ကျွန်တော်ရဲ့ ကလေးဘဝတစ်လွဲ အတွေးများ။။

ကျွန်တော်ရဲ့    ကလေးဘဝတစ်လွဲ   အတွေးများ။။။။။

ကျွန်တော် ရဲ့ ငယ်ငယ် ကလေးဘဝက အလွဲတွေကတော့ ဖတ်ရသူတွေအတွက် တော့
တော်တော် ကြောင်တောင်တောင်နိုင်တဲ့ကောင်ပဲလို့ထင်ကြမှာဗျ….။
ကျွန်တော် တွေးတဲ့ ပုံစံက တော်တော် ဂွတီးဂွကျ နိုင်တဲ့အတွေးတွေ  ဖြစ်နေလို့ပါပဲ …

အတွေး(၁)
ငယ်ငယ်တုန်း အချိန်က ရေဒီယိုတွေ ပေါ်ဦးစအချိန်တွေ တုန်းက လူတိုင်းမဝယ်နိုင်တဲ့ရေဒီယိုလေး ဖခင်ဖြစ်သူက
ဝယ်ပေးခဲ့လို့ ရေဒီယိုလေးရလို့ ပျော်နေတတ်တဲ့အချိန် ဘယ်ကလာမှန်းမသိတဲ့အသံတွေဒီ စက်ကလေးထဲက ထွက်နေပေမယ့်
နားထောင်ကောင်းသားဗျ  ဒါပေမယ့် ဒီထဲကအသံတွေဘယ်က လာသလဲ မသိတာဟာ ကျွန်တော့ အတွက်တော့ စဉ်းစားစရာပါ
တစ်နေ့ မိသားစုလိုက် ရွှေတိဂုံ ဘုရားကြီးသွားဖူးရင်း မြန်မာ့အသံဆိုတဲ့ အဆောက်အဦးကြီးထဲကနေ လွှင့်ပေးနေတာလို့
ဖခင်ဖြစ်သူရှင်းပြမှ…အော်…..ရေဒီယိုထဲကအသံတွေက  ဒီအဆောက်အဦး ကြီးထဲကလာတယ်ဆိုတာ သိလိုက်ရတာပဲဗျ…..။။
ဒါကလဲ ရေဒီယိုနဲ့ ပတ်သက်တာပါ..ပြောချင်တာကဒီအကြောင်းမဟုတ်ဘူးဗျ ရေဒီယိုထဲမှာထိုစဉ်အခါ က အများဆုံးထုတ်လွှင့်ပေးလေ့ရှိတဲ့
ဗုဒ္ဓဝင်ဇာတ်တွေ ယခုပြောပြောနေကြတဲ့ နောက်ပိုင်းဇာတ်တော်ကြီးတွေပေါ့  ။ ဆိုချင်းငို ချင်း အတော်များသားဗျ..။။
ကျွန်တော်သိချင်တာ က  အဲဒီရေဒီယိုထဲက လွှင့်တဲ့ ဇာတ်တော်ဇာတ်ထုပ်တွေမှာ မင်းသားတွေ ရှင်ဘုရင်တွေ ငိုတဲ့ အခါ …
“““အမေလေး ဆိုရှေ့က မင်းသား တပြီး ငိုလိုက်တာနဲ  နောက်ကနေ ငိုချင်း  ဆိုင်း တဆက်တည်းတီးတော့တာပဲကို
ကျွန်တော်လည်းအဲဒီဇာတ်တော်လာရင်နားထောင်ရတာအမောပဲ ကြိုက်လည်းကြိုက်တယ် ဗျ..
အဲလိုနားထောင်ပါများတော့ ဒီလိုပဲအတွေးဝင်လာမိတယ် ရှေးရှေးတုန်းက မင်းညီမင်းသား ဘုရင်တွေဟာ
ငိုရင်အဲဒီလိုပဲ စာသံပေသံနဲ့ ပြောဆိုပြီး  တစ်ကယ်ငိုတာလား
သူတို့ငိုတဲ့အခါ  အဆင်သင့် ဆိုင်းတီးပေးဘို့ ဆိုင်းဆရာတွေဟာ
အဆင်သင့်စောင့်နေရတာလား …
ဒီဆိုင်းဆရာတွေဟာနေ့နေ့ညည ထိုင်စောင့်နေရမှာပဲ
ငိုတဲ့သူကညကြီးထငိုရင် သူတို့ဘယ်လိုလုပ်မလဲပေါ့
သူတို့ငိုရင်ဆိုင်းဝိုင်းပါမှ ငိုတယ်လို့ တွေးမိလာတယ်လေ….။။။
အဲဒီအတွေးဟာ တော်တော် အူကြောင်ကြောင်နိုင်တဲ့  အတွေးတစ်ခုပဲဆိုတာ  အတန်ငယ်ကြာတော့မှ သိလာရတယ်…
ဒါပေမယ့် ငယ်စဉ်အခါက ဒီလိုတစ်ကယ်တွေးခဲ့ ထင်ခဲ့ဘူးပါကြောင်း…………။။။။။။။။

