ပန်းကောင်း အညွှန့်မချိုးမိစေလို

သမရိုးကျ ဖြစ်တည်နေကြတဲ့ လူမူဆက်ဆံရေးတွေထဲမှာ သမရိုးမကျတဲ့ ဖြစ်တည်မူလေးတွေရှိနေကြပါတယ်။ လူမူဆက်ဆံရေးထက် ဝမ်းရေးဖြစ်တည်မူက အရေးကြီးလေတော့လည်း လူ့အသိုင်းအဝိုင်းထဲကို ကိုယ်က ဘာအလုပ်လုပ်ပါတယ်လို မပြောရဲ့တဲ့ သူတွေကိုလည်း တွေ့ဖူးမြင်ဖူးပါတယ်.။ တစ်ချို့က ဝါသနာပါလို့ လုပ်ကြပေမယ့်လို့ တစ်ချို့က ဘဝပေးကံအကြောင်းမလှလေတော့ အကုသိုလ်ကံကြမ္မာဆိုးက အငြိုးနဲ့ပွေသည်လို့ပဲပြောရမလား မသိတော့ပါဘူး။ သည်အလုပ်ရဲ့နောက်ကွယ်က အကျိုးသက်ရောက်မူကတော့ နည်းနည်းမဟုတ် အများကြီးကိုကြောက်စရာကောင်းပါတယ်။

ပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ့ ပြစ်တင်ချုံ့ချမှု၊ လူတကာက မေ့ငေါ့ဆက်ဆံမှု၊ အထင်သေး ကဲ့ရဲ့စွာ ဆက်ဆံခံရမှုများကို ခံစားရဦးမှာပါ။ ဒါပေမယ့်လည်း မတူညီကြတဲ့ ဘဝတွေထဲက မတူညီကြတဲ့ ဘဝနေထိုင်မှုပုံစံတွေလို့ပဲ ဖြေတွေးစရာရယ်ပါ။ မိန်းကလေးအများစု ဘဝပျက်နေကြရတယ်ဆိုတာဟာလည်း ဆင်ခြင်တုန်တရားနည်းတာတွေလည်း ပါနိုင်ပါတယ်။ ကိုယ့်ကို ဖျားယောင်းသွေးဆောင်နေမှန်းလည်းမသိ၊ မလိမ့်တစ်ပတ်လုပ်နေမှန်းလည်း မရိပ်မိ အူလည်လည် အူကြောင်ကြောင်နိုင်လွန်းတာ၊ ယုံကြည်မှုမြန်လွန်းတာ တွေက မဟာအမှားကြီးတွေလို့ထင်မြင်မိပါတယ်။ သည်ဘဝကိုရောက်မှတော့ မထူးတော့ပါဘူးဆိုပြီး မထူးဇာတ်ခင်းနေကြရတာတွေလည်း အများကြီးပါ။ အဆိုးဆုံးက တက္ကသိုလ်ကျောင်းသူတွေလည်းပါရှိနေတာပါပဲ။ အိမ်က ကျောင်းစရိတ်အချိန်မှီမပို့နိုင်လို့၊ အိမ်ပြန်လမ်းစရိတ်မရှိလို့ တစ်ညတာလေးလုပ်တာ လူမသိတန်ကောင်းပါဘူးဆိုပြီးစရာကနေ လွယ်လွယ်ငွေရ လွယ်လွယ်ငွေနောက်လိုက်မိတဲ့ မိန်းကလေးတွေ ဘယ်လောက်တောင်များနေမလဲ တွေးကြည့်ကြပါ။

လှတာမက်ရင် ညစာခက်တယ်ဆိုတဲ့ သီချင်းစာသားလေးလိုပဲ တစ်ချို့က အလှအပကို သူတို့ဘဝထက်ကိုးကွယ်တတ်ကြပြန်ပါတယ်။အများတကာထက်လှချင်တယ်ဆိုတဲ့မိန်းကလေးတစ်ချို့ အလှနောက်လိုက်ရင် ကိုယ့်ဘဝမလှတော့တာ သတိပဲ မမူမိလေရော့သလား။မှော်ဒေသတစ်ချို့တွေ့မှာ တွေ့နေရတာကတော့ ဇိမ်ခန်း တွေပါ။ အဲဒီမှာ မြန်မာအမျိုးသမီးငယ်တွေ၊ တိုင်းရင်းသား အမျိုးသမီးငယ်တွေ ဘဝတွေလှလှကြီးပျက်လို့ ညဘက်ပျော်တော်ဆက်နေကြတာ သူတို့ မိဘ၊ အစ်ကို၊ မောင်ဘွားတွေမသိကြတာလား။ ကိုယ့်သားသမီးဘယ်လိုပုံစံမျိုးနဲ့ စီးပွားရှာနေသလဲလို့ လိုက်မကြည့်မိတာလား..တကယ်မတွေးရဲ့စရာပါ။တစ်ချို့ကဆိုပါတယ်..

