စားကြဦးမလား…. (စားဆဲ၊ စားပြီး၊ စားလတ္တံ လူများမကြည့်ရ)

panpanJuly 29, 20114min43323

ကြည့်ပြီး စားချင်လွန်းလို့ သွားရည်ကျသွားရင် တာဝန်မယူဘူးနော်… 😀


ဒီလူရဲ့ ခြေထောက်နားကိုကြည့်လိုက်ပါ


အပြေးသန်တယ်၊ နှစ်ခုလုံး….


အလို…..ဖိနပ်ထဲဝင်နေပါလား


ဪ…သူတို့က တွင်းအောင်းတွေကိုး


ပုတ်သင်ညိုလိုလို…ဘာလိုလို


ဒီကောင်က အခန်းထောင့်မှာ..ကြည့်ရတာ ချောင်ကြိုက်တဲ့ကောင်တွေပဲ၊ အောင်းမယ် ခိုမယ်


အမလေးလေး…..ဆာလာအိတ်ထဲမှာ အများကြီးပဲ၊ ဖမ်းထားတာ


ဖြတ်ကုန်ပြီ၊ ခုတ်ကုန်ပြီ


အတက်အလက်မှန်သမျှ အကုန်ဖြတ်

အမြီးပါဖြတ်တယ်


ဟောသလို…ဟောသလို…အရေစုတ်တယ်


အမြီးတွေချည်း ပန်ကန်ပြားထဲမှာ၊ ဘာလုပ်မလို့ပါလိမ့်


အလိုလေး….ရဲရဲနီ၊ အရေစုတ်ထာပြီးသား အကောင်တွေ


ခုတော့လည်း တစစီ ရုပ်ပျက်သွားကြပြီ…ဘယ်အမြီးက ဘယ်ကောင့်ဟာလဲကွယ်


အနီးကပ်ကြီးပြတော့ အသည်းယားစရာကြီး..


အမငှီး….ကြောက်ကြောက်


ဆေးကြောသုတ်သင်နေတာများလားမသိ


အမြီးနဲ့ ဗိုက်ထဲက ဘာတွေလဲမသိ၊ အဲဒါတွေပဲချက်မယ်ထင်တယ်


ဟော..ဟင်းအိုးထဲထည့်ပါပြီ


အစုံပဲနော်..သေချာချက်တာ၊ ဟိုစိမ်းစိမ်းလေးက ငြုတ်သီးတောင့်ထင်ပ့ါ


အဲ…ထမင်းတွေနဲ့ထင်တယ်၊ အသားကိုကျတော့ သပ်သပ်ချက်တယ်နော်၊ ဒီဘက်ပန်းကန်ထဲမှာ အကောင်လိုက်အသားတွေ


ဒန်ပေါက်နဲ့ တူမနေဘူးလား..


သံပုရာသီး၊ ကြက်သွန်နီတွေနဲ့ လင်ပန်းကြီးထဲမှာ လက်ရည်တပြင်တည်းစားကြတာပဲ

—————————————————————————————-

ရွာသူရွာသားအပေါင်းတို့လည်း ဒီပုံတွေကြည့်ပြီး သားရည်ကျကျနဲ့ အရမ်းစားချင်သွားလားမသိဘူးနော်
အဟဲ…     😛

23 comments

  • Big Defender

    July 29, 2011 at 2:23 pm

    စိတ်ကုန်သွားပြီင်္းဗျာ
    စားလည်းစားနိုင်ကြတယ်နော်

  • နွယ်ပင်

    July 29, 2011 at 2:31 pm

    အမလေး မစားချင်ပါဘူး
    ကြည့်ရင်းနဲ့တောင် အသည်းယားတယ်
    ရှာရှာဖွေဖွေလဲ စားတက်ကြပ ….

  • weiwei

    July 29, 2011 at 2:34 pm

    ထမင်းစားပြီးပြီးချင်းကြည့်လိုက်မိတာ … စားထားတာတောင် ပြန်ထွက်သွားချင်တယ် …

  • စုံ စုံ

    July 29, 2011 at 2:36 pm

    ဟုတ်ပ
    အခုလဲဗိုက်ဆာနေတုန်း စားကြဦးမလားဆိုလို့
    ဝင်ပြီးငမ်းလိုက်ပါတယ်
    ဗိုက်ဆာတာတောင်ပျောက်ချင်သွားတယ်

  • koshwemoe

    July 29, 2011 at 2:45 pm

    ဒံပေါက်စားချင်စိတ်တော့ပျောက်သွားပြီ

  • chitpyae

    July 29, 2011 at 2:54 pm

    အစားသောက် သောင်းကျန်းပုံများနော် … စိတ်ကုန်တွားပီ .. 🙁

  • manawphyulay

    July 29, 2011 at 3:01 pm

    MRTV 4 မှာ လာဖူးတင်ထင်တယ်နော်… သတ်သတ်လွတ်ပဲစားတော့မယ်။

  • kai

    July 29, 2011 at 3:07 pm

    မြေကြွက်ထက်တော့ ..အရသာရှိမဲ့ပုံပါပဲ..။ သဲကန္တာရထဲ သန့်သန့်ပြန့်ပြန့်နေပုံရတာကိုး… 🙂
    စားတော့ကြည့်ချင်သား..။ 🙂

    • pan pan

      July 29, 2011 at 3:10 pm

      မြေကြွက်ကတော့ စားကြတယ်လို့မကြားဖူးဘူး
      လယ်ကြွက်တော့ စားဖူးတယ်
      ရွာက စိုက်ခင်းတွေထဲမှာရှိတယ်
      အိမ်ကြွက်၊ မြေကြွက်တွေနဲ့မတူဘူး၊ သန့်တယ်တဲ့

