….ရဲရဲနီ၊ အရေစုတ်ထာပြီးသား အကောင်တွေ
ခုတော့လည်း တစစီ ရုပ်ပျက်သွားကြပြီ…ဘယ်အမြီးက ဘယ်ကောင့်ဟာလဲကွယ်
အနီးကပ်ကြီးပြတော့ အသည်းယားစရာကြီး..
အမငှီး….ကြောက်ကြောက်
ဆေးကြောသုတ်သင်နေတာများလားမသိ
အမြီးနဲ့ ဗိုက်ထဲက ဘာတွေလဲမသိ၊ အဲဒါတွေပဲချက်မယ်ထင်တယ်
ဟော..ဟင်းအိုးထဲထည့်ပါပြီ
အစုံပဲနော်..သေချာချက်တာ၊ ဟိုစိမ်းစိမ်းလေးက ငြုတ်သီးတောင့်ထင်ပ့ါ
အဲ…ထမင်းတွေနဲ့ထင်တယ်၊ အသားကိုကျတော့ သပ်သပ်ချက်တယ်နော်၊ ဒီဘက်ပန်းကန်ထဲမှာ အကောင်လိုက်အသားတွေ
ဒန်ပေါက်နဲ့ တူမနေဘူးလား..
သံပုရာသီး၊ ကြက်သွန်နီတွေနဲ့ လင်ပန်းကြီးထဲမှာ လက်ရည်တပြင်တည်းစားကြတာပဲ
—————————————————————————————-
ရွာသူရွာသားအပေါင်းတို့လည်း ဒီပုံတွေကြည့်ပြီး သားရည်ကျကျနဲ့ အရမ်းစားချင်သွားလားမသိဘူးနော်
အဟဲ…
စိတ်ကုန်သွားပြီင်္းဗျာ
စားလည်းစားနိုင်ကြတယ်နော်
Was this answer helpful?
LikeDislikeအမလေး မစားချင်ပါဘူး
ကြည့်ရင်းနဲ့တောင် အသည်းယားတယ်
ရှာရှာဖွေဖွေလဲ စားတက်ကြပ ….
Was this answer helpful?
LikeDislikeထမင်းစားပြီးပြီးချင်းကြည့်လိုက်မိတာ … စားထားတာတောင် ပြန်ထွက်သွားချင်တယ် …
Was this answer helpful?
LikeDislikeဟုတ်ပ
အခုလဲဗိုက်ဆာနေတုန်း စားကြဦးမလားဆိုလို့
ဝင်ပြီးငမ်းလိုက်ပါတယ်
ဗိုက်ဆာတာတောင်ပျောက်ချင်သွားတယ်
Was this answer helpful?
LikeDislikeဒံပေါက်စားချင်စိတ်တော့ပျောက်သွားပြီ
Was this answer helpful?
LikeDislikeအစားသောက် သောင်းကျန်းပုံများနော် … စိတ်ကုန်တွားပီ ..
Was this answer helpful?
LikeDislikeMRTV 4 မှာ လာဖူးတင်ထင်တယ်နော်… သတ်သတ်လွတ်ပဲစားတော့မယ်။
Was this answer helpful?
LikeDislikeမြေကြွက်ထက်တော့ ..အရသာရှိမဲ့ပုံပါပဲ..။ သဲကန္တာရထဲ သန့်သန့်ပြန့်ပြန့်နေပုံရတာကိုး…

စားတော့ကြည့်ချင်သား..။
Was this answer helpful?
LikeDislikeမြေကြွက်ကတော့ စားကြတယ်လို့မကြားဖူးဘူး
လယ်ကြွက်တော့ စားဖူးတယ်
ရွာက စိုက်ခင်းတွေထဲမှာရှိတယ်
အိမ်ကြွက်၊ မြေကြွက်တွေနဲ့မတူဘူး၊ သန့်တယ်တဲ့
Was this answer helpful?
LikeDislikeဆောရီး.. မှားသွားတယ်..။
စားခဲ့ဖူးတာ လယ်ကြွက်ပါ…။ စပါးတွေစားပြိး.. အဆီတွေတဝင်းဝင်းနဲ့လယ်ကြွက်စားခဲ့ဖူးတာ…။
Was this answer helpful?
LikeDislikeဖွတ်လား ၊ ပဒတ်လား တခုခုပဲ။
Was this answer helpful?
