ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြပါသော မွတ်စလင်ဘာသာဝင်များသည် လွန်ခဲ့သော ၄ ရက်ခန့်မှစ၍ ဗီစာ မပါပဲ လွတ်လပ်စွာသွားလာခွင့်
ရရှိသွားကြပြီ ဖြစ်ပါကြောင်း ရွာသူရွာသားများနှင့်တစ်ကွ အများပြည်သူများသိရှိစေရန် အသိပေးတင်ပြအပ်ပါသည်ခင်ဗျား၊
သို့သော် အားလုံးမဟုတ်ပဲ ရခိုင်အစ္စလာမ်၊ ကမန်အစ္စလာမ်၊ ရခိုင်ကမန်အစ္စလာမ် နိုင်ငံသားစီစစ်ရေးကဒ်ပြားများကိုင်ဆောင်ထားသူများကိုသာလျှင်
ခွင့်ပြုကြောင်းသိရှိရပါသည်၊
ကျန်သော သွားခွင့်မရသည့် သူများမှာ ဘင်္ဂါလီ အနွယ်ဝင်များဖြစ်ကြောင်းလည်းသိရှိရပါသည်၊
ရွာသူရွာသားများ မသိချင်အဆုံး မမြင်ချင်အဆုံးဖြစ်ခဲ့ရသည့် ယ္ခုဇတ်လမ်း အစ အဆုံး အတွက် အနှောင့်အယှက်များဖြစ်ပေါ်ရစေမှုအတွက်
အနူးအညွတ်တောင်းပန်အပ်ပါသည်ခင်ဗျား၊
ရွာသူရွာသားများ၏ကူညီစောင်မ အားပေးမှုများကြောင့်လည်း ယ္ခုကဲ့သို့ အောင်မြင်မှုများရရှိခဲ့သည်ဟုဆိုလျင်လည်းမမှားပါခင်ဗျား၊
ကပ်ဖား ဆိုသူမှာလည်း သူ၏ လူမှန်နေရာမှန်နေရာသို့ပြန်လည်ရောက်ရှိသွားကြောင်းလည်း အသိပေးလိုပါသည်ခင်ဗျား၊
အားပေးကူညီခဲ့ပါသော admin ကြီးကိုလဲ ဤနေရာမှ ဂါရဝ ပြုလိုက်ပါသည်ခင်ဗျား၊
နှစ်ပေါင်း ၂ဝ ကျော်ခန့်အကျဉ်းကျ ဒုုက္ခရောက်ခဲ့ကြရပါသော လူများ၏ မေတ္တာတော်များသည် မန်းဂေဇက်ရွာသူရွာသားများနှင့် admin ကြီးတို့
အပေါ် သို့ ကျရောက်ပါစေသား…။

About ဦး ဂျစ်

has written 39 post in this Website..

အမှန်တရား အတွက် မည်သည့်အခြေအနေဖြင့်တွေ့ဆုံစေကာမူ နောက်ဆုတ်မည် မဟုတ်ပါကြောင်း.....။ သို့ပါသော်လည်း ကျဉ်းထဲ ကြပ်ထဲ ရောက်နေပါလျှင် မတိုး မဆုတ် ကြည့်လုပ်ရမည်မှာ အမှန်တရား ဖြစ်ပေလိမ့်မည်သာ....။