အညာဒေသချစ်မြတ်နိုးသူ

လူတိုင်းလူတိုင်းမှာ အရပ်ဒေသတွေကို ချစ်ခင်နှစ်သက်စွဲလန်း တက်မက်မှုဆိုတာရှိတတ်ကြတယ် မဟုတ်လား…
ကျမမှာလည်းအဲ ့ဒိအကျင့်လေးတွေ ရှိပါတယ်…
ကျမကအညာအရပ်ဒေကိုမြတ်နိုးတတ်တယ် ပြောရင်ရယ်ကြမလား…

ဟုတ်တယ်..ပူတာကိုမကြိုက်နှစ်သက်ပေမဲ
့အညာအရပ်က အာရုံဏ်ဦးအလှနဲ ့ညနေစောင်းနေဝင်ချိန်လေးတွေ ကိုကျမနှစ်သက်တတ်တယ်…
အညာနဲ ့ပါတ်သတ်တဲ ့သီးချင်းတွေ လည်းကြိုက်နှစ်သက်ပါတယ်..။

ဒါကြောင့်ကျမကျင်လည်တဲ ့ningဆိုဒ်မှာ အညာဒေသချစ်သူများဆိုပြီးဖွဲ ့ထားတယ်…
သူငယ်ချင်းမိတ်ဆွေ တွေလည်းအညာရံနံတွေ လွမ်းနေတဲ ့ကျမတည်ရှိရာနေရာလေးကိုဖိတ်ခေါ်တယ်…

ကြုံရင်အညာကိုဘုရားဖူးဖို ့ခေါက်လောက်အလည်လာခဲ ့ပါ


အညာသူမဟုတ်ပါဘူး…

ဒါပေမဲ ့ရောက်ခဲ ့ဘူးတဲ ့အရပ်ဒေသလေးတွေ ချစ်မြတ်နို်းသူပါ၊

ခဏတာနေခဲ ့ဘူးသောအရပ်ဒေသရဲ ့ သုတ၊ရသ၊လူနေမှုဘဝ၊ဒေသဖွံ ့ဖြိုးရေး ကို

အညာအရပ်ဒေသနေတိုင်းရင်းသားမောင်နှမများနဲ ့အတူ

ရင်းနှီးချစ်ခင်စွာတိုင်ပင်ဆွေးနွေးတိုင်ပင်ချင်ပါတယ်။
အညာပုဂံဘုရားဖူးရအောင်

ကျမနှစ်သက်တဲ ့ကဗျာလေးတစ်ပုဒ်ပါ

လွမ်းရတဲ့အညာရယ် ……..

တစ်ခါတစ်ရံမှာ
လိုချင်တဲ့အရာဖြစ်ချင်တဲ့ဆန္ဒ၊
ဆုတောင်းများပြည့်နိုင်မှာလား

ခွန်အားကိုကိုး၊
ကိုယ်တိုင်ကြိုးစား၊
ရှာလို့မရလေပြီလား

ကံကြမ္မာရယ်……
ဟိုရှေးဆုတောင်းမကောင်းခဲ ့လို ့ ၊
ဘဝဟောင်းကအပြစ်
်ဒီဘဝသစ်မှာ………..

ကမ္မာဝတ်ကြွေး..
မကုန်သေးသ၍၊ရင်စီးပြီးခံဘဝဒဏ်
ဖြစ်သမျှအကြောင်း

“ကံ”ကြောင့်ပဲလို ့၊
“ကံ”ကိုယိုးမယ်ဖွဲ့၊
အဆိုးဖြစ်စေခဲ့တာလား!

လွမ်းရတဲ့အညာရယ်………………….

အညာပုဂံဘုရားဖူးရအောင်သီးချင်းလေးပါ

အညာဒေသကိုချစ်မြတ်နိုးတတ်တဲ ့

ရွှေအိမ်စည်

18 comments

  • mandalarthu

    July 29, 2011 at 10:26 pm

    Thanks for shaing yr good idea about ”anyar”.
    Me too,I love my native town ,Anyar,Mandalay,hot weather,but pleasant smiles of anyarthu’s
    can make you feel cool with the breezes of the moat…..Let’s come and visit our lovely
    anyar,Mandalay.