အတွေး(၂)
နောက်တစ်ခုကတော့ နည်းနည်း လွဲသွားတဲ့ကိစ္စပါပဲ ။ ဒါကလဲ အလွဲတွေးမိလိုက်တာပါပဲ
ငယ်စဉ် ကျွန်တော်တို့နေတဲ့ရပ်ကွက်ကလေးဟာ မဆလ ခေတ်ကတော့ တောသာသာပုံစံလေးပဲဗျ
သိပ်ပိုက်ဆံရှိတဲ့သူမှသာ တိုက်ဆောက်နိုင်တာပဲ  ။ ခြံတွေကလဲကျယ်ဆိုတော့သီးပင်စားပင်အစုံစိုက်လို့ရတယ်လေ
မဆလခေတ်မှာ ညနေစောင်းတာနဲ့ ရေနံဆီမီးခွက် မှန်အိမ်ဟာ  အလင်းဆုံး အရောင်ကိုပေးနိုင်တဲ့ အလင်းလွှတ်ပစ္စည်းတွေပဲလေ
လမ်းမီးမရှိ   ည နေ  နေစောင်းတာနဲ့ မှောင်ချင်နေပြီး လျှပ်စစ်မီးသွယ်တန်းနိုင်တဲ့ အိမ်ကလဲခပ်ရှားရှာဗျ
ဒီလိုဓါတ်တိုင်တွေကလဲနေရာတကာရှိတာမဟုတ်ဘူးလေ  ….။။။
တစ်ညနေတော့ဗျာ မှောင်ရီကတော့သန်းနေပါပြီ….ညီအကိုနှစ်ယောက် ညနေစောင်းအိမ်နောက်ဖေး မှာ ဆော့လိုက်ကြတာ
အမေ ခေါ်တာတောင်းမကြားဘူး ..ဆော့ကောင်းကောင်းနဲ့ဆော့နေလိုက်ကြတာပေါ့
အဲဒီအချိန်မှာပဲ ဘေးတစ်အိမ်ကျော်ကနေ  အဒေါ်ကြီးတစ်ယောက်ရဲ့ အော်တဲ့အသံကို ကြားလိုက်ရတယ်
““ ဘာလာလုပ်တာလဲ ကောင်းဆိုးဝါးမတွေ””တဲ့ အနည်းငယ်လဲမှောင်နေတဲ့ အချိန်မှာ မကောင်းဆိုးဝါးဆိုတဲ့အသံကြားလိုက်တော့
ညီအကိုနှစ်ယောက် ခေါင်းနားပမ်းကြီးသွားတယ် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်တယ် …
နည်းနည်းလဲ ကြောက်သွားတော့ ဆော့စရာပစ္စည်းတွေပစ်ချလိုက်တယ်……
အဲဒီအချိန်မှာပဲ နောက်ထပ်ကြားလိုက်ရတဲ့အသံတစ်ခုကတော့  ကျွန်တော်တို့ နှစ်ယောက်ရဲ့ကြောက်စိတ်ကို
အထွဋ် အထိပ်ကို ရောက်သွားစေပါတော့တယ်…အဲဒီအသံကြီးကတော့…။
““““ ချောင်ဂျို ချောင်ကြား က မကောင်းဆိုးဝါးတွေလာပြီဟေးး”””””ဆိုပြီးမိန်းမကြီးတစ်ယောက်ငယ်သံ ပါအောင် အော်လိုက်တဲ့အသံပါပဲ။။။။။။။။။
အဲဒီအသံနက်ကြီးအဆုံးမှာတော့ ဘာပြောကောင်းမလဲ ညီအကိုနှစ်ယောက်
တစ်ယောက်ကိုတစ်ယောက်မကူအားဘူး နောက်ဖေးအဆင့် က တိုင်ကိုဖက်တက်ပြီး မိသားစုအိပ်ခန်းထဲရောက်အောင်ပြေးကာ
ခုတင် ကြီးရဲ့အောက်သူ့ထက်ငါ ဦးအောင် ဝင်းပုန်းနေလိုက်ကြတယ်လေ ဒီကုတင်ကြီးက ကျွန်တော်တို့ ညီအကိုပြသနာ တစ်ခုဖြစ်တိုင်း
ဝင်ပုန်းနေကြအလုံခြုံဆုံးနေရာလေ….တော်ရုံနဲ့ အပြင်မထွက်ရဲဘူး…
တော်တော်ကြာကြာပုန်းနေပြီးမှ အခြေအနေကြည့်ပြီးထွက်လာခဲ့ ရတယ်
ဒါတောင်အဲဒီညက အိမ်အောက်မပြောနဲ့အိမ်သာတောင် မထွက် ရဲဘူး
တစ်ကယ်ပဲ ချောင်ချိုချောင်ကြားက မကောင်းဆိုးဝါးတွေလာတာလားဆိုတာသိချင်နေခဲ့တယ်လေ…..
အဲဒီအချိန်တုန်းက တွေးမိတာတော့ တစ်ကယ် မကောင်းဆိုးဝါးတွေလာတယ်လို့ တွေးမိတယ်ဗျ
နောက်မနက်မှ သိလိုက်ရတာက …
ကျွန်တော်တို့ ရပ်ကွက်မှာ လမ်းကြားလေးတွေရှိတယ်ဗျ ..အဲဒီလမ်းကြားလေးထဲမှာနေတဲ့မိန်းမကြီးတစ်ယောက်က
ကျွန်တော်တို့ဘေးအိမ်ကိုညနေပိုင်းမှာ လာလည်တာပဲ…ဘေးအိမ်ကမိန်းမကြီးက မလာတာကြာလို့
““ ဘာလာလုပ်တာလဲ  မကောင်းဆိုးဝါးမတွေ””ဆိုပြီးလှမ်းစ,လိုက်တာကို
အဲဒီလမ်းကြားထဲမှာနေတဲ့ မိန်းမကြီးက သက်သက်မဲ့ အဲလိုကြီးထအော်လိုက်တဲ့ အသံကို
ကျွန်တော်တို့ညီအစ်ကိုကြားပြီး ကြောက်လို့ ပုန်းနေခဲ့ရတာပဲဗျ …
တော်တော်ဆိုးတဲ့အဒေါ်ကြီး တွေဗျာ..ကျွန်တော်တို့မှာတော့ တစ်ကယ်ထင်လို့….။
တော်တော်အူကြောင်ကြောင် နိုင်တဲ့ အတွေးနဲ့ကြောက်ခဲ့တာပဲဗျ……………။။။။။။။။။

