ဟေ့….သူခိုးလေးတွေ မင်းတို့ စောက်ကျင့်တွေ ပြင်ကြတော့

ေတေလJuly 31, 20111min15126

ငါတို့ဆီကို မင်းတို့ရောက်လာခါစ ကတော့ မျက်လုံးလေး ကလည်ကလည်နဲ့ အဝတ်ထည့်အိတ်လေးတစ်ခု
ထင်းရုူးသတ္တာလေး တစ်သတ္တာ ၊ အချိန်တန်လို့အိမ်ပြန်သွားတဲ့အခါ ကုန်တင်ကား တစ်စီးတိုက်အပြည့်နဲ့
ဟုတ်ပါပြီ ထားပါတော့ ၊
ငါတို့မြိုှု့တိုးတက်ဖို့ မင်းတို့ ဘာတွေများလုပ်ခဲ့ပါသလဲ ၊ ဘာတွေတိုးတက်ခဲ့ပါသလဲ ၊ မတိုးတက်မဲ့အပြင်
မင်းတို့ အေးဓမြ တိုက်လို့ မွဲတေပြီးကျန်ခဲ့သူတွေ က ဒုနဲ့ဒေး ကွ ၊
ပြည်သူတွေကထောက်ပံ့ပေးပြီးပြည်သူတွေ လုပ်စာထိုင်စားနေတဲ့ မင်းတို့တွေ က များ ပြည်သူတွေကို
ထမင်းပြန်ကျွေးရတဲ့ပုံစံနဲ့ စောက်ခွက်တွေက မာကျောလိုက်တာဗျာ ၊
မင်းတို့တွေရဲ့လည်ချောင်းထဲမှာ ခြေမနဲ့ ကလော်ထုတ်ရင်တောင် မင်းတို့မျိုထားတဲ့ ထမင်းတွေ
အတောင့်လိုက်ထွက်လာနိုင်တယ် ၊
ဥပမာလေးတစ်ခု……..
အလုပ်အကိုင်လေးများရှားပါးလို့ သုံးဘီးဆိုုင်ကယ် TAXI လေး တစ်စီး ထောင်မိပါတယ် ၊ အမလေး လေး
ခရိုင်အုပ်ချုပ်ရေးမှုး(ထွန်းဝေ) ကို ငါးသိန်း တဲ့ ၊
နာမည်ကျော် ကပ်ဖား မထသဥက္ကဋ္ဌ (ထွန်းသန့်ကျော်) ကို နှစ်သိန်း တဲ့ ၊
TAXI အသင်းကိုု နှစ်သိန်း တဲ့ ၊
အားပါးပါး များလိုက်တာဗျာ ၊
ဒါတောင် မနှစ်က စုုစုပေါင်း ဆယ့်နှစ်သိန်း တဲ့ ၊ ဒီနှစ်မို့လျော့တာဆိုပဲ ၊
ပြောရအုံးမယ် ခရိုင်မှုးကို ပေးရတဲ့ ငါးသိန်းက ဘာလုပ်သလဲ စုံစမ်းကြည့်တော့ ဒီလိုပဲ စရင်းပျောက်သွား
တာ လို့ သိရတယ် ၊ ( ဟိုဟာပြင်တယ် ဒီဟာဝယ်တယ် စရင်းပြတယ်ပေါ့ဗျာ)
မထသဥက္ကဋ္ဌ ဆီရောက်သွားတဲ့ နှစ်သိန်းရောဆိုတော့ အရာရှိမင်းကြီးတွေ အာဏာရှင်ကြီးတွေ အတွက်
ဧည့်ခံ စရိတ်ပါ တဲ့ ၊
အသင်းကိုပေးလိုက်ရတဲ့ နှစ်သိန်းကျတော့ ဘဏ်ထဲ ထည့်ထားပါတယ် တဲ့ ၊
အမှန်က ဖြစ်စေချင်တာတော့ ဒီလိုရရှိထားတဲ့ ငွေ တွေက အဖက်ဖက်က မပြည့်စုံတဲ့ သံတွဲမြို့လေး
အတွက် တစ်နေရာရာ အထောက်အကူဖြစ်စေချင်တာပါပဲဗျာ ၊
ဒီကောင်တွေ က တော့ အရက်ပုန်းဆိုင် စရင်းကောက်မယ် ကျေးရွာအုပ်ချုပ်ရေးမှုးတွေကို ဆက်ကြေး
ကောက်ခိုင်းတယ် ၊ ငါးဖမ်းလှေစရင်းတွေဆီက ဆက်ကြေးလဲ စရင်းနဲ့အတိအကျပေးရသေးတယ်ဗျ ၊
နွားလှေတစ်စီး ပင်လယ်ထဲကိုထွက်ရင် ခရိုင်မှုးကို သုံးသိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှုးကို နှစ်သိန်း တဲ့ ၊
သစ်လှေတစ်စီးထွက်ရင်လဲ ဒီနှုန်းအတိုင်းပဲ တဲ့ ၊ အဖက်ဖက်က တောင်းစား ( အေးဓမြတိုုက်) နေ
တော့တာ ၊ ဒီလိုနည်းနဲ့ရတဲ့ငွေ တွေက ငါတို့မြို့အတွက် တစ်ပြားတစ်ချပ်မှ မရောက်သွားတာတော့
ရင်နာစရာပါ ၊
ပြောပြချင်တာကတော့ ဒီလောက်ပါပဲ ၊ ခြုံငုံပီးတော့ ပြောပြခြင်းပါ ၊

ဟေ့…သူခိုးလေးတွေ ..သတိထားပြီးနေကြတော့..မင်းတိုု့စောက်ကျင့်တွေ ပြင် ဒါပဲ ။

26 comments

  • suicide blind

    July 31, 2011 at 3:23 pm

    ဟုတ်ပဗျာ….ပြောတာမလွန်ဘူး…ဒီ့ထက်ပြောသင့်တယ်…

  • ogre

    July 31, 2011 at 3:54 pm

    ဟေ့…သူခိုးလေးတွေ ..
    မှားနေတယ် စာသားတွေပြင်လိုက်
    ““သူခိုးကြီးတွေ”””
    သူခိုးတွေလက်ထဲလက်ထဲ လက်နက်ဒါမှမဟုတ်အာဏာရောက်သွားရင်
    ခိုးရာကနေ ဓမြ တိုက်တော့တာပဲ
    သူခိုးဓမြ ဆိုတာသူတို့ကိုခေါ်တာ

  • pannu

    July 31, 2011 at 7:29 pm

    သူတို့တွေက ဒီခေတ်ရဲ့ အထက်တန်းလွှာတွေလေ..။
    အဝီဇိ ကိုဇောက်ထိုးမိုးမျှော် ဆင်းကြတော့မယ့် သူတွေပါ…။
    အဲ့ဒီ ကောင်ကြီးတွေက ပုတီးကြီးတစ်ဖါးဖါး ကိုးယို့ကားယားတွေပါ…။
    Pyinlepyaw ပြောတာ တစ်ခုကျန်တယ် လို့ထင်ပါတယ်…။
    မြို့နယ်အုပ်ချုပ်ရေးမှုး သူခိုး မြတ်ကျော်က မှ နာမည်ကြီး ဗျ…။
    သူ့ဆီကို သွားစကားပြောရင် စာအိတ်လေး မြင်မှ လှည့်ကြည့်တတ်တဲ့ အေးဓမြ…။

    • taicun

      July 31, 2011 at 11:19 pm

      မြတ်ကျော် ဆိုတာ ရန်ကုန်တိုင်း တိုက်ကြီးမြို ့နယ်ကပြောင်းလာတဲ့မြတ်ကျော်လားဗျ၊အဲ့ဒိကောင်ဆိုရင်တော့သူခိုးလို ့မပြောပါနဲ ့ဗျာ၊သူကဓားပြအကြီးစားပါ၊တိုက်ကြီးတမြို ့လုံးသိပါတယ်။