      • kai

        July 29, 2011 at 3:27 pm

        ဆောရီး.. မှားသွားတယ်..။
        စားခဲ့ဖူးတာ လယ်ကြွက်ပါ…။ စပါးတွေစားပြိး.. အဆီတွေတဝင်းဝင်းနဲ့လယ်ကြွက်စားခဲ့ဖူးတာ…။

  • hmee

    July 29, 2011 at 3:26 pm

    ဖွတ်လား ၊ ပဒတ်လား တခုခုပဲ။

  • lusoegyikoko

    July 29, 2011 at 3:30 pm

    အခုကျွန်တော်တို့ခုံခုံမင်မင်စားနေတဲ့ အသား တွေ ငါးတွေနဲ့ ဘာမှမကွာပါဘူး။အမြင်သာ ဆန်းနေတာပါ။
    ဝက်တွေ နွားတွေလည်းဒို လိုရိုက်ပြရင်စားချင်စရာရှိမှာမဟုတ်ပါ။အတူတူပါပဲ။

    • pan pan

      July 29, 2011 at 3:41 pm

      နွားတွေ ဝက်တွေလည်း ကိုယ်ရှေ့မှာ ပယ်ပယ်နယ်နယ်အသတ်ခံနေရရင် ဘယ်လိုလုပ်စားဝင်မလဲနော်
      ငါးတု့ိကြက်တို့ကတော့ ဈေးထဲမှာသတ်တာလည်းရှိတယ်ဆိုတော့ သိပ်မထူးဆန်းတော့ဘူး
      ဒါကတော့ ကိုယ်မသိ မမြင်ဖူးတော့ အဆန်းဖြစ်နေတာပေ့ါ

  • ဆူး

    July 29, 2011 at 5:35 pm

    အမြီးကျတော့ ဘာလို့ အရေခွံ မစုပ်လဲ မသိဘူးနော်.. ဥတိမ်တွေ နဲ့.. ဒီလိုသာ ဆို ဒီကောင်တွေ မျိုးတုန်းဖို့အလား အလာ ရှိတယ်။ ဒါ ပြစ်မှုမြောက်တယ်။ (သဂျီး စတိုင် နဲ့)

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 29, 2011 at 8:00 pm

    ဘာဘဲပြောပြော
    ကျုပ်တို့ သဂျီးရဲ့ ယူဆချက်လေးကို
    အရမ်းကြိုက်တယ်
    ဂယ်ပြောဒါ
    ဆန်ရှင်ဖွင့်တာတို့
    ရွေးကောက်ပွဲကို ထောက်ခံတာတို့တော့ လာမလုပ်နဲ့နော်
    ( ဖွားလေးဆူး စတိုင်ဖြင့် ) မွှမ်းးးးးးးးးး 🙁 🙁 🙁

  • leonus007

    July 29, 2011 at 9:30 pm

    ဖွတ်သားလေ၊ တစ်ချို ့ထိုင်းတွေ တအားကြိုက်တယ်။ တစ်ကီလိုကို ဘတ်ငွေ တစ်ထောင်နှုန်းလောက်နဲ ့တောင်ဝယ်စားကြတယ်။

  • naywoonni

    July 29, 2011 at 10:18 pm

    ဖွတ်ဥ လိပ်သည်း ကျွဲနို့ခဲ တဲ့…။ ကြားဖူးတာလေးပါ…။ ဦးပေါ်ဦး စကားထဲကလို တစ်နှစ်လောက်နေမှ ထပ်ပြီး မေးတော့လည်း ဆားနဲ့ပါ ဘုရားတဲ့ …။ အဲဒါတွေ မစားချင်ရင်တော့ ဆားနဲ့ပဲ စားရလိမ့်မယ်…။

  • PMP

    July 29, 2011 at 10:35 pm

    တော်တော်လည်းရှာရှာဖွေဖွေ စားတတ်ကြတယ်..ဒီလိုအစားသောင်းကျန်းတဲ့သူတွေဟာ ဘာအသားလာလာ မကောင်းကောင်းအောင် ချက်ပြုတ်စားကြမှာဘဲတော့…:(

  • ogre

    July 30, 2011 at 11:46 am

    စားချင်တယ်
    ဒါပေမယ့် …ကိုဘာသာ သေချာချက်စားမှာ
    လယ်ကြွက် သား ကြောင်သား ဖွတ်သား သမင်သား
    လိပ်သား မြွေသား တောကြောင်သား အကုန်ကြိုက်တယ်

  • MOEPWINTPHYU

    July 30, 2011 at 12:29 pm

    စားကြည်လည် အသားပဲ သိပ်ကွာမှာမဟုတ်ပါဘူး
    ဖွတ်ဥတောစားဘူးတယ် ဥထဲမှာအကောင်းဆုံးလိုတောကြားဖူးတာပဲ
    နည်နည်ပဲကွာတာပါ တခြားဥတွေနဲ

  • zawthulay

    July 30, 2011 at 3:48 pm

    အစားသောင်းကျန်းကြတာပဲနော်…ဒါနဲ့တခြားဥဆိုလို့.ဟို ဥကောစားဖူးလား (ဟိဟိ) ကြက်ဥပြောပါတယ်

  • usnczn

    July 30, 2011 at 4:33 pm

    လည်လှီး ပြီး သတ်စားကြတာလားဟင်?

  • 007James

    July 30, 2011 at 7:57 pm

    ဘီယာ လေးနဲ့ဆိုပိုအဆင်ပြေမလားမသိဘူး။

Leave a Reply