အတွေး(၃)
ဒီအတွေးကတော့ ကျွန်တော့် ကိုယ်ပိုင်ရုပ်ခန္တာကို အခြေပြုပြီး ကိုယ့်ဘာသာတွေးခဲ့တဲ့ တစ်လွဲအတွေး လေးပါပဲ
ဘေးအိမ် က အဒေါ်ကြီး ကလေးမွေးရာကစတာပါပဲ ကျွန်တော်ဟာ ငယ်ငယ် အခြားခလေးများလောက် ဗဟုသုတ
သိပ်မရှိခဲ့ပါဘူး အဓိက ကတော့ ယောကျင်္ားလေးမိန်းခလေး ဖိုမဆက်ဆံရေးပါပဲ ကျွန်တော်သုံးလေးတန်း ကျောင်းတက်စဉ်က
အဲလိုကိစ္စကို လုံးဝမသိ့ခဲ့တာအမှန်ပါပဲ ကျွန်တော်နဲရွယ်တူအတန်းဖော်များက အကောင်လေးသာသေးသေး လေးတွေ
အောင်မလေး အတန်းဖော်မိန်းခလေးတွေထဲက ဟိုကောင်းမလေးကိုကြိုက်ရတာနဲ့ ဒီကောင်မလေးကိုချစ်ရတာနဲ့ လူလေးတွေကသာ
သေးသေး လေးတွေ ကျောင်းတက်တော့ သုံးလေးတန်းနဲ့ ရည်းစားထားနေကြပြီလေ ..ကျွန်တော်ကသာဘာမှမသိတာ
ကျွန်တော့် သူငယ်ချင်းလူကြီးလူကောင်းမင်းအပေါင်းက ခဲတံ အတိုလေးချွန် ဗလာစာအုပ်ဖြဲပြီး ရည်းစားစာ ရေးပေးတတ်နေကြပြီဗျ
တစ်နေ့တော့ ဘေးအိမ်ကအဒေါ်ကြီး ကလေးမွေးတော့  အမေနဲ့အတူ လိုက်သွားကြည့်တာ လားလား ကလေးလေးကနီတာရဲလေးဗျ
ချစ်စရာလေး..ကျွန်တော်ဆိုလူကြီးတွေမသိအောင် ပါးကိုဆွဲဆွဲလိမ်တာပဲ.. ကျောင်းတက်တဲ့နေ့က သူငယ်ချင်းတွေကို ကလေးလေး
အကြောင်းပြောပြတော့ သူငယ်ချင်းတွေက ဟေ့ကောင် ကလေးကိုမိန်းမတွေဘယ်ကမွေးထုတ်တာလဲသိလားဆိုတော့…
ကျွန်တော်စဉ်းစား တာ   ဒီကလေးတစ်ယောက်စာထွက်နိုင်လောက်တဲ့ အပေါက်ဟာ ကျွန်တော်တို့ ယောက်ကျင်္ားလေးတွေမှာဆို
အိမ်သာသွားတဲ့တစ်ပေါက်ပဲရှိတဲ့အတွက်  …ဘယ်နည်းနဲ့မဆို မိန်းမတွေမှာလဲ   ဒီလောက်ကြီးတဲ့ ခလေး
တစ်ယောက်ကို..ဒီအပေါက်ကပဲ မွေးထုတ်ရမယ်ဆိုပြီးဇွတ်ကန်ငြင်းတော့တာပဲ..မဟုတ်ဘူးသူတို့ကလဲ ကလေး မွေးစရာ
