ဖိနပ်…။။

ဖိနပ်…။။

ဖိနပ်…ဖိနပ်က ဘယ်နှယ်ခုနှစ်ကစတင် တီထွင်ခဲ့တာပါလဲ?
အနောက်တိုင်းကစတင်တီထွင်ခဲ့တာလား အရှေ့တိုင်းက စတင် တီထွင်တာလား
ဖိနပ်ကိုလူတွေစတင်အသုံးပြုခဲ့တဲ့အတိတ်သမိုင်းကြောင်းကို မသိပေမယ့်
ဖိနပ်ဟာ  ယခုခေတ်အချိန် အခါမှာတော့ နိုင်ငံအသီးသီး မှာတွင်ကျယ်စွာအသုံးပြုနေကြပါပြီ
နေရာဒေသအလိုက် ဝတ်ဆင်ပုံနဲ့ ဖိနပ်ပုံစံအမျိုးမျိုးရှိကြပေမယ့် ဖိနပ် ဟာလူတစ်ယောက်အတွက်တော့မရှိမဖြစ်
လူ့အသုံးအဆောင်ပစ္စည်း တစ်ခုအဖြစ်ရပ်တည်နေရုံမကပဲ ….။
ကြွယ်ဝချမ်းသာသူတွေကြားထဲမှာတော့ လူတစ်ယောက်ရဲ့ အဆင့်အတန်းနဲ့ ဂုဏ်ဒဒြပ် တစ်ခုရဲ့ပြရုပ်အဖြစ်လည်း
ဝတ်ဆင်ကြတာတွေ့ကြရပါတယ် …လူတစ်ယောက်ဟာ ဘယ်လိုအခြေအနေမှာရှိနေပါစေ အတော်အတန်ကောင်းမွန်တဲ့
ဖိနပ်တစ်ရံစီတော့ ပိုင်ဆိုင်ထားကြပါတယ်….လူတစ်ချို့ဆိုရင် ဖိနပ်ကိုအရံပေါင်းမြောက်များစွာကို ပိုင်ဆိုင်ထားသူများအဖြစ်လည်း
တစ်ချို့သောနေရာဒေသ တိုင်းပြည်တွေမှာတွေ့ရပါတယ်…။
ထင်ရှားတဲ့လူတစ်ချို့ရဲ့ဖိနပ်တွေကိုဆိုရင် လေလံတင်ရောင်းချရတဲ့အထိ ရှိနေခဲ့တာရယ် ဖိနပ်တရံအတွက် ငွေကြေးမြောက်များစွာ
အသုံးပြုပြီး လေလံဆွဲဝယ်ယူခဲ့သူတွေလည်း တွေ့ရတတ်ပါတယ်။။။။။
ဖိနပ်မှာထူးခြားချက် ကလေးတွေကိုလည်းဒီလိုတွေ့ရတတ်ပါတယ် …
လူတစ်ယောက်ဟာ  ဖိနပ်တရံကိုအသုံးပြုမယ်ဆိုရင်………………
အစုံလိုက်အသုံးပြုမှသာရပါတယ် ဘယ်ညာ နှစ်ဖက်ရှိမှ ဝတ်ဆင်အသုံးပြုနိုင်တာကိုတွေ့ရပါတယ်..။
ဘယ်ဖက် ကြီးပဲရှိတဲ့ ဖိနပ်နဲ့ ညာဖက်ကြီးပဲရှိတဲ့ ဖိနပ်ဟာ သင့်အတွက် ဘယ်လိုမှ အသုံးချလို့မရနိုင်သလို..။။
ဘယ်ညာတရံရှိသော်လည်း တစ်ဖက်ကြီးတစ်ဖက်သေး  ဆိုဒ်ကွဲနေတဲ့ ဖိနပ်ဟာလည်းသင်အသုံးပြုဘို့ လုံးဝမဖြစ်နိုင်ပါဘူး..။။။
ဆိုဒ်တူနေသော်လည်း အရောင် အသွေးကွဲလွဲနေခဲ့ရင်လည်း သင်သာအသုံးပြု ဝတ်ဆင်ခဲ့ရင် လူအများကရီစရာဖြစ်နေမှာပါပဲ။
(အခုခေတ်တော့ အရောင်မတူတာ စတိုင်တစ်ခုပဲလို့ ထင်တယ်ဗျ)
အရောင်အသွေးတူ ဆိုဒ်တူသော်လည်း ပုံစံ ကွဲပြီးတစ်ဖက်တစ်ဖက် မတူညီရင်လည်း ဝတ်ဆင်လို့ မဖြစ်နိုင်ပြန်ဘူးဗျ…။။။။