LikeDislikeအခုကျွန်တော်တို့ခုံခုံမင်မင်စားနေတဲ့ အသား တွေ ငါးတွေနဲ့ ဘာမှမကွာပါဘူး။အမြင်သာ ဆန်းနေတာပါ။
ဝက်တွေ နွားတွေလည်းဒို လိုရိုက်ပြရင်စားချင်စရာရှိမှာမဟုတ်ပါ။အတူတူပါပဲ။
Was this answer helpful?
LikeDislikeနွားတွေ ဝက်တွေလည်း ကိုယ်ရှေ့မှာ ပယ်ပယ်နယ်နယ်အသတ်ခံနေရရင် ဘယ်လိုလုပ်စားဝင်မလဲနော်
ငါးတု့ိကြက်တို့ကတော့ ဈေးထဲမှာသတ်တာလည်းရှိတယ်ဆိုတော့ သိပ်မထူးဆန်းတော့ဘူး
ဒါကတော့ ကိုယ်မသိ မမြင်ဖူးတော့ အဆန်းဖြစ်နေတာပေ့ါ
Was this answer helpful?
LikeDislikeအမြီးကျတော့ ဘာလို့ အရေခွံ မစုပ်လဲ မသိဘူးနော်.. ဥတိမ်တွေ နဲ့.. ဒီလိုသာ ဆို ဒီကောင်တွေ မျိုးတုန်းဖို့အလား အလာ ရှိတယ်။ ဒါ ပြစ်မှုမြောက်တယ်။ (သဂျီး စတိုင် နဲ့)
Was this answer helpful?
LikeDislikeဘာဘဲပြောပြော

ကျုပ်တို့ သဂျီးရဲ့ ယူဆချက်လေးကို
အရမ်းကြိုက်တယ်
ဂယ်ပြောဒါ
ဆန်ရှင်ဖွင့်တာတို့
ရွေးကောက်ပွဲကို ထောက်ခံတာတို့တော့ လာမလုပ်နဲ့နော်
( ဖွားလေးဆူး စတိုင်ဖြင့် ) မွှမ်းးးးးးးးးး
Was this answer helpful?
LikeDislikeဖွတ်သားလေ၊ တစ်ချို ့ထိုင်းတွေ တအားကြိုက်တယ်။ တစ်ကီလိုကို ဘတ်ငွေ တစ်ထောင်နှုန်းလောက်နဲ ့တောင်ဝယ်စားကြတယ်။
Was this answer helpful?
LikeDislikeဖွတ်ဥ လိပ်သည်း ကျွဲနို့ခဲ တဲ့…။ ကြားဖူးတာလေးပါ…။ ဦးပေါ်ဦး စကားထဲကလို တစ်နှစ်လောက်နေမှ ထပ်ပြီး မေးတော့လည်း ဆားနဲ့ပါ ဘုရားတဲ့ …။ အဲဒါတွေ မစားချင်ရင်တော့ ဆားနဲ့ပဲ စားရလိမ့်မယ်…။
Was this answer helpful?
LikeDislikeတော်တော်လည်းရှာရှာဖွေဖွေ စားတတ်ကြတယ်..ဒီလိုအစားသောင်းကျန်းတဲ့သူတွေဟာ ဘာအသားလာလာ မကောင်းကောင်းအောင် ချက်ပြုတ်စားကြမှာဘဲတော့…:(
Was this answer helpful?
LikeDislikeစားချင်တယ်
ဒါပေမယ့် …ကိုဘာသာ သေချာချက်စားမှာ
လယ်ကြွက် သား ကြောင်သား ဖွတ်သား သမင်သား
လိပ်သား မြွေသား တောကြောင်သား အကုန်ကြိုက်တယ်
Was this answer helpful?
LikeDislikeစားကြည်လည် အသားပဲ သိပ်ကွာမှာမဟုတ်ပါဘူး
ဖွတ်ဥတောစားဘူးတယ် ဥထဲမှာအကောင်းဆုံးလိုတောကြားဖူးတာပဲ
နည်နည်ပဲကွာတာပါ တခြားဥတွေနဲ
Was this answer helpful?
LikeDislikeအစားသောင်းကျန်းကြတာပဲနော်…ဒါနဲ့တခြားဥဆိုလို့.ဟို ဥကောစားဖူးလား (ဟိဟိ) ကြက်ဥပြောပါတယ်
Was this answer helpful?
LikeDislikeလည်လှီး ပြီး သတ်စားကြတာလားဟင်?
Was this answer helpful?
LikeDislikeဘီယာ လေးနဲ့ဆိုပိုအဆင်ပြေမလားမသိဘူး။
Was this answer helpful?
LikeDislike