နောက်တစ်ပေါက်ပါသေးတယ် ဆိုတဲ့အကြောင်း ငြင်းတော့ တာပဲဗျို့ ကျွန်တော်လက်ခံထားတာက ကျွန်တော်တို့ခန္တာကိုယ်မှာဆို
အပေါ့သွားတာရယ် အခင်းသွားတာရယ် ဒီနှစ်ပေါက်ပါတယ် ဒါကြောင့်မို ့  ခလေးတစ်ယောက်ထွက်စရာအပေါက်ဟာ အခင်းသွားတဲ့
အပေါက်ကသာဖြစ်နိုင်တာမို့ ဒီတစ်နေရာသာလျှင် အမှန်ဆိုပြီ ခံငြင်းရတော့တာပဲဗျ ကျွန်တော်က ကျွန်တော့် အတွေးမှာ ကျွန်တော်
တို့လို ယောက်ျားလေး ရဲ့ ခန္တာကိုယ် ပုံစံမျိုး မိန်းခလေးတွေမှာလဲ  အတူတူပဲပါဝင်တယ်ထင်လို့ ကိုယ်အတွေးနဲ့ကိုယ် အမှန်ထင်နေခဲ့တာဗျ
ကျွန်တော်အတွေးမှားကြောင်း  နောက်တစ်လလောက်ကြာတဲ့အခါမှာမှ  သိလိုက်ရတယ်လေ………။။
အဲဒီအချိန်က အပြာကားဆိုတာတွေကို တိုးတိုးတိတ်တိတ်နဲ့ တစ်ယောက်ကို ဆယ့်ငါးကျပ်နဲ့လားမသိဘူးဗျ ဗွီဒီယို တိတ်စက်တွေနဲ့
ပြတဲ့နေရာကို ဦးလေးကခေါ်သွားတာ ပထမတော့ လက်ဖက်ရည်ဆိုင်သွားရာကနေ လက်ဖက်ရည်ဆိုင်အနီးက ဗွီဒီယိုရုံကို နှစ်ယောက်သား
ရောက်သွားတော့မှ ..သိလိုက်ရတာပဲ တစ်ခါမှလဲဒါမျိုးမကြည့်ဘူး ရှက်လိုက်တာလေမပြောပါနဲ့တော့  ခလေးဘဝဆိုတော့ ကြည်ရင်းနဲ့
ရှက်လည်းရှက် အခုမှဒက်ထိမတ်ထိ တွေ့ဘူးတော့ မကြည့်ပဲလဲမနေနိုင် ရင်တွေပန်းတွေတုန်ပြီးမှ ဖင်ကတကြွကြွ ဖြစ်နေတော့တာပဲ
အင်း ..အဲဒီဦးလေးကျေးဇူးကြောင့် ကျွန်တော်တွေးခဲ့တဲ့ အတွေး မှားယွင်းနေပြီဆိုတာနဲ့ ..
တော်တော် အူကြောင်ကြောင်နိုင်တဲ့ အတွေးနဲ ဇွတ်ခံငြင်းခဲ့တာပဲဆိုတာသိလိုက်ရတော့တာပဲဗျို့….။။။။။။။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