      • pyinlepyaw

        August 1, 2011 at 12:40 am

        ဟုတ်တယ်ဗျို့ …..
        တိုက်ကြီးကပြောင်းလာတာ….
        ခင်ဗျား အောက်က ရေးနေတဲ့ မိန်းမနာမည်နဲ့ယောင်္ကျားက မြတ်ကျော်နဲ့တစ်ဖွဲ့ထဲ အုပ်စုတူတွေဗျ..
        သူမန်းနေတာလေး ဖတ်ကြည့်ပါအုံး…
        taicun ရေ ..ခင်ဗျားက သိတဲ့သူမို့ …ဒီ ကျားလိုလို မလိုလို က ဘယ်လိုလူစားမျိုးဆိုတာ ခင်ဗျား သိ
        လောက်ပီထင်ရဲ့နော့….maythakhin တဲ့ဗျ…
        ခင်ဗျားသိတဲ့ ထွေအုပ်က မြတ်ကျော်က ဒီမြို့မှာ ကြီးပွါးနေပီဗျ..
        အင်းပေါ့လေ ဓါးမြအကြီးစား ဆိုတဲ့နောက်တော့…ကြီးပွါးချမ်းသာမှာပေါ့ဗျာ….

        • pyinlepyaw

          August 1, 2011 at 12:43 am

          အော် ကျန်နေသေးလို့ …
          အဲ့ဒီ maythakhin က ရွာသူရွာသားတွေ အထင်လွဲအောင် ကြံ့ခိုင်ရေး နဲ့ တစ်ဖက်လှည့်ပီးတိုက်နေသေး
          တယ်ဗျာ…
          ဘာမှ မဆိုင်ပါဘူး …တစ်ခြားစီ….တော်တော် ယုတ်တဲ့လူပဲဗျာ…

        • taicun

          August 1, 2011 at 2:01 pm

          ဓားပြတိုက်တာတင်တော်တာမဟုတ်ဘူးဗျ၊လိမ်တဲ့နေရာမှာလည်းဆရာကြီးရယ်ပါ၊အခုဝန်ကြီးချုပ် ဦမြင့်ဆွေ ရန်ကုန်တိုင်းတိုင်းမှုးဘဝတုံးက တိုက်ကြီးမြို ့နယ် တော်လတီ စံပြကျေးရွာ ဖွင့်ပွဲမှာ ရွာကအိမ်အလွတ်တလုံးကို မိခင်နဲ ့ကလေးစောင့်ရှောက်ရေးတို ့ အမျိုးသမီးရေးရာတို ့ ဆိုင်းဘုတ်ကောက်တတ်ပြီးတော့ ဦးမြင့်ဆွေလည်းပြန်ရော ဆိုင်းဘုတ်တွေပြန်ဖြုတ်တာဘဲ၊ဘတ်ဂျတ်တော့ရလိုက်တာပေါ့ဗျာ၊ရွာကလူတွေကဦးမြင့်ဆွေကိုသနားနေကြတာဗျ၊tv မှာတောင်အဲ့ဒိလိမ်ပွဲကြီးပါလာလို ့ရွာမှာ ဟာသ တခုဖြစ်သွားသေးတယ်၊ခင်ဗျားတို ့ဆီပြောင်းလာရတာက တိုက်ကြီး မြို ့ပေါ်မှာဘောလုံးပွဲလုတ်ပေးမယ်ဆိုပြီးလက်မှတ်တွေရောင်းစားပြီးလိမ်တာရယ် သူ ့မိန်းမကုလားမ သေတော့ အုတ်ဂူ ကိုခြံစည်းရိုးခတ် အမိုးမိုးပြီးတော့နန်းတော်လိုလုတ်ထားတာရယ်၊နောက်ပြသနာပေါင်းစုံကို လူငယ်တွေက internet ကနေ ဖွ လို ့ပြေးရတာဗျ၊ပြေးတာကောင်းကောင်းမပြေးဘူး တိုက်ကြီးက ကောင်မတယောက်ကို မ သွားတယ်ဗျာ၊သူပြေးတော့တိုက်ကြီးမြို ့သူမြို ့သားတွေဆုတောင်းပေးကြတယ်ဗျာ၊ ကာလနာတိုက်သေပါစေ…..လို ့။

