ငါတို့ဆီကို မင်းတို့ရောက်လာခါစ ကတော့ မျက်လုံးလေး ကလည်ကလည်နဲ့ အဝတ်ထည့်အိတ်လေးတစ်ခု
ထင်းရုးသတ္တာလေး တစ်သတ္တာ ၊ အချိန်တန်လို့အိမ်ပြန်သွားတဲ့အခါ ကုန်တင်ကား တစ်စီးတိုက်အပြည့်နဲ့
ဟုတ်ပါပြီ ထားပါတော့ ၊
ငါတို့မြှို့တိုးတက်ဖို့ မင်းတို့ ဘာတွေများလုပ်ခဲ့ပါသလဲ ၊ ဘာတွေတိုးတက်ခဲ့ပါသလဲ ၊ မတိုးတက်မဲ့အပြင်
မင်းတို့ အေးဓမြ တိုက်လို့ မွဲတေပြီးကျန်ခဲ့သူတွေ က ဒုနဲ့ဒေး ကွ ၊
ပြည်သူတွေကထောက်ပံ့ပေးပြီးပြည်သူတွေ လုပ်စာထိုင်စားနေတဲ့ မင်းတို့တွေ က များ ပြည်သူတွေကို
ထမင်းပြန်ကျွေးရတဲ့ပုံစံနဲ့ စောက်ခွက်တွေက မာကျောလိုက်တာဗျာ ၊
မင်းတို့တွေရဲ့လည်ချောင်းထဲမှာ ခြေမနဲ့ ကလော်ထုတ်ရင်တောင် မင်းတို့မျိုထားတဲ့ ထမင်းတွေ
အတောင့်လိုက်ထွက်လာနိုင်တယ် ၊
ဥပမာလေးတစ်ခု……..
အလုပ်အကိုင်လေးများရှားပါးလို့ သုံးဘီးဆိုင်ကယ် TAXI လေး တစ်စီး ထောင်မိပါတယ် ၊ အမလေး လေး
ခရိုင်အုပ်ချုပ်ရေးမှုး(ထွန်းဝေ) ကို ငါးသိန်း တဲ့ ၊
နာမည်ကျော် ကပ်ဖား မထသဥက္ကဋ္ဌ (ထွန်းသန့်ကျော်) ကို နှစ်သိန်း တဲ့ ၊
TAXI အသင်းကို နှစ်သိန်း တဲ့ ၊
အားပါးပါး များလိုက်တာဗျာ ၊
ဒါတောင် မနှစ်က စုစုပေါင်း ဆယ့်နှစ်သိန်း တဲ့ ၊ ဒီနှစ်မို့လျော့တာဆိုပဲ ၊
ပြောရအုံးမယ် ခရိုင်မှုးကို ပေးရတဲ့ ငါးသိန်းက ဘာလုပ်သလဲ စုံစမ်းကြည့်တော့ ဒီလိုပဲ စရင်းပျောက်သွား
တာ လို့ သိရတယ် ၊ ( ဟိုဟာပြင်တယ် ဒီဟာဝယ်တယ် စရင်းပြတယ်ပေါ့ဗျာ)
မထသဥက္ကဋ္ဌ ဆီရောက်သွားတဲ့ နှစ်သိန်းရောဆိုတော့ အရာရှိမင်းကြီးတွေ အာဏာရှင်ကြီးတွေ အတွက်
ဧည့်ခံ စရိတ်ပါ တဲ့ ၊
အသင်းကိုပေးလိုက်ရတဲ့ နှစ်သိန်းကျတော့ ဘဏ်ထဲ ထည့်ထားပါတယ် တဲ့ ၊
အမှန်က ဖြစ်စေချင်တာတော့ ဒီလိုရရှိထားတဲ့ ငွေ တွေက အဖက်ဖက်က မပြည့်စုံတဲ့ သံတွဲမြို့လေး
အတွက် တစ်နေရာရာ အထောက်အကူဖြစ်စေချင်တာပါပဲဗျာ ၊
ဒီကောင်တွေ က တော့ အရက်ပုန်းဆိုင် စရင်းကောက်မယ် ကျေးရွာအုပ်ချုပ်ရေးမှုးတွေကို ဆက်ကြေး
ကောက်ခိုင်းတယ် ၊ ငါးဖမ်းလှေစရင်းတွေဆီက ဆက်ကြေးလဲ စရင်းနဲ့အတိအကျပေးရသေးတယ်ဗျ ၊
နွားလှေတစ်စီး ပင်လယ်ထဲကိုထွက်ရင် ခရိုင်မှုးကို သုံးသိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှုးကို နှစ်သိန်း တဲ့ ၊
သစ်လှေတစ်စီးထွက်ရင်လဲ ဒီနှုန်းအတိုင်းပဲ တဲ့ ၊ အဖက်ဖက်က တောင်းစား ( အေးဓမြတိုက်) နေ
တော့တာ ၊ ဒီလိုနည်းနဲ့ရတဲ့ငွေ တွေက ငါတို့မြို့အတွက် တစ်ပြားတစ်ချပ်မှ မရောက်သွားတာတော့
ရင်နာစရာပါ ၊
ပြောပြချင်တာကတော့ ဒီလောက်ပါပဲ ၊ ခြုံငုံပီးတော့ ပြောပြခြင်းပါ ၊

ဟေ့…သူခိုးလေးတွေ ..သတိထားပြီးနေကြတော့..မင်းတို့စောက်ကျင့်တွေ ပြင် ဒါပဲ ။

About တေလေ

has written 7 post in this Website..