အိမ်ကိုတော့ ရန်ကုန်မှာအလုပ်လုပ်တာလို့ပြောထားတာ အလှကုန်ရောင်းတာလို့ပြောထားတယ်..ငွေလည်းခဏခဏပို့တော့ သူတို့လည်း မေးမေးမြန်းမြန်း သိပ်မရှိကြပါဘူး တဲ့။ ကိုယ့်သမီးတစ်ယောက်က ငွေမှန်မှန်ပို့နိုင်တာနဲ့ပဲ ယုံကြည်စိတ်ချစွာနဲ့ ဘာလုပ်လို့ ဘာကိုင်မှန်း မမေးမမြန်း မစူးမစမ်းကြတော့ဘူးတဲ့လား။ ခန္ဓာကိုယ်ရင်းပြီး စီးပွားရှာတယ်ဆိုတာ ကြားကောင်းတဲ့အရာမှ မဟုတ်တာ။ ရောင်းသူရှိမှ ဝယ်သူရှိတာဆိုတဲ့အတိုင်း ယောကျာ်းဆိုတာတွေကလည်း ဆိတ်ကွယ်ရာအမှောင်မိုက်မှာ ပိုပြီးပျော်တတ်တဲ့အမျိုးမို့ အသားစားကျားရယ်လို့ တစ်ဘက်သတ်စကားဆိုကြတာဟာလည်း  တစ်ဆိတ်တော့လွန်လွန်းပြန်ပါတယ်။ တစ်လ တစ်လကုန်ရင် ကျီးလန့်စာ စားနေရသူတွေလို့ Medical Check Upလုပ်လို့အဖြေထွက်လာမှာကို  ကြောက်လန့်နေရတဲ့ မိန်းကလေးတွေကရော နောင်တရပြီး ဘဝကို ပြန်အဖက်ဆယ်ဖို့ မကြိုးစားကြ။ ချီးတွင်းထဲမှာပျော်တဲ့လောက်ကောင်လို သည်ဘဝတော့ သည်မျှလို့ စိတ်မှာတွေးထားလေရော့သလားလို့ မေးစရာရှိပြန်ပါတယ်။တစ်ခါကတော့ မေးကြည့်ဖူးပါတယ်။ သည်လိုလုပ်လို့ HIV,AIDSရောဂါရလာရင်ဘယ်လိုလုပ်မလဲ?လို့မေးတဲ့အခါမှာတော့

ရလာရင်လည်း ကံအတိုင်းပေါ့..လစဉ်သွေးစစ်တယ်ဆိုတာကလည်း ဒီရောဂါရှိမရှိသိချင်လို့လေ တစ်နေ့ဒီရောဂါရနိုင်တယ်ဆိုတာ သိသိကြီးနဲ့လုပ်ရတာပါ တတ်နိုင်ဘူးလေ တစ်ခြားအလုပ်လည်းမလုပ်တတ်ဘူးဆိုတော့ ဒီလိုပဲ စခန်းသွားရတော့မှာပေါ့လို့ ဖြေတဲ့သူရှိသလို၊ ကျမကတော့ ဒီရောဂါမရအောင် အတတ်နိုင်ဆုံးကာကွယ်တာပါပဲ ဒီကြားထဲ မလွဲမရှောင်သာရလာရင်တော့ မပြောတတ်ဘူး ကျမဆီလာတဲ့ ဧည့်သည်ကိုတော့ ကွန်ဒုံးစွပ်ပြီမှ ဆက်ဆံဖို့လက်ခံပါတယ် ဒါပေမယ့် ဧည့်သည်တိုင်းက ကွန်ဒုံးမသုံးချင်ကြဘူးလေ ဧည့်သည်အကြိုက်ဆက်ဆံဖူးတာလည်းရှိတာမို့ ဒီရောဂါအတွက် စိတ်ဖိစီးမှုသိပ်မရှိပါဘူးလို့ ဖြေတဲ့သူလည်းရှိပါတယ်။

