မြန်မာ – ကမ္ဘာမှာ နံပါတ် ၁

Zaw WonnaJuly 29, 20111min1306
filipinolivingabroad.com

မြန်မာကတော့ ကမ္ဘာမှာ နံပါတ် ၁ ဖြစ်သွားပါပြီ။ အွန်လိုင်း တိုက်ခိုက်မှုတွေမှာပါ။ ဒီနှစ်(၂၀၁၁) ရဲ့ ပထမ သုံးလပတ်အတွင်းမှာ အွန်လိုင်း တိုက်ခိုက်မှုတွေ အားလုံးရဲ့ ၁၃ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံက ဖြစ်တယ်လို့ အမေရိကန် အခြေစိုက် Akami အင်တာနက် ဆက်သွယ်မှုလုပ်ငန်း အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ နှစ်အထိ အွန်လိုင်း တိုက်ခိုက်မှု အများဆုံး ဆယ်နိုင်ငံ ထဲမှာ မပါဝင်ခဲ့ပဲ ဒီနှစ်မှ ထူးခြားစွာ ထိပ်တန်းကို ရောက်လာခဲ့ပါတယ်။
လက်ရှိ အွန်လိုင်းတိုက်ခိုက်မှု အများဆုံး တိုင်းပြည်တွေထဲမှာ အမေရိကန် ပြည်ထောင်စုက ၁ဝ % နဲ့ ဒုတိယ၊ တိုင်ဝမ်နိုင်ငံက ၉.၁ % နဲ့ တတိယ၊ ရုရှနိုင်ငံက စတုတ္ထ ( ယမန်နှစ်က ပထမ) အသီးသီး ဖြစ်ကြပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အများပြည်သူ သုံးစွဲနေကြတဲ့ အင်တာနက်လိုင်းတွေကတော့ အလွန်မှကို နှေးကွေးလွန်းလှသလို အစိုးရက ပိတ်ပင်ထားတဲ့ ဝက်ဘ်ဆိုက်တွေကလည်း များလှပါတယ်။ ဒါ့အပြင် အင်တာနက် သုံးစွဲသူ အရေအတွက်ကလည်း အခြားနိုင်ငံတွေထက် စာရင် အလွန်နည်းပါးပါတယ်။

ဒီလို အခြေအနေမှာ ဒီအွန်လိုင်း တိုက်ခိုက်မှုတွေကို အဓိက ကျူးလွန်နေသူတွေဟာ ဘယ်သူတွေ ဖြစ်နိုင်မလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါ။
ကျနော့်လို ဒီအွန်လိုင်း တိုက်ခိုက်မှုတွေ၊ ဟက်ကာတွေ အကြောင်း ဂဃနဏ မသိတဲ့ လူတစ်ယောက် အနေနဲ့ကတော့ ဒီသတင်းကြောင့် နည်းပညာမှာ မြန်မာကွဆိုပြီး စိတ်ကြီးပဲ ဝင်ရမလို၊ စည်းကမ်းတွေကို ဖောက်ဖျက်တတ်တာကြောင့်ပဲ ရှက်ရမလို ခံစားနေမိပါတယ်။

Ref: www.securitynewsdaily.com

6 comments

  • PMP

    July 29, 2011 at 10:39 pm

    အောက်တန်းကျတယ်ဆိုပြီး ရှက်စရာထက် ဒီလို အလွန်တရာနှေးကွေးစုတ်ပြတ်တဲ့ ကွန်နက်ရှင်ရယ်၊ အပိတ်အပင် အတားအဆီးတွေကြားကနေ ခုလိုစွမ်းဆောင်နိုင်တဲ့ အတွက်တော့ ဂုဏ်ယူတယ်ဗျာ..

    • Niko

      July 30, 2011 at 9:41 am

      ” ဂုဏ်ယူတယ်” ???? Shame on you and your people for taking proud on such unethical things.

  • Foreign Resident

    July 30, 2011 at 5:25 am

    Dear PMP,
    I am not an expert in hacker field, but, I am sure,
    With this အလွန်တရာနှေးကွေးတဲ့ ကွန်နက်ရှင်, nobody can make အွန်လိုင်း တိုက်ခိုက်မှု

    Think wisely, Those who made အွန်လိုင်း တိုက်ခိုက်မှု are not using အလွန်တရာနှေးကွေးတဲ့ ကွန်နက်ရှင်
    Even they attacked from Myanmar, they used very good connection.

  • kai

    July 30, 2011 at 3:01 pm

    http://myanmargazette.net/35246/economic-news-international-news-news-industry-people-in-the-news-us-news-news

    အဲဒီအပေါ်ကသတင်းနဲ့ ဆက်စပ်ဖတ်ကြည့်ရင်… တိုက်ခိုက်နေသူတွေဟာ.. မြန်မာတွေမဟုတ်ဖို့များတယ်လို့ ထင်တယ်..။
    ကမ္ဘာ့ဟက်ကာတွေက… မြန်မာပြည်ရဲ့ အင်တာနက်ကို ယူသုံးသွားတာလို့ ယူဆမိတယ်..။

    မြန်မာပြည်အစိုးရက.. တကမ္ဘာလုံးနဲ့ ရန်ဖြစ်ထားတော့.. မြန်မာပြည်ကနေလုပ်တယ်ဆို.. လမ်းကပိတ်သွားပြီလေ..။
    ဟက်ကာတွေရဲ့ ဖုပရင့်တွေ.. လောဂ့်ဖိုင်တွေတောင်းလည်း အစိုးရကထုတ် ပေးမှာမှမဟုတ်တာ..။

    • ဘုန်းသန့်ခန့်

      August 4, 2011 at 8:41 pm

      မြန်မာ IP တွေကို bounce လုပ်ပြီး ယူသုံးသွားတာနေမှာပေါ့။ ဒါမှမဟုတလည်း ကျော်ရခွရပါများတော့ အလိုလို ဟက်တက်လာတာနေမှာ။ :))

  • ဆူး

    August 4, 2011 at 11:01 pm

    သိပ်တော့ နားမလည်ဘူး.. မြန်မာ အိုင်ပီတွေ ယူသုံးပြီး ဟတ်တယ် ဆိုတော့.. မြန်မာ အင်တာနက် လိုင်းကနေ တဆင့် ဖြတ်သန်းပြီး ဟတ်တဲ့ သဘောမျိုးလား.. အင်တာနက် လိုင်းနှေးတယ် ဆိုတာ.. ဟတ်ကာတွေ ဖြတ်လျှောက်လို့ လမ်းပိတ်ပြီး သာမာန်ပြည်သူတွေ နှေးနှေးကွေးကွေး သုံးနေရတာလား။ သိပ် နားမလည်လို့နော်။

Leave a Reply