ရွာသူ၊ရွာသားတို့ရေ…. ဒီတစ်ခါ မိသားစု ပြသနာလေး နည်းနည်း ဆွေးနွေးကြရအောင်နော် …. ။ ကိုယ်ပိုင်မိသားစုလေး အကြောင်း ဆွေးနွေးကြမယ်လေ … ။ ကိုယ်ပိုင်မိသားစုဆိုတာ ကတော့ ကိုယ်တိုင် တည်ထောင်ထားတဲ့ .. မိသားစုမျိုးပါ .. မိဘအိမ်မှာနေခဲ့ရတဲ့ မိသားစု ဘ၀မျိုးမဟုတ်ပဲ … အိမ်ထောင်ရက်သား ကျတဲ့အခါမှာ ရရှိလာတဲ့ မိသားစုဘ၀ဇာတ်ကြောင်းပေါ့ ။
တကယ်တမ်း ကိုယ်ပိုင် မိသားစု တစ်ခု ထူထောင်တော့မယ်ဆိုလျှင် တွေးစရာတွေ အများကြီးပါပဲနော် …. ။ အဆင်စုံ အသွေးစုံ လူတွေနဲ့  …. ဆက်စပ်ရမှာမို့ … စိတ်သဘောထား အတော်လေး ပြည့်ဝအောင် ထားတတ်မှ အဆင်ပြေမှာပါ … ။ များသော အားဖြင့် ယောက္ခမနဲ့ သားမက် ၊ ယောက္ခမနဲ့ ချွေးမ … မရီးနဲ့ ယောက်မ စတဲ့ပြသနာတွေကနေ အိမ်ထောင်တစ်ခု ပြိုကွဲဖို့ အထိ ဖန်တီးတတ်တယ် ဆိုတာပါပဲ … ။
လူတစ်ဦးနှင့် တစ်ဦး … နှစ်ဦးပေါင်း တည်ဆောက်ထားတဲ့ မိသားစုဖြစ်ပေမဲ့ …. အိမ်တွင်းရေး အရှုပ်ရှင်းလေးတွေကတော့ … အနည်းနဲ့အများရှိတတ်တာပေါ့ … ။ ကမ္ဘာဦး ခေတ်ကတည်းက ဇာတ်လမ်းတွေလို့များ ရှေးလူကြီးတွေ ပြောခဲ့ကြသလားတော့ မသိပေမဲ့ … ဘယ်တော့မှ ပြောင်းလဲသွားချင်မရှိတဲ့ .. အိမ်တွင်းစစ်ပွဲလေးတွေ … အိမ်တိုင်း အလိုလိုမှာ ရှိတတ်ကြပါတယ် … ။
ယောက္ခမနဲ့ ချွေးမ
အကျင့်ပုပ်တဲ့ ယောက္ခမ။
သူ့သားကို ယူလို့ မတော်ချင်ပဲ တော်လိုက်ရပေမဲ့ … တစ်ကွေ့ ကွေ့ ဒုက္ခပေးဖို့ အသင့်ရှိနေတတ်ပါတယ်.. ။ သမီးမွေးတုန်းကတောင် ခြေမွှေးမီးမလောင် ၊ လက်မွှေးမီးမလောင် ၊ မဆူရက် ၊ မခိုင်းရက်ထားပေမဲ … သားကယူလာလို့ … သမီးဖြစ်လာတဲ့ ချွေးမအပေါ်မှာတော့… အိမ်ဖော်တစ်ယောက်လို ဆက်ဆံချင်စိတ်အမြဲရှိပါတယ် … ။ ငါ့သားကို ယူတဲ့အတွက် … ခိုင်းစားမယ်ဆိုတဲ့ အတွေးမျိုးလည်း …. အမြဲရှိနေတတ်တဲ့လူပေါ့ … ။ စားစရာသောက်စရာ စိုစိုပြေပြေဖြစ်တတ်တဲ့နေ့ဆိုလျှင်တော့ … အဲ့ဒီ အိမ်ဖော် သာသာ ချွေးမအတွက် …. မေ့လျော့နေတတ်ပါတယ် … ။ အားကိုးရတဲ့သားလေး သူများလုသွားတဲ့အခါ …တားမရတဲ့ သားမို့ .. ပေးစားလိုက်ရပေမဲ့…. လင်မယား ပြသနာ အမြဲတတ်အောင် ကြံစည် တွေးတော နေတတ်တဲ့ လူမျိုးပေါ့ … ။ တစ်ခါတစ်ရံ … အမြင်မကြည်တဲ့အခါ သမီးရင်းဖြစ်သူနဲ့  တိုင်ပင်ပြီး ချွေးမကို ချောက်ချမယ် … လင်မယားကြားရန်တိုက်ပေးမယ် စတဲ့ အရည်ချင်းတွေကို ဗြောင်လိမ်ဗြောင်စား လုပ်တတ်သူမျိုးပါ ။ ကိုယ် ကိုယ်တိုင်ကလည်းသူများသားကို ယူလိုက်လို့ ချွေးမဖြစ်ခဲ့ရတဲ့ဘ၀ကို မေ့လျှော့ရန် ဟန်ဆောင်နေတဲ့လူမျိုးပေါ့ … အဲ့ဒီလို ယောက္ခမမျိုးကိုတော့ … ကျွန်မက အကျင့်ပုပ်တဲ့ ယောက္ခမလို့ နာမည်ပေးချင်ပါတယ် …စိတ်ဓါတ် နိမ့်ကျတဲ့ အသက်ကြီးပြီး အချိန်မစီးတဲ့ အမျိုးစား ယောက္ခမပါပဲ ။ ချွေးမက အပြင်အလုပ်လုပ်တဲ့လူဆိုလျှင်တော့ … အလုပ်ထွက်ရကိန်းပါ … ။ စွာတဲ့ ချွေးမမျိုးနဲ့တွေ့လျှင်တော့ ခဏခဏ စကားများနေရမှာပါပဲ … ။
နိုင်ထက်စီးနင်း ယောက္ခမ ။
သားကိုယူပြီး … အိမ်ခွဲနေမှာ မကြိုက်လို့ ဆိုတဲ့ … အကြောင်းပြချက်တွေပေးပြီး …. ကူဖော်လောင်ဖက် ရအောင်  … အိမ်ပေါ်တင် အလုပ်ကျွေးပြုစုခိုင်းတဲ့ ယောက္ခမ အမျိုးစားပါ … ။ ယခင်ကတော့ ဘယ်လို နေထိုင်လဲမသိပေမဲ့ … သားက ယူထားတဲ့ မိန်းမအပေါ် မိသားစုဝင်အနေနဲ့ မဆက်ဆံပဲ …. အလုပ်ခိုင်းစရာလူတစ်ယောက် အဖြစ်သာ လက်ခံထားသူမျိုးပါ … ။ မီးဖိုချောင် ၊ အိမ်တွင်းသန့်ရှင်းရေးနဲ့ …တခြား သာရေး ၊ နာရေးတွေကိုပါ … ချွေးမတာဝန်လို့ .. လွဲပေးတဲ့လူမျိုးပေါ့ … ။ သူတို့ကတော့ … ၀ိုင်းဖွဲ့  အတင်းဖျင်းပြောဖို့လောက်သာ စိတ်ဝင်စားတဲ့လူမျိုးပါ … တနေကုန်ဇယ်ဆတ်သလို အလုပ်လုပ်ရတဲ့ချွေးမကိုလည်း … ကြုံလျှင် ကြုံသလို နှိပ်ကွတ်ဖို့ … ပညာပေးဖို့ … အသင့်ရှိနေသူမျိုးပေါ့ … ။ ငါက လူကြီးပဲ … ငါခိုင်းသမျှ သူလုပ်ရမှာပဲ … သူက ငါ့အိမ်မှာနေတာဆိုတဲ့ အတွေးမှားတွေနဲ့ … အမြဲ အနိုင်လိုချင်သူမျိုးပါ … ။ လက်ဖျား ခါလောက်အောင် စကားပြောကျွမ်းကျင်ပြီး … မနိုင်ဝန်ထမ်းရတဲ့ … အလုပ်များကိုလည်း ချွေးမအတွက် သဘောထားကြီးဟန်နဲ့ … ချန်ထားပေးသူမျိုးပေါ့ … ။ ပြသနာ တစ်ခုခုတက်လာလျှင် …ငါ့သားပဲ ငါကြိုးကိုင်လို့ ရတယ်ဆိုတဲ့ စကားကို လက်ကိုင်ထားပြီး …သူတပါး အိမ်ထောင်ရေး ပြိုကွဲအောင် သွေးအေးအေးနဲ့… လေပြေအေးတိုက်ကျွေးတတ်တဲ့လူမျိုးလေ … ။ သူက အနိုင်ကျင့်ပြီး ချွေးမက ပြောမရဆိုမရ ၊ ငပျင်းမမို့ …သူချည်းပဲ အိမ်တွင်းမှူဝင်လုပ်နေရကြောင်း သွားပုတ်လေလွင့်ပြောတတ်တဲ့လူမျိုးပါ ။ ခပ်အေးအေး ချွေးမမျိုးနဲ့တွေ့လျှင်တော့ … သူပြောသမျှ အနိုင်ရနေပေမဲ့ … ခပ်စွာစွာ ချွေးမမျိုးနဲ့ကတော့ … တရက်တောင် တည့်ဖို့ မလွယ်တဲ့လူမျိုးပါပဲ … ။ စိတ်မထင်လျှင် ချွေးမနဲ့ ယောက္ခမ နားပန်း သတ်ပွဲတောင် ဖြစ်နိုင်တဲ့ အနေထားပါ ။
လောဘကြီးတဲ့ ယောက္ခမ ။
ဒီလိုယောက္ခမျိုးကတောင် ဖြစ်နိုင်လျှင် သားကိုပါ လေလံတင်ရောင်းစားချင်တဲ့ လူစားမျိုးပါ … သား အိမ်ထောင်ဘက်ကို မိမိစိတ်ဆန္ဒအရ ကိန်းဂဏန်းများဖြင့် ရွှေးချယ်တတ်တဲ့ လူမျိုးပါပဲ …. ။ မျက်နှာအလှ၊စိတ်ထားအလှထက် ပိုင်ဆိုင်မှူဘက်ကို ပို အားသာနေသူမျိုးပါပဲ …. ။ သားရဲ့ အိမ်ထောင်ဘက်ကိုလည်း ဖြစ်နိုင်လျှင် သကြားမင်းသမီးနဲ့ ပေးစားချင်တဲ့လူမျိုးပါပဲ … ။ ဒီလို လူမျိုးကိုတော့ … မျောက်ပြပြီး ဆန်တောင်းတဲ့ ယောက္ခ ၊ လောဘကြီးတဲ့ ယောက္ခမလို့ … ကျွန်မက အဓိပ္ပါယ် ဖွင့်ဆိုချင်ပါတယ်… ။ ဒီအချိန် သားကလည်း … အဖိုးတန် အမျိုးမှန်လေးဆိုလျှင် …ကမ္ဘာပတ်ပြီး ချွေးမတောင် ရွေးချင်တဲ့လူမျိုးပါပဲ … လွန်ကဲတဲ့ လောစိတ်တွေ ပြည့်နှက်နေသူပေါ့ … ။ ငါးစာမြင်ပြီး ငါးမျှားချိတ်မတွေ့သူမျိုးပါ … ။တစ်ဖက်က မိန်းကလေး အကြောင်းကို ရေရေ ရာရာမသိပဲ … မိန်းကလေး မိဘ ၊ အသိုင်းဝိုင်း ပိုင်ဆိုင်မှူလောက်ကိုသာ တွေးပြီး … ရွှေးချယ်တတ်သူများပါပဲ ။ သားချစ်တာ ၊ သဘောကျတာ အဓိကမဟုတ်ပဲ … တဘက်က မိန်းကလေး အသိုင်းဝိုင်း ဘယ်လောက် ပံ့ပိုးပေးနိုင်လဲ ဆိုတာမျိုးကို  ဦးနှောက်ထဲ ကတ်ကူလေတာ တစ်ခု ထည့်သွင်း တွက်ချက်နေတတ်သူမျိုးပေါ့ … ။ လည်လွန်းတဲ့ဘီးမို့ လားမသိ .. .