  • maythakhin

    July 31, 2011 at 11:13 pm

    မြို့ပေါ်အတွက်ကောင်းတာလုပ်နေတာလား။ မြို့ပေါ်ကလူထုကို ဒုတ်ခရောက်အောင်လုပ်နေတာလား။ နင်တို့အားလုံးတဖွဲ့တည်းပဲ အလုပ်မရှိအားအားယားယား လကိ်ဖက်ရည်ဆိုင်ပြီး သူများစောက်တင်းပြောနေတဲ့ကောင်တွေ။အင်တာနက်ပေါ်မှာ မိန်းမဖြစ်လိုက် ယောက်ကျားဖြစ်လိုက်နဲ့။
    နင်တို့ကြံ့ခိုင်ရေးကလွဲရင် ကျန်တာဘာအသင်းမှမကောင်းဘူးပေါ့။ နင်တို့ နင်တို့စေတနာ အကျိုးပေးချိန်ရောက်တော့မယ်။ နင်တို့ မကြောက်ဘူးလား။ နင်တို့ လုပ်ရပ်တွေ နင်တို့ကို သဘာဝတရားကြီးက ဒါဏ်ခေတ်လိမ်မယ်။

    • i love this

      August 1, 2011 at 1:54 am

      မေသခင် တဲ့.. လုပ်ပြန်ပါပီ….
      ဝါးလုံးရှည်နဲ့ လိုက်ရမ်းနေတော့တာပဲ….
      သူ့ကိုယ်သူ မလုံ ဖြစ်တိုင်း ဟိုလူ့ထင် ဒီလူ့ ထင်ဖြစ်နေရှာပီ…သနားလိုက်တာကွာ…

  • icecube

    August 1, 2011 at 12:29 am

    ဘယ်က နေပီးကြံ့ခိုင်ရေးကပါလာတာတုန်း ကောင်မရဲ့
    ဒီနာမည်သုံးပီး ရွာသူရွာသားတွေနဲ့ လှည့်တိုက်နေပြန်ပီ
    နာမည်နဲ့လိုက်ပါပေ့ ကပ်ဖားရယ်
    တော်တော်ဆိုးတဲ့ကောင်လေး ဟုတ်ပါဘူး ကောင်မလေး
    အရင်ကတော့ မယုံခဲ့ဘူး ခုတော့ လူယုတ်မာမှန်း သိရပီ
    အယင် က ကောင်းမြတ် 88 နဲ့ ခုတော့ မေသခင် လား မေသက်ခင်လား လုပ်လာပြန်ပီ
    ဟိုတစ်ယောက်က သူ့ဖာသာသူအေးဆေးနေတာ သူတော်ကောင်းကိုပစ်မှားတဲ့ နင်ပဲ ဒုက္ခရောက်မှာ ဟဲ့

  • maythakhin

    August 1, 2011 at 12:36 am

    “ဟိုတစ်ယောက်က သူ့ဖာသာသူအေးဆေးနေတာ သူတော်ကောင်းကိုပစ်မှားတဲ့ နင်ပဲ ဒုက္ခရောက်မှာ ဟဲ့” ဟိ ဟိ 😛 😛 😛
    ရှင်းအောင်ထပ်ပြောလိုက်မယ် မေသခင်သည် ကပ်ဖားမဟုတ်ပါ။ မေသခင်သည် မေသခင်သာဖြစ်သည်။
    ဟား ဟား

