ပြောမရရင်တော့ လက်ပါရလိမ့်မယ်-ပုံ/ငှက်ကဋ္ဌ ဦးဇော်ဇော်

ဂ်စ္စူJuly 29, 20115min22323

ကောင်းကောင်းမွန်မွန်ပြောလို ့ရရင်ရ..မရရင်တော့…လက်ပါရလိမ့်မယ် -ပုံ/ငှက်ကဋ္ဌ

အစကတော့ ရမလားဆို ဖြဲသေးဆိုပဲ

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

နောက် သိရသလောက်တော့ ပရိတ်သတ်ထဲက ပွဲဆူအောင်လုပ်တဲ့လူတွေကို လိုက်ဖမ်းပြီး ချုပ်နေတယ်ဆိုပဲ

စ.ကတော့ သူပဲ တောင်းပန်ပြီး..ခုတော့ လိုက်ဖမ်းနေတယ်ဆိုလားပဲ။

ဘာပဲဖြစ်ဖြစ်

ရှုံးခဲ့လေဘီ…
ကုန်ရှာဘီ…
တစ်ရှက်မှ နှစ်ရှက်သို ့  ဖြစ်ခဲ့လေပြီ..ဟုသာ…..။

Photos-The Voice Weekly

23 comments

  • koyinmaung

    July 29, 2011 at 10:17 pm

    ဓါတ်ပုံတွေတင်ပေးတာကျေးဇူးတင်ပါတယ် …..

  • ဆူး

    July 29, 2011 at 10:30 pm

    ဓါတ်ပုံ ဆရာက တော်တယ်.. ရဲက ပတ်တီး နဲ့ ဦးထုတ်ဆောင်းထားတယ်။

  • naywoonni

    July 29, 2011 at 10:36 pm

    အင်း…….. လက်အုပ်တွေ ဘာတွေ ချီလို့ဘာလား ကြုံ ဖူးပြီပေါ့ 😛

    • PMP

      July 29, 2011 at 10:57 pm

      အကျင့်ပါနေလို့ပါ… 😛

  • PMP

    July 29, 2011 at 10:54 pm

    ဓါတ်ပုံတွေကြည့်ရလို့ကျေးဇူးပါ..ဌက်ကဠ ကြီးကဒီလောက်အော်နေရအောင် ဒီပရိသတ်တွေကဘဲ သူ့ရဲ့ MNL ကို အားပေးခဲ့ကြသူတွေပါ..

  • windtalker

    July 30, 2011 at 1:21 am

    အစကတဲ က ပြောပါတယ်
    သွားနေကြ ကွမ်းယာဆိုင်နဲ ့
    အဲ့နား က ဆိုက်ကားသမား တွေ ကို
    ကိုယ့်အလုပ် ကိုယ်လုပ် တာ ပိုက်ဆံ ရပါတယ် ဆို
    အခုကြ….အခုကြ

  • kai

    July 30, 2011 at 6:09 am

    ကိုယ့်ယုံကြည်ချက်အရ အေးအေးချမ်းချမ်းဆန္ဒပြတဲ့သူတွေကျ.. ဓါတ်ပုံတွေဗီဒီယိုတွေရိုက်..နောက်ကလိုက်ဖမ်းဖို့..အကုန်အကျခံပြီး.. အခုလိုကျ..မရိုက်ထားဖူးလား..။
    နောက်မှ. တယောက်ချင်း ပြန်စုံစမ်း.. အိမ်ပေါ်တက်ဆွဲ.. တရားရုံးတင်ပေါ့..။
    ပွဲလုံခြုံရေးနဲ့ ကြီးကြပ်သူတွေလည်း.. ရှက်တတ်ရင်..အလုပ်ကနှုတ်ထွက်စာတင်သင့်တယ်..။
    နိုင်ငံတကာ.. မျက်နှာပျက်ရမဲ့အဖြစ်မို့.. အမျိုးသားရေးကိစ္စဖြစ်သွားပြီပဲ..။