ပြည့်တန်ဆာလုပ်တဲ့ မိန်းကလေးတွေအနေနဲ့ကလည်း ဧည့်သည်ယောကျာ်းအဖော်ရဲ့ အကြိုက်ကိုလိုက်နေကြရတာကလည်း မိမိရဲ့ဆက်ဆံဖော်လျှော့သွားမှာစိုးတယ်လို့ဆိုကြပြန်ပါတယ်။တစ်ချို့မိန်းကလေးတွေက လိင်ဆက်ဆံမှုအပေါ် တီးမိခေါက်မိရှိကြသလို၊ တစ်ချို့မိန်းကလေးကတော့ ဘာမှမသိတဲ့ အရိုးခံလေးတွေဖြစ်နေကြတာပါ။ ဆက်ဆံဖော်က အနောက်တိုင်း ညစ်ညမ်းကားတွေကြည့်ပြီး သမရိုးမကျတဲ့ လိင်ဆက်ဆံမှုကို လက်တွေ့စမ်းတပ်ချင်သူဖြစ်နေရင်တော့ အန္တရယ်ဆိုတာ လက်တစ်ကမ်းမှာ မဟုတ်လား။ လိင်ဆက်ဆံမှုဆိုတာကို သဘာဝကပေးတဲ့ နည်းအတိုင်းမကျင့်သုံးပဲ လိင်လုပ်သမလေးတွေကို ပိုက်ဆံပေး အနိုင်ကျင့်ဆက်ဆံနေတာတွေလည်း ကြုံတွေ့ရတယ်လို့ ဆိုကြပါသေးတယ်။

သူဇာဆိုတဲ့ကောင်မလေးကဆိုလျှင်

ကျမတစ်ခါကြုံဖူးပါတယ်.သူက ဇာတ်ကားတွေကြည့်ပြီး လက်တည့်စမ်းချင်တာလေ..ကျမကတော့ ပါးစပ်နဲ့ဆက်ဆံရမှာ မို့ ငြင်းလိုက်ပါတယ် ဒါကို  ခေါင်းကို တိုင်လားတောလားလုပ်နေလို့ ဖြေရှင်းလိုက်ရသေးတယ် ခပ်ရိုင်းရိုင်းပြောလိုက်မှ ထွက်သွားတာပါ…နင့်ညီမကို ဒီလိုလုပ်ခိုင်းပါလားလို့လေ တဲ့။

အနောက်တိုင်း ညစ်ညမ်းကားတွေနေရာယူလာတာနဲ့အမျှ လိင်ဆက်ဆံမှုမှာလည်း အကျိုးသက်ရောက်မှုက မကင်းပါဘူး။ မိန်းကလေးဆိုတာ ဗိုင်းကောင်းကျောက်ဖိပြီး အရင်က မိဘမျက်စိအောက်က အပျောက်မခံခဲ့ကြတာဖြစ်ပေမယ့်လို့ ယနေ့လို ယောကျာ်းတွေနဲ့အပြိုင် ရင်ဘောင်တန်းနိုင်ပြီ ဆိုသော်ညားလည်း သတိမမူ ဂူမမြင်ဖြစ်နေကြတာတွေလည်းအများကြီးပါ။အသွားမတော်တစ်လှမ်း အစားမတော်တစ်လုတ်ဆိုသလို….အသွားမတော်လို့ တစ်လှမ်းမက တစ်ဘဝလုံးစုံးစုံးမြုပ်ခဲ့တာတွေလည်းကြားမိကြမှာပါ။

ချစ်သူကိုယုံမိလို့ ဘဝကိုပုံအပ်ခဲ့တာတွေကလည်းရင်ကျိုးစရာဖြစ်ရပ်တွေဖြစ်နေ ပျက်နေခဲ့တာ မသိကျိုးကျွန်ပြုနေကြတာလား။ယနေ့ခေတ်လို့ လက်သွက်မှ အနားကပ်မယ်ဆိုတာမျိုးကို မိန်းကလေးတွေမကြားမိကြတာလားတော့ သေချာစွာမသိပါဘူး။ အပျိုစင်ဆိုတဲ့မြန်မာမိန်းကလေးတွေ  စောင့်ထိန်းရမယ့် ဝတ္တရားတွေကို တီဗွီအစီအစဉ်တွေမှာလည်း ပညာပေးနေတာပါပဲ။ မတွေ့ကြတာလား။ လုပ်နည်းကိုင်နည်းပေါလှတဲ့ခေတ်ကြီးမှာ (မိန်းကလေးတွေ)ဘဝပျက်ဖို့ လွယ်လွန်းနေပါတယ်။ ငါတို့က လည်တယ်ဆိုပြီး မိန်းမလည်သိန်းကြွယ်တွေလည်း ဘယ်ဘူတာဆိုက်နေသလဲဆိုတာ လည်လွန်းတဲ့ ဘီး ချီးသင့်ဆိုသလို လူလည်ကောင် အထုတ်မဖြည်ရဲ့တဲ့ ဘဝရောက်နေကြရတာတွေလည်းရှိနေပါပြီ။