အဲဒီအပြင် အမျိုးသမီးစီးဖိနပ်ကို ယောက်ျားလေးစီးလို့မရသလို ယောက်ျားစီးဖိနပ်ကို အမျိုးသမီး စီးလို့ မရပဲ
လူရီစရာဖြစ်စေတာဟာလဲ ဒီဖိနပ်ပဲလေ …။။။။။
နောက်တစ်ချက်ကတော့ မိမိဖာသာ ပိုက်ဆံပေးဝယ်စီးရတဲ့ ဖိနပ် ကိုယ့်ဖာသာစီးရင်း ပြတ် များသွားခဲ့ရင်..
ကို့ဖိနပ် ကိုယ်ဖာသာ  ပြတ်သွားတာတောင် ပါတ်ဝန်းကျင်ကိုရှက်နေရတတ်တာပါပဲ…။။။။။
ပြတ်သွားတဲ့ဖိနပ်ကြီးကိုဟန်မပျက် ထိန်းပြီးစီးသွားရတဲ့ ဒုက္ခလည်း မသေးဘူးဗျ …..။
ဒီအဖြစ်မျိုးက အမျိုး သမီးများဆိုပိုဆိုးတတ်ပါတယ်..။
ရွံဗွက် ထူထပ်တဲ့နေရာမှာ ဖိနပ်ကလေးလက်ကကိုင်ပြီးလမ်းလျှောက်သွားတာကို ရှက်စရာလို့မသတ်မှတ်ပေမယ့်
လမ်းကောင်းမှာ ဖိနပ်ကို လက်ကကိုင်ပြီးလမ်းလျှောက်ခဲ့ရင်  ရှက်နေတတ်တာဟာ ဖိနပ် ရဲ့ထူးခြားချက်ထဲကတစ်ချက်ပါပဲ..။။။။
အလှူတို့ မင်္ဂလာဆောင်တို့ သွားလို့ များ ဖိနပ်ပျောက်မှာစိုးလို့ စိတ်မချနိုင်တာနဲ့ …….
အဲ ..ပျောက်များသွားခဲ့လို့ ကတော့ ဖိနပ်ကိုမနှမျှောပဲ မျက်နှာကြီးထူအမ်းပြီး ရှက်ရတတ်တာလဲ ဖိနပ်တရံရဲ ထူးခြားချက်ပါပဲ..။။။။
ဖုန်တွေသဲတွေထူထပ်တဲ့ အတွက်ကာကွယ်ဖို့ နဲ့ ဆူးညောင့် အတွက်ကာကွယ်ဖို့ စီးနင်းတဲ့ဖိနပ်မှာ ဖုန်သဲတွေ ညစ်ပတ်နေမှာ
မှန်ပေမယ့် အဲလိုညစ်ပတ်မနေအောင် ဖိနပ်ကိုပြောင်လက်အောင် တိုက်ချွတ်ထားရတာလဲ
ဖိနပ်ရဲ့ထူးခြားချက်ပါပဲ ..ဖိနပ် များညစ်ပတ်နေရင် ရှက်နေရတတ်တယ်လေ… ။။။။
အသစ်မှာဘယ်လောက်ကောင်းကောင်း ပြီးတော့လဲဟောင်းသွားတတ်တဲ့ မြေကြီးထဲချစီးမယ့်ဖိနပ်ကို လှလှ ပပ လေး ရွေးဝယ်
ရတာလဲ ဖိနပ်တရံရဲထူးခြားချက်ပါပဲ…။။။။
ချွတ်ထားတဲ့ မိမိဖိနပ်ကို တစ်ခြားတစ်ယောက်ယောက်ကများတက်နင်းသွားတာ တွေ့လိုက်လို့ကတော့ ဒေါသဖြစ်ရတာ အမောပေါ့
ကိုဖာသာကျတော့ နေတိုင်း တဗျပ်ဗျပ်ရှပ်တိုက် စီးနေပေမယ့် ဒေါသမဖြစ်တာဟာ ဖိနပ်ရဲ့ထူးခြားချက်ပါပဲ..။။။။
အင်း …လူတစ်ယောက် အတွက် လမ်းလျှောက်ဖို့ဆိုရင်တော့  ဖိနပ်တရံဟာ မရှိမဖြစ်လိုအပ်နေပါသေးတယ်
အဲဒီမရှိမဖြစ် ဖိနပ်အတွက်နဲ့ပဲ…..။။။။။။။။။။။။။။။။