    အားကစားသမားတွေ…ထိခိုက်လို့.. လျှော်ပေးရမဲ့..နစ်နာကြေးတွေကို.(.တရားရေးအရ ရှုံးရင်… )အဲဒီလူတွေဆီကပြန်တောင်းရမယ်..။ အရေးယူပြရမယ်..။
    တရားရေးက မဝင်ရင်.. မြန်မာလူမျိုးအားလုံးနဲ့.. အဲဒီလို စိတ်ကြွသူတွေနဲ့.. တတန်းထဲမြင်ခံရလိမ့်မယ်..။

  • chitpyae

    July 30, 2011 at 6:47 am

    ဦးဇော်ဇော် တော်တော်ဆိုး ….. ပထမပုံမှာ ကောင်းကောင်းတောင်းပန်နေတယ်နော် … မရရင် ဖမ်းချုပ်ပလိုက်ပြီး တော့ ….. သိတယ် မဟုတ်လား ….. ။

  • ကြောင်ကြီး

    July 30, 2011 at 9:32 am

    ဟုတ်ဖူး သူက ဘော်လုံးကွင်းစောင့်နတ်ကို ရှိခိုးတောင်းပန်နေတာ…။

  • ogre

    July 30, 2011 at 10:56 am

    ဘာပြောကောင်းမလဲ
    ဘာမှကိုပြောမကောင်းဘူး
    အဲတာ…မြန်မာကွ

  • PaukPhaw

    July 30, 2011 at 11:09 am

    ဟိုးအရင်က ပွဲတွေတုန်းကတော့ ကိုယ်တိုင်သွားကြည့်ဖူးတယ်..
    ခုလိုပဲ လက်နက်မိုး တွေရွာတာပဲ….ဒါပေမဲ့ ဒီလောက် မဖြစ်ခဲ့ဘူး..
    ဖိနပ်တွေနဲ ့ပေါက်တယ်..အောက်ကရဲတွေကို ပြန်ကောက်ခိုင်းတယ်…
    ပြီးတော့..ပြန်ပေါက်တယ်..

    နောက်ဆုံး ပစ်ပေါက်စရာမရှိတော့ အောက်က ပဲ့နေတဲ့ ကွန်ကရစ်တွေကို ဖဲ့တယ်..
    ထွက်လာတဲ့ ခဲ့စတွေနဲ ့ ပေါက်တယ်…
    ရေသန် ့ဘူးထဲ ရှူရှူး ပေါက်ထည့်ပြီး ပစ်တယ်..သစ်ကိုင်းတွေချိုးပြီး ပေါက်တယ်..
    မရှိရှိတာနဲ ့ ရှာကြံပြီး ပစ်ကြတယ်

    တခြားအသင်းက ဆို ဒေါင့်ကန်ဘောတွေဘာတွေကန်ရင် ပဲမများနဲ ့ မြန်မြန်ကန်ပြီး ကွင်းလယ်သာ ပြေးပေတော့..နို ့မဟုတ်
    ခဲမှန်လိမ့်မယ်…

    တစ်ချို ့ပရိတ်သတ်တွေဆို တော်တော်ဆိုးဆိုးပဲ
    အောက်က လုံခြုံရေးရဲတွေကို ပေါ်တင် လက်ညှိုးထိုးပြီးတော့ကို အားရပါးရဆဲနေတာ

    ဘောလုံးကွင်းထဲရောက်မှ လုံးဝ စိတ်လွတ်ကိုယ်လွတ်တွေဖြစ်ပြီး ပျော်နေကြတာ
    သွားကြည့်ရတာ စိတ်တော့ တော်တော်ကြွသား..

    အခုဖြစ်ရပ်ကတော့ လုံးဝ ရာဇဝင်တွင်ပဲ
    ရေလည်ကြမ်းသွားတယ်
    ပရိတ်သတ်တွေလဲ တော်တော်ဆိုးလာတယ်ပြောရမယ်

  • mzm

    July 30, 2011 at 12:11 pm

    ယိုင်ပြီ…..တို့ဗမာယိုင်ပြီ ဦးဇော်ဇော် သနားပါတယ်တောင်းပန်တဲ့ပုံများ(လငပုပ်ဖမ်းတဲ့မျက်နှာနဲ့)ဟီးဟီး

  • yaungchikha

    July 30, 2011 at 1:58 pm

    ဆိုးသွမ်းတဲ့လူနည်းစုကြောင့် အခုလိုဖြစ်သွားရတဲ့အတွက် အရမ်းကို စိတ်မကောင်းဖြစ်ရပါတယ်၊

