တောင်အငွေ့တိမ်အခိုး…………………..

မိုးကုတ်ကိုရောက်တဲ့နောက်မနက်မှာတော့ လမ်းလျှောက်ဘို့အပြင်ထွက်လာတာချိန်တွေ့ရတဲ့မြင်ကွင်းကလူကို အတော်လေးမှင်သက်မိသွားစေပါတယ်။
ဒီပုံလေးကတော့ကျနော်တည်းတဲ့မိုတယ်ရဲ့ဘေးက ဘောလုံးကွင်းကနေအနောက်ဘက်ကတောင်တွေကိုမြင်ရတဲ့တောင်ခိုးတွေဝေနေတဲ့ပုံလေးပါ။
ဒီပုံလေးကတော့ မိုတယ်ရှေ့က ဘုရားလေးရဲ့အထက်ကတောင်ပေါ်မှာ တောင်ခိုးတွေဝေနေတဲ့ပုံလေးပါ။
တောင်ခိုးတွေလွှမ်းနေတာ တောင်တစ်တောင်လုံးကိုတောင်မမြင်ရအောင်ပါဘဲ။
မြို့မြောက်ဘက်ခြမ်းကတောင်ကိုတောင်မမြင်ရအောင် မြူတွေဆိုင်းနေတာကလွမ်းစရာ။
ချမ်းသာကြီးဘုရားရဲ့နောက်ကတောင်ပေါ်မှာမြင်ရတဲ့လွမ်းစရာ့…………….
ဒါကတော့အပေါ်ပုံနဲ့တင်နေတဲ့မြင်ကွင်းပါ
ဒါကတော့ဘေးဘက်ကတောင်တွေပေါ်ကတောင်ခုးိတွေဝေနေတဲ့ပုံ
ဘောလုံးကွင်းထဲကမြင်ရတဲ့ တောင်ခိုးဝေနေတဲ့ပုံလေးပါ……………
ဟိုအဝေးကတောင်ကို တောင်ခိုးတွေဖုံးနေတာ…………..အဲဒီတောင်ပေါ်မှာဘုရားလေးတွေရှိတယ်

မြို့ရဲ့အနောက်တောင်ဘက်ခြမ်းကို တွေ့ရတဲ့မြင်ကွင်းလေးပါ………………

6 comments

  • ကျနော်ကဒီတိမ်ခိုးတွေသာယာတယ်လို့ပြောတော့ မိုးကုတ်မြို့ခံမိတ်ဆွေကရီနေပါတယ်။
    သူအတွက်ကမြင်နေကြမို့မထူးဆန်းပေမယ့်အခုမှ တွေ့ဘူးမြင်ဘူးတဲ့ကျနော့်အတွက်တော့
    မြင်ရတာလွမ်းစရာ။
    မိုးကုတ်မြို့ကနေ အဝေးရောက်နေသူလည်းဒီပုံလေးကို မြင်ရင်
    ဇာတိမြေကို သတိရမယ်လို့သေချာပေါက်ယုံကြည်ပါတယ်။

  • ကြောင်ကြီး

    July 30, 2011 at 9:37 am

    အဲဒီမိုးကုတ် တမြို့လုံးကို ဝယ်မယ်ဗျာ…။ ဦးပေါက်တူမလေးကို တင်တောင်းဖို့…။ ဦးပေါက်ကိုတော့ ကြောက်ကုမ္မဏီထောင်ပေးပြီး ကျောက်တူးသမားတွေ မခိုးရဲအောင် ခြောက်လှန့်ဖို့ သရဲမွေးခိုင်းမယ်…။ 👿

  • Grace

    July 30, 2011 at 5:49 pm

    မိုးကုတ်မြို့ရဲ့ ရှု့ခင်းလေးက သာယာတယ်။ အမြင်တမျိုးဆန်းလို့ သဘောကျတယ်။

  • ရွှေအိမ်စည်

    July 30, 2011 at 10:02 pm

    လှတဲ ့နေရာလေးတွေ ရိုက်ပါလေးပေါက်ရာ…
    မြူတွေ ကိုတော့ကြိုက်တယ်…

  • သူများမြု့ိရွာရောက်နေတော့ လှတဲ့နေရာထက် မြင်မြင်သမျှ လှတယ်ထင်တာကို
    အမိအရ ရိုက်ရလို့ပါ
    ပဋိက္ခရား မင်းသမီးရေ………………………..
    နောင်ဆိုလှတာ လန်းတာလေးတွေရှာတင်ပေးပါမယ်။

  • မိုးကုတ်မြို့အကြောင်း ကို သုရှင်တင်လာတော့
    ကျနော်တင်ခဲ့ဘူးတဲ့ မိုးကုတ်မြို့ ပိုစ်လေးကို ရှာတင်ပေးလိုက်ပါတယ်။

Leave a Reply