တစ်မိနစ်စာ အပြင်းပြေ ဟာသများ(၃)

maung hninkharrJuly 29, 20111min957

“အချိန်သိချင်လို့ပါ”

ရဲစခန်း တစ်ခုသို့ ဖုန်းလာသည်။

‘ဟဲလို’

‘ကျွန်တော် မောင်လှပါ။ ဘယ်နှစ်နာရီ ရှိပြီလဲသိချင်လို့ပါ။’

‘၁ နာရီ’

နောက် ၅မိနစ်လောက် နေတော့ ထပ်ပြီးဖုန်းလာသည်။

‘ဟဲလို’

‘ကျွန်တော် မောင်လှပါ။ ဘယ်နှစ်နာရီ ရှိပြီလဲသိချင်လို့ပါ။’

‘၁ နာရီ ၅မိနစ်’

နောက် ၅မိနစ်လောက် နေတော့ ထပ်ပြီးဖုန်းလာသည်။

‘ဟဲလို’

‘ကျွန်တော် မောင်လှပါ။ ဘယ်နှစ်နာရီ ရှိပြီလဲသိချင်လို့ပါ။’

‘ဟေ့ကောင် . . . ငါတို့ မင်းဆီကယူထားတဲ့ နာရီပြန်လာယူတော့’

 

“ပျင်းစရာကြီး”

တစ်ခါက ကလေးငယ်တစ်ယောက်က သူ့အဖေကို မေးသည်။

‘ဖေဖေ လီမ်တဲ့ညာတဲ့ လူတွေက ကောင်းကင်ဘုံကို မရောက်ဘူးဆို’

‘ဟုတ်တယ် . . . သား မလီမ်တဲ့မညာတဲ့ လူတွေဘဲ ကောင်းကင်ဘုံကို ရောက်တာ’

‘ဟင် . . . ဒါဆို ဘုရားသခင် တစ်ယောက်တည်း ပျင်းနေတော့မှာပေါ့။’

 

“စကားကိုနှစ်ခါ မပြောတတ်သူ”

ကျွန်တော် စကားတစ်ခွန်းကို နှစ်ခါမပြောတတ်ဘူးလို့ ခင်ဗျားကို အထပ်ထပ် အခါခါ ပြောခဲ့ပြီးပြီနော်။

“Sample လိုချင်လို့ပါ”

နားလေးတဲ့ လူတစ်ယောက်က ဆေးစစ်ဖို့အတွက်ဆေးခန်းကိုသွားတယ်။သူ့ မိန်းမပါ ပါလာတယ်။

ဆရာဝန် အခန်းထဲဝင်တော့ ဆရာဝန်က

‘ကျွန်တော် ဆီးနမှုနာ လိုချင်တယ်။’

နားသိပ်မကြားရ တော့ သူ့မိန်းမကို လှမ်းမေးတယ်။

‘ငါ့ကို ဆရာက ဘာပြောတာလဲ’ ဆိုပြီး

သူ့မိန်းမ ပြန်ပြောလိုက်တာက

‘ဆရာက ရှင့် underwear လို့ချင်လို့တဲ့။’

 

“တူနေလို့”

ခင်ဗျား ဘာဖြစ်လို့ထောင်ကျရတာလဲ?

ကျွန်တော်ထုတ်တဲ့ ပိုက်ဆံက နိုင်ငံတော်ကထုတ်တဲ့ ပိုက်ဆံနဲ့ တူနေတယ်

ဆိုတာ တစ်နေ့မှာသူတို့သိသွားလို့။

7 comments

  • moethidasoe

    July 29, 2011 at 9:05 pm

    တူနေလို့ ဆိုတာ သဘောကျတယ် ..

  • zawthulay

    July 30, 2011 at 3:10 pm

    ဟားဟား..ဟီးဟီး..ခွီးခွီး.. ရေရတယ်..ရေရတယ် (မိုးရွာလို့)အဟိ

  • MOEPWINTPHYU

    July 30, 2011 at 4:21 pm

    အင်းအခုတလော အတော်ရယ်နေရပါတယ်

  • pan pan

    August 1, 2011 at 10:27 am

    ပျင်းစရာကြီး….ဟုတ်ပ
    ဘုရားသခင် တော်တော်ပျင်းနေမှာ
    😀

  • minthukha2011

    August 3, 2011 at 9:26 pm

    ကျေးဇူး

  • chitsu

    September 27, 2011 at 2:17 pm

    မှားပါတယ်နော်
    ပိုက်ဆံကိုဘာလို့တူအောင်ထုတ်လည်းမသိဘူး

Leave a Reply