ကိုယ့်သာသာပိုက်ဆံဈေးကြီးကြီး ပေးပြီး ဝယ်စီးရပေမယ့် တစ်ခါတရံ  ကိုယ့်ကို အရှက်ရအောင်ဒုက္ခပြန်ပြန်ပေးတတ်တဲ့
ဒီဖိနပ်ကြီးကို ကျွန်တော်တို့တွေ ဂုဏ်ယူပြီးဆက်စီးနေကြရအုံမှာပါပဲ..။။
သူနဲ့မကင်းနိုင်သမျှ သူ့ကြောင့်ရတဲ့ သိက္ခာကျမှုတွေကို ရှက်ရှက်နဲ့ဆက်ပြီးခံစားကြပေးအုံးတော့ဗျို့။။။။။။။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

11 comments

  • good

    July 30, 2011 at 11:53 am

    ဖိနပ်ကို thesis လုပ်တာ ဆို စာမျက်နှာ နည်းသေးတယ်။

  • manawphyulay

    July 30, 2011 at 1:06 pm

    နောက်မှ မနောနဲ့ ဖိနပ်ပြဿနာ တင်ပြပေးပါဦးမယ်။ ဖိနပ်အသံကိုမကြားချင်တော့ဘူး။

  • windtalker

    July 30, 2011 at 1:53 pm

    ဖိနပ် လိုမျိုး foot wear ဟာ
    ကျောက်ခေတ် ကတည်း က ပေါ ်ခဲ့တယ် လို ့ထင်မိပါတယ်
    ဖမ်းဆီး သတ်ဖြတ်ထားတဲ့ သားကောင်တွေ ရဲ ့သားရေ ကို
    ခြေထောက်မှာ ပတ်၊ဖုံး ဝတ်ဆင်ခဲ့ကြ ရာမှ
    ခေတ် အဆက်ဆက် တိုးတက်ပြောင်းလဲ လာတဲ့ ယဉ်ကျေးမှု ကြောင့်
    ယနေ ့ကျွန်တော် တို ့စီးနေတဲ့ ဖိနပ် ရယ်လို ့ဖြစ်လာတယ် လို ့ထင်မိပါတယ်ဗျာ

  • kai

    July 30, 2011 at 3:41 pm

    ပြောရရင်..မြန်မာတွေက..ဖိနပ်နဲ့ပါတ်သက်ပြီး ..နည်းနည်းအထိမခံဖြစ်တယ်.။
    ရွှေတိဂုံစေတီပေါ်..အင်္ဂလိပ်တွေဖိနပ်စီးတက်တဲ့ ကိစ္စတို့..။ ရှင်ဥက္ကဌက.. သူ့ဘုန်းကြီးကျောင်း ဝင်းထဲ.. ဖိနပ်ပေးစီးတဲ့ကိစ္စတို့..။ အိမ်ထဲ ..ဘုရားစင်ရှေ့ဖိနပ်စီးဝင်ရင်ရိုင်းတယ်ထင်တာတို့.. စသဖြင့်ပေါ့..။
    ဖိနပ်နဲ့..ခြေထောက်က.. နိမ့်ကျတယ်လည်း… သတ်မှတ်ပုံရတယ်..။

    … ခြေထောက်ဟာ.. ခြေအိပ်စွပ်..ဖိနပ်စီးထားတာမျိုးရှိတာမို ့..လက်,ထက်စာရင် ပိုသန့်တယ်ယူဆတာမျိုး အသိဘိုတယောက်ပြောဖူးတယ်..။
    ပြန်တွေးကြည့်တော့လည်း.. ဟုတ်ပေသားပဲ..။
    အော်.. လူတွေအမျိုးမျိုး.တွေးနေ..ဖြစ်နေကြပုံများ… 🙂

  • usnczn

    July 30, 2011 at 4:47 pm

    ဖိနပ်အကြောင်းကျွန်တော် ရေးတင်ဖူးပါတယ်
    ဒါပေမဲ့ မတွေ့တော့ဘူး
    မဟော်သဓ ဇာတ်မှာ မဟောသဓ သတို့သားဟာ အမရာဒေဝီနှင့်အတူ နန်းတော်ပြန်တဲ့အခါ
    ချောင်းငယ်တခု ကို ဖြတ်တဲ့အခါ ဖိနပ်ကိုချွတ်ပြီး ချောင်းကို ကူးပါသတဲ့။
    အဲသည်ချိန်ထဲက ဖိနပ် ကို သုံးစွဲနေကြပါပြီ။

  • MOEPWINTPHYU

    July 30, 2011 at 5:05 pm

    ဖိနပ်က မစီးလိုမှမရတာ
    စီနေရအုံးမှာပေါ

  • zawthulay

    July 30, 2011 at 5:29 pm

    ရေဘူးနဲ့ဖိနပ်မပါနွေအခါမှသိဆိုသလိုပေါ့.. ဖိနပ်ကလည်းလူတွေအတွက် အရေးကြီးတာပဲ.