  • ရွှေအိမ်စည်

    July 30, 2011 at 9:11 am

    ကျေးဇူးပါ
    လာလည်မလား.ဧဒင်ဥယျာဉ်ကြီးထဲ မှာကျမဖွဲ ့ထားတဲ ့အဖွဲ ့လေးပေါ့…
    တချို ့ကလေ..အရပ်ဒေသကိုမေးရင်…မဖြေကြပါဘူး….
    ကျမကလေသံဖမ်းတတ်တယ်လေ..
    ..ကျမကတော့..ကျမမွေးဖွားရာအရပ်ကဘယ်အရပ်လည်းကျမမသိဘူး….
    ကျမကမိဘတွေ မရှိဘူးလေ….

    ကျမကိုမွေးစားတဲ ့မိဘတွေ ကလည်း88 မှာဆုံးတယ်…
    အဲ ့ဒိအရွယ်က10 နှစ်သမီးဆိုတော့..မွေးစားမိဘတွေကိုလည်းမမေးကြည့်မိဘူး..
    သိလည်းမသိချင်တာကြောင့်ပါ….
    ဘာဘဲပြောပြောကျမကမွန်လူမျိုးဆိုတာသိတယ်…
    ပြီးတော့ကျမစာပေကိုတတ်မြောက်တယ်…
    ကျမကံကောင်းခဲ ့ပါတယ်…

    ကျမအနုပညာသုခုမတွေ ချစ်တတ်တယ်….
    ဒါကြောင့်လည်းအညာကိုချစ်တတ်တာဖြစ်ပါလိမ့်မယ်….

    အညာဒေသကမြန်မာအနုပညာလက်ရာတွေ ထုံမွန်းနေတယ်လေ………

    လေးစားခင်မင်သော
    ရွှေအိမ်စည်

    • ကြောင်ကြီး

      July 30, 2011 at 9:29 am

      ရွှေအိမ်စည် ဘဝက အလှည့်အပြောင်း အချိုးအကွေ့တွေများစွနဲ့ အတော်ထူးခြားမယ် ထင်ပါတယ်။ (ရွှေအိမ်စည် ရေးသလောက်၊ မန်းသလောက်ကို ခန့်မှန်းပြောတာပါ) အပန်းမကြီးရင် ကိုယ်တွေ့ကြုံရ ခံစားခဲ့ရတဲ့ အဖြစ်အပျက်တွေကို စာသားအဖြစ် ရင်းရင်းနှီးနှီးနဲ့ အခန်းဆက်ရေးချကြည့်ပါလား။ ကိုယ်ဘယ်လောက် ကြိုးစားခဲ့ လောကဓံကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ သလဲဆိုတာကို စာဖတ်သူများ အတုယူ ဆင်ခြင်နိုင်ကြစေရန်ပေါ့…။

  • ရွှေအိမ်စည်

    July 30, 2011 at 9:33 am

    ဟုတ်ကဲ ့.
    .ပဲ ့ကိုင်ရှင်များ
    ဆိုပြီးကျမရေးဘူးပါတယ်…ဒါပေမယ့်လေ…
    အဲ ့ဒိစာကျမတစ်ယောက်ထဲ ဘဲ….စိတ်ညစ်တိုင်းဖတ်ပေါ့…
    အဲ ့ဒိစာတွေ က..ကျမမျက်နှာ၊ကျမစိတ်တွေ ပေါ့
    တနေ ့နေ ့တော့…ဖွင့်ပေးပါမယ်…ကျမသိမ်းဆည်းထားသော
    ပဲ ့ကိုင်ရှင်များကိုပါ…….

  • MOEPWINTPHYU

    July 30, 2011 at 11:06 am

    အညာသူဖြစ်တောအညာဒေသကိုကြိုက်ပါတယ် နေရတာကောင်းတယ်
    သူတိုမျက်နှာတွေကိုကြည်ရတာ အေးချမ်တယ် လာလယ်ပါမယ်

  • manawphyulay

    July 30, 2011 at 1:07 pm

    အညာကို အရမ်းမြတ်နိုးတယ်။ ဘယ်ချိန်ဖြစ်ဖြစ် သွားလည်ချင်တယ်။ အညာရဲ့ထနောင်းရိပ်လေးတွေကို လွမ်းတယ်။

  • ကိုပေါက်က မန်းလေးမှာမွေးတာဆိုတော့
    အညာသားစစ်စစ်ဘဲ။
    ဒါကြောင့် အညာကို ချစ်သပေါ့။
    ပူတယ် ဖုန်ထူတယ် ခြင်ကိုက်တယ်
    ဒါပေမယ့်ကိုယ့်ဒေသမှာဘဲကိုယ်နေချင်ပါတယ်။

    • ရွှေအိမ်စည်

      July 30, 2011 at 5:56 pm

      ခြင်ကတော့တနေ့၃မျိုးနော်…
      တကယ်ပါ…မန်းလေးမှာ..တနေ့ကိုခြင်သုံးမျိုးကိုက်တယ်…
      ကျနော်က..ရောက်တဲ ့အရပ်ကို..မအိပ်မနေစပ်စုတတ်တာနော်….