    • lady123

      July 30, 2011 at 2:22 pm

      ………….ဖြစ်တဲ့လူတွေအော်ပွဲခံ ဂုဏ်တက် ချစ်ကြည်ရေးပွဲအောင်မြင်မှာကို မလိုလားတဲ့ ဆိုးသွမ်းတဲ့လူတွေက
      ပွဲဖျက်ခဲ့တာပဲ သူတို့ချင်း ဝှေ့ကြတာ ဘာမှမဝေဖန်ချင်ဖူး ဘေးကပဲကြည့်နေတာကောင်းတယ်
      ဘာပြောပြောလေ ဖိထားတာခံထားရတာ အခွင့်ရရင်ရသလို ဖောင်းကန်ကြတာပဲ ထင်ပါတယ်
      ဒါတွေကတော့ ဂဏန်းကိုက်တဲ့ဒဏ်ရပဲတွေ့မှာပေါ့ ဂဏန်းဘာ့ကြောင့်ညှပ်တယ်ဘယ်သိမလဲ
      အခွင့်ရတုန်းညှပ်တာနေမှာပေါ့

  • lady123

    July 30, 2011 at 2:09 pm

    ကမာ္ဘဖလားဘောလုံးပွဲတုန်းက shakira ကပြဖျော်ဖြေသလို
    တို့ဗမာတွေကလည်းအားကျမခံဘူးနော် ဦးဇော်ဇော်က shakira wakar wakar အကနဲ့ ဖျော်ဖြေနေတာ
    အားကျမခံတဲ့စိတ်ကိုတွေ့ရတယ်ဟဲဟဲ

  • zawthulay

    July 30, 2011 at 3:31 pm

    ပုံတွေအရမ်းကိုထိပါတယ်..ဦးဇော်ဇော်ကတော့ ဒီလိုဖြစ်လဲဖြုံမယ်မထင်ဘူး ငတေကြီး

  • MOEPWINTPHYU

    July 30, 2011 at 4:04 pm

    အင်းဘာပဲပြောပြော အဖျက်ပဲရှိတဲ အကောင်းတကွက်မှမရှိပါဘူး

  • pisikway

    July 30, 2011 at 6:55 pm

    ဦးဇော်ဇော်ကိုထည့်မစဉ်းစားပါဘူး။ နိုင်ငံသားအနေနဲ့ရှက်တာပါ။ အောက်တန်းကျသောမြန်မာလူမျိုးအဖြစ် ကမ္ဘာ့အလယ်မှာ ကျော်ကျားတော့မှာပါ။ နဂိုက အစိုးရမကောင်းလို့ ဂရုဏာသက်စရာလူမျိုးအဖြစ် ကနေ ရီုင်းစိုင်းသော အားကစားစိတ်ဓါတ်မရှိသော ကြောက်စရာလူတွေအဖြစ်အမြင်ပြောင်းသွားမှာပဲ။