နောက်ဆုံးတော့ နွားမ ရွံ့ ပိတ်တွေနဲ့ ချည်း တိုးတတ်တာမျိုးပါ … အလိုကြီး အရနည်းတဲ့ သာဓကတွေလည်း ရှိခဲ့ပါတယ် …  ။ ဒီလို ယောက္ခမျိုးကျတော့လည်း … အိမ်ခွဲနေတာ ၊ မနေတာကို အဓိက ပြသနာမလုပ်ပါဘူး… .. သမီးရှင်ဘက်က ကမ်းလှမ်းလျှင်တောင် သူတို့သားကို ခမည်းခမက်အိမ် ထည့်ပေးလိုက်မယ့် လူမျိုးပါပဲ … ။ဒါပေမဲ့….ကိုယ့်ဆီလာလည်လျှင်တော့ လက်ချည်း သက်သက်လာတဲ့အခါ သိသလိုတမျိုး ၊ မသိသလို တမျိုး … နောက်တခါ လက်ဆောင်ဝယ်လာဖို့ … သတိပေးတတ်သူမျိုးပေါ့ … ။ အဲ့ဒီလို ယောက္ခမျိုးကတော့ … ချွေးမကို မြှောက်ပင့်ထားပါတယ် …. ပါးစပ်ဖြားကလည်း သမီး ၊ သမီး နဲ့ … မချစတမ်းခေါ်လို့ပေါ့ … ။ သူတင်မကဘူး … သူ့မှာရှိတဲ့ သမီးတွေကိုပါ .. မမ ၊ ညီမလေး … စသဖြင့် ပေါင်းတတ်သင်းတတ်အောင် သင်ပြနိုင်စွမ်းရှိသူပေါ့ … ။ ဒီလို ယောက္ခမျိုးနဲ့တွေ့တဲ့ ချွေးမကတော့….အနှိမ်ခံရတာမျိုး မရှိပဲနဲ့ …သူကသာ ယောက္ခမကို မီးဖိုချောင် အလုပ်ပြန်ခိုင်းနိုင်သူများပါပဲ … ။
စိတ်ကောင်းရှိတဲ့ ယောက္ခမ
သူမကတော့ တကယ့်ကို လေးစားထိုက်တဲ့ ပုဂ္ဂိုလ်ထဲမှာ ပါပါတယ် … ။ ၀မ်းနဲ့ လွယ်ပြီး မမွေးထားရပေမဲ့ … သားကယူလို့ ရလာတဲ့ သမီးချွေးမကို တကယ့်သမီးရင်းလို စိတ်ထားပြည့်ပြည့်၀၀နဲ့ … ချစ်ခင် သွန်သင် ဆုံးမတတ်သူမျိုးပါပဲ … ။ ချွေးမနဲ့ ကျန်တဲ့ သားသမီးတွေ အပေါ်မှာလည်း ဆက်ဆံရေးကောင်းမွန်အောင် ပေါင်းကူးလုပ်ဆောင်ပေးတတ်သူမျိုးပါ ။ သားရဲ့ အကြိုက်ကို သိနေတဲ့ အမေဖြစ်တာကြောင့် …. ချွေးမကိုလည်း ကောင်းကောင်းအကြံပေးနိုင်သူမျိုးပေါ့ … ။ အိမ်မှူကိစ္စဆိုလည်း တတ်အားသရွှေ ကူညီလုပ်ကိုင်ပေးတဲ့ ယောက္ခမမျိုးပါ …  ရှိတော့ရှိပေမဲ့ … ရှားတဲ့ အမျိုးစားထားကပါပဲ … ။ သားယူလိုက်တဲ့ မိန်းမအပေါ် အမြတ်ဒေါသမထွက်ပဲ အချိန်တန်လို့  … အိမ်ထောင်ပြုတာပါ ဒါလောက သဘာဝကျင့်ဝတ်ပါလို့ … နားလည် လက်ခံပေးသူမျိုးပါ ။