ဘဝတစ်ခုတည်ဆောက်ရာမှာတော့ နာမည်ကောင်းနဲ့နေသွားချင်လား?နာမည်ပျက်နဲ့နေသွားချင်လား ဆိုတာကို တွေးမိဖို့လိုပါတယ်။ အထူးသဖြင့်တော့ မိဘအုပ်ထိန်းမှုလက်အောက်က ကင်းလွတ်နေတဲ့ မိန်းကလေးများအဖို့ကိုယ့်ဘဝကို ကိုယ်ဘယ်လိုကာကွယ်ရမလည်းဆိုတာ ကောင်းကောင်းတွေးစေချင်ပါတယ်။စည်းလွတ် ဘောင်လွတ် ဆိုတာ ဘယ်နေရာမှာမှ မရှိပါဘူး။ ဘယ်နေရာမဆို သူ့စည်း သူ့ကမ်းနဲ့ပါ။ မိန်းကလေးများလည်း စည်းကမ်းတစ်ခု ကိုယ့်ဘဝအတွက်သေသေချာချာ ချမှတ်နိုင်ခဲ့မယ်ဆိုရင်.လမ်းမှားလျှောက်ဖို့ တွေးတောင်တွေးကြည့်ရဲမှာ မဟုတ်ဘူးမလား?။ ပန်းကောင်း အညွန့်မချိုးမိဖို့လိုတယ် မဟုတ်လား?။

တွေးမိသမျှကိုပြန်လည်မျှဝေခံစားခြင်းဖြစ်သည်။ အမှားအယွင်းရှိခဲ့သော် ခွင့်လွတ်ကြပါရန်….။

7 comments

  • kopauk mandalay

    May 7, 2010 at 4:42 pm

    တစ်ချို.ကလည်း မသိဘဲ ရောက်
    တစ်ချို.ကတော. သိရက်နဲ.ဖောက်
    တစ်ချုို.တော.ရုန်းထွင်ချင်လျှက် အရုန်းခက်
    တစ်ချု.ိကတော.အပြုံးမပျက်
    သည်အဖြစ်အပျက်အတွက်
    တစ်ယောက်တည်းကွက်လို.
    အပြစ်မတင်ရက်ပါဘူး
    လူကြောင်.ချည်လည်းမဟုတ်
    ခေတ်ကြောင်.သက်သက်လဲမဟုတ်
    ရှင်းရခက်တဲ.သည်အထုပ် ပါ။

  • jackyangon

    May 8, 2010 at 3:49 am

    ပြည့်တန်ဆာပပျောက်ရေးဆိုတာတော့ မဖြစ်နိုင်ဘူး။အလွယ်နဲ့ ဖြစ်မသွားရအောင်တော့ တားလိုရနိုင်ပါတယ်။အေအိုင်ဒီအက်စ် ရောဂါနဲ့ မြန်မာပြည်မှာ သေကြတဲ့စာရင်းကို သိရရင် အင်မတန်ကြောက်စရာကောင်းတဲ့ ကိန်းဂဏန်းြစေ်နေမှာပါ။

  • kuozhi

    May 8, 2010 at 5:32 am

    သူတို့လေးတွေရဲ့ဘဝကိုကြားရတာစိတ်မကောင်းဘူး..ရှင်ရက်နဲ့ဘဝသေနေသူတွေပေါ့

  • nature

    May 10, 2011 at 12:07 pm

    အဓိကကတော့စားဝတ်နေရေးပဲ။ အမျိုးသမီးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေပေါ်ပေါက်လာမယ်ဆိုရင် ရာခိုင်နှုန်းတခုလျှော့ကျသွားနိုင်ပါတယ်၊ လုံးဝပပျောက်ဖို့ကတော့ဘယ်နိုင်ငံမှာမှမလွယ်ပါ၊ ပြည့်တန်ဆာပပျောက်ရေးဆိုပြီး ဖမ်ဆီးနေမဲ့အစား အလုပ်အကိုင်အခွင့်အလမ်းတွေဖန်တီးပေးခြင်းလျှင် ထိရောက်သောနှိမ်နှင်းရေးတခုဟုမြင်ပါသည်။ ဖမ်းဆီးခြင်းအားဖြင့် မရှိလို့လုပ်စား၊ တယောက်ထောင်ကျတော့ စားဖို့မရှိလို့ နောက်တယောက်ကထပ်လုပ် ပိုသာဆိုးနိုင်သည်ဟုမြင်မိပါသည်။

