ဂူဂဲလ် ဖွင်.ပြီး ဟိုရှာ ဒီရှာလုပ်ရင် တွေ.လိုက်ရတဲ. သတင်းလေးပါ

သိပြီးသားသူတွေလည်း ရှိပါလိမ့်မယ် ကျနော်ကတော. အခုမှသိရတာမို. တင်ပေးလိုက်တာပါ

၁၉၅၄ ခုနှစ်၊ ဇွန်လ၂၅ ရက်နေ့တွင်း မြန်မာနိုင်ငံ၌သာမက ကမ္ဘာတွင်ပါ ပထမဆုံးသော လေယဉ်ပြန်ပေးမှုတစ်ရပ်

မြန်မာနိုင်ငံ ဧရာဝတီတိုင်း၌ ဖြစ်ပွားခဲ့ကြောင်းဂူဂဲလ် မှာဖတ်လိုက်ရလို. မသိသေးတဲ.သူတွေအတွက်ရည်ရွယ်ပြီး တင်ပေးလိုက်တာပါ

ဖြစ်ပွားပုံမှာ ၁၉၅၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့၊ နံနက် ၆ နာရီ ၁၀ မိနစ်အချိန်က မြန်မာ့လေကြောင်း သယ်ယူပို့ဆောင်အဖွဲ့( ယူဘီအေ ) ပိုင် စက်နှစ်လုံးတပ် ဒါကိုတာ လေယဉ်အမှတ် ( XYACT )သည် စစ်တွေ၊ ကျောက်ဖြူမြို့များသို့ဦးတည်ပြန်ပျံသန်းခဲ့၏။

ကောင်းကင်ယံ၌ ခေတ္တခဏပျံသန်းပြီးစဉ် ခရီးသည်ဟန်ဆောင်လာသော သောင်းကျန်းသူသုံးဦးက အသင့်လျှို့ဝှက်ယူဆောင်လာသည့် ခြောက်လုံးပြူတစ်လက်၊ လက်ပစ်ဗုံးနှစ်လုံးတို့နှင့်အတူ လေယဉ်ဦးပိုင်းစက်ခန်းသို့ဝင်ရောက်ခြိမ်းခြောက်ကာ ၎င်းတို့ယူဆောင်လာသော မြေပုံညွှန်းဖြင့် လေယာဉ်အား မြေပြင်သို့ဆင်းသက်ခိုင်းခဲ့သည်။

ထို့နောက် သောင်းကျန်းသူများသည် လေယာဉ်ထက်မှ ငွေသေတ္တာလေးလုံးကို ချခိုင်းပြီး လေယာဉ်အား ပြန်လွှတ်လိုက်၏။

ဤကဲ့သို့ လေယာဉ်အပိုင်သီး ပြန်ပေးဆွဲခံရမှုမှာ ကမ္ဘာ့လေကြောင်းနှင့် မြန်မာ့လေကြောင်း သယ်ယူပို့ဆောင်ရေးသမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်သည်။

လေယာဉ်ပျံသည် မင်္ဂလာဒုံလေဆိပ်သို့ပြန်လည်ရောက်ရှိလာပြီးနောက် လေယာဉ်ကပ္ပတိန် အေအီးဟဲနှင့် ငွေသေတ္တာတာဝန်ခံ ခရိုင်ထောက်ပံ့ရေးအရာရှိ ဦးကျော်ထွန်းက လေယာဉ်ပျံမည်သို့မည်ပုံ အပိုင်စီး ပြန်ပေးဆွဲခံရခဲ့ရကြောင်းကို သတင်းစာဆရာများအား ရှင်းလင်းပြောကြားခဲပါတယ်

More: www.ayar.co

ရွာသားတို.လည်း ကြံဖန်ပြီး ကိုယ်.နိုင်ငံအတွက် ဂုဏ်ယူလိုက်ကြစမ်းပါ

`ထိပ်ဆုံးမှာ ရွှေမြန်မာ

About ရွှေဘိုသား

ရွှေဘို သား has written 92 post in this Website..

စာများကို ရေးတတ်လို. မဟုတ်ပါ သည်းခံဖတ်ပြီး ဝေဖန်ပေးကြပါ