  • nayminn

    July 30, 2011 at 4:18 pm

    နော်လည်း အညာသားပါ….ပြောရင်း အေးဘုံကို သတိရလာပြီ။

  • zawthulay

    July 30, 2011 at 5:39 pm

    အညာဇီးယို၊ အညာဒလေ့တွေကို တော့ကြိုက်တယ်..ဒါပေမယ့် အညာသီချင်းတွေကိုတော့ မကြိုက်ဘူးဗျ

  • ရွှေအိမ်စည်

    July 30, 2011 at 5:54 pm

    ဟုတ်တယ်…..သနားပါဘိတော့တယ်….

    ဒါပေမယ့်ဇီးယိုကြိုက်တယ်ဆိုတော့..ငါ့ကနင့်အတွက်..စိတ်မပူတော့ဘူး

  • ရွှေအိမ်စည်

    July 30, 2011 at 6:08 pm

    တကယ်တော့ငါဒီထဲ မှာသီးချင်းထဲ ့ပေးမလို ့ပါ..မလုပ်တတ်လို ့ဟ

    အဲ ့ဒိသီးကိုမကြိုက်ဘူးဆိုရင်တော့….နင်မြန်မာမဟုတ်ဘူး………..

    • king

      July 30, 2011 at 6:28 pm

      သူမကြိုက်ပေမယ့် ငါကြိုက်တယ် ဘာသီချင်းလေးလဲ …..

  • victor soemoe

    July 30, 2011 at 6:17 pm

    ဆရာမ ကလျာ(ဝိဇ္ဇာ/သိပံ္ပ) ရေးခဲ့ ဖူးတဲ့ –
    ထနောင်းလမ်း ဆိုတဲ့ ဝတ္ထု လေးကို ပြန်သတိရလိုက်ပါတယ် –

  • Grace

    July 30, 2011 at 6:30 pm

    မုံရွာက လူတွေ ရန်ကုန်လာလည်တယ်။ ပူလိုက်တာတဲ့။ ရန်ကုန်သားက မခံနိုင်ဘူး အညာသားကပဲ ပြောရသေးတယ် ဆိုတော့ အညာသား ပြောပုံက “အညာပူတာက ခံနိုင်တယ်။ ရန်ကုန်ပူတာက ပူစပ်စပ်ကြီး” တဲ့လေ။
    🙂

    • maung tar

      July 30, 2011 at 9:42 pm

      Grace ပြောသလိုဘဲဟုတ်ပါတယ်..ကနော်တို့မုံရွာကလူတွေအတွက် ရန်ကုန်ရာသီဥတုက ” အိုက်ပြုတ်ကြီးပါ ” ပူတာရိုးရိုးမဟုတ်ဘဲ ရေနွေးအိုးထဲကိုထည့်ထားသလိုခံစားရတယ်ထင်လို့ပါဗျာ..

  • ဟုတ်တယ်လေ
    မန်းလေးပူတာက အရေခွံကျွတ်ထွက်အောင်ပူတာ
    ရန်ကုန်အိုက်တာက စိုစိစိုစိနဲ့လှောင်အိုက်ကြီး
    နေတတ်ဘူးရယ်။

    ဒါပေမယ့်
    အညာပူတာက ဖုံပါတော့ လူက ကိုယ်နံ့ထွက်တယ်။
    ရန်ကုန်မှာဖုန်မပါတော့ ကိုယ့်နံ့မထွက်ဘူး။
    ဒါကတော့ အမှန်ဘဲနော်။

  • ရွှေအိမ်စည်

    July 30, 2011 at 10:30 pm

    ဒါပေမယ့်နော်..ကျနော်ကြိုက်တဲ ့အချိန်ကအာရုံဏ်သီးနဲ ့ညနေနေဝင်ချိန်ဆိုတော့…
    ကျန်တဲ ့အချိန်အိပ်တာဘဲကြိုက်တယ်…

    အိုက်တာတော့မတိဝူး…..
    အဲတွန်းရှိတယ်ဟီးးးးးး

Leave a Reply