  • mayhtet

    May 10, 2011 at 2:34 pm

    ဟုတ်ပါတယ် jackyangon ပြောတာမှန်ပါတယ်။
    ပြည်တန်ဆာပပျောက်ရေးဆိုတာ တော်တော်လေးကိုခက်ခဲတဲ့အရာပါ။
    တစ်ချို့မိန်းကလေးတွေက မိန်းကလေးချင်း မြူစွယ်ကြတယ်။
    တစ်ချို့ကတော့အိမ်ကစီးပွားရေးနဲ့ပတ်သတ်လို့ပေါ့။ လူအမျိုးမျိုး စိတ်အထွေထွေပေါ့။ တစ်ဦးနဲ့တစ်ဦးကတော့ တူချင်မှတူမယ်လေ။

  • OQ23

    May 10, 2011 at 2:42 pm

    ပြောရင်များလွန်းအားကြီးလို့၊မပြောပဲနေတော့လဲမပြီးပြန်ဘူး
    တချိူ့မိန်းမတွေကငွေမြင်ရင်မနေနိူင်၊
    တချိူ့မိန်းမတွေကတော့ရတာမှန်သမျှအကုန်ယူတယ်။
    ဒုတိယနေရာကမိန်းမတွေဆိုသိတ်အမြင်ကပ်တာပဲ။
    (မယားငယ်)ပေါ့။ရိုင်းသွားရင်ခွင့်လွှတ်ပါ။
    ပြည့်တန်ဆာလုပ်စားနေကျသောမိန်းမအများစုက
    (ပိုးမွှားသိုလှောင်ဂုံ)နဲ့တူတယ်၊ပိုးမွှားဖြန့်ချီရေးပေါ့။
    အခုခေတ်ကတော့မလွယ်ရေးချာမလွယ်ပေါ့။
    ပိုက်ဆံရှိအသိုင်းဝို်င်းနဲ့ရာထူးရှိသောလူများကတော်တော်ဆိုးတယ်။
    တကယ်တမ်းပြောရရင်ကိုယ့်ကိုယ်ကို( HIV>AIDS)ရှိပြီဆိုတာသိခဲ့ရင်
    ရှက်မနေပဲနဲ့ကျန်ရှိနေသောအချိန်များကိုမိသားစုနှင့်ပျော်ပျော်နေ
    သွားဖို့ပါပဲ။ကိုယ့်ကြောင့်ရောဂါပိုးမရှိသေးသောတခြားသူများဆီ
    မဖြန့်ဝေဖို့ပါပဲ။တာဝန်ရှိသောလူများနှင့်သက်ဆိုင်ရာဆရာဝန်များ၊
    လူမှုရေးအဖွဲ့အဖွဲ့အစည်းများက(HIV>AIDS)ရောဂါဝေဒနာခံစားနေရသော
    လူနာရှင်များကိုပစ်မထားပဲအသိစိတ်ဖြင့်သူတို့တွေရဲ့ကျန်ရှိနေသောအချိန်များကိုကြင်နာယုယစွာဖြင့်ဖေးကူပေးဖို့ပါပဲ။အားမငယ်စေချင်ရင်ရောဂါခံစားနေရသောလူနာများကိုပျော်ရွှင်စရာဖန်တီးပေးချင်ရင်တခုတော့ရှိတယ်။
    ဒါကတော့မိသားစုဘဝပါပဲ။ရောဂါသည်အချင်းချင်းပေါင်းဖက်ခဲ့မည်ဆို
    လျှင်တခြားလူတွေသာမကမြန်မာနိူင်ငံတွင်ကျန်ရှိနေသောလူများပါ
    မကူးစက်ပဲပျော်ပျော်ပါးပါးအသက်ရှင်နေထိုင်သွားနိူင်မည်လို့ထင်ပါသည်။
    တကယ်လို့များယခုအကြံပေးတာကိုလုပ်ဆောင်ခဲ့လျှင်အလွန်ပင်
    သာယာပြီးကျန်းမာပျော်ရွှင်သောဘဝကိုလူတိုင်းသာမကတစ်နိူင်ငံလုံးပါ
    သာယာဝပြောပြီးဖွံဖြိုးတိုးတက်သောနိူင်ငံကိုပိုင်ဆိုင်နိူင်မှာဧကန်မုချမလွှဲပင်
    ဖြစ်ပါသည်။
    ကျေးဇူးတင်ပါသည်။

Leave a Reply