4 comments

  • moethidasoe

    August 1, 2011 at 2:06 pm

    အခုရော သိသွားပြီလား

  • pan pan

    August 1, 2011 at 2:48 pm

    ကျွန်မလည်း တွေးဖူးတယ်
    နံပါတ်တစ်နဲ့ ခပ်ဆင်ဆင်ပဲ
    တီးဝိုင်းတီးတာတော့မဟုတ်ဘူး
    အဲလိုဇာတ်ထဲမှာ စကားပြောတာပဲဖြစ်ဖြစ်၊ ငိုချင်းချတာပဲဖြစ်ဖြစ် သီချင်းတွေအကြောရှည်ပြီးဆိုနေပြီဆိုရင် ရှေးခေတ်တုန်းကလည်း အဲလိုပဲ သီချင်းအရှည်ကြီးဆိုပြီး ပြောချင်တာကို ပြောကြတယ်ထင်ခဲ့တာ

  • zawthulay

    August 1, 2011 at 3:23 pm

    အင်း..အဲဒါတော်တော်လေးစဉ်းစားလို်က်ရတယ်ပေါ့.. အခုကောသိသွားပီလား

  • MOEPWINTPHYU

    August 1, 2011 at 3:45 pm

    ငယ်တုန်ကတောတွေးခဲဘူးတာတွေများကြီပဲ
    အခုနဲမတူတောတာတွေ မသိသေးတာတွေ နောက်ဆိုလဲ
    အဲဒီလိုပဲဖြစ်မယ်ထင်တယ် မသိသေးတာတွေ အများကြီးရှိနေလို
    နေ့တိုင်လဲ အသစ်တွေသိနေရလို

Leave a Reply