ဒီလို ယောက္ခမျိုးနဲ့ တွေ့တဲ့ … ချွေးမက … ပိပိရိရိ နဲ့ ပါးနပ်တဲ့ မိန်းကလေးမျိုးဆိုလျှင်တော့ … .အိမ်တွင်းရေးအလွန်သာယာပါလိမ့်မယ် … ။ ပျော်စရာကောင်းတဲ့ မိသားစုလေးကိုလည်း ပိုင်ဆိုင်ရပါလိမ့်မယ် … ။ အဲ့ဒီလို မဟုတ်ဘူး … ကောက်ကျစ် နိမ့်ကျတဲ့ စိတ်ဓါတ်ရှိသူ ချွေးမနဲ့ တွေ့လျှင်တော့ … ယောက္ခမကချည်းပဲ အနိုင်ကျင့်ခံရပါလိမ့်မယ် … ။ ရိုင်းပြစော်ကားခံရသော်လည်း… သားကို ပြန်မတိုင်ရက်တာကြောင့် … မပြောဆို မဆက်ဆံမိအောင် နှုတ်ဆိတ်နေခြင်းဖြင့် … အိမ်တွင်းရေးပါ ခြောက်သွေးစေနိုင်ပါတယ် ။ ချွေးမဧ။် ကလိန်ဥာဏ်ကျမှူကြောင့် … နောက်ဆုံး … မိမိမွေးထားသော သားကပင် ကိုယ့်ကို အထင်လွဲတာမျိုးတွေပါ ကြုံတတ်ပါတယ် ။ ဒါကြောင့်လည်း ထင်ပါရဲ့ … ရှေးလူကြီးတွေ ပြောခဲ့တာ … မယားပြောတော့ တစ်ညတဲ့… မိဘပြောတော့ တစ်လတဲ့လေ … ။
ကျွန်မစိတ်ထဲ အကောင်းဆုံးလို့ တွေးမှတ်ထားတာကတော့ … အိမ်ထောင်တစ်ခု ဖန်တီးတည်ထောင်ကြပြီဆိုလျှင် ဘယ်မိဘအိမ်မှာမှ မနေပဲ … အိမ်ခွဲနေကြတာ အကောင်းဆုံးပါပဲ …အိမ်စရိတ်ထောင်းပေမဲ့ … ကြားလူဝင်နှောက်လို့ ဖြစ်ရတဲ့ ပြသနာမျိုး မရှိတော့ဘူးလေ ။ အမြဲတွေ့နေရလျှင်သာ ယောက္ခမနဲ့ ချွေးမပြသနာ တစ်ကြတ်ကြတ်ဖြစ်နေကြပေမဲ့ …ခဏတဖြုတ်သွားလည် တဲ့အခါ … အရမ်းကို အဆင်ပြေနေတာမျိုးပါ … သိတတ်သမှူနဲ့ … လက်ဆောင်လေး ၊ စားစရာလေး ၀ယ်သွားလျှင်တော့ .. အကောင်းဆုံးပေါ့ … ။
ရွာသူရွာသားတို့ အိမ်တွင်းရေးလည်း အဆင်ပြေ သာယာကြပါစေလို့ … ဆန္ဒပြုလိုက်ပါတယ်နော် ။ ။
About etone
etone has written 851 post in this Website..
Goooooooooooooooooood 4 nothing lady !!!