    • redbull

      August 3, 2011 at 12:00 am

      ဟုတ်ပါပီ ..မေသခင် က သူမဟုတ်မှန်း…
      မေသခင်က ဘယ်သူလဲဆိုတာ သိပါပီ…
      ကိုယ့်စီးပွါးရေး ကို ပဲဂရုစိုက်ပါ..
      သေချာ မသိပဲနဲ့ ဇက်ဝင်ခံ နေပါနဲ့..
      သူများ မြှောက်ပေးတိုင်း.. net လုပ်ငန်းက ရှော့ရှိတယ်…

      • pyinlepyaw

        August 3, 2011 at 1:09 am

        နက် ဆိုင် ကဆိုတော့….. ၄ ဆိုင်ထဲက ၂ ဆိုင် ရွေးရမယ်…၂ ဆိုင်ထဲက ဆိုတော့ …
        အင်း…သိပြီထင်တာပဲ…
        ဟိဟိ…အပျိုကြီးမမလေး ပါလား…တစ်နည်းနည်းနဲ့တော့ ချဉ်းကပ်ရတော့မှာပေါ့လေ…

    • Mee2

      August 1, 2011 at 12:50 pm

      အားလုံးသော မြိ ု့သူ မြိ ု့သားတွေမှာ ခံစားချက်ကိုယ်စီကိုယ်ငှနဲ ့ပါ မမမေသခင်။ဘယ်သူ မှအားနေယားမနေပါဘူး။မိမိခံစားချက်နဲ ့မိမိအမြင်ကို အမှန်ကိုအမှန်အတိုင်း ရင်ဖွင့်တိုင်တန်းလို ့မရသေးတော့. အွန်လိုင်းမှာ post တင်တာ လုပ်သင့်လုပ်ထိုက်တဲ့ရွေးချယ်မှုပါ ။သဘာဝတရားကြီးက ဒဏ်ခတ်ပါလိမ့်မယ်ဆိုတာကို လက်ခံပါတယ်။အကြွင်းမဲ့လက်ခံပါတယ်။လောလောဆယ် လီဆယ်ပြောနေတာလေးတွေ ကိုခဏရပ်ပြီး ခြံ ုထားတဲ့ သိုးအရေခွံလေးခွာကြည့်ပါအုံး။ကိုယ့်ကို ကိုယ်ပြန်တွေးပါ. ငါဟာအကောင်းမြင်လားအဆိုးမြင်လား။ပြီးတော့ MG ရွာကို လာလည်ရင် ရိုင်းပျမှုကိုရှောင်ပါ။စာလုံးပေါင်းသတ်ပုံဂရုစိုက်ပါနော့

  • @leprechaun

    August 1, 2011 at 12:37 am

    ဒါပေမယ့် ပိုပြီး ဆိုလားရင်ကော

  • pyinlepyaw

    August 1, 2011 at 1:08 am

    ပိုပီးဆိုးလာရင် လဲ မြို့သူမြို့သားတွေပဲ ခံရမှာပေါ့ဗျာ…။

  • Foreign Resident

    August 1, 2011 at 2:27 am

    What is နွားလှေ ???
    A boat carrying a cow or
    A boat carrying a illegal immigrant ???

  • zawthulay

    August 1, 2011 at 11:04 am

    အကောင်းဆုံးကတော့ .. အစိုးရနဲ့ပတ်သက်တဲ့ အဖွဲ့စည်းတွေမှန်သမျှ ဒီပုတ်ထဲကဒီပဲတွေပဲ.. အဲဒီအဖွဲ့စည်းတွေပဲ ပြည်သူတွေထဲမှာ ဆရာကြီးတွေလုပ်နေတာ .. ဘယ်သူ့အဖေခေါ်ရမှန်းမသိအောင်လုပ်နေတာ အဲဒီအဖွဲ့စည်းတွေအကုန်လုံးကို စိတ်နာတယ် ..