  • ရွှေဘိုသား

    July 30, 2011 at 10:39 pm

    ဆယ်တန်းတုန်းက ဖိနပ်ပျက်လို. ရှက်လို.ကျောင်းကနေထွက်ပြေးတာ
    ဆရာမတွေ ခေါင်းပူ ကုန်တယ်
    ကျောင်းသားတစ်ယောက် ဖိနပ်လည်းမပါဘူး ရန်ဖြစ်လို. ရိုက်ပြီး ထွက်ပြေးတာလားမသိဘူးဆိုပြီး
    ကျောင်းခေါ်ချိန်တွေ လိုက်စစ်တာ သတိရမိတယ်

  • ရွှေအိမ်စည်

    July 30, 2011 at 10:56 pm

    တို ့ကတော့….ဂနီကိုအားကျပြီး..လေလုံးတွေကြွားဘူးတယ်…
    ကိုယ့်အလှည့်ကြတော့…ဟားဟားးးးးး

  • pan pan

    August 1, 2011 at 3:12 pm

    အပူဒဏ် အအေးဒဏ် ဆူးညှောင့်တွေ ကာကွယ်ဖို့ ဖိနပ်စီးရတာကို ခုခေတ်မှာ ဒီဇိုင်းအမျိုးမျိုးနဲ့ ဖိနပ်တွေကို ငွေကုန်ကြေးကျများစွာနဲ့ စီးနေကြပါတယ်
    ဖိနပ်ပြတ်လို့ ရှက်စရာဖြစ်တယ်၊ အရှက်ကွဲတယ်ဆိုတာ….
    ကျွန်မအတွေးနဲ့ပြောကြည့်မယ်၊ အတွေးက နည်းနည်းကိုးလိုးကန့်လန့်ဖြစ်မယ်ထင်တယ်
    ဖိနပ်က အင်္ကျီမှမဟုတ်တာ ခြေဖဝါးမှာဆိုတော့ ဖိနပ်ပြတ်လို့ မတော်တရော်လူမြင်တာမှမဟုတ်တာ
    ဖိနပ်ရဲ့အဓိပ္ပါယ်ကိုက အပူဒဏ် အအေးဒဏ် ဆူးညှောင့်တွေ ကာကွယ်ဖို့(အဝတ်အစားလို အရှက်ကာကွယ်ဖို့မဟုတ်) သာဖြစ်တဲ့အတွက် လူကြားထဲ ဖိနပ်ပြတ်တာရှက်စရာတော့ မဟုတ်ဘူးပေ့ါ
    အဲ….ဒါပေမယ့် ဖက်ရှင်ခေတ်ထနေတော့ ရှိုးပဲ့တယ်ပေ့ါ 😀
    ကိုယ်တိုင်လည်း သွားလာရင် ဖိနပ်မပြတ်ချင်ပါဘူး
    ဒုက္ခရောက်လွန်းလို့

  • kai

    August 1, 2011 at 3:31 pm

    မြန်မာဝတ္ထုတွေထဲ..ဇတ်လမ်းတွေထဲ.. မိန်းကလေးဖိနပ်ပြတ်လို့… ကောင်လေးကအနစ်နာခံပြီးဖိနပ်ဝယ်ပေးတာ..သူ့ဖိနပ်ချွတ်ပေးတာမျိုးတွေဖတ်ရတယ်…။
    ဖိနပ်ပြတ်ရင်.. ဖိနပ်မပါပဲ..လမ်းလျှောက်ရရင်… ရှက်ကြပုံပဲ…

    ယူအက်စ်မှာ… ဘိုမတွေ..ဖိနပ်မပါပဲလျှောက်နေကြတာ…ခဏခဏတွေ့ဖူးတယ်..။
    တချို ့.. ဒေါက်ဖိနပ်ကို.. ပါတီကလပ်မှာစီးခဲ့ပုံရပြီး..အပြင်မှာ.. ဖိနပ်မပါပဲ..ဖိနပ်ကြီးကိုင်လျှောက်နေတာလည်း ခဏခဏတွေ့ဖူးတယ်.. ။ ဒေါက်ဖိနပ်နဲ့.. လမ်းလျှောက်ရခက်ပုံရပါတယ်..။
    “ရှက်သလား”လို့သွားမေးရင်.. တော်တော်ကြောင်သွားမယ်ထင်တယ်..။ 🙂
    ဗဟုသုတအဖြစ်ပါနော…။

Leave a Reply