  • unclegyi1974

    July 30, 2011 at 9:53 pm

    တိုင်းပြည်အနေနဲ့အတော်ရှက်စရာဖြစ်သွားပါပြီ
    ဘောလုံးရှုံရတာကတခါ ပရိတ်သတ်စည်မရှိကမ်းမရှိထင်တိုင်းကြဲသွားတာကတခါ
    ၂ ခါရှက်ရပါတယ်
    ဦးဇော်ဇော်ဘာဖြစ်တယ်ညာဖြစ်တယ်ဘယ်လိုပြောပြော
    ဘောလုံးမှာသူတကယ်တိုးတက်အောင်အားထုတ်နေတယ်လို့မြင်ပါတယ်
    သူ့ကိုသဘောမကျဖူးလား ရတယ် သူ့ထက်ကောင်းအောင်လုပ်ပေးမဲ့သူ
    ဘယ်သူရှိလဲ ကိုယ့်အမြင်ဖော်ပြလိုက်ပေါ့
    ဘာပြောပြောကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေ
    ဦးဇော်ဇော် ကအခုလက်ရှိမြန်မာဘောလုံးအသင်းမှာဥက္ကဌပဲ
    သူကိုယ်တို်င်ကွင်းထဲဆင်းတောင်းပန်နေတာကျေနပ်သင့်ပါတယ်
    မြန်မာအသင်းအပေါ်အားပေးတာအားပေးတာပဲ
    အခုကပွဲကိုမဆူဆူအောင်လုပ်တာပွဲပျက်အောင်ဖျက်တာသက်သက်
    နိုင်ငံတကာမှာလည်းဘောလုံးလုူရမ်းကားတွေရှိပါတယ်
    ထိမ်းမနိုင်ရင်ဆွဲထုတ် ပွဲကြည့်ခွင့်ပိတ် ထောင်ချစသည်ဖြင့်ထိုက်သင့်သလိုအပြစ်ပေးခံရတာပါပဲ
    အခုလည်းဖမ်းတယ်ဆိုတာအဆန်းမဟုတ်ဖူးလို့ထင်ပါတယ်
    ထိုက်သင့်တဲ့ပြစ်ဒါဏ်ကိုလည်းပေးရမှာပါ
    မြန်မာဘောလုံးတိုးတက်ဖို့ကဦးဇော်ဇော်လည်းသိသင့်ပါပြီ
    အခုရေတွင်းတူးအခုရေကြည်သောက်ချင်လို့မရပါဖူး
    မြန်မာဘောလုံးလောကပျက်နေတာကြာပါပြီ အခုချက်ချင်းအောင်မြင်ချင်လို့မရပါဖူး
    အခုလူအတော်များများနဲ့အောင်မြင်ချင်လို့မရပါဖူး
    အခုကစပြင်ဆင်ပြီးနောက် ၃နှစ်၄နှစ်မှအောင်မြင်မူကိုမျှော်မှန်းနိုင်မှာပါ
    ကစားသမားများမွေးသလို ပွဲကြည့်ပရိတ်သတ်ကိုလည်းအဆင့်တခုရှိလာအောင်
    အားလုံးကဝိုင်းဝန်းကြိုးပမ်းရမှာပါ
    ပရီးမီးယားပွဲတွေဆိုမြန်မာပရိတ်သတ်အကုန်ကြည့်ဖူးပါတယ်
    ရှုံးလို့ဒိုင်ဆုံးဖြတ်တာမကျေနပ်လို့ ဘယ်ပွဲမှာမှအခုလိုမလုပ်ကြပါဖူး
    မြန်မာဘောလုံးလောကတိုးတက်အောင်အားလုံးမှာ
    (ကစားသမား ပရိတ်သတ် ဒိုင် တာဝန်ရှိလူကြီးများ )
    တာဝန်ရှိပါတယ် မြန်မာ့ဘောလုံးအမြန်တိုးတက်ပါစေ

  • PaukPhaw

    July 31, 2011 at 11:24 am

    ပရိတ်သတ် အယောက် (၂၀၀) လောက်ဖမ်းထားခဲ့ပြီးပြီလို ့သိရပါတယ်..
    ဖီဖာသို ့လဲ ဒဏ်ကြေးအဖြစ် ငွေတော်တော်များများ လျော်ပေးရမယ်လို ့လဲ သိရပါတယ်..
    ဇာတိမာန် အကြွကောင်းလို ့..
    ခုတော့ သွားပြီး..သွားပြီ

  • suicide blind

    July 31, 2011 at 4:25 pm

    အရက်ပုလင်းတွေတောင်ပါတယ်…လုံခြုံရေးတွေညံ့တယ်….

  • Yan Shin

    July 31, 2011 at 4:58 pm

    တစ်ချို့ အမြင်ကတော့
    ရွေးကောက်ပွဲ အစိုးရသစ်
    MNL နိုင်ငံတကာအားကစားအိမ်ရှင်
    စသဖြင့်………
    မြန်မာနိုင်ငံ ငြိမ်းအေးသာယာ တိုးတက်မှု့ရှိနေသောနိုင်ငံ

    အဲဒါတွေကို ပြောင်းပြန်ပြောခြင်တဲ့ လူများ နိုင်ငံတကာသိအောင် နိုင်ငံတကာမြင်အောင်
    လုပ်ပြတာ လုပ်ရပ် ကျိုးစားမှု့ ဆိုရင်ကော တဲ့…………….

Leave a Reply