  • pyinlepyaw

    August 1, 2011 at 11:10 am

    နွားလှေ ဆိုတာက ..
    ဘင်းဂလားဒေ့ချ် ကို သွားပို့တဲ့ နွားကုန်သည် လှေ ကိုပြောတာပါ..
    ရခိုင်ပြည်နယ် က နွားတွေ လိုက်ဝယ်ပီးတော့ ဘင်းဂလားဒေ့ချ် ကို သွားရောင်းတာပါ..
    အဲဒီမှာ ဒီကောင်တွေ အကွက်ပေါ့…သောက်သောက်လဲ အေး ဓမြ တိုက်တော့တာ….
    သစ်လှေ ဆိုတာလဲ..ဒီအတိုင်းပါပဲ…

  • redbull

    August 1, 2011 at 11:38 am

    နွားက အကြောင်းမဟုတ်ပါဘူး၊ ပြန်မွေးလို့ရနိုင်ပါသေးတယ်၊ သစ်ပင် ကပိုဆိုးတာ၊ သစ်တွေခိုးခုတ်ပီး
    နိုင်ငံခြားကိုရောင်း၊ ခုတော့ သစ်တောတွေ ပြုန်းတီး လို့ ရခိုင်ပြည်နယ်မှာလဲ ရာသီဥတု ဒဏ် ခံနေကြရပီ၊
    ဂွ ရိုးလမ်းတွေ တောင်ကုတ် ပဲခူးရိုးမတောင်တွေမှာ သစ်ပင်ကြီးတွေမရှိတော့လို့ တောင်ပြို မြေပြို တွေ
    ဖြစ်ပြီး အားလုံး ဒုက္ခ ရောက်နေကြရပီ၊
    သစ်သမားတွေရဲ့ ဝိသမလောဘ၊ သက်ဆိုင်ရာအာဏာရှင်တွေက ငါဖို့ရရင်ပီးရောလုပ်နေတာတွေကြောင့်
    ခရီးသွားတဲ့ပြည်သူတွေမှာ ခက်နေကြရပီ၊
    လမ်းတွေ တံတားတွေ ပျက်စီးလို့ ကားတွေ ပြောင်းနေကြရတော့ ကားစီးခ ၊ ကုန်တင်စရိတ်တွေ ပိုပီးမြင့်
    မားလာလေတော့ နောက်ဆုံး ပြည်သူတွေပဲ အခက်တွေ့ကြရတော့တာပေါ့ဗျာ။ 🙁

  • လင်းဝေကျော်

    August 1, 2011 at 2:46 pm

    ပျက်စီးချင်တိုင်းပျက်စီးနေကြတာကိုး…
    အောက်ခြေမှာ ပျက်နေတာကို အပေါ်ကမသိရင် အပေါ်ကလူလည်း ညံ့လို့ပဲ။
    ပေါင်းစားနေလို့လား ညံ့နေလို့လား တစ်ခုခုပဲ

  • Mee2

    August 1, 2011 at 2:56 pm

    မှန်ပါတယ် ကိုလင်းဝေကျော်—- ခုလက်ရှိချိန်မှာတော့ ပေါင်းပြီးခိုးစားဖို ့သိပ်မလွယ်တော့ပါဘူး။အာဏာပိုင်အဖွဲ ့အစည်းတွေကလည်းအပေါင်းမခံတော့ပါဘူး။ဘာလို ့လဲဆိုတော့ ခိုးထုပ်ခိုးထည်နဲ ့မိရင် ထမင်းအိုးလေးကွဲမှာကြောနေရပါပီ။သမ္မတကြီး ဦးသိန်းစိန်ရဲ ့သန် ့ရှင်းသောအစိုးရတကယ်ဖြစ်ဖြစ်စောင့်ညြ့်ရပါမယ်။ဝိုင်းဝန်းလည်းအားပေးရပါမယ်

  • R Ga

    August 1, 2011 at 3:12 pm

    တောက်!ပြောတော့ဒီမိုကရေစီ…တဲ့ ဂျပန်ခေတ်ကပေးတဲ့ ရွှေရည်စိမ် လွတ်လပ်ရေးနဲ့ဘာမှမခြားဘူး။
    အရင်က နအဖ အခုသိန်းစိန် *ငါ့အမျိုးကောင်းစားရေး* အဖွဲ့ဝင်တွေချည်းပဲ။ အောက်ကလဲစားတယ်။ အေးဓါးပြ တိုက်တယ်။ အပေါ်ကလည်း ဝါး တယ်။ ခေါင်းပုံဖြတ်တယ်။ ပုဒ်မလေး ပေးမှလုပ် သောက်ကျင့်တွေ ဒို့လူမျိုးတွေအပေါ် ဗိုင်းရပ်ပိုးလို တွယ်ကပ် နေပြီ..။ နောက် ဘယ်ကောင်တက်တက် ဒီသောက်ကျင့်တွေ ပြန်ပြင်ဖို့ က နှစ် ၅ဝ လည်းလောက်မှာမဟုတ်ဘူး နှစ် ၁၀ဝ လည်း လောက်မှာမဟုတ် ဘူး။..။

  • Mee2

    August 2, 2011 at 5:52 pm

    အာဂ ပြောတာလေးကမဆိုးပါဘူး။ဒီကျင့်တွေပြင်ဖို ့နှစ်၅ဝ လဲမလိုပါဘူး၊နှစ်၁၀ဝ လဲမလိုပါဘူး။တကယ်ဖြစ်ချင် တကယ်လုပ်အဟုတ်ဖြစ်ရမှာပါ။အမှန်အကန်လုပ်ကြဖို ့ဘဲ လိုအပ်ပါတယ်။အားလုံးကိုယ်စီ မလို မုန်းတီး အမြတ်ကြီးစားခေါင်းပုံဖြတ်နေကြတာလေးတွေကို ခဏရပ်ပြီး. နိုင်ငံအတွက် ပေးဆပ်ကြဖို ့အချိန်တန်ပြီထင်ပါတယ် ရှင်။

  • Mee2

    August 3, 2011 at 10:27 am

    “ပြောရအုံးမယ် ခရိုင်မှုးကို ပေးရတဲ့ ငါးသိန်းက ဘာလုပ်သလဲ စုံစမ်းကြည့်တော့ ဒီလိုပဲ စရင်းပျောက်သွား
    တာ လို့ သိရတယ် ၊ ( ဟိုဟာပြင်တယ် ဒီဟာဝယ်တယ် စရင်းပြတယ်ပေါ့ဗျာ)
    မထသဥက္ကဋ္ဌ ဆီရောက်သွားတဲ့ နှစ်သိန်းရောဆိုတော့ အရာရှိမင်းကြီးတွေ အာဏာရှင်ကြီးတွေ အတွက်
    ဧည့်ခံ စရိတ်ပါ တဲ့ ၊
    အသင်းကိုပေးလိုက်ရတဲ့ နှစ်သိန်းကျတော့ ဘဏ်ထဲ ထည့်ထားပါတယ် တဲ့ ၊”ခု ပင်လယ်ပျော်ရေးထားတာ့အပြင် သူတို ့တွေအုပ်စုလိုက်. သူများငွေတွေနဲ ့ဆိတ်အကောင်လိုက်စား၊ဝိုင်းဖွဲ ့အရက်သောကိကြတာတဝုန်းဝုန်း တအုံးအုံးဆိုပါလား။သုံးဘီး တက္ကစီပိုင်ရှင်များ များကလဲဒေါသတထောင်းထောင်းပါတဲ့ရှင်

Leave a Reply